Cole Palmerရဲ့ ပေါင်ခြံဒဏ်ရာမသက်သာသေးလို့ နိုဝင်ဘာလလယ်လောက်အထိ အနားယူရမယ်လို့ ချယ်လ်ဆီးအသင်းအတည်ပြု
Credit Photo
#ဘောလုံးသတင်းစုံ
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Cole Palmerရဲ့ ပေါင်ခြံဒဏ်ရာမသက်သာသေးလို့ နိုဝင်ဘာလလယ်လောက်အထိ အနားယူရမယ်လို့ ချယ်လ်ဆီးအသင်းအတည်ပြု
Credit Photo
#ဘောလုံးသတင်းစုံ
NCA အခမ်းအနားကို လက်မှတ်မထိုး EAO များဖိတ်ထားဟု ပြော
အောက်တိုဘာ ၁၀
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် အခမ်းအ နားသို့ အပစ်ရပ် လက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကိုလည်း ဖိတ် ကြားထားသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်နှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ် မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံ တကာမှ အသိသက်သေများ တက်ရောက်သွားမည်”ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် တွင် ကျင်းပမည်ဖြစ်ပြီး ၁၆-၁၇ ရက်များမှာတော့ ငြိမ်းချမ်းရေးဖိုရမ်အား ဆက်လက် ကျင်းပမည်ဖြစ်သည်။
ထိုအခမ်းအနားသို့ NCA ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အသိသက်သေ နိုင်ငံများမှ စုစုပေါင်း ကိုယ်စားလှယ် ဦးရေ ၄၀၀ ကျော်အား ဖိတ်ကြားထားသည်ဟု NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အဖွဲ့တော်တော်စုံတယ်၊ NCA လက်မှတ်ထိုးထားတဲ့ အခုလက်ရှိ ဆက်ကိုင်နေတဲ့ ၇ ဖွဲ့ကို ဖိတ်တယ်၊ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေ ဖိတ်တယ်။ သက်သေနိုင်ငံတွေလည်း တော်တော် ဖိတ်ထားတယ်။ ဒီလောက်ပါပဲ ၄၀၀-၆၀၀ လောက်တော့ ဖိတ်တယ်လို့ ကြားရတယ်။ အထူးသဖြင့်တော့ NCA မှာ ပါခဲ့တဲ့သူတွေပေါ့ NCA တိုင်ပင်ဆွေးနွေးတုန်းက ပါခဲ့တဲ့သူတွေပဲ ဖိတ်တာကြားရပါတယ်။ ဘယ်သူလာဖြစ်တယ် မလာဖြစ်တယ် တော့ မသိဘူးပေါ့။ ဖိတ်တာကတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖိတ်တယ်လို့ သိရတယ်။ ပြောနိုင်ပါ တယ် သက်သေနိုင်ငံတွေကို အဓိက ဖိတ်တာ သက်သေက ကုလသမဂ္ဂဖိတ်တယ်၊ EAO ဖိတ်မယ် နောက်ပြီးတော့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်ပေါ့။ (၄) နိုင်ငံအဖွဲ့ ပိုဆုံမယ်။ (၁၀)နှစ်ပြည့်ဆိုတော့ အထိမ်းအမှတ်အနေနဲ့ အဖွဲ့ပိုဆုံ မယ် နောက်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေကလည်း အပြောင်းအလဲဘက်ကို ဦးတည်နေတော့ ရွေးကောက်ပွဲ စသဖြင့်ပေါ့လေ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ပိုပြီးတော့ အားပေးတဲ့ပုံမျိုး သဘောမျိုး ဖြစ်အောင်လည်းပဲ NCA (၁၀) နှစ်ကို အကောင်အထည် ဖော်တယ်လို့လဲ သိရပါတယ်”ဟု ပြောသည်။
NCA လက်မှတ်ထိုးခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ လက်မှတ်မထိုးနိုင်သေးသည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)ကို ဖိတ်ကြားထားကြောင်း၊ ထိုအဖွဲ့များကလည်း တက်ရောက်မည်ဖြစ်ကြောင်း နီးစပ် သူများထံမှ သိရသည်။
သို့သော် အာရက္ခတပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကိုတော့ ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပေါ်လာမည့် အစိုးရများ၊ လွှတ်တော်များ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်နိုင်ရန် NCA (၁၀)နှစ်ပြည့် အခမ်းအနားမှ သဘောတူ ညီချက်များ ရရှိနိုင်သည်ဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခင်းအကျင်းကတော့ တစ်ခါတည်းတော့ တိုက်ရိုက်တော့ မပြောင်းပါဘူး။ သို့သော်လည်းပဲ အခင်း အကျင်းက ဘာဖြစ်နိုင်လဲဆိုတော့ ဒီလာမယ့် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အစိုးရတို့ ရွေးကောက်ပွဲ အလွန် ဖြစ်ပေါ်လာမယ့် လွှတ်တော်တို့ အဲဒီမှာတော့ သွားပြီးတော့ ပတ်သက်မှုရှိမယ်၊ အစိုးရတို့၊ လွှတ်တော်တို့ ရွေးကောက်ပွဲအလွန်မှာ အလုပ်ဆက်လုပ်နိုင်အောင် အခုဒီ (၁၀) နှစ်ပြည့်ကနေပြီးတော့ သဘောတူညီချက်တွေ ရနိုင်ပါတယ်” ဟု ပြောသည်။
NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေ စီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင် ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ထိုးခဲ့သည်။
သို့သော် ABSDF၊ CNF၊ KNU တို့က NCA ကနေ နုတ်ထွက်ကြောင်းနှင့် NCA ပျက်သွားပြီဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် နှစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် နှစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် နံနက် ၄ နာရီ ၅၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဉာဏရပ်ကွက်နေ မြင့်နိုင် (၄၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၅ ဦး လိုက်ပါလာသည့် YGN-3/3P-XXXX SUNLONG ခရီးသည်မော်တော်ယာဉ်သည် မန္တလေးမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ ဦးသက်နိုင်(၄၂)နှစ် မောင်းနှင်လာသည့် 8L-XXXX LIGHT TRUCK မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် LIGHT TRUCK မော်တော်ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသည့် အမျိုးသား နှစ်ဦး သေဆုံးကာ ကလေးငယ် သုံးဦး အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
ထို့ကြောင့် ယာဥ်မောင်း မြင့်နိုင်အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Credit - MT News Agency
#centralnewsnaypyitaw
သခွားမွှေး မျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်
HDD (Hard Disk Drive) / SSD (Solid State Drive) ကို lock ခတ်ခြင်း။
======================================
1. BIOS/UEFI Password ဖြင့် Lock ခတ်ခြင်း
BIOS (သို့) UEFI settings ထဲကနေ HDD/SSD ကို password ချမှတ်နိုင်ပါတယ်။ OS တင်ထားတဲ့ disk ကို password မသိရင် boot မဖြစ်ဘူး။
(motherboard အမျိုးအစားအလိုက် မတူနိုင်ပါသည်)
1. Computer ကို restart လုပ်ပါ။
2. BIOS/UEFI ထဲဝင်ရန် Del, F2, F10, Esc စတဲ့ key တချို့ကိုစောင့်ပြီးနိပ်ပါ။
3. Security tab သို့သွားပါ။
4. HDD Password သို့မဟုတ် ATA Password ဆိုတာကိုရွေးပါ။
5. Password ချမှတ်ပြီး save လုပ်ပါ။
6. Restart ပြန်လုပ်ပါ။
Password မေ့သွားရင် drive ထဲက data ကို ပြန်ရဖို့ခက်ခဲနိုင်ပါတယ်။
2. BitLocker (Windows မှာသာ)
Windows 10/11 Pro, Enterprise editions မှာ BitLocker နဲ့ disk encryption ပြုလုပ်နိုင်ပါတယ်။ Password မရှိဘဲ access မရနိုင်ပါ။
လုပ်နည်း
1. Control Panel System and Security BitLocker Drive Encryption ကိုဖွင့်ပါ။
2. Lock ချင်တဲ့ drive အပေါ်မှာ Turn on BitLocker ကိုနှိပ်ပါ။
3. Password သတ်မှတ်ပါ။
4. Recovery key ကို safe ဖြစ်အောင် backup လုပ်ပါ။
5. Encrypting လုပ်ပါ (တချို့ drive ကြီးကြီးတွေဆိုရင် အချိန်ယူနိုင်ပါတယ်)။
Windows Home edition မှာ BitLocker မပါပါဘူး။
သတိပြုရန်
Lock ချမှတ်ထားတဲ့ password မေ့သွားရင်, data ကို ပြန်ရဖို့ factory reset, erase လုပ်ရတတ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Wildlife Learning Center မှာ နေထိုင်တဲ့ ဇူးစ် (Zeus) လို့ခေါ်တဲ့ ဝက်စတန် စကရီးချ် ဇီးကွက် (Western Screech Owl) လေးဟာ တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဇူးစ်ဟာ ဒ၊ဏ်ရာတစ်ခုကြောင့် မျက်စိအမြင်အာရုံကို ဆုံးရှုံးခဲ့ရပြီး တောထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ဘဝမျိုးကိုတော့ စွန့်လွှတ်ခဲ့ရပါတယ်
ဒါပေမဲ့ သူ့ကို သေချာကြည့်မယ်ဆိုရင် အံ့မခန်းစရာ မြင်ကွင်းတစ်ခုကို တွေ့ရပါလိမ့်မယ်။ ဇူးစ်ရဲ့ နက်မှောင်နေတဲ့ မျက်လုံးအိမ်ထဲမှာ ငွေရောင်နဲ့ အဖြူရောင် အစက်အပြောက်လေးတွေဟာ ကြယ်တာရာတွေလိုပဲ လင်းလက်တောက်ပလို့နေပါတယ်။ ဒီမြင်ကွင်းက ကျယ်ပြောလှတဲ့ နဂါးငွေ့တန်း (Galaxy) တစ်ခုကို မျက်ဝန်းထဲမှာ သယ်ဆောင်ထားသလို၊ စကြာဝဠာကြီးတစ်ခုလုံးကို စုစည်းထားသလို ခံစားရစေပါတယ်
ဇူးစ်ရဲ့ ဇာတ်လမ်းက ဝမ်းနည်းစရာ မဟုတ်ဘဲ၊ ဒုက္ခကြားက ထွန်းလင်းတဲ့ အလှတရားကို ဖော်ညွှန်းနေတာပါ။ သူဟာ ချို့ယွင်းချက်၊ ဒဏ်ရာတွေကြားကနေတောင် ဘဝက ဘယ်လိုမျိုး အလင်းပြန်ရနိုင်တယ်ဆိုတာကို လက်တွေ့ပြနေတဲ့ သက်သေတစ်ခုပါ။ အမှောင်ဖုံးလွှမ်းသွားတယ်လို့ ထင်ရတဲ့အခါမှာတောင် ဘဝဟာ နည်းလမ်းအမျိုးမျိုးနဲ့ တောက်ပနေနိုင်ပါတယ် ဆိုတဲ့ ခိုင်မာတဲ့ မက်ဆေ့ချ်ကို သူက ပေးစွမ်းနေတာပါ
ဇူးစ်ဟာ Wildlife Learning Center ရဲ့ ချစ်ခြင်းမေတ္တာအောက်မှာ လုံခြုံစွာ ရှင်သန်နေပြီး၊ သူ့ကို လာရောက်တွေ့ဆုံသူတိုင်းကို "ကျွန်တော်တို့ ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါစေ၊ အဲဒီအထဲမှာ အမြဲတမ်း ရှာဖွေတွေ့ရှိဖို့ စောင့်ဆိုင်းနေတဲ့ အံ့ဖွယ်အလှတရားတွေ ရှိနေပါတယ်" ဆိုတဲ့ စကားကို ပါးလိုက်သလိုပါပဲ
🦉💫 တကယ့် ခွန်အားဆိုတာ ပြီးပြည့်စုံခြင်းမှာ မဟုတ်ဘဲ၊ ဘယ်လိုပဲ ဒ၊ဏ်ရာတွေရှိပါစေ ဆက်လက်ရှင်သန်နိုင်ခြင်းနဲ့ ထူးခြားတဲ့ အလှတရားကို ပိုင်ဆိုင်ထားခြင်းမှာသာ တည်ရှိတယ်ဆိုတာကို ဇူးစ်က သတိပေးနေတာပါ
ဒီဇီးကွက်လေးရဲ့ မျက်လုံးထဲက ဂယ်လက်ဆီကို မြင်ရတဲ့အခါ ဘယ်လိုခံစားရပါသလဲ...
ကလပ်တွင် ပေါင်သန်း ၁၀၀ ငွေဖြည့်တင်းပေးလာတဲ့ စပါးစ်ပိုင်ရှင်များ
အောက်တိုဘာ ၁၀
စပါးစ်ရဲ့ အဓိကရှယ်ယာရှင်များဟာ ကလပ်တွင် ပေါင်သန်း ၁၀၀ ငွေကြေးဖြည့်တင်းပေးလာပါတယ်။
စပါးစ်ဟာ ကလပ်ရဲ့ ဘဏ္ဍာရေးတောင့်တင်းလာစေရန်အတွက် ငွေကြေး ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတာ ဖြစ်ပြီး အသင်းရဲ့ ရေရှည်အားကစားဆိုင်ရာအောင်မြင်ရေးအတွက် အသုံးပြုလာမှာလည်း ဖြစ်ပါတယ်။
စပါးစ်အသင်းရဲ့ ရှယ်ယာ ၈၆.၅၈ ရာခိုင်နှုန်းကို Lewis Family Trust ပိုင် Enic က ပိုင်ဆိုင်ထားပြီး ကျန် ၁၃.၄၂ ရာခိုင်နှုန်းကို အခြားအသေးစားရင်းနှီးမြှပ်နှံသူများက ပိုင်ဆိုင်ထားပါတယ်။
Enic ရဲ့ အဓိကရှယ်ယာများကို ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဂျိူးလီဝစ်က ပိုင်ဆိုင်ထားတာပါ။
Enic မိသားစုဟာ ကလပ်ကိ အမေရိကန်ရင်းနှီးမြှပ်နှံသူများက စံချိန်တင်ကြေး ပေါင် ၄.၅ ဘီလီယံဖြင့် ဝယ်ယူရန် ကြိုးပမ်းလာခဲ့ပြီးနောက် ယခုကဲ့သို့ အသင်းရဲ့ ငွေကြေး အင်အားတောင့်တင်းရန် ပေါင်သန်း ၁၀၀ ဖြည့်တင်းပေးလာတာပါ။
#ဘောလုံးသတင်းစုံ
သစ်ပင်တွေအများစုက သူတို့ရဲ့ အနီးအနားမှာ
ရှိနေတဲ့ အပင်တွေကို အာရုံခံသိရှိနိုင်တယ်တဲ့
အဲ့လိုသိရှိကြလို့ အပင်တွေရဲ့ ကိုင်းဖျားတွေဟာ
အနီးအနားက အပင်ကိုင်းဖျားတွေကို မထိဘဲ
သူတို့နယ်နိမိတ်ကိုသူတို့ ကန့်သတ်ထားတယ်လို့
ဆိုပါတယ်....
အဲ့ဒီဖြစ်စဉ်ကို Crown shyness လို့ ခေါ်ပြီး
သစ်ပင်ကိုင်းဖျားတွေ အချင်းချင်း မထိကြဘဲ
နေရာလွတ်ရှိနေခြင်းအားဖြင့် နေရောင်ခြည်ကို
ပိုမိုစုတ်ယူနိုင်တယ်၊ တစ်ပင်နဲ့တစ်ပင်ကြားမှာ ပိုးမွှားတွေကူးစက်မှု နည်းစေတယ်
အချင်းချင်းပွတ်တိုက်မှု လျော့ကျစေတယ်လို့
ဆိုပါတယ်....🌿
မလိုအပ်သော Driver များမတော်တဆ ထည့်ထားခြင်းများရှိရင် ဖယ်ရှားနည်း။
=====================================
Hardware (ကွန်ပျူတာအစိတ်အပိုင်းများ) နဲ့ Operating System (Windows) ဆက်သွယ်ဖို့လိုအပ်တဲ့ Driver များကို မမှန်ကန်တဲ့အမျိုးအစား သို့မဟုတ် မကိုက်ညီတဲ့ Version တစ်ခုထည့်ခြင်း ဖြစ်ပါတယ်။
မတော်တဆ Driver ထည့်ခြင်းကြောင့် ဖြစ်နိုင်သောပြဿနာများ
1. Device အလုပ်မလုပ်တော့ခြင်း
ဥပမာ: Display driver မမှန်တော့မှ မျက်နှာပြင်မဖော်နိုင်, Sound မထွက်တော့
2. Blue Screen Error (BSOD)
Driver conflict ဖြစ်ရင် system crash ဖြစ်တတ်တယ်
3. Windows တက်တာနှေးခြင်း / system တုန်ခြင်း
4. Battery consumption မြင့်ခြင်း (Laptop)
Device driver မမှန်တဲ့အခါ power management ကောင်းစွာမလုပ်နိုင်
5. System မကြာခဏ restart / hang ဖြစ်ခြင်း
✅ Driver မတော်တဆ ထည့်ထားတယ်ထင်ရင် စစ်ကြည့်မယ်
1. Device Manager မှာစစ်ခြင်း
1. Start Menu မှာ “Device Manager” လို့ရိုက်ပြီးဖွင့်ပါ
2. Device များကို ကြည့်ပြီး
⚠️👈 ဒီလိုသင်္ကေတ ရှိသည့် device ကိုစစ်ပါ
3. Right-click → Update Driver / Uninstall Device လုပ်နိုင်သည်
➡️ Windows မှ Automatically Update လုပ်မယ်
1. Settings > Windows Update > Advanced Options > Optional updates
2. သင့် hardware အတွက် driver update ရှိမရှိ စစ်ပြီး install လုပ်နိုင်ပါတယ်
Driver မတော်တဆ ထည့်ခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နည်း
1. Unknown websites မှ driver မထည့်ပါနဲ့။
2. Driver update software များကို မယုံကြည်သုံးစွဲပါနှင့် (သေချာတဲ့ tools မဟုတ်လျှင်) မသုံးပါနဲ့
IT Value မှာပြန်လည်မျှဝေသည်