4 w - Translate - Facebook

Hubble Space telescope ကြီး နှစ်ပေါင်း ၃၅ နှစ်ကြာ ရိုက်ယူရရှိခဲ့တဲ့ အာကာသထဲက စကြာဝဠာ ဓာတ်ပုံများ အပိုင်း (၃) ဖြစ်ပါတယ်။
Hubble Space Telescope ကြီးရိုက်ယူရရှိခဲ့တဲ့ များပြားလှတဲ့ ဓါတ်ပုံ သန်းချီထဲကမှ အများပြည်သူ လေ့လာချင်စရာကောင်းတဲ့ ဓာတ်ပုံများကို NASA အဖွဲ့အစည်းမှ ၂၀၀၅ ခုနှစ်ကတည်းက နှစ်စဉ်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
အပိုင်း ၁ နှင့်၂ ကိုတော့ မဖတ်ရူရသေးတဲ့သူများအနေနဲ့ အခုပေးထားတဲ့ Link မှာ သွားရောက်ဖတ်ရူလို့ရပါတယ်။
အပိုင်း ၁
https://www.facebook.com/share/p/16U33vRERS/
အပိုင်း ၂
https://www.facebook.com/share/p/16HXGzDN9S/
ဒီလိုပုံတွေ အထဲက အပိုင်း ၁ နဲ့ ၂ မှာ တင်ထားခဲ့တဲ့ ပုံများလိုမျိုး စိတ်ဝင်စားစရာပုံအချို့ကို MASES စာဖတ်သူတွေနဲ့ အများပြည်သူတွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

4 w - Translate - Facebook

Hubble Space telescope ကြီး နှစ်ပေါင်း ၃၅ နှစ်ကြာ ရိုက်ယူရရှိခဲ့တဲ့ အာကာသထဲက စကြာဝဠာ ဓာတ်ပုံများ အပိုင်း (၃) ဖြစ်ပါတယ်။
Hubble Space Telescope ကြီးရိုက်ယူရရှိခဲ့တဲ့ များပြားလှတဲ့ ဓါတ်ပုံ သန်းချီထဲကမှ အများပြည်သူ လေ့လာချင်စရာကောင်းတဲ့ ဓာတ်ပုံများကို NASA အဖွဲ့အစည်းမှ ၂၀၀၅ ခုနှစ်ကတည်းက နှစ်စဉ်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
အပိုင်း ၁ နှင့်၂ ကိုတော့ မဖတ်ရူရသေးတဲ့သူများအနေနဲ့ အခုပေးထားတဲ့ Link မှာ သွားရောက်ဖတ်ရူလို့ရပါတယ်။
အပိုင်း ၁
https://www.facebook.com/share/p/16U33vRERS/
အပိုင်း ၂
https://www.facebook.com/share/p/16HXGzDN9S/
ဒီလိုပုံတွေ အထဲက အပိုင်း ၁ နဲ့ ၂ မှာ တင်ထားခဲ့တဲ့ ပုံများလိုမျိုး စိတ်ဝင်စားစရာပုံအချို့ကို MASES စာဖတ်သူတွေနဲ့ အများပြည်သူတွေ လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

image
image
image
image
image

လက်သီးတစ်ချက်...Lord တစ်ကောင်?

4 w - Translate

Pa-ri (2018)

လေပေါ်ပျံတတ်တဲ့ အထီးကျန်အဘွားအိုတစ္ဆေမ။ မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ အာနက်ဘ် ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါတယ်။ အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာ ဆိုတဲ့ မိန်းကလေးကို လက်ထိတ်ခြေထိတ်တွေ ခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။ သေသွားတဲ့ အဘွားအိုအတွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ် ဟာ ရက်ခ်ဆာဟာနာ ကို သူ့အိမ်ကို ပြန်ပိုပေးခဲ့ပါတယ်။ နောက်တော့ ပါမောက္ခ ကာဆင်အလီ ဆိုသူဟာ မိန်းကလေးရဲ့ သရုပ်မှန်ကို သိတဲ့ လူတွေနဲ့အတူ မိန်းကလေးကို ဖမ်းဆီးဖိုအတွက် ရောက်လာခဲ့ပါတယ်။

image
4 w - Translate

Ho-me swe-et ho-me (2021)

Ho-me Swe-et Ho-me ဆိုပြီး တစ်ကွက်မှ Sw-eet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖိုကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့။ ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင် ကို ဝမ် လူကြီးမင်းတို မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖိုကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကို သိလို ယွီခွန်ချောင် ကလည်း ဝမ် လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ် လူကြီးမင်းတို မိသားစုအကြောင်း ပြောရမယ်ဆိုရင် ဝမ် လူကြီးမင်းနဲ့ ဝမ်ကတော် ရယ်၊ ဝမ်ခြူးထုံ ဆိုတဲ့ သမီးရယ်၊ ဝမ်ခြူးချီ ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီ ဆိုတာ ကျောင်းကားမတော်တဆမှာ ပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့ နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်း မကင်းရှင်းပါဘူး။ ဘာလိုလဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင် ကို သူ့ဖိနပ်ကြိုးချည်ဖို ပြောလို ယွီခွန်ချောင် က ကားကို ဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို ဝမ်ခြူးထုံ ကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလို သာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော် ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်း ပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။

image

Solo Kill by YING

4 w - Translate

Here-ditary (2018)

ဂရေဟမ် မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အယ်လန် ဂရေဟမ် ကွယ်လွန်သွားပြီးနောက်မှာ သူ့ရဲ့သမီးဖြစ်တဲ့ အန်နီ ဂရေဟမ် တို မိသားစုဟာ ဘိုးဘွားဘီဘင်မျိုးရိုးအစဉ်အဆက်ရှိတဲ့ ထိတ်လန့်စရာ လျှိဝှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အန်နီ ဟာ ပုံစံငယ်လေးတွေ ဖန်တီးတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည် စတိဗ်၊ ပီတာ နဲ့ ချာလီ ဆိုတဲ့ သားနဲ့သမီးရှိပါတယ်။ ဒီလိုနဲ့ အယ်လန် ကွယ်လွန်ပြီးနောက်မှာတော့ အန်နီ တို မိသားစုဟာ သဘာဝလွန်အဖြစ်အပျက်တွေ ကြုံရပါတယ်။ ပီတာ ဟာ ပါတီပွဲတစ်ခုကို ချာလီ နဲ့အတူသွားခဲ့ပြီး အဲဒီပါတီပွဲမှာ ဆေးခြောက်ပါတဲ့ ချောကလက်တွေကို ချာလီ စားမိပြီးနောက် ဓာတ်မတည့်ဘဲ အစာအဆိပ်သင့်ပါတော့တယ်။ အဲဒါနဲ့ ဆေးရုံကို မောင်နှမနှစ်ယောက် သွားရင်း ချာလီ က အသက်ရှူမဝ ဖြစ်လာလို ကားထဲကနေ ခေါင်းထွက်လေရှူရင်း ထိခိုက်မိတာ ခေါင်းပြတ်သွားခဲ့ပါတယ်။ ပီတာ ကလည်း ရူးကြောင်ကြောင် ဖြစ်နေတာမို မိဘတွေကို ဘာမှ ပြန်မပြောဘဲ ဒီအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။ ချာလီ သေဆုံးပြီးနောက်မှာတော့ ပီတာ ဟာ ချာလီ သူ့အနီးအနားမှာပဲရှိနေသလိုလိုနဲ့ ခြောက်လှန့်ခံရပါတော့တယ်။ အန်နီ ရဲ့ မိတ်ဆွေ ဂျုံး က ကွယ်လွန်သွားတဲ့ သူ့ရဲ့ မြေးကို ဝိညာဉ်ခေါ်စကားပြောတဲ့အကြောင်းကို ပြောပြခဲ့ပြီး အန်နီ ကိုလည်း လုပ်ကြည့်ဖို အကြံပြုခဲ့ပါတယ်။ တစ်ညမှာတော့ အန်နီ အိပ်မက်ဆိုးတွေ မက်သလို ချာလီ ရဲ့ ဝိညာဉ် ဝင်ပူးခြင်း ခံခဲ့ရပါတယ်။ ချာလီ ရဲ့ ဝိညာဉ်ဟာ နာကြည်းချက်တွေရှိနေတယ် ဆိုတာ အန်နီ ခံစားမိတဲ့အတွက် ချာလီ ရဲ့ ပုံဆွဲစာအုပ်ကို မီးရှိပစ်တဲ့အခါ အန်နီ ရဲ့ လက်တစ်ဖက်ပါ မီးလောင်ခဲ့ပါတယ်။ နောက်တော့ အခြေအနေတွေကို ဂျုံး ကို ပြောပြပြီး အကြံတောင်းဖို လုပ်ခဲ့ပေမယ့် ဂျုံး ကို ဘယ်မှာမှ ရှာမတွေ့တော့ပါဘူး။ အဲဒါနဲ့ အိမ်ထဲမှာ ဟိုသည် လျှောက်ရှာရင်း ထူးဆန်းစွာနဲ့ သူ့မိခင် အယ်လန် နဲ့ ဂျုံး တို အဆက်အစပ်ရှိတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့သလို အိမ်ထပ်ခိုးမှာလည်း အယ်လန် လို ယူဆရတဲ့ အလောင်းတစ်လောင်း ရှာတွေ့ခဲ့ပါတယ်။ အယ်လန် နဲ့ ဂျုံး က ဘယ်လိုအချိတ်အဆက်တွေရှိနေတာလဲ။ ဂရေဟမ် မိသားစုရဲ့ ဆွေမျိုးအစဉ်အဆက် လျှိဝှက်ချက်က ဘာဖြစ်မလဲ။ တစ်မိသားစုလုံး အခြောက်အလှန့်တွေ၊ ထိတ်လန့်စရာတွေ ကြုံနေရတဲ့ အန်နီ နဲ့ မိသားစုတွေ ဘယ်လိုအခြေအနေနဲ့ အဆုံးသတ်မှာလဲ

image
4 w - Translate

Miss Universe Myanmar 🇲🇲 2025
Best in Swimsuit goes to
Hakha 😮 Nan Inzali
Bago ❤️ Khin Yadanar Soe
💫 Go go Girls
Road to MUM 2025
#roadtomissuniversemyanmar2025 #missuniversemyanmar #missuniverse

image
4 w - Translate

မကြာခင် Poland 🇵🇱 နိုင်ငံမှာ ကျင်းပတော့မယ့်
Miss Supranational 2025 မှာ
Myanmar 🇲🇲 အလှမယ် Cherry Moe ကို
အတူအားပေးကြမယ်နော် 💫

image

LY nerf ခံရတာ ဒါတွေကြောင့်