Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒါတွေခံစားနေရတာ သင်အသက်ကြီးလာလို့ မဟုတ်ဘူး!
ခန္ဓာကိုယ် နာကျင်မှုတွေ၊ အားအင်ကုန်ခမ်းမှုတွေဟာ
အသက်အရွယ်ကြောင့် မဟုတ်ပါဘူး။ အဲ့လိုဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့...
-အဆစ်တွေ တောင့်တင်းနေတာက stretching မလုပ်လို့ပါ။
-ခါးနာနေတာက core ကြွက်သားတွေ အားနည်းနေလို့ဖြစ်နိုင်တယ်
-ဒူးနာနေတာက ပေါင်ကြွက်သားတွေ weak ဖြစ်နေလို့ဖြစ်နိုင်တယ်
-ကိုယ်နေဟန်ထား posture မမှန်တာက weight မကစားလို့ ုဖစ်နိုင်တယ်။
အလွယ်တကူမောတတ်တာက အပြေးလေ့ကျင့်ခန်း မလုပ်လို့ပါ။
ဒီတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး လိုအပ်တာတွေ ပြင်ဆင်လိုက်ရင် နာကျင်မှုတွေ သက်သာပြီး ပိုမိုတက်ကြွလာမှာပါ။
ကျန်းမာကြပါစေ။
ခန္ဓာကိုယ်ရဲ့ ယိုယွင်းမှုတွေကို ရပ်တန့်နိုင်တယ်!
သင့်ခန္ဓာကိုယ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာတယ်လို့ ထင်နေလား။ တကယ်တော့ ဒါတွေဟာ ရှောင်လွှဲလို့မရတဲ့ အိုမင်းခြင်းရဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။ သင့်ရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။
- ကြွက်သားမျှင် (fascia) တွေ တောင့်တင်း၊ ခြောက်သွေ့လာတာကို ခံမလား... ဒါမှမဟုတ် myofascial release နဲ့ mobility လေ့ကျင့်ခန်းတွေ လုပ်မလား။
-အရိုးတွေ ကြွပ်ဆတ်လာတာကို ခံမလား... ဒါမှမဟုတ် plyometrics လေ့ကျင့်ခန်းတွေနဲ့ အရိုးကို သန်မာအောင် လုပ်မလား။
- စက်ရုပ်လို လှုပ်ရှားနေရတာကို ရွေးမလား... ဒါမှမဟုတ် primal movement patterns တွေနဲ့ သဘာဝကျကျ လှုပ်ရှားဖို့ လေ့ကျင့်မလား။
-အရွတ်ထိခိုက်ဒဏ်ရာ (tendinopathies) တွေ ဖြစ်တာကို ခံမလား... ဒါမှမဟုတ် isometrics နဲ့ အရွတ်တွေကို ကြံ့ခိုင်အောင် bulletproof လုပ်မလား။
-ဟန်ချက်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်း (balance & coordination) တွေ ဆုံးရှုံးတာကို ခံမလား... ဒါမှမဟုတ် နေ့တိုင်း ဒီစွမ်းရည်တွေကို စိန်ခေါ်ပြီး လေ့ကျင့်မလား။
ခန္ဓာကိုယ်ရဲ့ ပြိုလဲပျက်စီးမှုတွေကို လက်ပိုက်ကြည့်နေမလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှုတွေနဲ့ ကာကွယ်မလားဆိုတာ ကတော့ သင့်ရွေးချယ်မှုနဲ့ လွတ်လပ်ခွင့်ပါပဲ။
ကျန်းမာကြပါစေ။