47 w - Translate

Home Battery Storage Market Poised for Robust Growth Amid Rising Demand for Residential Energy Solutions

The global Home Battery Storage market is witnessing significant expansion as homeowners increasingly seek reliable and sustainable energy solutions. Home battery storage systems enable households to store electricity generated from renewable sources such as solar panels, providing backup power, reducing dependency on the grid, and optimizing energy consumption.

Read Full Research Study: https://marketintelo.com/repor....t/home-battery-stora

Home Battery Storage Market Research Report 2033
marketintelo.com

Home Battery Storage Market Research Report 2033

As per our latest market intelligence, the Global Home Battery Storage market size was valued at $7.2 billion in 2024, and is forecasted to hit $38.6 billion by 2033, growing at a remarkable CAGR of 20.4%.

ဖားကန့်မှာ ခိုးဆိုး လုယက် ဓားပြတိုက်မှုတွေ များလာလို့ ထိရောက်တဲ့အရေးယူမှုလုပ်ဖို့ ပြည်သူတွေ လိုလား

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုနောက်ပိုင်း ဓားပြတိုက် လုယက်မှု ၊ နေအိမ်တွေ ဝင်ရောက်လုယက် ခိုးယူမှုတွေ ပိုပြီး အဖြစ်များလာ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
လုယက် ဓားပြတိုက်မှုတွေကို အုပ်စုအဖွဲ့လိုက် နဲ့ ဓားထောက် လုယက်ခြင်း ၊ သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်ကြသ လို လူကိုထိခိုက် ဒဏ်ရာရပြီး အန္တရာယ်ဖြစ်အောင်အထိပါ ပြုလုပ်မှုရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိအခြေအနေက ခိုးဆိုး လုယက် ၊ဓားပြတိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူမှု အပိုင်းမှာ အားနည်းနေတာကြောင့် လုယက်မှုတွေပိုပြီး များလာနေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ညဘက်ဆိုရင် ၈ နာရီကျော်ရင်ကို အပြင်ထွက်ဖို့ မရဲတော့ဘူး ။ ယူမာ နဲ့ ဆိုင်းတောင်ကြား သတိနဲ့ သွားလာနေရတယ် ။ အဲဒီကြားမှာ လုယက်မှု ဖြစ်ပွားတာ လေးကြိမ်ရှိပြီ။ ဆိုင်ကယ်တ ယောက်ထဲ စီးလာရင်လလည်း နောက်ကနေ လိုက်လုတယ်။ သေနတ်အရှည်တွေရော အတိုရော ၊ ဓားရောအစုံ ပဲ။ သူခိုးတွေ ဓားပြတိုက်တာတွေကို ဘယ်အဖွဲ့မှ အေရးယူတာ သိပ်မတွေ့ရဘူး ။ နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်နေတဲ့ လူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ် ။ " လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က လည်း လုံးခင်းအုပ်စု King KTV အနီးမှာ ဆိုင်ကယ်စီးအမျိုးသား တယောက်ကို လက်နက်ကိုင်လူတစုက လည်ပင်းကိုဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၂၉ ရက်ကလည်း လုံးခင်းဘုရားကျောင်း အနီးမှာ လက်နက်ကိုင်တစုက လမ်းသွားလမ်းလာသူတယောက်ကို ဓားပြတိုက်ပြီး ဖုန်း ၊ ဆိုင်ကယ် နဲ့ ပိုက်ဆံသိန်း ၃၀ကျော်ကို လုယက်သွားမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ နေအိမ်တွေမှာလည်း သော့ဖျက်ပြီး ဆိုင်ကယ်တွေ ခိုးယူမှုတွေ ဖြစ်ပွားမှုများလာသလို ရပ်ထားတဲ့ ကားတွေကိုလည်း ဘက်တ္ထ ရီအိုး ဖြုတ်ခိုးမှု ၊ ဆီခိုးထုတ်မှု အပါအဝင် စတဲ့ ပစ္စည်းခိုးယူမှုတွေ ဖြစ်ပွားမှု များလာနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ် ။
" ဆိုင်ကယ်ခိုးနေတာ မြင်ရင်တောင် မပြောရဲတာမျိုးဖြစ်နေတယ် ။သူတို့က ဓားနဲ့ သေနတ်တွေနဲ့ဆိုတော့လေ ။လုံးခင်းမှာဆိုရင် သူခိုးတွေ သောင်းကြမ်းနေတယ် ။ အရင်ရက် ကလည်း တံခါးကို ငရဲမီးနဲ့ တို့ပြီး ဆိုင်ကယ် ခိုးယူသွားတယ် ။ " လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာလ အတွင်းမှာပင် ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ၁၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အများစုက ဆိုင်ကယ် ၊ ဖုန်းနဲ့ ငွေသားတွေ လုယက်ခံခဲ့ရတာဖြစ်ကြောင်း လုယက်သူတွေကို ဖမ်းဆီးအရေးယူတာမျိုး မတွေ့ရှိခဲ့ရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့် ဒေသမှာ ဖြစ်ပွားနေတဲ့ ခိုးဆိုး လုယက် ဓားပြတိုက်မှုတွေ ပိုဆိုးရွားလာနေပြီး ပြည်သူတွေအတွက် လုံခြုံမှု မရှိတော့တာကြောင့် ​ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ လက်ရှိ နိုင်ငံရေးအခြေအနေ မတည်မငြိမ်မှုတွေ နဲ့အတူ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေအကြားမှာ မြေပြင်ထိတွေ့ တိုက်ပွဲတွေက မကြာခဏ ဖြစ်ပွားမှုရှိနေတယ်လို့ သိရပါတယ်။

image

တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် တက္ကသိုလ်အသီးသီး ၌ Skilled Labour သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးနေ

တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သည့် ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ ကနေပြည်တော် ပညာရေးဝန်ကြီးဌာနရုံး၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲမအောင်သူများအတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များက မိမိတို့နိုင်ငံ မိမိတို့ဒေသအကျိုးပြု အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ job-Ready Skills သင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
သွင်းကုန်အစားထိုး ထုတ်ကုန်များကို ဓါတ်ခွဲခန်း lab- Scale အဆင့် ထုတ်လုပ်နည်းသင်တန်းများ ရွေးချယ်ဖွင့်လှစ်နိုင်မည့်စီမံချက်များကိုလည်း‌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ အသက်(၃) နှစ် မှ (၂၅) နှစ်အတွင်းရှိ လူဦးရေ (၁၀ဒသမ၅)သန်းအနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နေပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းသည့် ကျောင်းတက်ရောက်ခဲ့ဖူးသူများဖြစ်ပြီး ၉ဒသမ ၈ ရာခိုင်နှုန်းသည် ကျောင်းလုံးဝမတက်ရောက်ဖူးသည့် အခြေအနေတွင်ရှိနေကြောင်း ၂၀၂၄ သန်းခေါင်စာရင်းအချက်အလက်များအရ သိရသည်။

image

တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်အချိန်မီ သက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း အသိပေးထုတ်ပြန်

တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေး သတ်မှတ်ချ က်များ ပြဋ္ဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိုးရန် မြန်မာနိုင်ငံကော်ဖီအသင်း(Myanmar Coffee Association) ကအသိပေးတိုက်တွန်း ထုတ်ပြန်ထားသည်။
သက်တမ်း တိုးရန်အတွက်ခွင့်ပြုချက်သက်တမ်း မကုန်ဆုံးမီသုံးလမှ ခြောက်လအထိ ကြိုတင်သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရမည်ဖြစ်ပြီး GACC မှတ်ပုံတင်သက်တမ်းကုန်လွန်နေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ အနေဖြင့်သက်တမ်းတိုးမြှင့်လိုခြင်း ရှိ၊ မရှိကိုထောက်ခံတင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးရန် သီးနှံကာကွယ်ရေးဦးစီးဌာနက အကြောင်းကြားလာကြောင်းသိရသည်။
MCA အသင်းဝင်ကုမ္ပဏီများမှGACC မှတ်ပုံတင် သက်တမ်းတိုးမြှင့်လိုပါက အသင်းရုံး ဖုန်း - ၀၉- ၄၂၀၀၂၀ ၈၆၉ သို့ ဒီဇင်ဘာ ၇ ရက်နောက်ဆုံးထား ဆက်သွယ်ပေးရန်အသိပေးထားသည်။

image
47 w - Translate

🤓

image

အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ယာဉ်တိမ်းမှောက်မှုဖြင့်ကွယ်လွန်

အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးစိုးနိုင်သည် ယာဉ်တိမ်မှောက်သည့်ဒဏ်ရာများဖြင့် ယမန်နေ့(ဒီဇင်ဘာ ၂ ရက်) နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကွယ်လွန်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ထံမှသိရသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က မကွေးမြို့သို့လူနာသွားရောက်ပို့ဆောင်ပြီးအပြန် နတ်မောက်မြို့နယ်၌ လမ်းပြင်နေသည့်နေရာတွင် တစ်ဖက်မှမောင်းနှင်လာသည့်ယာဉ်အားရှောင်တိမ်းရာမှ လမ်းဘေးကျောက်တုံးဖြင့်တိုက်မိပြီး ယာဉ်တိမ်မှောက်ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယင်းနောက် ဦးစိုးနိုင်အား ရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင်ကာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
"ပရဟိတအသင်းသားတွေဆိုတာ ကူးစက်ရောဂါဆိုလည်းသယ်ရတာပဲ။ လူနာကဆီးဝမ်းမနိုင်လို့ လုပ်ပေးရတာတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရဟိတစိတ်နဲ့လုပ်နေကြတာပါ။ ဒီလိုလုပ်နေရင်း သေဆုံးသွားတဲ့ ပရဟိတသမားတွေအများကြီးရှိပါတယ်။ ဦးစိုးနိုင်အတွက် ကျန်တဲ့ပရဟိတသမားတွေရဲ့ ကိုယ်စား အားလုံးကိုအလေးပြုပါတယ်" ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အချေစိုက်ကူညီနေသော ပရဟိတအသင်းဖြစ်ပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ၏အဖွဲ့ဝင်အသင်းဖြစ်ကြောင်းသိရသည်။

image

အမွေခံမရှိသော ကွယ်လွန်သူများ၏ ပိုင်ဆိုင်မှု ဂျပန်အစိုးရ စံချိန်တင်ရရှိ

ဂျပန်အစိုးရဘဏ္ဍာတိုက်သည် ၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အမွေဆက်ခံမည့်သူ မရှိသော နိုင်ငံသားများ၏ ပိုင် ဆိုင်မှုများကို စံချိန်တင် တန်ဖိုး ၁၂၉ ဒသမ ၁ ဘီလီယံယန်း အထိ ရရှိခဲ့ကြောင်း သတင်းအရ ယင်းမှာ အမေရိကန်ဒေါ်လာ ၈၂၈ သန်း နှင့် ညီမျှသည်။
ယင်းပမာဏသည် နှိုင်းယှဉ်နိုင်သော အချက်အလက်များ ပထမဆုံးရရှိနိုင်သည့် ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် နောက် ပိုင်းအများဆုံး ဖြစ်ကြောင်း တရားရုံးချုပ် သတင်းရင်းမြစ်များထံမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းပမာဏသည် ၂၀၁၃ ခုနှစ်က ရရှိခဲ့သော ၃၃ ဒသမ ၆ ဘီလီယံယန်းထက် ၃ ဒသမ ၈ ဆ ပိုများလာခဲ့သည်။
မိသားစုတရားရုံးတစ်ရုံးတွင် ခန့်အပ်ထားသော စာရင်းရှင်းဖျက်သိမ်းရေးမှူးက ကျန်နေသောအစိုးရ အခွန်များပေး ဆောင်ခြင်း၊ သင်္ဂြိုဟ်စရိတ်နှင့် အခြားကုန်ကျစရိတ်များကို ရှင်းလင်းပြီးနောက်တွင် အမွေဆက်ခံမည့်သူ မရှိသူများ၏ ပိုင်ဆိုင်မှုအားလုံး အစိုးရဘဏ္ဍာတိုက်သို့ ရောက်ရှိသွားသည်။
ဇနီး (သို့) ခင်ပွန်း၊ သားသမီး၊ မိဘ၊ ဆွေမျိုးများ မရှိခြင်း၊ သို့မဟုတ် သေတမ်းစာကဲ့သို့ စာရွက်စာတမ်းများ မရှိခဲ့ပါက သေဆုံးသူတစ်ဦး၏ ပိုင်ဆိုင်မှုကို မူအားဖြင့် မည်သူကမျှ ဥပဒေနှင့်အညီ ဆက်ခံပိုင်ခွင့်မရှိပေ။
ထိုသို့ အမွေဆက်ခံသူ မရှိသောပိုင်ဆိုင်မှုများ များပြားလာရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ တစ်ဦးတည်းနေ ထိုင်သော သက်ကြီးရွယ်အိုများ များပြားလာခြင်းကြောင့် ဖြစ်သည်။
ယင်းမှာလည်း က လေး မွေး ဖွား နှုန်း ကျဆင်းလာခြင်း၊ သက်ကြီးရွယ်အို များလာခြင်းနှင့် တစ်ကိုယ်ရည်နေ ထိုင် သူဦးရေ များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။
ကွယ်လွန်သွားသူတွင်အမွေဆက်ခံသူများရှိပါကလည်းအသက်ရနေသောအ မွေဆက်ခံသူများက ယင်းအတွက် အလုပ်ရှုပ်မလိုခြင်းကြောင့် အမွေကို လက် လွတ်ခံလိုက်သည်များလည်းရှိကြောင်း ဂျပန်အမွေဆက်ခံရေးဆိုင် ရာ အစည်းအရုံး ဒုတိယအကြီးအကဲ ရှေ့နေ ယိုရှီဒါရူဟဲက ပြောသည်။
ဆွေမျိုးသားချင်းမရှိသူ သက်ကြီးရွယ်အို ဦးရေမှာ ဆက် လက်မြင့်တက်နေမည်ဟု မျှော်လင့်ရပြီး ရွေးချယ်စရာ တစ်ခုမှာ ၎င်းတို့အား ပြုစုစောင့်ရှောက်သူများ သို့မဟုတ် ပရဟိတအဖွဲ့အစည်းများကို လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

image

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှမြန်မာ ၁၀၀ ကျော်ကို ထပ်မံလွှဲပြောင်း

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဒီဇင်ဘာ ၃ ရက်က ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သော နိုဝင်ဘာက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက်ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက်ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားအမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီတွင် ၂၀၀၊ မတ်တွင် ၂၅၀၊ဧပြီတွင် ၂၀၈ ဦး၊ မေတွင် ၈၁ ဦးနှင့် ဇွန်တွင် နှစ်ကြိမ် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ဦး၊ ဩဂုတ်တွင် ၉၉ ဦး၊ စက်တင်ဘာတွင် နှစ်ကြိမ် ၂၉၂ ဦး၊ အောက်တိုဘာတွင်၉၀ နှင့် နိုဝင်ဘာတွင် နှစ်ကြိမ် ၁၃၇ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန်ဆွေးနွေးပွဲ သဘောတူညီချက်မရ

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ညှိနှိုင်းရေးမှူးများအကြား ငါးနာရီကြာဆွေးနွေးမှုအတွင်း သဘောတူညီချက် ရရှိခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများကဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။
မော်စကိုအစည်းအဝေးသည် အပြုသဘောဆောင်သော်လည်း ငြိမ်းချမ်းရေးအစီအစဉ်၏ အစိတ်အပိုင်းအချို့ကို ရုရှားက လက်မခံနိုင်ကြောင်း ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဓိကအားဖြင့် နယ်မြေပိုင်ဆိုင်မှုပြဿနာများဟု ဆိုသည်။
ထရန့်၏ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နှင့် သမက် ဂျရက်ကူရှ်နာတို့သည် စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သည့် သံတမန်ရေးဆွေးနွေးပွဲများအပြီးတွင် သမ္မတပူတင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်ဘက်က မှတ်ချက်မပေးသေးပေ။
အမေရိကန် ထောက်ခံသည့် ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအပေါ်ယူကရိန်းနှင့် ဥရောပမှ အဆိုပြုထားသော ပြောင်းလဲမှုများကို လက်မခံနိုင်ကြောင်းပူတင်က နိုဝင်ဘာ ၂ ရက်အစောပိုင်းတွင် ပြောကြားခဲ့ပြီး ဥရောပကို တိုက်ခိုက်လိုခြင်းမရှိသော်လည်း ဥရောပအနေဖြင့် စစ်ပွဲထဲသို့ ဝင်ရောက်ပြီး စစ်ပွဲတစ်ခုစတင်လိုပါက ရုရှားအနေဖြင့် အသင့်ဖြစ်နေကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။
နိုဝင်ဘာလအတွင်း ပေါက်ကြားလာခဲ့သည့် အမေရိကန်အဆိုပြုသောငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းတွင် ရုရှားအတွက် အလေးသာသည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ခဲ့ရသော်လည်း အဆိုပါ မူကြမ်းသည် မကြာသေးမီရက်သတ္တပတ်များအတွင်း အပြောင်းအလဲများစွာ ရှိခဲ့သည်။

image

အရှေ့တောင်အာရှ သုံးနိုင်ငံရေဘေး သေဆုံးသူ ၁၃၀၀ကျော်အထိ မြင့်တက်လာ

အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့်ထိုင်းနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည်၁၃၇၉ ဦးအထိ မြင့်တက်လာကြောင်းတာဝန်ရှိသူများက ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ စူမားတြားကျွန်းတွင် လူ ၇၄၄ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး၅၅၁ ဦး ပျောက်ဆုံးနေသည်။ မြောက်စူမားတြားပြည်နယ်တွင် နေအိမ်များရေလွှမ်းမိုးခံရပြီးနောက် လူပေါင်းငါးသိန်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည်ဟု ဆိုသည်။
ခိုလှုံရာနေရာများတွင် နေထိုင်သော၊ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သူများက မကြာမီအချိန်
အတွင်း အိမ်ပြန်နိုင်ဦးမည် မဟုတ်ဘဲ၎င်းတို့ ကလေးများ၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြကြောင်းပြောကြားခဲ့သည်။
အင်ဒိုနီးရှား၏ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီသည်ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေး
လုပ်ငန်းများအတွက် စစ်ဘက်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သို့သော် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ထိခိုက်ခံရသော နေရာများစွာတွင် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အခြေခံအဆောက်အအုံများပြန်လည်ထူထောင်ရေးသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။ သီရိလင်္ကာတွင် သဘာ၀ဘေးအန္တရာယ်ကြောင့်သေဆုံးသူဦးရေသည် ၄၆၅ ဦးနှင့်ထိုင်းနိုင်ငံတွင် ၁၇၀ အထိ ရောက်ရှိလာခဲ့သည်။
အင်ဒိုနီးရှားနှင့် သီရိလင်္ကာတွင် လူ ၉၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။

image