ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှမြန်မာ ၁၀၀ ကျော်ကို ထပ်မံလွှဲပြောင်း

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ကျော်ကို ဒီဇင်ဘာ ၃ ရက်က ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သော နိုဝင်ဘာက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက်ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက်ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားအမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ဒီဇင်ဘာ ၃ ရက်နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီတွင် ၂၀၀၊ မတ်တွင် ၂၅၀၊ဧပြီတွင် ၂၀၈ ဦး၊ မေတွင် ၈၁ ဦးနှင့် ဇွန်တွင် နှစ်ကြိမ် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ဦး၊ ဩဂုတ်တွင် ၉၉ ဦး၊ စက်တင်ဘာတွင် နှစ်ကြိမ် ၂၉၂ ဦး၊ အောက်တိုဘာတွင်၉၀ နှင့် နိုဝင်ဘာတွင် နှစ်ကြိမ် ၁၃၇ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image