image

အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်သည် ယနေ့ (အောက်တိုဘာ ၁၂)၌ စတင်ကျင်းပနေပြီဖြစ်သည်။

ယနေ့တွင် ဖောင်တော်ဦးကျောင်းတော်မှ ရွှေအင်းတိန်သို့ဒေသစာရီ ကြွချီတော်မူမည် ဖြစ်သည်။

ပွဲတော်သည် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်သည် မြန်မာနိုင်ငံ၏ ထင်ရှားကြီးကျယ်သည့် ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ကာလအတွင်း ဖောင်တော်ဦးဘုရား ရုပ်ပွါးတော်မြတ်များကို အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံသွားခြင်း ဖြစ်သည်။

Photo - ThantHtoo Aung FB/ Zaw Lin Oo FB

image

မမြရေလှောင်တမံ မြေသားနိမ့်ကျမှုကြောင့် ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံတွင် မြေသားနိမ့်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသခံများကို ယာယီကယ်ဆယ်ရေးစခန်းများနှင့် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက မမြရေလှောင်တမံ၏ တမံပေါင် အလျားပေ ၂၅၀၊ အနံ ၁၀ ပေခန့်ရှိသည့် နေရာတွင် မြေသား ၂၇ ပေခန့် နိမ့်ကျမှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ်ရေပိုလွှဲမှတစ်ဆင့် ဆည်ရေများ လျှော့ချလျက်ရှိကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် မြန်အောင်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ကျေးရွာ ၅၀ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ဒေသခံများကို လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းများနှင့် ကုန်းမြင့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ဒေသခံများ စားသောက်ရေးအဆင်ပြေစေရန် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image

USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပါတီဝင်များ၏ သားသမီးများအတွက် တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၂,၇၈၀ ဦးကို ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၈၇ ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်အမှာစကားပြောကြားခဲ့ရာ လူငယ်များအနေဖြင့် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ခေတ်မီနည်းပညာများ တိုးတက်ပြောင်းလဲလာမှုနှင့်အညီ နည်းပညာခေတ်ကို အမီလိုက်နိုင်ရန်နှင့် လူသားအကျိုးပြု အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာစေရန် ကြိုးစားကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကြိုးပမ်းပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော်၏ ကျေးဇူးကို သိတတ်ကာ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၅၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၈၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၃၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၇၀ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၈၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁,၉၄၂ ဦးတို့ကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းအဆင့် ၈၁ ဦး၊ အလယ်တန်းအဆင့် ၅၈ ဦး၊ အထက်တန်းအဆင့် ၂၇ ဦးနှင့် တက္ကသိုလ်အဆင့် ၂၁ ဦးတို့ကို ပညာသင်ထောက်ပံ့ကြေးများနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

image

အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ဒ-ဏ်ရာရ

အောက်တိုဘာလ ပထမ ၁၀ ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၆/၆ နှင့် ၁၁၆/၇ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Suzuki Swift မော်တော်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရှိ အရိပ်ရပင်များကို ဝင်တို-က်မိခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်း အဝေးပြေးခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၀၉/၂ နှင့် ၃၀၉/၃ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့သော်လည်း ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၈ ရက် နံနက်အစောပိုင်းကလည်း မိုင်တိုင်အမှတ် ၁၆၄/၀ တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီးကုန်တင်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ရာမှ လမ်းလယ်ကျွန်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းကလည်း မိုင်တိုင်အမှတ် ၄၉/၄ နှင့် ၄၉/၅ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Toyota Belta မော်တော်ယာဉ်မှာ ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်းလယ်ကျွန်းရှိ ရေမြောင်းအတွင်းသို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုလေးကြိမ်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးရှိခဲ့ပြီး အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ သတ်မှတ်အမြန်နှုန်းအတိုင်းသာ မောင်းနှင်ရန်နှင့် ယာဉ်မောင်းနှင်ရာတွင် အထူးဂရုပြုကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

image

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦး-ပုဂံမြို့သစ်လမ်းပေါ် ရေကျော်၊ ဖြတ်သန်းသွားလာသူများကို မီးသတ်တပ်ဖွဲ့ ကူညီပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ညောင်ဦး-ပုဂံမြို့သစ်လမ်းပေါ်၌ ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စုအတွင်းရှိ ညောင်ဦး-ပုဂံမြို့သစ်လမ်းပေါ်သို့ နံနက် ၉ နာရီကျော်ခန့်မှစတင်၍ ရေကျော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းရေကျော်မှုကြောင့် ဖြတ်သန်းသွားလာသူများ အဆင်ပြေစေရန် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားကြောင်း ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲခန့်အပ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားသည့် အမည်စာရင်းကို လွှတ်တော်နာယက ဦးအောင်လင်းဒွေးက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမည်စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ခန့်အပ်ရန် အဆိုပြုထားသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ကို ခန့်အပ်ရန်လည်း အမည်စာရင်းတင်သွင်းထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယခင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှာ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်သဖြင့် အငြိမ်းစားဗိုလ်ချုပ် ကိုကိုလွင်ကို အစားထိုးခန့်အပ်ရန် အမည်စာရင်းပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

image

ဆန္ဒပြချီတက်မည့်အစီအစဉ်ကြောင့် ဒေလီမြို့ရှိ မြေအောက်ရထားဘူတာရုံ ၆ ခု ပိတ်ထား

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ပြင်ဆင်မှုကို ဆန့်ကျင်သည့် အတိုက်အခံပါတီများက တရားရုံးချုပ်သို့ ချီတက်ဆန္ဒပြရန် စီစဉ်ထားသဖြင့် အောက်တိုဘာ ၁၂ ရက်တွင် မြေအောက်ရထားဘူတာရုံ ခြောက်ခုကို လုံခြုံရေးအရ ပိတ်ထားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ အာဏာရ ဘာရာတီယာ ဂျနတာပါတီ (BJP) အတွက် အကျိုးရှိစေသည်ဟု ဝေဖန်မှုများရှိနေသည့် မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ပြင်ဆင်မှုကို ဆန့်ကျင်ကာ အတိုက်အခံပါတီများနှင့် လူငယ်လှုပ်ရှားမှုအဖွဲ့ဝင်များက ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဂျီယန်နက်ရှ် ကူးမား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက ဒေလီမြို့တွင်း နေရာ ၂၀ တွင် ယာဉ်ကြောကန့်သတ်မှုများ ပြုလုပ်ရန်လည်း ကြေညာထားသည်။

ပြီးခဲ့သည့်နှစ်က စတင်ခဲ့သော မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ်အတွင်း မဲဆန္ဒရှင် သန်း ၁၃၀ ကျော်၏ အမည်များကို စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယင်းတို့အနက် သန်း ၃၀ ခန့်မှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသူများ၊ ၂၈ သန်းမှာ ကွယ်လွန်သူများနှင့် ၆၃ သန်းမှာ နေရပ်ပြောင်းရွှေ့သွားသူများဖြစ်ကြောင်း သိရသည်။

အတိုက်အခံပါတီများကမူ မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်မှုကြောင့် မွတ်စလင်မဲဆန္ဒရှင်များနှင့် အခြားလူနည်းစုအုပ်စုများ စာရင်းမှ ပယ်ဖျက်ခံရမှု ပိုမိုများပြားခဲ့ကြောင်း စွပ်စွဲထားသော်လည်း ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာရ BJP ပါတီတို့က ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပြီး ဒေလီမြို့လယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ချထားကာ ဆန္ဒပြချီတက်မှုများကို တားဆီးခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က မည်သည့်နိုင်ငံရေးပါတီကိုမျှ ဘက်လိုက်ခြင်းမရှိကြောင်း ပြောကြားထားပြီး မဲဆန္ဒရှင်စာရင်းမှ မှားယွင်းပယ်ဖျက်ခံရသူများအနေဖြင့် ပြန်လည်စာရင်းသွင်းနိုင်ကြောင်း အသိပေးထားသည်။

အာဏာရ BJP ပါတီကလည်း အတိုက်အခံများသည် တရားဝင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆန့်ကျင်ခြင်းဖြင့် နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိခိုက်စေရန် ကြိုးပမ်းနေကြောင်း တုံ့ပြန်စွပ်စွဲထားသည်။

Ref: The Guardian / Reuters

image

သီပေါမြို့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြန်လည်ကျင်းပမည်

သီပေါမြို့တွင် ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခုနှစ်တွင် ပြန် လည်ကျင်းပရန် ဆုံးဖြတ်ထားပြီး ပွဲတော်အတွင်း ဈေးရောင်းပွဲများ၊ ရှမ်းပြဇာတ်နှင့် စတိတ်ရှိုးများလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားထားသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီးနောက် ပွဲတော်ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ဘုရားကြီး ဆရာတော်ထံလည်း လျှောက်ထားခဲ့ကြောင်း ဆိုသည်။

ပွဲတော်တွင် မြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များ လာရောက်ရောင်းချနိုင်ရန် ဖိတ်ခေါ်ထားပြီး နာမည်ကြီးအနုပညာရှင်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့ကို ယခင်ကဲ့သို့ ပြန်လည်စည် ကားလာစေရန် ကြိုးပမ်းနေပြီး ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်း တစ်ခုချင်းဖြေရှင်းပေးသွားမည်ဟု ၎င်းက ပြောကြားထားသည်။

ဓာတ်ပုံ-စိုင်းကောင်းသက်စံ

image

တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်း ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်

ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်းဟာ နယ်သာလန်ဂန္ထဝင် ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ကိုရင်သီယန်အသင်းဟာ ပွဲစဉ်(၃၀) ယှဉ်ပြိုင်ကစားအပြီးမှာ တန်းဆင်းဇုန်အထက် အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၁၇)နေရာကအသင်းနဲ့ အမှတ်တူဖြစ်နေပါတယ်။
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာက အဆင့်(၁၇)ကနေ အဆင့်(၂၀)အထိ အောက်ဆုံး(၄)သင်း တန်းဆင်းရမှာဖြစ်တာကြောင့် ကိုရင်သီယန်အသင်းအနေနဲ့ တန်းဆင်းသွားရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ဒါကြောင့် အောက်တိုဘာ(၇)ရက်မှာ ဘရာဇီးလ်နည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာ(၁၁)ရက်မှာ ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အသက်(၅၀)ရှိပြီဖြစ်တဲ့ ဆီးဒေါ့ဖ်ဟာ ၂၀၁၉ ခုနှစ်မှာ ကင်မရွန်းလက်ရွေးစင်နည်းပြရာထူူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် (၇)နှစ်ကြာပြီးမှ နည်းပြလောကကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။
ဆီးဒေါ့ဖ်ဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမဲ့ နည်းပြဘဝမှာတော့ အောင်မြင်မှုမရရှိသေးပါဘူး။
ကိုရင်သီယန်အသင်းက ဆီးဒေါ့ဖ်ကို ၂၀၂၇ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image