ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးများ ခန့်အပ်
ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ကိုလည်း ခန့်အပ်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဦးမြတ်စံကို ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း (ယနေ့ )မတ်လ ၁၀ ရက်နေ့၌ အသိပေးထုတ်ပြန်ထားသည်။
ယခင်က ခန့်အပ်ထားသည့် ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကို ကျန်းမာရေးအရ မတ်လ ၁ ရက်နေ့မှ စတင် အနားယူခွင့်ပြုလိုက်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဦးကျော်သောင်းအောင်နှင့် ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဦးအောင်မော် ကို ခန့်အပ်လိုက်ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။