အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသောရာဇဝတ်မှုများအဖြစ်သတ်မှတ်ပြီး Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသောရာဇဝတ်မှုများအဖြစ်သတ်မှတ်ပြီး Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလောင်းကစားမှုများသည် ပြည်သူများ၏လူမှုစီးပွားဘဝကိုထိခိုက်စေနိုင်၍ အွန်လိုင်းလိမ်လည်မှုနည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများသိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူများကို ထိရောက်သောအရေးယူမှုများပြုလုပ်ရန် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည်ဟု ပြောသည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းလုပ်ကိုင်သည့်နေရာများဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်အထိ (၇၆,၄၈၆)ဦး ဖမ်းဆီးရမိခဲ့ပြီး (၇၃,၂၅၈)ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး KK Park ရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော လူနေအဆောက်အအုံများအပါအဝင် အဆောက်အဦ(၆၃၅)လုံးကိုရာနှုန်းပြည့် မိုင်းခွဲဖြိုချဖျက်ဆီးရှင်းလင်းခဲ့သည်ဟု ပြောသည်။

ထို့ပြင် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အဦ(၇၇) လုံးကိုလည်းစိစစ်ဖော်ထုတ်ပြီး ရာနှုန်းပြည့်ဖြိုချဖျက်ဆီးရှင်းလင်းပြီးဖြစ်ရာ ရဲတပ်ဖွဲ့အတွက်ကြီးမားသောလုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ဂုဏ်ပြုပြောကြားခဲ့သည်။

image

Digital Policing နှင့် Forensic Science အပါအဝင် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ထိရောက်စွာအသုံးချရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

မှုခင်းပုံစံများ ပြောင်းလဲလာမှုနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုရဲလုပ်ငန်း (Digital Policing)၊ ရဲလုပ်ငန်းသုံးနည်းပညာ (Police Technology)၊ မှုခင်းသိပ္ပံ (Forensic Science) နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများကို ထိရောက်စွာအသုံးချနိုင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ ထိရောက်စွာထမ်းဆောင်နိုင်ရန် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံနှင့် စည်းကမ်းတို့ကို စနစ်တကျမြှင့်တင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မှုခင်းသတင်းအချက်အလက်များကို စနစ်တကျ စုဆောင်း၊ သိမ်းဆည်း၊ ခွဲခြမ်းစိတ်ဖြာပြီး အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သစ္စာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်တို့ကို ခိုင်မာစွာထိန်းသိမ်းကာ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများ ကင်းရှင်းစေရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

image

နိုင်ငံဖြတ်ကျော်မှုခင်းများသည် စိန်ခေါ်မှုများဖြစ်လာ၍ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပို၍အရေးကြီးလာဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံဖြတ်ကျော်မှုခင်းများသည် စိန်ခေါ်မှုများဖြစ်လာ၍ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပို၍အရေးကြီးလာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

" ဒီနေ့ခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေပိုမိုရှုပ်ထွေးလာတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

အဆိုပါ ရှုပ်ထွေးမှုများကို ထိရောက်စွာကာကွယ်တားဆီးရန်နှင့် အချိန်မီတုံ့ပြန်နိုင်ရန်တို့အတွက် နည်းပညာကျွမ်းကျင်မှုများမြှင့်တင်ခြင်း၊ မှုခင်းသတင်းအချက်အလက်များစုဆောင်းခြင်းနှင့် သုံးသပ်ခြင်း၊ ပြည်တွင်း/ပြည်ပပူးပေါင်းဆောင်ရွက်မှုများအားကောင်းစေခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဟု ပြောသည်။

" အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေနည်းတူကြုံတွေ့ နေရတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ နိုင်ငံတစ်ခုတည်းကဖြေရှင်းလို့မရနိုင်တဲ့ စိန်ခေါ်မှုတွေဖြစ်လာတဲ့အတွက် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုက ပိုပြီးအရေးကြီးလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါးမှု(၇၀၄)မှု၊ ငွေကြေးခဝါချမှု(၄)မှု၊ လူကုန်ကူးမှု (၄၁)မှု၊ လက်နက်မှောင်ခိုမှု(၅)မှု၊ ဆိုက်ဘာမှုခင်း (၃၁၂)မှုတို့ကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

အင်ဒိုသမ္မတက နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်

ဘဏ္ဍာရေးဝန်ကြီးရာထူးမှ နုတ်ထွက်သွားပြီး နှစ်ပတ်အကြာ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အပြောင်းအလဲ၌ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် နိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုနေရာတွင် သံတမန်‌ လောကသားတစ်ဦးကို အစားထိုးခန့်အပ်ခဲ့ပြီး အဓိက စီးပွားရေးဆိုင်ရာဝန်ကြီးဌာနများကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယခင်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝါရင့် သံတမန် အာမန်နာသာ ခရစ်တီယာဝမ် နာဆီယာသည် သမ္မတ၏ ရင်းနှီးသော နိုင်ငံရေးလက်ထောက်တစ်ဦးဖြစ်သူ ဆူဂီအိုနို၏ နေရာကို ဆက်ခံမည်ဖြစ်သည်။ ၎င်းသည် ဂျကာတာမြို့ရှိ သမ္မတအိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆူဂီအိုနိုကို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ရေးရာ ညှိနှိုင်းရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်မည်ဖြစ်သည်။ လက်ရှိအာဏာရ Gerindra ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဆူဂီအိုနိုသည် သမ္မတဟောင်း ဂျိုကိုဝီဒိုဒို၏ ရင်းနှီးသော နိုင်ငံရေး မဟာမိတ်ပရာတစ်နို၏ နေရာကို ဆက်ခံခြင်းဖြစ်သည်။

ချက်ချင်း စတင် အကျိုး သက်ရောက်မည့် အဆိုပါပြောင်းလဲမှု ၁၅ ခုတွင် ညှိနှိုင်းရေးဝန်ကြီး သုံးဦး၊ ဝန်ကြီး နှစ်ဦး၊ ဒုတိယဝန်ကြီး ငါးဦး၊ ဌာနဆိုင်ရာ အကြီးအကဲ နှစ်ဦး၊ ဌာနဆိုင်ရာ ဒုတိယအကြီးအကဲ နှစ်ဦးနှင့် နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲတို့ ပါဝင်သည်။

အခြားသော ပြောင်းလဲမှုများအနေဖြင့် မူဟာမက် ဆာမူဂျီသည် အာဂပ်စ် ဂူမီဝမ် ကာတာဆက်မီတာ၏ နေရာတွင် စက်မှုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထို့အပြင် နိုင်ငံတော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနအကြီးအကဲ ရဲချုပ် ဆူယူဒီ အာရီယို ဆက်တိုသည် သမ္မတရုံးဦးစီးအရာရှိချုပ်အဖြစ် တာဝန်ယူမည့် ရဲချုပ် လီစတီယို ဆီဂစ် ပရာဘိုဝို၏ နေရာတွင် နိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများနှင့် အခြားသော နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ တိုးပွားလာချိန်တွင် ယခုကဲ့သို့ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂျကာတာ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်တွင်း၌ ဝေဖန်စိစစ်မှုများရှိနေချိန်တွင် ဤပြင်ဆင်ဖွဲ့စည်းမှုများ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစီအစဉ်တွင် ပါဝင်ရန် ပရာဘိုဝို၏ ဆုံးဖြတ်ချက်သည် အင်ဒိုနီးရှားနိုင်ငံအတွင်း အချို့သော အသိုင်းအဝိုင်းများ၏ ဝေဖန်မှုကို ခံခဲ့ရပြီး အထူးသဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကနှင့် အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image

အမြန်လမ်းရှိ လမ်းပိုင်းအချို့၌ နှစ်စဥ် အောက်တိုဘာ လမှ ဖေဖော်ဝါရီလအထိ မြူထူများဖြစ်ပေါ်လေ့ရှိ၍ အရှိန်လျော့ပြီးဂရုပြုမောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းပိုင်းနေရာအချို့တွင် နှစ်စဥ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ မြူထူ/မြူ(Fog/Mist)များဖြစ်ပေါ်လေ့ရှိ၍ ယာဥ်မောင်းများအနေဖြင့် အရှိန်လျော့၍ဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၀/၀ မှ ၁၈၅/၀ အ တွင်း ရန်ကုန်တိုင်းအပိုင်၌ လမ်းပိုင်း(၅)နေရာ၊ ပဲခူး တိုင်းအပိုင်တွင် လမ်းပိုင်း(၁၃)နေရာ၊ မိုင်တိုင်အမှတ် ၁၈၅/၀ မှ ၃၆၅/၃ အတွင်း နေပြည်တော်အပိုင်၌ လမ်းပိုင်း(၅)နေရာ၊ မန္တလေးတိုင်းအပိုင်တွင် လမ်းပိုင်း(၅) နေရာတို့တွင်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

မြူထူ/မြူ(Fog/Mist)များသည် ညပိုင်းနှင့် နံနက်စောပိုင်းအချိန်များ၌ အပူချိန်ကျဆင်းခြင်း၊ လေထုအတွင်းစိုထိုင်းဆများပြားခြင်းတို့ကြောင့် လမ်းပေါ်နှင့် လမ်းဘေးဝဲ/ယာ မြေသားများပေါ်တွင် ရေငွေ့များစုဖွဲ့၍ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အမြန်လမ်းမကြီးအားအသုံးပြုသွားလာသူ များ သတိပြုမိစေရန် ယင်း နေရာများမရောက်မီ အဝါခံပေါ်တွင် အနက်ရောင်ဆေးသားဖြင့် "မြူထူထဲသို့ဝင်နေသောကားပုံ"လမ်းညွှန်းအမှတ်အသားများကိုသတိပေးစိုက်ထူထားကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်များတွေ့ရှိပါက ရှေ့တွင်မြူကျတတ်သောနေရာရှိသည်ဟုသိရှိရမည်ဖြစ်ကာ မြူထူများရှိနေစဥ် လမ်း၏မြင်ကွင်းမှာအကန့်အသတ်ရှိနိုင်သဖြင့် ကားမောင်းသူများအနေဖြင့် နှင်းခွဲမီး(Fog Light)/ရှေ့မီးကြီး(High Beam Headlight)များဖွင့်၍အရှိန်လျှော့၍ဂရုပြုမောင်းနှင်ကြရန် သတိပေးထားကြောင်း သိရသည်။

image

ကစားဖော် ယာဉ်မတော်တဆဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယင်းနေရာမှာပင် ဒုတိယမြောက်ဟားလ်စီးတီးကစားသမား ယာဉ်တိမ်းမှောက်မှုဖြစ်

ဒုတိယမြောက်ဟားလ်စီးတီးသမားတစ်ဦးဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ကစားဖော်တစ်ဦး ယာဉ်တိမ်းမှောက်မှု ဖြစ်ပျက်တဲ့ လေ့ကျင့်ရေးကွင်းအနီး တစ်နေရာတည်းတွပင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပျက်လာပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဆော်ဘာသောမတ်စ်ရဲ့ ယာဉ် ဂျွမ်းထိုးပက်လက်လန်ခဲ့ပြီးနောက် ယခု ကစားဖော်လူကပ်စ်ဂေါ်နာဒူအက်မှာလည်း ယာဉ်တိမ်းမှောက်မှု ဖြစ်လာတာပါ။

အထက်ပါ ယာဉ်မတော်တဆမှုနှစ်ခုလုံးမှာ ဟားလ်၊ ကော့တင်ဟမ်ရှိ ဟားလ်ရဲ့ လေ့ကျင့်ရေးကွင်းအနီး မေးလ်ဟောက်စ်ဝုဒ်လိန်းတွင် ဖြစ်ပျက်ခဲ့တာပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ဆော်ဘာရဲ့ ပေါင် ၆၀၀၀၀ တန် Land Rover Defender ဟာ ယင်းနေရာနားတွင်ပင် တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး ကံကောင်းထောက်မစွာ ဒဏ်ရာတစုံတရာ ရရှိခဲ့ခြင်း မရှိပါဘူး။

ယခု ဂေါ်နာဒူအတ်မှာလည်း ယင်းနေရာအနီးတွင်ပင် မာစီးဒီးစ်ကားဖြင့် လမ်းမပေါ်တွင် ဘေးတစောင်းလဲနေခဲတာ တွေ့ရပါတယ်။

ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ အခင်းဖြစ်ပွားရှိအနီးသို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး လာရောက်ကြည့်ရှုမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဟမ်ဘာဆိုက်ရဲတပ်ဖွဲ့က ယင်းမတော်တဆမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း အတည်ပြုသွားပါတယ်။

ယခု အခင်းဖြစ်ပွားရာ နေရာမှာ ကလပ်ရဲ့ ကော့တင်ဟမ်လေ့ကျင့်ရေးကွင်းနှင့် ခဲတစ်ပစ်အကွာအဝေးတွင်ပင် ရှိတာပါ။

image

ဆိုဟိုနိုက်ကလပ် ထိုးကြိတ်မှုနှင့်ပတ်သက်ပြီး အိုင်ဗန်တိုနေး ငြင်းဆိုလာ

အင်္ဂလန်တိုက်စစ်မှူးအိုင်ဗန်တိုနေးက လန်ဒန်မြို့လည်ခေါင် နိုက်ကလပ်တစ်ခုတွင် လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိအောင် ထိုးကြိတ်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

နော်သမ်တန်ဖွား အသက် ၃၀ နှစ်ရှိ ဘောလုံးကစားသမားဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဆိုဟို၊ ဝါဒေါ်လမ်းရှိ နိုက်ကလပ်တစ်ခုတွင် ဆာဘာဒါဆေးလ်ဗားအား ခေါင်းဖြင့် ဆောင့်တိုက်ခဲ့အပြင် ထိုးကြိတ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။

အိုင်ဗန်တိုနေးဟာ Westminster Magistrates' Court တွင် ပြုလုပ်တဲ့ အမှုကြားနာစစ်ဆေးမှုတွင် အမည်နှင့် အသက်အား အတည်ပြုသွားခဲ့ပေမယ့်လည်း ၎င်းအပေါ် စွပ်စွဲမှုအပေါ် ငြင်းဆိုထားပါတယ်။

ခရိုင်တရားသူကြီးဘိုင်ရိုနီကလပ်ခ်က အမှုကို မက်ဂျစ်ထရီတရားရုံးတွင် ကြားနာစစ်ဆေးနိုင်တယ်လို့ ဆိုပေမယ့် အိုင်ဗန်တိုနေးက တရားသူကြီးတစ်ဦးနှင့် ဂျူရီတို့ရှေ့မှောက်တွင် စစ်ဆေးမှု ခံယူရန် ရွေးချယ်ခဲ့ပါတယ်။

သူဟာ အောက်တိုဘာလ ၂၉ ရက်နေ့ Southwark Crown Court ကြားနာစစ်ဆေးမှုအထိ အာမခံ ရရှိထားပါတယ်။

အင်္ဂလန်အတွက် ၁၀ ပွဲကစားထားတဲ့ အိုင်ဗန်တိုနေးဟာ လက်ရှိအချိန်တွင် ဆော်ဒီကလပ် Al-Ahli တွင် ကစားနေသူ ဖြစ်ပါတယ်။

image

ဂျာမနီနည်းပြဘဝ ပထမဆုံးနိုင်ပွဲကို ယာဂင်ကလော့ပ်ရယူ

ဂျာမနီနည်းပြ ယာဂင်ကလော့ပ်အနေနဲ့ လက်ရွေးစင်နည်းပြဘဝ ပထမဆုံး နိုင်ပဲကိုရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ယာဂင်ကလော့ပ်ဟာ နယ်သာလန်ကိုသရေ၊ ဂရိကို ရှုံးခဲ့ပေမဲ့ (၃)ပွဲမြောက်အဖြစ်ကစားတဲ့ ဆားဘီးယားနဲ့ပွဲမှာတော့ ဂျာမနီအသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းအတွက် အနိုင်ဂိုးတွေကို (၃၉၊ ၆၁)မိနစ်တွေမှာ ဘစ်ချော့နဲ့ ဖလော်ရီယန်ဗက်ဇ်တို့က သွင်းယူခဲ့တာပါ။

ဖလော်ရီယန်ဗက်ဇ်ကတော့ လက်ရွေးစင်အသင်းအတွက် (၁၂)ဂိုးမြောက်သွင်းဂိုးကိုရယူခဲ့ပြီး အသက် (၂၁)နှစ်၊ (၃၇)ရက်နဲ့ ဂျာမနီအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုထိပ်ဆုံးက ဂရိနဲ့ (၃)မှတ်သာ ကွာဟတော့ပါတယ်။

Photos: B/R

image

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာပုံ

#မြန်မာ #ပြည်ထောင်စုမြန်
ပထမဦးစွာ စီးပွားရေးအရ ကြည့်မည်ဆိုလျှင် မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်လိုအပ်ချက်ကို သိသိသာသာ ဖြည့်ဆည်းပေးနိုင်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိခြင်းသည် စက်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား တည်ငြိမ်ရရှိပါက ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ကာ ပြည်ပပို့ကုန်များ ပိုမိုတိုးတက်လာပြီး နိုင်ငံခြားငွေ ဝင်ငွေကိုလည်း မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် စီမံကိန်း ဆောက်လုပ်ရေးကာလအတွင်းနှင့် လည်ပတ်မှုကာလများတွင် အလုပ်အကိုင် အခွင့်အလမ်းများ အများအပြား ဖန်တီးပေးနိုင်ပြီး ဒေသခံပြည်သူများ၏ ဝင်ငွေကို တိုးမြှင့်ပေးနိုင်သည်။ လေ့လာမှုများအရ စီမံကိန်းကြောင့် တိုက်ရိုက်အလုပ်အကိုင် ထောင်ပေါင်းများစွာနှင့် သွယ်ဝိုက်သော အလုပ်အကိုင် သောင်းနှင့်ချီ ဖန်တီးနိုင်မည်ဟု ခန့်မှန်းရသည်။


ဒုတိယအနေဖြင့် လူမှုဘဝအပေါ် သက်ရောက်မှုမှာ အလွန်ကြီးမားသည်။ မြစ်ဆုံစီမံကိန်း ဆောက်လုပ်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်းနှင့် သောက်သုံးရေစီမံကိန်းများ အပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်း လည်ပတ်မှုမှ ရရှိသော အခွန်အခများ၊ အခမဲ့လျှပ်စစ်ဓာတ်အားနှင့် အစုရှယ်ယာအမြတ်ငွေများသည် ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ထောက်ပံ့မှု ဖြစ်စေသည်။ ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား ရရှိလာသောအခါ ရေခဲသေတ္တာ၊ တီဗီ၊ မိုဘိုင်းဖုန်းအားသွင်းခြင်းစသည်တို့ ပိုမိုအဆင်ပြေလာပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကောင်းမွန်လာသည်။ ကလေးများ ညဘက်တွင် ပညာသင်ကြားနိုင်ခြင်း၊ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ လည်ပတ်နိုင်ခြင်းတို့သည် လူမှုဘဝ အဆင့်အတန်းကို မြှင့်တင်ပေးသည်။

နောက်ဆုံးအနေဖြင့် ဤစီမံကိန်းသည် နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေသည်။ တရုတ်နိုင်ငံမှ ခေတ်မီနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်များကို ယူဆောင်လာပြီး မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသည်။ ရေအားလျှပ်စစ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးပြီး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အထောက်အကူပြုသည်။ စီမံကိန်း လည်ပတ်မှု သက်တမ်းတစ်လျှောက်တွင် မြန်မာအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး ယင်းငွေကို ပြည်သူ့အကျိုးအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။

ချုပ်ဆိုရသော် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ လူမှုဘဝ မြှင့်တင်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာမှုတို့ကို အထောက်အကူပြုသည့် အဓိကကျသော စီမံကိန်းတစ်ခု ဖြစ်လာမည်မှာ သေချာသည်။ ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် သာယာဝပြောရေးကို အထောက်အကူပြုပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။

M League-2 ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းမှာ ကျင်းပမယ်

ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းမှာ လာမယ့် အောက်တိုဘာ ၁၅ ရက်ကစပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲ ကိုစက်တင်ဘာ (၁၉) ရက်က စတင်ကျင်းပရန် လျာထားခဲ့သော်လည်း အသင်းအရေအတွက် ပိုမိုတိုးလာရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ရပြီး MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်း တို့မှာ MNL သို့ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းနဲ့ တောင်ဒဂုံကွင်းတို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲမှ တန်းဆင်းလာတဲ့ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်း အပါအဝင် တက္ကသိုလ်အသင်း၊ မနောအသင်း၊ Royal Dagon၊ Enjoy Brother၊ VUE နေပြည်တော်၊ Elite Kings၊ Asian Lion၊ Junior Lions အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယင်းအသင်းများထဲတွင် Enjoy Brother၊ Elite Kings၊ Asian Lion၊များမှာ ပြီးခဲ့တဲ့ ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဝင် အသင်းများဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026)
ဗိုလ်လုပွဲတွင် Enjoy Brother အသင်းက Happy Friendship အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဗိုလ်လုပွဲရောက် Enjoy Brother နဲ့ Happy Friendship အသင်း နှစ်သင်းဟာ ယခုရာသီ M League-2 ပြိုင်ပွဲကို တက်ရောက်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ M League ကော်မတီက ယခုထုတ်ပြန်တဲ့ ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲ ဝင်ခွင့်ရ အသင်း ၁၀ သင်းတွင် Happy Friendship အသင်း ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

M League ကော်မတီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂၀၂၆-၂၀၂၇ ရာသီ ပြိုင်ပွဲ ဝင်ခွင့်ရ အသင်း ၁၀ သင်းမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ကစားသမားများရဲ့ လစာနဲ့ စာချုပ်ကိစ္စရပ်များ အငြင်းပွားမှုမရှိစေရန် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo- M League

image