ဝေဖန်မှုတွေ ရှိနေပေမယ့် ပုဂံမှာ မီးပုံးပျံလွှတ်တင်မယ့် အစီအစဉ်မပျက်

လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်ကို ဝေဖန်မှုတွေကြားကနေ ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် စီမံ ဆောင်ရွက်နေတယ်လို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းရှိန်က ပြောပါတယ်။
မီးပုံးပျံတွေကို နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ လွှတ်တင်သွားမှာဖြစ်ကာ ဒီပွဲတော် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ဖို့နဲ့ ကောလာဟလတွေကြောင့် ကျဆင်းသွားတဲ့ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေသလို ပွဲတော်ရက်တွေအတွက် လုံခြုံရေး Buffer Zone သတ်မှတ်တာအပြင် သတ်မှတ် အလုံးရေအတိုင်း အန္တရာယ်ကင်းကင်း လွှတ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
“မီးပုံးပျံလွှတ်တင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းသပ်လွှတ်တင်တဲ့ ကာလတလျှောက်လုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ပျံသန်းရာ လမ်းကြောင်းနောက်ကို အနီးကပ် လိုက်ပါစောင့်ကြပ်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပွဲတော်ကာလအတွက် လွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားနဲ့ အရွယ်အစားကို သီးသန့် ရွေးချယ်ထားတာဖြစ်ကာ မီးပုံးပျံ လွှတ်တင်ဖို့ နေရာနဲ့ အရေအတွက်၊ အမျိုးအစားကို ရှေးဟောင်း ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ မီးဘေးအန္တရာယ် ကင်းဝေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ပေးပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
လာမယ့်ရက်တွေမှာလည်း လက်တွေ့ကွင်းဆင်း လေ့ကျင့်တာတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်သလို အခုလို စမ်းသပ်ကာလအပြင် ပွဲတော်ကာလမှာ မီးပုံးပျံ လွှတ်တင်ချိန်မှာလည်း မြေပြင်မှာ စောင့်ကြည့်အဖွဲ့တွေ ရှိနေမှာဖြစ်ကာ ဝေဟင်ကနေလည်း ဒရုန်းတွေ တောက်လျှောက် လိုက်ပါနေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု စမ်းသပ်လွှတ်တင်နေတဲ့ မီးပုံးပျံတွေက ကျွန်တော်တို့ တကယ်လွှတ်မယ့် မီးပုံးပျံတွေ မဟုတ်ပါဘူး။ အန္တရာယ်အကင်းဆုံး မီးပုံးပျံကို လွှတ်မှာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မီးပုံးပျံနဲ့ သတ်မှတ်ထားတဲ့ အရေအတွက်တော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ လွှတ်မယ့်အမျိုးအစားနဲ့ ပုံစံကို ပြောလိုက်တာနဲ့ တခြားလူတွေက လိုက်ဝယ်ပြီး လွှတ်ကြတော့မှာ။ အဲဒီအခါကျရင် ပွဲတော်ကနေလွှတ်တဲ့ မီးပုံးပျံတွေနဲ့ ရောပြီး ထိန်းချုပ်မှုမရှိတဲ့ တခြား မီးပုံးပျံတွေက ကျွန်တော်တို့ဆီကိုလာပြီး ဆိုးကျိုး ရှိလာနိုင်တဲ့အတွက် အမျိုးအစားနဲ့ ပုံစံကို မပြောသေးတာပါ။ ပုံစံတူတွေ လိုက်လုပ်မှာစိုးလို့ပါ” လို့ သူက ပြောပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၄၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၀၅ ကျပ်
ဝယ်ဈေး - ၃၄၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂ ကျပ်
ဝယ်ဈေး - ၁၃၀.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၇ ကျပ်
ဝယ်ဈေး - ၁၀၆၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၆၉ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၁ ကျပ်
ဝယ်ဈေး - ၂၇.၅၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၅၂ ကျပ်
ဝယ်ဈေး - ၄၅.၃၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၂၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၄၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၀၅ ကျပ်
ဝယ်ဈေး - ၃၄၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂ ကျပ်
ဝယ်ဈေး - ၁၃၀.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၇ ကျပ်
ဝယ်ဈေး - ၁၀၆၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၆၉ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၁ ကျပ်
ဝယ်ဈေး - ၂၇.၅၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၅၂ ကျပ်
ဝယ်ဈေး - ၄၅.၃၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၂၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
1 w - Translate

ကျွမ်းကျင်မှုများဖြင့် ဘဝကို ပြောင်းလဲပေးမည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်း
ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် တရုတ်နိုင်ငံက စတင်မိတ်ဆက်ခဲ့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအစီအစဉ်၌ လူငယ်သင်တန်းသားများ ချက်ချင်းဆိုသလိုပင် စည်ကားများပြားစွာ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတစ်ဝန်းမှ အထည်ချုပ်လုပ်ငန်း လုပ်သားများသည် ပြည်ပသို့ သွားရောက်စရာမလိုဘဲ အထည်ဖြတ်တောက်ခြင်း (cutting)၊ ပုံစံထုတ်လုပ်ခြင်း (pattern making) နှင့် အရည်အသွေးထိန်းချုပ်ခြင်း (quality control) စသည့် ခေတ်မီပြီး လုပ်ငန်းခွင်နှင့် ကိုက်ညီသော နည်းပညာများကို သင်ယူနိုင်ခဲ့ကြသည်။ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသားအများအပြားသည် တရုတ်ပိုင် အထည်ချုပ်လုပ်ငန်းများတွင် ချက်ချင်းအလုပ်ဝင်ရောက်ခဲ့ကြပြီး ယခင်ရရှိခဲ့သော ဝင်ငွေ၏ နှစ်ဆနီးပါးရှိသည့် တည်ငြိမ်သော ဝင်ငွေကို ရရှိခဲ့ကြသည်။
"Silk Road Craftsmanship" (ပိုးလမ်းမကြီး လက်မှုပညာ) နိုင်ငံတကာ စေတနာ့ဝန်ထမ်း စီမံကိန်း စတင်ခြင်းနှင့် ပညာရေးဌာနများ၊ စီးပွားရေးလုပ်ငန်းများ ပါဝင်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်သော သင်တန်းပလက်ဖောင်းတစ်ခု တည်ဆောက်ခြင်းမှစ၍ အစိုးရနည်းပညာသိပ္ပံ (အင်းစိန်) တွင် Luban Workshop (လူဘန် အလုပ်ရုံဆွေးနွေးပွဲ/သင်တန်းစင်တာ) တည်ထောင်ရန် အသေးစိတ် ပြင်ဆင်မှုများအထိ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် စာရွက်ပေါ်ရှိ သဘောတူညီချက်များထက် ကျော်လွန်၍ လက်တွေ့ကျသော အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တရုတ်နည်းပြအဖွဲ့သည် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီသော သင်ကြားရေးပစ္စည်းများနှင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စံနှုန်းများကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းသည် နိုင်ငံတွင်းရှိ တရုတ်ပိုင်လုပ်ငန်းများ၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက မြန်မာလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ကျယ်ပြန့်စေခဲ့ပြီး၊ သာမန်ပြည်သူများအနေဖြင့် ကျွမ်းကျင်လုပ်ငန်းတစ်ခုမှတစ်ဆင့် မိသားစုကို ထောက်ပံ့နိုင်စေကာ ဒေသတွင်း စက်မှုလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ပါသည်။#မြန်မာ #ပြည်ထောင်စုမြန်မာနိုင်ငံ

အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် အဆင်အခြင်မဲ့ မောင်းနှင်ခဲ့လို့ ယာဉ်တိုက်လုနီးပါးဖြစ်ခဲ့

အင်္ဂလန်လက်ရွေးစင်နဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ဟာ သူ့ရဲ့ ပေါင် နှစ်သိန်းတန် Lamborghini ကားကို အဆင်အခြင်မဲ့ မောင်းနှင်ခဲ့လို့ အခြားကားနှစ်စီးနဲ့ တိုက်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်က ဧပြီလ ၁၄ ရက်မှာ ချက်ရှိုင်းယားရှိ Knutsford မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ပစ်ဖို့ဒ်(၃၂ နှစ်)ဟာ လမ်းဦးစားပေးအချက်ပြဘုတ်ကို လျစ်လျူရှုခဲ့လို့ အခြားကားနှစ်စီးမှာ အလျင်အမြန် ဘရိတ်အုပ်ခဲ့ရပြီး ၎င်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးသွားလို့ ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ရပါတယ်။

ဒါကြောင့် ပစ်ဖို့ဒ်ကို အဆင်အခြင်မဲ့ ယာဉ်မောင်းနှင်မှုအတွက် စွဲချက်တင်ခဲ့ပါတယ်။

ပစ်ဖို့ဒ်က စွဲချက်အတွက် အပြစ်ရှိတယ်လို့ ဝန်ခံထားပြီး နောက်ရုံးချိန်ကို Chester Magistrates' တရားရုံးမှာ ဒီဇင်ဘာလ ၇ ရက် ထပ်ချိန်းထားပါတယ်။

ပစ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းအတွက် ၉၂ ပွဲ၊ အဲဗာတန်အသင်းအတွက် ၃၃၆ ပွဲကစားထားတဲ့ ဝါရင့်ကစားသမားလည်း ဖြစ်ပါတယ်။

image

ယမားလ်ရဲ့ကစားချိန်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဒယ်လာဖွန်တေ ပြောကြား

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ဆယ်ကျော်သက်ကစားသမား ယမားလ်ရဲ့ကစားချိန်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ယမားလ်ဟာ အင်္ဂလန်၊ ခရိုအေးရှား၊ ချက်အသင်းတွေနဲ့ ကစားခဲ့တဲ့ Nations League သုံးပွဲမှာ လေးဂိုး သွင်းယူခဲ့ပါတယ်။

၎င်းဟာ စပိန်အသင်း အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပြီး ထိပ်ဆုံးရပ်တည်စေဖို့ အဓိကစွမ်းဆောင်ထားသူလည်းဖြစ်တယ်။

ယမားလ်(၁၉ နှစ်)ဟာ အခုရာသီအစမှာပဲ ကလပ်နဲ့ နိုင်ငံပွဲ ၁၁ ပွဲအထိ ပွဲထွက်ကစားခဲ့ရပါတယ်။

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယမားလ်အပါအဝင် ကစားသမားအားလုံးရဲ့ ပွဲကစားချိန်မိနစ်တွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့တာဖြစ်တယ်။

ယမားလ်ဟာ အင်္ဂလန်အသင်းနဲ့ပွဲမှာ မိနစ် ၉၀ ပြည့် ကစားခဲ့ပြီး ခရိုအေးရှားနဲ့ပွဲမှာ ၆၈ မိနစ်၊ ချက်နဲ့ပွဲမှာ ပထမပိုင်း ကစားခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲဝင် မြန်မာလှေလှော်အဖွဲ့ ငွေ (၅)၊ ကြေး (၄) ရရှိ

၂၀၂၆ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံဆိပ် (၅) ခု၊ ကြေးတံဆပ် (၄) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (ICF Dragon Boat World Cup 2026) ကို ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက် မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ၊ ယွမ်လင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်းပေါင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

ယင်းပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံ ဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်းဆုတံဆိပ် ၅ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

ထို့နောက် မြန်မာလှေလှော်အားကစားအဖွဲ့ ဟာ ၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင် ပွဲ (ICF Dragon Boat World Championship 2026 ) ကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ .

၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

Photo- MOSA

image

မက်ဆီခေတ် နောက်ပိုင်းမှာလည်း အာဂျင်တီးနားအသင်း ဆက်လက်တောက်ပနေမယ်လို့ စကာလိုနီ ယုံကြည်

အာဂျင်တီးနားအသင်းနည်းပြဖြစ်သူ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီ ရဲ့ခေတ်တစ်ခေတ် ကုန်ဆုံးသွားရင်လည်း နိုင်ငံလက်ရွေးစင်အသင်းရဲ့အနာဂတ် ဆက်လက်တောက်ပနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စကာလိုနီဟာ ယနေ့ မက်ဆီနဲ့နှုတ်ဆက်ပွဲအဖြစ် ကစားမယ့် ဘီနင်အသင်းနဲ့ အိမ်ကွင်းခြေစမ်းပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ

''အာဂျင်တီးနားလက်ရွေးစင်အသင်းအနေနဲ့ ခံနိုင်ရည်ရှိရပါမယ်။ ကျွန်တော်တို့ ထိပ်တန်းအဆင့်မှာ ဆက်လက်ရှိနေပါလိမ့်မယ်။ ဒါကို ကျွန်တော် သံသယမဖြစ်မိပါဘူး''
လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။

မက်ဆီရဲ့နှုတ်ဆက်ပွဲကို ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားအများစု တက်ရောက်မှာဖြစ်ပေမဲ့ ဒီဘားလား၊ မိုလီနာနဲ့ အယ်လေယန်ဒရိုဂိုးမက်ဇ်စတဲ့ ကစားသမားတချို့ မတက်ရောက်နိုင်ဘူးလို့လည်း သိရပါတယ်

မက်ဆီနဲ့ပတ်သက်ပြီး စကာလိုနီက ''မက်ဆီဟာ ပြိုင်ဘက်ကင်းတဲ့ တစ်စုံတစ်ရာကို ချန်ထားရစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက် သွားရမှာဖြစ်ပေမဲ့ ကွင်းထဲမှာ သူရှိနေတဲ့
ခံစားချက်က ထူးခြားပါတယ်။ ဘောလုံးကွင်းထဲမှာ သူ ဘာတွေ လုပ်နေသလဲဆိုတာကို သူမှတစ်ပါး သိရှိတဲ့သူ တစ်ဦးတစ်ယောက်မျှ ကျွန်တော် မမြင်ဖူးပါဘူး။ အဲဒါက ကျွန်တော် တို့ လွမ်းရမယ့် အရာပါပဲ။ ယခုအခါမှာတော့ ကျွန်တော်တို့ထံမှာ လွမ်းဆွတ်တမ်းတမှုတွေ သာ ကျန်ပါတော့တယ်။ ဒါကတော့ အသင်းမှာ သူ မရှိတော့လို့ပါ။ သူဟာ မယုံနိုင်စရာ ကောင်းတဲ့ စံနမူနာပြယုဂ်တစ်ခုပါပဲ။ ပထမဆုံး သူရောက်လာတယ်၊ နောက်ဆုံး သူထွက်သွားခဲ့တယ်။ သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်သ လဲ၊ ပွဲတစ်ပွဲချင်းစီကို သူ ဘယ်လိုရင်ဆိုင်သလဲ။ သူ့ရဲ့ကစားပုံကို ကြည့်ရုံနဲ့တင် သူဟာ ထူးချွန်ထက်မြက်တဲ့ ကစားသမားတစ်ဦးဖြစ် မှန်း သိသာထင်ရှားပါတယ်။ ဒါ့အပြင် သူ့ နောက်ကွယ်မှာ အသင်းဖော်တွေသာ မြင်တွေ့နိုင်တဲ့ အရည်အသွေးကောင်းတွေလည်း သူ့မှာ ရှိနေတယ်။ သူဟာ အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်''လို့ သုံးသပ်ခဲ့ပါတယ်။

image

မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်း ခွဲစိတ်ကုသဖို့
မလိုဘဲ လွင်မိုးအောင် ခွဲစိတ်ကုသရမယ်

မြန်မာ့လက်ရွေးစင် စီနီယာကစားသမားများဖြစ်တဲ့ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းနဲ့ လွင်မိုးအောင်တို့ရဲ့ ဒဏ်ရာများကို MRI စစ်ဆေးမှုပြုလုပ်ပြီးနောက် မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ရဲ့ ဒဏ်ရာများမှာ ခွဲစိတ်ကုသရန်မလိုအပ်ပဲ လွင်မိုးအောင်တစ်ယောက်သာ ခွဲစိတ်ကုသဖို့ လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယင်းလက်ရွေးစင်ကစားသမား (၃) ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံမှာ MRI ရိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ စစ်ဆေးချက်များရဲ့ အဖြေအရ မောင်မောင်လွင်မှာ အပေါ့စားလေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီး ဟိန်းဖြိုးဝင်းမှာမူ MFF Medical Team နဲ့ ဆက်လက်ကုသရန် လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ လွင်မိုးအောင်ရဲ့ ဒဏ်ရာကိုတော့ ခွဲစိတ်ကုသဖို့ လိုအပ်မှာဖြစ်ပြီး ခွဲစိတ်ကုသပြီးပါကလည်း ကာလရှည် အနားယူရဖွယ်ရှိနေကြောင်း
သိရပါတယ်။

Photo- MFF

image