မော်ရင်ဟိုကို နစ်နာကြေး ပေါင် ၁၃ သန်းပေးခဲ့ရတဲ့အပြင် ဟိုတယ်စရိတ် ပေါင် ၆၅၆၀၀၀ ပါ ရှင်းပေးခဲ့ရတဲ့ ဖီနာဘာချီ

ဟိုဆေးမော်ရင်ဟိုဟာ တူရကီနေ့ရက်တွေကို ဂန္ထဝင် Special One စတိုင်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။
အသက် ၆၂ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ တူရကီကလပ် ဖီနာဘာချီကို ကိုင်တွယ်စဉ် တစ်နှစ်ကျော်ကာလအတွင်း ဟိုတယ်မှာ နေထိုင်ခဲ့ပြီး ကလပ်ဘက်က ဟိုတယ်စရိတ်တနင့်တပိုး ရှင်းပေးခဲ့ရပါတယ်။
တူရကီသတင်းစာ Yenicag Gazetesi ရဲ့ ဖော်ပြလာမှုအရ မော်ရင်ဟိုဟာ ဖီနာဘာချီကို ကိုင်တွယ်တဲ့ ၁၆ လအတွင်း ၁၅ လဝန်းကျင်ကို Four Seasons Hotel မှာ နေထိုင်ခဲ့ပါတယ်။
ယင်းကလပ်အတွင်း ဟိုတယ်နေထိုင်စရိတ် တူရကီလိုင်ရာ ၃၆.၅ သန်း (ပေါင် ၆၅၆၀၀၀) ရှိခဲ့ပါတယ်။ ယင်းဟိုတယ်စရိတ်တွေကို ကလပ်ဘက်ကပဲ ရှင်းပေးခဲ့ရတာပါ။
ယင်းဇိမ်ခံဟိုတယ်မှာ ဘော့စ်ဖရပ်စ်ကမ်းနဖူးတွင် တည်ရှိပြီး တစ်ညနေထိုင်စရိတ် ပေါင်ထောင်ချီပေးရပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီကို ကိုင်တွယ်စဉ်အတွင်း ဇိမ်ခံဟိုတယ်မှာ နေထိုင်ခဲ့တယ်ဆိုပေမယ့် ကွင်းထဲမှာ ရလဒ်ကောင်းကောင်း မရယူပေးနိုင်ခဲ့ပါဘူး။
သူဟာ ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့်မှ ထွက်ခွာခဲ့ရပြီးတဲ့နောက် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ကလပ်ဘက်က မော်ရင်ဟိုရဲ့ ဟိုတယ်စရိတ်ကို ရှင်းပေးရတာက စာချုပ်ပါ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မော်ရင်ဟိုဟာ ၂၀၂၆ ခုနှစ်တွင်မှ ကုန်ဆုံးမယ့် စာချုပ်သက်တမ်းမကုန်ဆုံးမီ အထုတ်ခံခဲ့ရတာ ဖြစ်လို့ နစ်နာကြေး ပေါင် ၁၃ သန်း ရရှိခဲ့ပါသေးတယ်။
မော်ရင်ဟိုဟာ နည်းပြဘဝအတွင်း ထုတ်ပယ်ခြင်းခံခဲ့ရမှုများအတွက် နစ်နာကြေး ပေါင်သန်း ၁၀၀ နီးပါး ရရှိထားသူလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ကလပ်ကို ကိုင်တွယ်နေစဉ်အတွင်း အိမ်မှာ မနေဘဲ ဟိုတယ်မှာ နေတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
သူဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်တုန်းကလည်း ဟိုတယ်မှာဘဲ နေထိုင်ခဲ့ကာ ဟိုတယ်စရိတ် ပေါင် ၅၀၀၀၀၀ အသုံးပြုခဲ့သူ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီမှ ထုတ်ပယ်ခြင်းခံရပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲ နည်းပြဘဝ ပထမဆံ့းကိုင်တွယ်ခဲ့တဲ့ ဘင်ဖီကာနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

image

အဲဗာတန်နှင့်ပွဲအား ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ်ကို အာဆင်နယ် တောင်းဆိုလာ

အာဆင်နယ်ဟာ သုံးရက်အတွင်း နှစ်ပွဲကစားရမယ့် အခြေအနေအား ရှောင်လွဲနိုင်ရန်အတွက် အဲဗာတန်နှင့်ပွဲစဉ်အား ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ်ထံ တောင်းဆိုလာပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်နှင့်ပွဲစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကစားရမှာ ဖြစ်ပြီး တစ်ရက်စောပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ စနေနေ့သို့ ပြောင်းရွှေ့ကစားရန် တရားဝင် တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ကစားရန် ရှိပါတယ်။
ယင်းခါရာဘောင်ဖလားပွဲစဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကစားရန် သတ်မှတ်ထားပေမယ့်လည်း ပဲလေ့စ်မှာ ကွန်ဖရင့်လိဂ်ကြောင့် ငါးရက်အတွင်း ၃ ပွဲကစားရမယ့် အခြေအနေကြောင့် ရွှေ့ဆိုင်းထားရတာလည်း ဖြစ်ပါတယ်။
ယခုအခါ အာဆင်နယ်ကလည်း ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီ ကစားသမား ပြန်လည်လန်းဆန်းလာစေရေး အချိန်ရရှိလာစေရန်အတွက် အဲဗာတန်နှင့်ပွဲကို တစ်ရက်စောပြီး ကစားခွင့်ပေးရန် တရားဝင် တောင်းဆိုလာပါတယ်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဘက်က အာဆင်နယ်ဘက်က တောင်းဆိုလာမှုအား အခြေအနေအရပ်ရပ်အပေါ် စဉ်းစားသုံးသပ်မှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

image

လောင်းကစားမှုပြုလုပ်တဲ့ ကစားသမား ၁၀၂၄ ဦးတို့ကို တူရကီဘောလုံးအဖွဲ့ချုပ် အရေးယူလာ

တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လောင်းကစားမှု စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပရော်ဖက်ရှင်နယ်လိဂ်များမှ ကစားသမား ၁၀၂၄ ဦးတို့အား ပွဲပယ်လာပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်က ယင်းကစားသမားများအားလုံးမှာ လောင်းကစားမှု ပြုလုပ်ကြောင်း အထောက်အထားအပြည့်အစုံဖြင့် တွေ့ရှိတဲ့ ကစားသမားများဖြစ်ကြပြီး ယင်းမှ ၂၇ ဦးတို့မှာ အဆင့်မြင့်တန်းလိဂ်တွင် ကစားနေကြသူများဖြစ်ကြောင်း သိရပါတယ်။
ယင်းသို့ ကစားသမား ထောင်ချီပြီး ပွဲပယ်ခြင်းခံလာရမှုနှင့်အတူ တူရကီတတိယတန်းနှင့် စတုတ္ထတန်းလိဂ်တို့အား နှစ်ပတ် ရွှေ့ဆိုင်းမှု ပြုလုပ်လာပါတယ်။ ဒါပေမယ့် တူရကီအဆင့်မြင့်တန်းလိဂ် ၂ ခုတို့မှာမူ ဆက်လက် ကစားလာပါမယ်။
တဖက်တွင် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ကလပ်အသင်းအများစုမှာ ကစားသမား အလုံအလောက် မရှိမှုနှင့်အတူ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အား ၁၅ ရက်တိုးမြှင့်သတ်မှတ်ပေးရန် ဖီဖာထံသို့ တောင်းဆိုထားပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်က လောင်းကစားမှု ပြုလုပ်ခြင်းကြောင့် ပွဲပယ်လာတဲ့ ကစားသမားများထဲတွင် တူရကီရဲ့ အကြီးကျယ်ဆုံးကလပ်များထဲမှ တစ်ခုဖြစ်တဲ့ ဘီဆစ်တပ်တွင် ကစားနေတဲ့ ကစားသမား ၂ ဦး ပါဝင်ပါတယ်။
တူရကီမီဒီယာများရဲ့ ဖော်ပြမှုအရ တူရကီအာဏာပိုင်များရဲ့ လောင်းကစားမှု စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကလပ်ဥက္ကဌတစ်ဦး အပါအဝင် လူ ၈ ဦး ဖမ်းဆီးခြင်းခံထားရကြောင်း သိရပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဟာ အစောပိုင်းတုန်းကလည်း လောင်းကစားမှု ပြုလုပ်တဲ့ ဒိုင်လူကြီး ၅၇၁ ဦးတိုအား အရေးယူမှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ယင်းပွဲပယ်ခံရတဲ့ ဒိုင်များထဲမှ ဒိုင်လူကြီး ၇ ဦးနှင့် စည်းကြပ်ဒိုင် ၁၅ ဦးတို့မှာ အဆင့်မြင့်တန်းလိဂ် ၂ ခုတွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဌအီဘရာဟမ်ဟာစီယိုစမာနိုဂလူက ဒိုင်များထဲ ၁၀ ဦးမှာ လောင်းကစားမှု ၁၀၀၀၀ ကျော် ပြုလုပ်ထားပြီး တစ်ဦးမှာ ၁၈၂၂၇ ကြိမ် ပြုလုပ်ထားကြောင်းနှင့် ၁၄၂ ဦးတို့မှာ အကြိမ် ၁၀၀၀ ကျော်ပြုလုပ်ထားကြောင်း ပြောကြားထားပါတယ်။ အချို့ ဒိုင်များမှာ လောင်းကစားမှု ၁ ကြိမ်တည်းသာ ပြုလုပ်ရပါသေးတယ်။

image

ကလပ်နှင့် နိုင်ငံအသင်း ပြဿနာကြားထဲသို့ ရောက်နေတဲ့ လာမိန်းယာမဲလ်

ယာမိန်းယာမဲလ်ဟာ ဘာစီလိုနာဘက်က လက်ရွေးစင်အသင်းမှ နုတ်ထွက်လာစေမှုနှင့်အတူ ကလပ်နှင့် စပိန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ပြဿနာကြားထဲသို့ ရောက်နေပါတယ်။
အသက် ၁၈ နှစ်ရှိ ဘာစီလိုနာပါရမီရှင်ဟာ နောက်ပိုင်းပွဲစဉ်များတွင် ပေါင်ခြံဒဏ်ရာဖြင့် ရုန်းကန်လာရသူ ဖြစ်ပါတယ်။
သူဟာ ပေါင်ခြံဧရိယာနာကျင်နေမှုနှင့်အတူ ဘာစီလိုနာဘက်က သူ့အခြေအနေကို အချိန်ပြည့် စောင့်ကြည့်နေရပါတယ်။ သူဟာ ဘာစီလိုနာရဲ့ နောက်ဆုံးပွဲ ၃ ပွဲလုံး ပွဲချိန်ပြည့်ကစားခြင်း မရှိပါဘူး။
ဒါပေမယ့် သူဟာ ပွဲတိုင်း အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့ပြီး သုံးပွဲလုံး ဂိုးသွင်းထားနိုင်ပါတယ်။
လူကျော်သက်ကစားသမားဟာ တနင်္လာနေ့တုန်းက ပေါင်ခြံဒဏ်ရာကို ကုသတဲ့အနေဖြင့် ရေဒီယိုလှိုင်းကုထုံးဖြင့် ကုသခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် လာမိန်းယာမဲလ်မှာ နောက်ထပ် ၇ ရက်မှ ၁၀ ရက်အတွင်း အနားယူသင့်ကြောင်းလည်း သိရပါတယ်။
ဒါပေမယ့် စပိန်အသင်းဆေးအဖွဲ့က ယင်းကုသမှုအား တနင်္လာနေ့ညအထိ သိရှိခဲ့ကြခြင်း မရှိပါဘူး။
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ စပိန်ကစားသမားများ စတင် လေ့ကျင့်ခန်းဆင်းရမယ့် တနင်္လာနေ့တွင် ဘာစီလိုနာဘက်က လာမိန်းယာမဲလ်အား ဆေးကုသမှု ပြုလုပ်လာမှုကြောင့် အံ့ဩသင့်ရကြောင်းထားပါတယ်။
လာမိန်းယာမဲလ်ဟာ စပိန်အသင်းရဲ့ ဂျော်ဂျီယာ၊ တူရကီတို့နှင့် ရင်ဆိုင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် ပါဝင်လာမှာ မဟုတ်ပါဘူး။
ဘာစီလိုနာနှင့် စပိန်အသင်းတို့ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကတည်းက လာမိန်းယာမဲလ်နှင့်ပတ်သက်ပြီး သတင်းထွက်နေခဲ့တာပါ။
ဘာစီလိုနာဟာ ပေါင်ခြံဒဏ်ရာရရှိနေတဲ့ လာမိန်းယာမဲလ်အား အကိုက်အခဲပျောက်ဆေးတိုက်ကာ ပွဲကစားစေမှုအတွက် အကြီးအကျယ် ဒေါသထွက်ခဲ့ရပါတယ်။ ယာမိန်းယာမဲလ်ဟာ စပိန်အတွက် ကစားပြီး ပြန်ရောက်လာချိန်တွင် ဒဏ်ရာခြေအနေ ဆိုးရွားကာ အနားယူခဲ့ရပါတယ်။

image

ပရိသတ်တွေကို တံတွေးဖြင့် ထွေးတဲ့ မီဘရီကို အက်ဖ်အေစွဲချက်တင်လာ

ဘန်လေအလယ်တန်းကစားသမားဟန်နီဘယ်မီဘရီဟာ ပြီးခဲ့တဲ့လတုန်းက လိဒ်ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။
အသက် ၂၂ နှစ်ရှိ မီဘရီဟာ အောက်တိုဘာလ ၁၈ ရက်နေ့ Turf Moor တွင် ၂-၀ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ၈၃ မိနစ်တွင် လူစားဝင်ရောက် ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ လူစားဝင်ရောက်မှု မပြုလုပ်မီ ၁၆ မိနစ်အလို သွေးပူလေ့ကျင့်ခန်းဆင်းနေစဉ် အထက်ပါ အဖြစ်အပျက် ဖြစ်ခဲ့တာပါ။
လန်ကက်ရှ်ရှိုင်းယားရဲတပ်ဖွဲ့ဟာ အဝေးကွင်းပွဲကြည့်စင်မှ ပရိသတ်တစ်ဦးရဲ့ တိုင်ကြားမှု ရရှိပြီးနောက် ပြီးခဲ့တဲ့လမှ စတင်ကာ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။
ယခုအခါ ယူနိုက်တက်အကယ်ဒမီကစားသမားဟောင်းဟာ အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားကာ ချေပရပါမယ်။
တူနီးရှားလက်ရွေးစင်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ယူနိုက်တက်မှ ဘန်လေသို့ ပေါင် ၉.၄ သန်းဖြင့် ပြောင်းလာခဲ့သူပါ။
သူဟာ ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ ကစားထားကာ ၁ ဂိုးသွင်းထားပါတယ်။

image

အသင်းတွေ့ဆုံပွဲတွင် ယူနိုက်တက်ကစားဖော်များရှေ့မှောက်မှာ အမိုရမ်ရဲ့ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရတဲ့ အူဂတ်တီ

ရူဘင်အမိုရမ်ဟာ အသင်းတွေ့ဆုံပွဲတွင် မန်နူရယ်အူဂတ်တီအား အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်နည်းပြဟာ ကစားသမားများကို ဝေဖန်ရာတွင် ဘယ်တုန်းကမှ နောက်မတွန့်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီတုန်းက အသင်းစိတ်ဓာတ်ကို ပြိုကွဲအောင် လုပ်ဆောင်လာနိုင်တဲ့ မားကပ်စ်ရက်ဖို့ဒ်၊ ဂျာဒွန်ဆန်ချို၊ အလီဂျန်ဒရိုဂါနာချိုနှင့် အန်တိုနီတို့အား ပထမအသင်းမှ ထုတ်ပယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဂါနာချိုမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ကစားဖော်များရှေ့မှောက်မှာပင် အသင်းသစ်ရှာဖွေရန် ပြောဆိုခြင်းခံခဲ့ရပါတယ်။
အမိုရမ်ဟာ အခြားယူနိုက်တက်ကစားသမားတစ်ဦးဖြစ်တဲ့ အူဂတ်တီကိုလည်း ကစားသမားများရှေ့မှောက်မှာပင် အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ အမိုရမ်နှင့် အူဂတ်တီတို့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်အထိ စပို့တင်းလစ္စဘွန်းတွင် လက်တွဲခဲ့ကြဖူးသူများလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ အူဂတ်တီရဲ့ လုပ်အား ကျဆင်းလာမှုအား အပြင်းအထန်ဝေဖန်ခဲ့ပြီး ယခင် ပထမအကြိမ် လက်တွဲခဲ့ဖူးတုန်းကမတူဘဲ ပိုမိုသက်တောင့်သက်သာ နေထိုင်လာကြောင်း ဝေဖန်ခဲ့ကြောင်း The Athletic က ဖော်ပြသွားပါတယ်။
အမိုရမ်ရဲ့ အူဂတ်တီအား အပြင်းအထန် အပြစ်တင်ပြောဆိုမှုမှာ မျှတတယ်လို့ ယူနိုက်တက်ကစားဖော်များကလည်း လက်ခံကြောင်း သိရပါတယ်။
အမိုရမ်ဟာ တစ်ဦးချင်း တွေ့ဆုံ ပြောဆိုနိုင်ပေမယ့် သူ့သင်ခန်းစာများကို အခြားသူများလည်း ကြားနိုင်စေရန်အတွက် အသင်းတွေ့ဆုံပွဲတွင် ဝေဖန်ထောက်ပြမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

image

ချယ်လ်ဆီးကွင်းလယ်လူ လာဗီယာ အနည်းဆုံးတစ်လခန့် ထပ်နားရမယ်

ချယ်လ်ဆီးကွင်းလယ်လူ လာဗီယာဟာ ကြွက်သားဒဏ်ရာနဲ့ အနည်းဆုံးတစ်လခန့် ထပ်မံအနားယူရဖို့ ရှိပါတယ်။
လာဗီယာ(၂၁ နှစ်)ဟာ ချယ်လ်ဆီးကို စရောက်လာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။
၎င်းအနေနဲ့ ပြီးခဲ့တဲ့ ကာရာဘတ်နဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ လေးမိနစ်သာကစားပြီး ဒဏ်ရာရခဲ့တာဖြစ်တယ်။
လာဗီယာဟာ ကလပ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာရပြီး ပြန်ကစားနိုင်ကတည်းက လေးပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာဗီယာကို ၂၀၂၃ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
၎င်းအနေနဲ့ နှစ်ရာသီခွဲကာလအတွင်း ဒဏ်ရာမကြာခဏရနေလို့ ၂၉ ပွဲသာ ကစားထားရပြီး ၈၈ ပွဲ လွဲချော်ခဲ့ပါတယ်။

image

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးတောင်ပံကစားသမား ဒိုကူ ရရှိ

မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)မှာ မန်စီးတီးအသင်းက လီဗာပူးလ်ကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ ဒိုကူက ကိုယ်တိုင် တစ်ဂိုးသွင်းယူပြီး တိုက်စစ်ကို အဓိကဦးဆောင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒိုကူဟာ ပရိသတ်တွေရဲ့ ဆန္ဒမဲ (၄၀ %)အထိ ရရှိခဲ့ပြီး ဘောလက်(ဆန်းဒါးလန်း)က (၂၁ %)၊ ဂါနာချို(ချယ်လ်ဆီး)က (၂၀ %)၊ တခြားဆန်ခါတင်ကစားသမားတွေက (၅ %)နဲ့အောက်သာ ရရှိခဲ့ပါတယ်။
ဒိုကူဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက် ကစားသမားဆုရရှိတဲ့ ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဟာလန်းက ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။
ဒိုကူက လီဗာပူးလ်နဲ့ပွဲအပြီးမှာ ပြိုင်ပွဲကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအကြောင်း စဉ်းစားခြင်းမရှိဘဲ ကိုယ့်အသင်း ရလဒ်ကောင်းဖို့သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

image

စပိန်အသင်းလူစာရင်းက နုတ်ထွက်မှုအပေါ် နည်းပြ ဒယ်လာဖွန်တေ အံ့အားသင့်

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်
အသင်းလူစာရင်းက နုတ်ထွက်မှုအပေါ်
အံ့အားသင့်မိတယ်လို့ ပြောခဲ့ပါတယ်။
ယမားလ်ဟာ(၁၈ နှစ်)ဟာ ပေါင်ခြံဒဏ်ရာနဲ့
နုတ်ထွက်ခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီအကြောင်း မသိရဘူးလို့ ကြေညာထားပါတယ်။
''ဒီလိုအခြေအနေမျိုး မကြုံဖူးပါဘူး။ ဒါက ပုံမှန်ပဲလို့ ကျွန်တော် မယူဆပါဘူး။ ဘာမှမသိရဘူး၊ ဘာမှလည်း မကြားရဘူး၊ ဘာအချက်အလက်မှလည်း
မသိရဘူး။ ပြီးတော့ သူတို့က ကျန်းမာရေးကိစ္စလို့ ပြောလိမ့်မယ်။ ဒါက အံ့အားသင့်စရာပါ''လို့
ဒယ်လာဖွန်တေက ပြောခဲ့ပါတယ်။
ယမားလ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုနဲ့ပွဲ နာကျင်အချိန်ပိုမှာ လူစားလဲမခံရခင် အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ရာနှုန်းပြည့် အနိုင်ရထားပေမဲ့ ခြေစစ်ပွဲ မအောင်သေးပါဘူး။
လက်ကျန်နှစ်ပွဲမှာ နိုဝင်ဘာလ ၁၅ ရက် ဂျော်ဂျီယာ၊ နိုဝင်ဘာလ ၁၈ ရက် တူရကီတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

image

နာပိုလီအသင်းရဲ့ ကင်းထောက်ချုပ် မီချီလီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ်အသင်းဟာ နာပိုလီအသင်းရဲ့ ကင်းထောက်ချုပ်ဖြစ်တဲ့ အီတလီလူမျိုး မော်ရီဇီယိုမီချီလီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
အသက်(၅၇)နှစ်ရှိပြီဖြစ်တဲ့ မီချီလီဟာ စီးရီးအေကလပ်အသင်း အတော်များများမှာ ကင်းထောက်ရာထူးနဲ့ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပြီး နာပိုလီအသင်းကတော့ လက်ရှိအချိန်မှာ ဒုတိယအကြိမ် လက်တွဲနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မီချီလီဟာ နာပိုလီအသင်းအတွက် ဟမ်ဆစ်၊ ကင်မင်ဂျေး၊ ခါဗရာစကယ်လီယာတို့ကို ရှာဖွေပေးနိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပြီး အူဒီးနီးစ်အသင်းမှာတုန်းကလည်း ဆူလေမွန်တာရီ၊ အဆာမိုဂျန်တို့နဲ့ပတ်သက်ပြီး နာမည်ရခဲ့သူဖြစ်ပါတယ်။
အာဆင်နယ်အသင်းက ပြီးခဲ့တဲ့နှစ်မှာ အားကစားဒါရိုက်တာ အီဒူးနဲ့ သူ့လက်ထောက် ဂျေဆန်အိုင်တိုတို့နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်မှာ အားကစားဒါရိုက်တာသစ် အန်ဒရေဘာတာကပဲ ကင်းထောက်ဌာနကိုပါ ဦးဆောင်နေရတာကြောင့် မီချီလီကို ကင်းထောက်ချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဘာတာ ရောက်ရှိလာချိန်မှာ ပစ်မှတ်ကစားသမားများစွာကို အရခေါ်ယူနိုင်ခဲ့ပြီး မီချီလီ ထပ်ရောက်လာခြင်းက အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းလာစေနိုင်ဖွယ် ရှိနေပါတယ်။

image