ပြင်ဦးလွင်-ဂုတ်ထိပ် RBE ရထားခရီးစဉ် လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် RBE ရထားခရီးစဉ်ကို လာမည့် စနေနေ့မှစတင်ကာ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းတွင် ရေကျော်ရေလွှမ်းမှု ဖြစ်ပွားခဲ့သဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရထားလမ်းပိုင်း ပြုပြင်မှုများ ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။
ယနေ့ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အပြင် နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား တံတားအမှတ် ၂၃၂ အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ် ရေကျော်မှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းများ စနစ်တကျ ပြုလုပ်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
သမိုင်းဝင် ဂုတ်ထိပ်တံတားအား ကြံ့ခိုင်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ဆေးသုတ်ပြုပြင်ထားမှုများ၊ တံတားတိုင်အောက်ခြေပတ်လည် ခြံစည်းရိုးကာရံထားမှုများကိုလည်း စနစ်တကျ ထိန်းသိမ်းရန်၊ တံတားကြမ်းခင်းပေါ် ရေတင်နေမှုမရှိစေရေး ရေထွက်ပေါက်များ ပြုလုပ်ရန်နှင့် ဆွေးမြေ့နေသည့် တံတားဇလီဖားများကို လဲလှယ်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်-ဂုတ်ထိပ် ရှုခင်းကြည့် RBE ရထားခရီးစဉ်သည် ခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အပတ်စဉ် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

image

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တရားဝင်ခရီးစဉ် သွားရောက်မည်

ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထို့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်သက်ဆိုင်သည့် နေရာများသို့လည်း သွားရောက်လေ့လာမည်ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ ကဏ္ဍစုံနှင့် နှစ်နိုင်ငံအကျိုးစီးပွားအကြား ဆက်နွှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

image

အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို့ ထရမ့် ပြော ပြန်

​အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်ကို ပြန်ပြီး တိုက်ခိုက်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပြန်ပါတယ်။
​"သူတို့ဟာ ကျရှုံးနိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ငွေကြေးဖောင်းပွမှုက ၃၅၀ ရာခိုင်နှုန်း ရှိနေတယ်။ သုံးစရာ ငွေကြေးလည်း မရှိတော့ဘူး၊ စစ်သားတွေကိုလည်း လစာ မပေးနိုင်ကြဘူး။ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အများစု သေကုန်ကြပြီ။ ရေတပ်ရော လေတပ်ပါ မရှိတော့သလို ထောက်လှမ်းရေး ကိရိယာတွေဆိုရင်လည်း အကုန်နီးပါး ပျက်စီးသွားပြီ။ ဒါပေမဲ့ ဒါတွေကြောင့် ကျုပ်တို့ သူတို့ကို ထပ်မနှက်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်တာပေါ့" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

image

တရုတ်နဲ့ ဗီဇာကင်းလွတ်ခွင့် ပေးရေး၊ ယူကရိန်း ငြိမ်းချမ်းရေး - ပူတင် တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ တနင်္လာနေ့တုန်းက တရုတ်သမ္မတ ရှီကျင့်ဖိန်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
​ပူတင်က ရုရှားနဲ့ တရုတ်ကြား ဗီဇာကင်းလွတ်ခွင့် စနစ်ကို အပြီးအပိုင် အတည်ပြုပေးဖို့ အဆိုပြုခဲ့ပါတယ်။
​ရုရှားခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ မိုဒီက ယူကရိန်း ငြိမ်းချမ်းရေးနဲ့ အခြားကိစ္စရပ် အတော်များများကို ဆွေးနွေးဖို့ အကြံပြုခဲ့သလို ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု အားလုံးကို အိန္ဒိယအနေနဲ့ ဆက်လက် ထောက်ခံသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
​ပေကျင်းဘက်က သင့်တော်တယ်လို့ ယူဆရင် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် စနစ်ကို အပြီးအပိုင် ဖြစ်လာစေဖို့ ရုရှားဘက်က တရုတ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်။ "တရုတ်ဘက်က ဒါဟာ ဖြစ်နိုင်တယ်၊ အကျိုးရှိတယ်လို့ ယူဆရင် ဗီဇာကင်းလွတ်ခွင့် စနစ်ကို ကန့်သတ်ချက်မရှိ သက်တမ်းတိုးသွားဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ" လို့ ပူတင်က ပြောခဲ့ပါတယ်။
​ဒါ့အပြင် ဗီဇာကင်းလွတ်ခွင့် စနစ်ကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း နှစ်နိုင်ငံကြား ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့လည်း ပူတင်က ထောက်ပြပြောဆိုခဲ့ပါတယ်။
​မိုဒီက ပူတင်နဲ့ တွေ့ဆုံစဉ် အခြားကိစ္စတွေအပြင် ယူကရိန်းပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုပါ ဆွေးနွေးဖို့ အဆိုပြုခဲ့ပါတယ်။ ယူကရိန်း အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို အိန္ဒိယက ထောက်ခံသလို ရှေ့လျှောက်လည်း ဆက်လက်ထောက်ခံသွားမယ်လို့ မိုဒီက ပြောခဲ့ပါတယ်။ "ဒီကိစ္စမှာ ငြိမ်းချမ်းတဲ့ ကြိုးပမ်းမှုမှန်သမျှကို အိန္ဒိယက ထောက်ခံတယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။ နောင်မှာလည်း ကျွန်တော်တို့ ဆက်ပြီး ထောက်ခံသွားမှာပါ" လို့သူကပြောတာပါ။
​ယူကရိန်းမှာ တိုက်ပွဲတွေ ရပ်တန့်သွားဖို့က အလွန်အရေးကြီးတယ်လို့ မိုဒီက ယူဆထားပါတယ်။
​အိန္ဒိယဟာ ပြဿနာအားလုံးကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းရေးကိုလည်း လိုလားပြီး "ဒါဟာ လူသားအားလုံး လိုလားတောင်းဆိုနေတာဖြစ်သလို အိန္ဒိယရဲ့ သဝဏ်လွှာလည်း ဖြစ်ပါတယ်" လို့ မိုဒီက ပြောပါတယ်။
​ရုရှားအနေနဲ့လည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးအတွက် ကြိုးပမ်းနေပါတယ်လို့ ပူတင်က ပြောခဲ့ပြီး "ကျွန်တော်တို့ ဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပါတယ်" လို့ ဆိုပါတယ်။
​မိုဒီရဲ့ "ကိုယ်တိုင်ကိုယ်ကျ အလေးထားမှု" ကြောင့် ရုရှား-အိန္ဒိယ ဆက်ဆံရေး ပိုမိုခိုင်မာလာတာဖြစ်တယ်လို့ ပူတင်က ထောက်ပြခဲ့ပါတယ်။ "အထူးအခွင့်အရေးရ သေနင်္ဂဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး အခြေခံမူတွေပေါ်မှာ ရုရှား-အိန္ဒိယ ဆက်ဆံရေး ဆက်လက်ခိုင်မာနေတာကို ဝမ်းမြောက်စွာနဲ့ ပြောချင်ပါတယ်။ ရုရှား-အိန္ဒိယ ဆက်ဆံရေး တိုးတက်ဖို့ ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ အလေးထား ဆောင်ရွက်ပေးတာရော၊ ကျွန်တော်တို့ကြားမှာ စီးပွားရေး ဆက်ဆံရေးတင်မကဘဲ အင်မတန် နွေးထွေးတဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးချစ်ကြည်မှုတွေ ရှိနေတာကြောင့်ပါ ဒါတွေ ဖြစ်လာရတာပါ"လို့ ပူတင်ကပြောတာပါ။

image

လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတားဆီးထိန်းချုပ်ရေးအတွက်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralmba တို့ သြဂုတ် ၃၁ ရက်ကတွေ့ဆုံ၍ အ ထက်ပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်အတူ တပ်မတော်နှစ်ရပ်ကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေးတို့ကို ထိရောက်စွာတားဆီးနှိမ်နင်းရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှုတားဆီးထိန်းချုပ်ရေး၊ အွန်လိုင်းလိမ် လည်လောင်းကစားမှုများကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

ပြည်သူ့လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေ

ပြည်သူ့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရာတွင်ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများပြုလုပ်လျက်ရှိသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက သြဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နှစ်နိုင်ငံပြည်သူချင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအရနက်ရှိုင်းသည့် ဆက်ဆံမှုများရှိကာ နှစ်နိုင်ငံကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများရရှိရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးစေလိုပြီး နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်၍ အချင်းချင်းနားလည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန်ပူးပေါင်းဆောင် ရွက်ရန်လည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ထိုင်းနိုင်ငံသံအမတ်ကြီးကလည်း လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များ ညီလာခံ(AIPA)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်၍ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဟုလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

image

တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် ကျောင်းသား/သူ(၃၀၇)ဦးကို ရွှေစင်(၁)ကျပ်သားဒင်္ဂါးပြားများချီးမြှင့်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူ(၃၀၇)ဦးအား သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးရ ရှိခဲ့ကြသည့် ကျောင်းသား/သူ(၃၀၇)ဦးကို ရွှေစင်(၁) ကျပ်သားဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဟု ပြောကြားသည်။
ထိုသို့ ချီးမြှင့်ခြင်းသည် ထူးချွန်ကျောင်းသား/သူများ ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှုရလဒ်များကို မှတ်ကျောက်တင်ဂုဏ်ပြုပေးခြင်းဖြစ်ပြီး အဆင့်မြင့်ပညာကို ဆက်လက်ထူးချွန်အောင်ကြိုးစားရန်မြှောက်စားအားပေးခြင်းလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဆုရရှိသည့် ကျောင်းသား/သူများဖြစ်သော မသိရီစိုး၊ မအေးချမ်းမြေ့၊ မောင်စည်သူဗိုလ်၊ မသက်နှင်းစံ၊ မောင်ဉာဏ်ဟိန်းဇေ၊ မမေဇင်ဖုန်းမြတ်၊ မအိကေဇင်၊ မသင်းပျံ့ပြည့်စုံခင်၊ မောင်ဘုန်းတေဇာသွေး၊ မဆောင်းနှင်းဖြူနှင့် မခင်ငြိမ်းစုတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ကလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား/သူများက "ထူးချွန်သူတို့ဂုဏ်ပြုစို့"တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတက ထူးချွန်ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဆုရကျောင်းသား/သူမျာနှင့်အတူ ဂုဏ်ပြုနေ့လယ်စာသုံးဆောင်ခဲ့သည်။

image

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ လီယွန်နယ်မက်ဆီ အနားယူလာ
======================

အာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီက လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားကို ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်း ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
မက်ဆီက "အချိန်က တိုတောင်းလွန်းတယ်။ အခန်းတစ်ခန်း ပိတ်ရတော့မယ်။ ဒါက ကျွန်တော် အရမ်းနာကျင်ရတဲ့အရာပါ။ ကျွန်တော် ချစ်တယ်။ အရမ်းချစ်ခဲ့တယ်။ လက်ရွေးစင်အသင်းရဲ့အစိတ်အပိုင်းဖြစ်ခဲ့ရတာ အရမ်းသဘောကျခဲ့တယ်။ အားလုံးလည်း‌ပေးခဲ့တယ်။ ဘာမှ ပေးစရာလည်း မကျန်တော့ဘူး။ တဖက်မှာ အရမ်း အခွင့်အရေးနဲ့ ထိုက်တန်တဲ့ ကြီးကျယ်တဲ့ လူငယ်တစ်ချို့လည်း ထွက်ပေါ်လာနေတယ်"လို့ ကြေညာသွားပါတယ်။
ဩဂုတ်လအစောပိုင်းတုန်းက မက်ဆီဟာ ဖခင်ဖြစ်သူဂျော့ နာမကျန်းဖြစ်မှုကြောင့် ကွယ်လွန်သွားပြီးနောက် ဘောလုံးဆက်ကစားရေး စဉ်းစားနေကြောင်း ဖွင့်ဟခဲ့ဖူးသူ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖူးခဲ့ပြီး ပြန်လည်ကစားခဲ့ဖးပါတယ်။

image

ပဲလေ့စ်မှ နူနော့ဇ်အား ပေါင် ၂၂ သန်းဖြင့် နော်တင်ဟမ်ဖောရက်စ် ခေါ်ယူလာ
=====================

နော်တင်ဟမ်ဖောရက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်မှ ဒါနီရယ်မူနော့ဇ်အား‌ ပေါင် ၂၂ သန်းဖြင့် ခေါ်ယူရေး အပြီးသတ်လုပ်ဆောင်လာပါတယ်။
ကိုလံဘီယာလက်ရွေးစင်ညာနောက်ခံလူဟာ လက်ရှိ နော်တင်ဟမ်ဖောရက်စ်နည်းပြအိုလီဗာဂလပ်စ်နာလက်အောက်တွင် ပဲလေ့စ်တွင် အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနှင့် ကွန်ဖရင့်လိဂ်ဖလားတို့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပဲလေ့စ်တွင် ကစားတဲ့ ၂ နှစ်ခွဲကြာကာလအတွင်းတွင် ၁၀၉ ပွဲကစားခဲ့ရာမှာ ၁၀၉ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ကိုလံဘီယာလက်ရွေးစင်အသင်းအတွက် ၅၅ ပွဲကစားထားတဲ့ မူနော့ဇ်က "ပါရမီရှင်တွေ အများကြီးတွေရလို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဖောရက်စ်က ကြီးကျယ်တဲ့ကစားသမားတွေ၊ ကြီးကျယ်တဲ့အရည်အသွေး၊ ကွင်းထဲမှာ ကြီးကျယ်တဲ့ကျွမ်းကျင်မှု ပိုင်ဆိုင်ထားတဲ့ကလပ်ပါ။ ကစားဖော်တွေကို ကူညီပြီး ကြီးကျယ်တဲ့အရာတွေ လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီကလပ်က ပြီးခဲ့တဲ့နှစ်တွေမှာ တိုက်ပွဲဝင်လာတဲ့ကလပ်ပါ။ ပြိုင်ဆိုင်မှုပြင်းထန်တယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။ အနာဂတ်မှာ ပိုပြီးတော့ ကြီးကျယ်တာတွေ ဖြစ်လာမှာပါ။ ဒါက ဖောရက်စ်ကို အရမ်းသဘောကျတဲ့အရာပါ။ ဒီအတွက်ပဲ ဖောရက်စ်သို့ ပြောင်းလာတာပါ"လို့ ပြောကြားသွားပါတယ်။

image

ပါးမီးရပ်စ်တောင်ပံကစားသမားအယ်လန်ကို ပေါင် ၃၄ သန်းဖြင့် မန်စီးတီး ခေါ်ယူအားဖြည့်လာ
=====================

မန်စီးတီးဟာ ပါးမီးရပ်စ်မှ တောင်ပံကစားသမားအယ်လန်အဲလီးယပ်စ်ကို ပေါင် ၃၄.၂သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
မန်စီးတီးဟာ ဘရာဇီးတောင်ပံကစာသမားအတွက် ပေါင် ၃၂ သန်းပေးခဲ့ရတာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ပေါင် ၂.၂ သန်းထပ်မံပေးရပါမယ်။
မန်စီးတီးဟာ စပါးစ်သို့ ပေါင် ၇၅ သန်းဖြင့် ရောင်ချလိုက်တဲ့ ဆာဗင်ဟိုရဲ့နေရာတွင် တိုက်ရိုက်အစားထိုးရန်အတွက် အယ်လန်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ညာခြမ်းတောင်ပံကစားသမားအယ်လန်ဟာ ပါးမီးရပ်စ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၉၆ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပြီး ၁၂ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

image