1 w - Translate

😉😉မျိုင်းဝတီမြို့၊ ကရင်ပြည်နယ် ရေချိုကျိုင်းဒေသ်ရှိ လှည့်ကွက်နှင့် အွန်လိုင်းလောင်းကစားရေးဆိုင်ရာ တရားမဝင်အဆောက်အအုံ စုစုပေါင်း ဖြိုဖျက်ပြီးစီးခဲ့သည် (ဇူလိုင် ၂၆ ရက်)
ကရင်ပြည်နယ်၊ မျိုင်းဝတီမြို့ ရေချိုကျိုင်းဒေသရှိ လှည့်ကွက်နှင့် အွန်လိုင်းလောင်းကစားရေးဆိုင်ရာ တရားမဝင်အဆောက်အအုံ ၇၇ စုစုပေါင်း လုံးဝဖြိုဖျက်ပြီးစီးခဲ့ပြီး၊ နောက်ဆုံးအဆောက်အအုံ ၁၇ ထပ်အဆောက်အအုံကို ပေါက်ကွဲဖျက်ဆီးခဲ့သည်။ မေလက စတင်ဖြိုဖျက်ခဲ့ပြီး၊ ပေါက်ကွဲဖျက်ဆီးခြင်း ၂၀ အုပ်၊ စက်ဖြင့်ဖြိုဖျက်ခြင်း ၅၇ အုပ်ပြုလုပ်ခဲ့ပြီး၊ ရှည်ကြာစွာ ထိုဒေသတွင်အမြစ်တွယ်နေကြသည့် အကြီးစားလှည့်ကွက်အခြေစိုက်စခန်းများ လုံးဝပျက်စီးသွားခဲ့သည်။ တရုတ်-မြန်မာ ရဲအဖွဲ့များ အပြန်အလှန်ပူးပေါင်းကာ ဖြတ်ကျော်လှည့်ကွက်ကို တိုက်ဖျက်ရေးတွင် ထင်ရှားသောအောင်မြင်မှုရရှိခဲ့သည်။

ဒုတိယအပိုင်း:ပုစွန်ချဉ်ဟင်း
မြန်မာဘာသာ:ပုစွန်ချဉ်ဟင်းသည် မြန်မာအစားအစာယဉ်ကျေးမှုတွင် လူကြိုက်များသည့်အပူပိုင်းဟင်းတစ်မျိုးဖြစ်ပြီး နေ့လယ်နှင့်ညနေစာအဖြစ် အများအပြားစားသုံးကြသည်။ လတ်ဆတ်သောပုစွန်ကိုအဓိကထားပြီး သံပုရာသီးချဉ်၊ ငရုတ်သီးစိမ်း၊ စပါးလင်၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ဖြင့် ပြုလုပ်သည်။
ဟင်းရည်သည် သဘာဝအချဉ်အရသာရှိပြီး အနည်းငယ်အစပ်ရှိကာ လန်းဆန်းစေသည်။ ပုစွန်အသားသည်နူးညံ့ပြီး ဟင်းရည်အရသာထဲသို့ စုပ်ယူထားသဖြင့် အရသာအလွန်ကောင်းမွန်သည်။ ဤဟင်းသည် အပူပိုင်းရာသီတွင် ဗိုက်အောင့်သက်သာစေပြီး ဆန်ပြုတ်နှင့်တွဲဖက်စားသုံးရန် အသင့်တော်ဆုံးဖြစ်သည်။ မြန်မာအိမ်တိုင်း၏ မီးဖိုချောင်တွင် တွေ့ရှိနိုင်သော ရိုးရာဟင်းလျာဖြစ်သည်။

image
1 w - Translate

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြား ရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့(သြဂုတ် ၁၉ ရက်) ဒေသစံတော်ချိန်နေ့လည် ၁၂ နာရီခွဲတွင် တည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့​သည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားအာကာသစနစ်များကုမ္ပဏီ(RSS)နှင့် မြန်မာအာကာသအေဂျင်စီတို့အကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး(ERS) ဂြိုဟ်တုဓာတ်ပုံဖမ်း ယူရေး သဘောတူစာချုပ်ချုပ်ဆိုပြီးစီးမှုနှင့် ဒေတာများဖမ်းယူလျက်ရှိမှုအခြေအနေ များ၊ အာကာသအေဂျင်စီနှစ်ခုအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများထဲမှ ကြီးမားသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု နှင့်နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီနှင့် ROSCOSMOS တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တု အခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှု စနစ်တိုင်းတာရေးစခန်း (One Way Station)နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS)တို့ကိုလက်တွေ့ ပူးပေါင်းအကောင်အထည် ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုကာကွယ်‌ရေး စနစ် (COPAD-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ်တိုင်းတာရေးစခန်း(One Way Station)၊ ကမ္ဘာ့အနီး အာကာသအန္တရာယ်အလိုအလျောက်သတိပေးစနစ်(ASPOS)၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ်တို့ကိုအကောင် အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၂၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၉၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၈၀ ကျပ်
ဝယ်ဈေး - ၄၂၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၁၁၀ ကျပ်
ဝယ်ဈေး - ၄၉၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၅ ကျပ်
ဝယ်ဈေး - ၁၃၀.၄ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၆ ကျပ်
ဝယ်ဈေး - ၆၃၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၆၈ ကျပ်
ဝယ်ဈေး - ၂၆.၉၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၁ ကျပ်
ဝယ်ဈေး - ၄၄.၅၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၀၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၅ ကျပ်
ဝယ်ဈေး - ၅၈၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၈ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၂ ကျပ်
ဝယ်ဈေး - ၁၁၆၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စစ်ကိုင်း ရေဘေးသင့်အိမ်ထောင်စု ၁၉၅ စုအား ကြက်ခြေနီက အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီရေဘေးရှောင်စခန်းများ၌ ခိုလှုံနေကြသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက် လတ်တလော လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုကို ထုံးဘို၊ ရွာထောင်၊ တကောင်း၊ သောတပန်၊ နန္ဒဝန်၊ စိန်ကုန်းနှင့် ပန်းဘဲတန်း ရပ်ကွက်တို့ရှိ ယာယီရေဘေးရှောင်စခန်းများတွင် ရောက်ရှိနေသည့် ရေဘေးသင့် အိမ်ထောင်စု ၁၉၅ စုထံ သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထောက်ပံ့ရာတွင် တာပေါ်လင် ၁၉၅ ချပ်၊ မိသားစု တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း ၁၉၅ စုံနှင့် ယာယီရွက်ဖျင်တဲ ၂ လုံးတို့ကို ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ရေဘေးတုံ့ပြန်ကူညီရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုထောက်ပံ့မှုတွင် ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံ စေတနာလုပ်အားရှင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

image

မြန်မာ–ရုရှား အာကာသပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် Roscosmos ညွှန်ကြားရေးမှူးချုပ် ဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vladimirovich Bakanov က ယနေ့ ဩဂုတ် ၁၉ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံအကြား အာကာသနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တိုးတက်ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

image

စာရေးဆရာကြီး မောင်ဆွေသက် ကွယ်လွန်

အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး မောင်ဆွေသက်သည် ယနေ့ညနေ ၄ နာရီခန့်က ရန်ကုန်တွင် ကွယ်လွန်သွားခဲ့သည်။
စာရေးဆရာကြီး မောင်ဆွေသက်၏ အမည်ရင်းမှာ ဦးညွန့်ဆွေဖြစ်ပြီး အဖဦးငွေဆိုင်(စာရေးဆရာငွေစိုး)၊ အမိဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။
၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်းနည်းပြမှ ဒုတိယတိုင်းမှူး အဆင့်အထိ အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ နယ်ဘက်၊ အရပ်ဘက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒုတိယဝန်ကြီးအဆင့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့ စစ်ရေးမှတ်တမ်း၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများ ပြန်လည်ရေးသားသည်။
၂၀၀၂ ခုနှစ်တွင် ဒုတိယဝန်ကြီးတာဝန်မှ အငြိမ်းစားယူပြီး စာရေးခြင်းအလုပ်ကိုသာဆက်တိုက်လုပ်ခဲ့သည်။ လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ အလင်းတန်း ဂျာနယ်တို့တွင် ဆောင်းပါးများဆက်တိုက်ရေးသည်။ Asian Fame Media Group တွင် အကြံပေး၊၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌဖြင့်လည်း ကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နာယကအဖြစ်လည်း‌ကောင်း တာဝန်ယူခဲ့သည်။
ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမ အဆင့်)၊ လူမှုထူးချွန်(ပထမအဆင့်)နှင့် ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုချီးမြှင့်ခြင်းခံရသည်။
ဆရာကြီး မောင်ဆွေသက်သည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။

image

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကိုငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများကိုဖော်ဆောင်နိုင်ခဲ့ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၌ စီးပွားရေး၊ စွမ်း အင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကိုငြိမ်း ချမ်းသည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုရေးတို့တွင် သိသာထင်ရှားသောတိုးတက်မှုများကိုဖော်ဆောင်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။
မြန်မာနိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၁၉ ရက်နံ နက်ပိုင်းတွင် မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက်သုံးအဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ရုရှား ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ထားရှိနိုင်ခဲ့ရုံမက ပိုမိုနက်ရှိုင်းသည့် စီးပွားရေး၊ နည်းပညာနှင့် ကဏ္ဍစုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
ထို့ပြင် နှစ်နိုင်ငံကြား အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့်တိုးမြင့်လျက်ရှိပြီး လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းခိုင်မာလာကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်ဟု ပြောသည်။
ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက အသက်သွေးကြောသည် "ပညာရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး"ဖြစ်ရာ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
" အထူးသဖြင့် အခြေခံပညာစနစ်ကိုပိုမိုခိုင်မာအောင် တည်ဆောက်တာ၊ သင်ရိုးညွှန်းတမ်းတွေအဆင့်မြှင့်တင်တာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ နည်းပညာကျောင်းတွေတိုးချဲ့ဖွင့်လှစ်ပေးတာ၊ အဆင့်မြင့်ပညာကဏ္ဍမှာ တက္ကသိုလ်တွေရဲ့ သင်ကြားနည်းစနစ်တွေကိုနိုင်ငံတကာအဆင့်မီစေဖို့ ဘက်စုံမြှင့်တင်ပေးတာတွေကိုဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးမည့် မျိုးဆက်သစ်မြန်မာနိုင်ငံသား လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများပိုမိုတိုးတက်ပြည့်စုံစေရန် ရုရှားနိုင်ငံအပါအဝင် ပြည်ပသို့ ပညာတော်သင်များစေလွှတ်လျက်ရှိရာ လွန်ခဲ့သည့် နှစ်ပေါင်း(၂၅)နှစ်အတွင်း ရုရှားနိုင်ငံသို့ မြန်မာပညာတော်သင် (၇,၀၀၀)ကျော်စေလွှတ်တက်ရောက်စေခဲ့၍ ရလဒ်အကျိုးဆက်အဖြစ် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံမှတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

မြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာငွေမှ (၁၀)ရာခိုင်နှုန်းအထိ သတ်မှတ်သုံးစွဲလျက်ရှိဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်များကို နိုင်ငံ့ဘဏ္ဍာငွေမှ (၁၀)ရာခိုင်နှုန်းအထိ သတ်မှတ်သုံးစွဲလျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၁၉ ရက်နံ နက်ပိုင်းတွင် မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက်သုံးအဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် သိပ္ပံ၊ နည်းပညာသာမက စီးပွားရေးပညာရှင်များ၊ သက်ဆိုင်ရာဘာသာရပ်အလိုက်ကျွမ်းကျင်နားလည်သူများ၊ ဥပဒေကျွမ်းကျင်နားလည်သူများ အများအပြားလိုအပ်၍ လွန်ခဲ့သည့် (၄)နှစ်မှစပြီး မြန်မာနိုင်ငံမှ ဝိဇ္ဇာ/သိပ္ပံပညာသင် တက္ကသိုလ်အားလုံးတွင် ဝိဇ္ဇာဘွဲ့(စီးပွားရေး)၊ ဝိဇ္ဇာဘွဲ့ (ဥပဒေ)သင်တန်းများဖွင့်လှစ်ခြင်း၊ ထူးချွန်ကျောင်းသားပညာသင်ဆုများပေးအပ်လျက်ရှိသည်ဟု ပြော သည်။
မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ရာ ယခင်က မူလတန်းပညာ မသင်မနေရသတ်မှတ်ထားသော်လည်း ယခု KG + 9 အလယ်တန်းပြီးသည်အထိ မသင်မနေရ သတ်မှတ်ဆောင်ရွက်နေကာ ပညာရေးအားနည်းသည့်ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု ပြောသည်။
ထို့အတူ ပညာရေးဒီဂရီကောလိပ်များကိုလည်း ဆရာအတတ်ပညာသင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍကိုအထူးမြှင့်တင်အားပေးဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာတော်သင်စေလွှတ်မှုများကဲ့သို့ ပညာရေးပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုသည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image