စပိန်အသင်းပဏာမလူစာရင်းတွင် ယူရိုချန်ပီယံအသင်းခေါင်းဆောင်နှင့် ရီးရဲလ်မက်ဒစ်စတားတို့ ချန်လှပ်ခြင်းခံရ
=====================

စပိန်အသင်းခေါင်းဆောင်ဟောင်းအယ်ဗာရိုမိုရာတာဟာ လူးဝစ်ဒီလာဖူအန်တီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်ပဏာမလူစာရင်း ၅၅ ဦးစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
အသက် ၃၃ နှစ်ရှိ မိုရာတာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲချန်ပီယံ စပိန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယူရိုပြိုင်ပွဲတုန်းက ပြင်သစ်နှင့် ဆီမီးဖိုင်နယ်ပွဲတွင် ဒဏ်ရာရရှိပြီးနောက် ဗိုလ်လုပွဲကိုသာ လွဲခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂ နှစ်အကြာမှာတော့ အေစီမီလန်မှ ကိုမိုသို့ အငှားဖြင့် သွားရောက်ကစားနေတဲ့ မိုရာတာဟာ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်ပီယံဖလားကိုင်မြှောက်ရေး ကြိုးပမ်းရာမှာ ပါဝင်လာနိုင်တော့မှာ မဟုတ်ပါဘူး။
စပိန်သတင်းစာ Diario AS ရဲ့ ဖော်ပြလာမှုအရ စပိန်အသင်းပဏာမလူစာရင်းတွင် မိုရာတာအပြင် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်လည်း ပါဝင်လာခြင်း မရှိကြောင်း သိရပါတယ်။
ဒယ်ဘော့စကေးကဲ့သို့ပင် ယူရိုနှင့် ကမ္ဘာ့ဖလားတို့အား ဆက်တိုက်ဆွတ်ခူးရန် ရည်မှန်းထားတဲ့ စပိန်နည်းပြဒီဖူအန်တီဟာ တနင်္လာနေ့တုန်းက ဖီဖာထံသို့ ပဏာမလူစာရင်း ၅၅ ဦး တင်ပြခဲ့ရာတွင် မိုရာတာ၊ ကာဗာဂျယ်နှင့် ဂျီးဆပ်စ်နာဗက်စ်တို့အား ချန်လှပ်ထားခဲ့ပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စပိန်အတွက် ကစားခွင့်မရလာခဲ့ကြသူများဖြစ်ပါတယ်။
မိုရာတာမှာ ယခုရာသီတွင် ဖာဘရီဂက်စ်ကိုင်တွယ်နေတဲ့ ကိုမိုအသင်းတွင် ရုန်းကန်နေရသူ ဖြစ်ပြီး စီးရီးအေဂိုးတစ်ဂိုးမျှ သွင်းထားနိုင်ခြင်း မရှိပါဘူး။
သူဟာ ကိုမိုအတွက် ၂၈ ပွဲမှာ တစ်ဂိုးတည်းသာ သွင်းထားနိုင်ပြီး အီတာလီယာဖလားတွင် သွင်းယူထားတာပါ။
ဝါရင့်နောက်ခံလူကာဗာဂျယ်မှာလည်း ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာရသူ ဖြစ်ပါတယ်။

image

ဘရာဇီးရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ချဲလ်ဆီးပါရမီရှင်အက်စ်တေဗို မပါဝင်
=====================

ချဲလ်ဆီးပါရမီရှင်အက်စ်တေဗိုဟာ ဒဏ်ရာပြဿနာကြောင့် ဘရာဇီးရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်လာခြင်း မရှိပါဘူး။
ဆယ်ကျော်သက်ကစားသမားဟာ ကာလိုအန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးပဏာမ ၅၅ ဦးစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း ESPN ရဲ့ ဖော်ပြလာမှုအရ သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်နှင့်ပွဲစဉ်တွင် ဘောလုံးရရှိရေး ပြေးလွှားစဉ် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူလာခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ အက်စ်တေဗိုဟာ ပြီးခဲ့တဲ့လတုန်းက ဒဏ်ရာမှ အလျှင်အမြန်သက်သာလာနေမှုနှင့်အတူ ကမ္ဘာ့ဖလားတွင် ပါဝင်ရေး မျှော်လင့်ချက် လင်းလက်လာခဲ့ပါသေးတယ်။
ဒါပေမဲ့ ယင်းနောက်မှာတော့ သူဟာ ကလပ်ဟောင်းပါးမီးရပ်စ်အသင်းသို့ ပြန်ကာ ဆေးကုသမှု ခံယူလာခဲ့ပါတယ်။
ဘရာဇီးမီဒီယာများရဲ့ဖော်ပြမှုအရ အက်စ်တေဗိုမှာ ဒဏ်ရာကို ခွဲစိတ်ကုသမှု မပြုလုပ်ရန် ဆုံးဖြတ်ခဲ့မှုနှင့်အတူ ယခုမှ ပြန်လည်ကောင်းမွန်ရေး နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စ်တေဗိုဟာ ၁၉၆၀ ခုနှစ်များ နောက်ပိုင်းတွင် ဘရာဇီးအတွက် ၄ ဂိုး သွင်းနိုင်တဲ့ အသက် ၁၈ နှစ်နှင့် အောက် ပထမဆုံးလူငယ်ကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားသူ ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအတွက် ပထမဆုံးကစားတဲ့ ရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၈ ဂိုးသွင်းနိုင်ခဲ့ကာ ၄ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးရဲ့ ကမ္ဘာ့ဖလားပဏာမလူစာရင်းထဲတွင် သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ နေမာလည်း ပါဝင်နေပါတယ်။
ဘရာဇီးဟာ မေလ ၁၈ ရက်နေ့တွင် ရီယိုဒီဂျနဲလ်ရိုးရှိ Museum of Tomorrow တွင် ကမ္ဘာဖ့လားအပြီးသတ်လူစာရင်း ၂၆ ဦးကို ကြေညာလာပါတယ်။

image

Life style က ရှင်:တယ်
ရှိရင်သုံ:တယ် မရှိရင် ချေ:ပြီးသုံ:တယ်
အင၊တ်တော့ မခံနိုင်ဘူး "

image

ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေး ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ မေ ၁၄ ရက်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများအား ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဘိုကလေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးဆောင်ရွက်နေ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ရွေးချယ်နိုင်ရန် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန OSS ခန်းမ၌ ယမန်နေ့ (မေ ၁၄ ရက်) က ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၇၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် ကျောင်းဖွင့်လှစ်မီကာလအတွင်း စာသင်ကျောင်းများအတွက် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အပါအဝင် ဒေသဆိုင်ရာလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကျောင်းဖွင့်လှစ်မည့်ကာလမတိုင်မီ စာသင်ကျောင်းများတွင် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးအပါအဝင် ဒေသဆိုင်ရာလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည်

ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
“နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မြန်မာ-တရုတ်ပူးပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီမံချက်ကို နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရေးအတွက်လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံချက်အရ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားသူများ၊ အားကစားသမားများ၊ လေယာဉ်မောင်းသူများ၊ အဝေးပြေးယာဉ်နှင့် ခရီးသည်တင်ယာဉ်မောင်းများသည် AI ECG စနစ်တပ်ဆင်ထားသည့် ဝတ်ဆင်ရလွယ်ကူသော အထူးဝတ်စုံကို အသုံးပြု၍ မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မထိခိုက်စေဘဲ ၂၄ နာရီပတ်လုံး နှလုံးရောဂါအန္တရာယ် စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရရှိလာသည့် အချက်အလက်များကို ဆော့ဖ်ဝဲလ်စနစ်များဖြင့် ခွဲခြမ်းစိတ်ဖြာကာ ရလဒ်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည်

ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို မက်ဒေါနား၊ ရှာကီရာနှင့် ကေပေါ့ပ်အဖွဲ့ ဘီတီအက်စ်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
Coldplay မှ ခရစ္စမာတင်သည် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲအတွက် ပထမဆုံးအကြိမ်ထည့်သွင်းသည့် ဖျော်ဖြေပွဲကို စီစဉ်တင်ဆက်မည်ဖြစ်သည်။
အသင်း ၄၈ သင်း ပါဝင်သည့် အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် အမေရိက၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် စတင်မည်ဖြစ်သည်။
ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပထမပိုင်းနားချိန် ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လတွင် ကြေညာခဲ့သည်။
ထိုအချိန်ကမူ ဖျော်ဖြေမည့်သူ၊ ဖျော်ဖြေချိန် မည်မျှကြာမည်နှင့် တစ်ပိုင်းနားချိန်တွင် ဖျော်ဖြေပွဲလုပ်မည်ဆိုသည်တို့ကို ၎င်းက ထုတ်ပြောခဲ့ခြင်းမရှိပေ။

image

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃ ဦး ထိခို-က်ဒ-ဏ်ရာရရှိခဲ့ပြီး နေအိမ် ၈၇ လုံး ပျ-က်စီးကာ တိရစ္ဆာန် ၁၁၄ ကောင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။
‌ေ-သဆုံးမှုအချို့မှာ သစ်ပင်များ လဲကျခြင်းနှင့် အဆောက်အအုံနံရံများ ပြိုကျခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများတွင် မတ်လမှ ဇွန်လအတွင်း ပူပြင်းသည့်ရာသီကာလ၌ မုတ်သုံမိုး မစတင်မီ မုန်တိုင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ဘာရာတီယာ ဂျနတာပါတီ အုပ်ချုပ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်အစိုးရက အသက်ရှင်ကျန်ရစ်သူများအား အရေးပေါ်အကူအညီများ ပေးအပ်ရန်နှင့် နစ်နာသူများအား ၂၄ နာရီအတွင်း ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။

image

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန် ရည်ရွယ်သည့် သံတမန်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင်လည်း အရေးပါမှုရှိလာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

image

၁၀ လကြာ ပြန်လည်တည်ဆောက်ခဲ့သည့် ဆွာချောင်းတံတား(အပြန်လမ်း) ပြီးစီး၊ အမြန်လမ်းယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးရှိ မိုင်တိုင်အမှတ် ၁၆၅/၁ တွင် တည်ရှိသော ဆွာချောင်းတံတား(အပြန်လမ်း)ကို ၁၀ လကြာ ပြန်လည်တည်ဆောက်ပြီးနောက် ၂၀၂၆ ခုနှစ် မေ ၁၄ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားအား နေပြည်တော်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၆)ကလည်းကောင်း၊ ရန်ကုန်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၁၀)ကလည်းကောင်း တစ်ဖက်စီ တာဝန်ယူတည်ဆောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
အရှည်ပေ ၉၀၀ ရှိသည့် ဆွာချောင်းတံတား(အပြန်လမ်း)အသစ် ပြီးစီးပြီးနောက် မော်တော်ယာဉ်များကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအတွက် တန်(၆၀)အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။
ထို့ပြင် ဆွာချောင်းတံတား(အသွားလမ်း)အသစ် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားသစ်တည်ဆောက်ပြီးစီးမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က မေ ၁၄ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆွာချောင်းတံတား(အပြန်လမ်း)အား သတ်မှတ်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သည့် တံတားအထူးအဖွဲ့(၆)နှင့် တံတားအထူးအဖွဲ့(၁၀)တို့မှ တာဝန်ခံအင်ဂျင်နီယာများ၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများအား ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

image

ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားက စားသမားများ ဖွံ့ဖြိုးတိုးတက်ရေးလေ့ ကျင့်မှုဆိုင်ရာဆွေးနွေးပွဲ သို့ မြန်မာကိုယ် စားလှယ်အဖွဲ့ တက်ရောက်

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြုလုပ်မည့် မြန်မာအားကစားသမားများ ဖွံ့ဖြိုးတိုး တက်ရေး လေ့ကျင့်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနထံက သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မေလ (၁၅)ရက်နေ့မှ ဇွန်လ (၄) ရက်နေ့အထိ (၂၁) ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲသို တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃)ဦးသည် ယနေ့ မေ (၁၄)ရက်နံနက် (၁၁)နာရီ‌ဝန်းကျင်းအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ လေကြောင်းလိုင်းအမှတ် CZ 3056 ဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ် ကြောင်း အသိပေးထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ အားကစားလေ့ကျင့်ရေး နည်းစနစ်သစ်များကို လေ့လာဆွေးနွေးခွင့်ရမည်ဖြစ်ကာ မြန်မာ့အားကစားသ မားများအတွက် အကျိုးရှိမည့်ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

image