မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC) ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက် ၁၁ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးရှည် လျားကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်နိမိတ်များထိစပ်နေသည့် နိုင်ငံများမဟုတ်သော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအရ တူညီသည့်ဆက်နွယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန်ရပ်တည် ထောက်ခံလျက်ရှိမှု၊ အစိုးရအဖွဲ့အစည်းများကြားသာမက တပ်မတော်နှစ်ရပ်ကြားနှင့် ပြည်သူများကြားတွင်လည်း ဆက်ဆံရေးများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများကို ပြန်လည်စတင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အနာဂတ်အတွက် အလားအလာကောင်းများရှိ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်မည်ဆိုပါက ကြီးမားသည့်အောင်မြင်မှုများရှရိလာနိုင်မှု၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအပြန်အလှန်ခရီးစဉ်များဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS တို့ကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ACMECS အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုကာလအတွင်း "လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့"ဆိုသော ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကိုလက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကအဖြစ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံတော်သမ္မတ၏ ကူညီဆောင်ရွက်မှုပေးမှုများကိုကျေးဇူးတင်ကာ ယနေ့ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်သည်ဟု ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတော်သမ္မတကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျခေတ်မီတိုးတက်လာမှုများကိုတွေ့မြင်ရ၍ဂုဏ်ယူကာ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊ မိတ်ဆွေကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်ခဲ့ခြင်းကို အထူးကျေးဇူးတင်သည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ပထမပိုင်းနှင့် တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကိုလေ့လာသူအဖြစ်စေလွှတ်ပေး၍ အသိအမှတ်ပြုဝမ်းမြောက်ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက်ထောက်ခံပေး၍ ကျေးဇူးတင်ရှိသည်ဟု ပြောသည်။
ထို့အတူ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ချိန်တွင် ကမ္ဘောဒီးယား-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်ခိုင်မာလာအောင်ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလိုသည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဆွေးနွေး

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary တို့ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်(State Visit)ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၅ နာ ရီက ကမ္ဘောဒီးယားအမျိုးလွှတ်တော် အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအသင်းဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်က ကမ္ဘောဒီးယားနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များစေလွှတ်လေ့လာခဲ့မှု၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ကမ္ဘောဒီးယားလွှတ်တော်က ဝမ်းမြောက်ဂုဏ်ယူမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာအောင်အလေးထားဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်လျက်ရှိမှုကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်မြှင့်တင် ဆောင်ရွက်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည်ရှည်လျားသည့် ရာဇဝင်သမိုင်းကြောင်းများနှင့် ယဉ် ကျေးမှု၊ ဓလေ့ထုံးစံများကိုးကွယ်ယုံကြည်မှု၊ လွတ် လပ်ရေးကြိုးပမ်းမှုနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကြိုးပမ်းတည်ဆောက်ခဲ့ရမှုများတွင်တူညီပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်နိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ်ပြီး သမိုင်းအစဉ်အလာ ကြီးမားကာ ခေတ်အဆက်ဆက်နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံမှုများရှိခဲ့မှု၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးနိုင်ခဲ့မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့ဆွေးနွေး

သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၄ နာရီကျော်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများပပျောက်စေရေးကြိုးပမ်းဆောင် ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် က မ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့၏ရှေ့မှောက်၌ သက် ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက မြန် မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာကအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်နှင့် ပြန် ကြားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနာလည်မှုစာချွန်လွှာတို့ကိုလက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

image

ပိုလန်ကိုတင်ပို့တဲ့ မြန်မာဆန်ဖြူတန်ချိန် ၂၅၀ မှာ ပိုးမွှားအသေနဲ့ ပိုးမွှားအကြွင်းအကျန်တွေ့လို့ စျေးကွက်အတွင်း ရောင်းချခွင့်ပိတ်ခံရ

မြန်မာကနေ ပိုလန်နိုင်ငံကိုတင်ပို့ခဲ့တဲ့ ဆန်ဖြူ တန်ချိန် ၂၅၀ မှာ ပိုးမွှားအသေတွေနဲ့ ပိုးမွှားအကြွင်းအကျန်တွေ တွေ့ရှိတဲ့အတွက် ဈေးကွက်အတွင်း ဖြန့်ချီရောင်းချခွင့်ကို ပိုလန်က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ပိုလန်နိုင်ငံ၊ ဂဒန်းစ်ခ်မြို့ (Gdansk) ကို တင်သွင်းလာတဲ့ မြန်မာ့ ဆန်ဖြူတန်ချိန် ၂၅၀ ထဲမှာ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ၊ ဖြန့်ချီရောင်းချခွင့်ပိတ်ဖို့ ပိုလန်နိုင်ငံ စိုက်ပျိုးရေးနှင့် အစားအသောက်အရည်အသွေး စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (IJHARS) ဆုံးဖြတ်ချက်ချပြီး စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေး တွေ့ရှိခဲ့တဲ့ ပိုးမွှားအမျိုးအစားနဲ့ပတ်သက်လို့ အသေးစိတ်ဖော်ပြထားတာမျိုးမရှိပေမယ့် IJHARS ရဲ့ဆုံးဖြတ်ချက်က ချက်ခြင်းအကျိုးသက်ရောက်မှုရှိလို့ အဲဒီဆန်တန်တွေဟာ ပိုလန်စျေးကွက်အတွင်း ရောင်းချနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRF မှတာဝန်ရှိသူ တယောက်က "သတင်းမှာ ပါတာ တွေ့ပါတယ်၊ အသေးစိတ် ပြန်လေ့လာရပါဦးမယ်။ ပိုးမွှား အသေတွေ့တာ နဲ့ ဆေး ဓါတ်ကြွင်းတွေ့တာ ကိုပဲ ဖော်ပြထားတာ ဖတ်မိတယ်။ ထိုင်းစပါယ်ဆန် တန် ၄၀ မှာလည်း ယခုဖြစ်စဉ်လို ဖြစ်ကြောင်း အဲ့ဒီသတင်းမှာ တွေ့ရ။ ပိုလန် မှာ သူတို့ရဲ့ဘယ်ကုမ္ပဏီက ရောင်းတာ၊ ဖြန့်တာလဲ။ အဲဒီ ဆန် တွေ ဘယ်အချိန် ထဲက ရောက်နေတာလဲ။အချိန် ဘယ်လောက် ကြာနေပြီလဲ ဆိုတဲ့ အချက်တွေ မတွေ့ရဘူး ။MRF အနေနဲ့ လိုအပ်တဲ့ စုံစမ်းလေ့လာမှု လုပ်ပြီး သတင်းပြန်ထုတ်ပေးပါမယ်။ " လို့ ပြောပါတယ်။
အရင် ဇူလိုင်လကလည်း ထိုင်းနိုင်ငံမှ ပိုလန်ကို တင်သွင်းလာတဲ့ အော်ဂဲနစ်စံပယ်ဆန် တန်ချိန် ၄၀ ကို ထုတ်ကုန်အညွှန်းစာတမ်းများ မှန်ကန်မှုမရှိဘူးဆိုပြီး IJHARS က ပိုလန်ဈေးကွက်အတွင်း ရောင်းချခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ပိုလန်နိုင်ငံဟာ မြန်မာ့ ဆန်ကို ဝယ်ယူမှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံထဲက နိုင်ငံတခုဖြစ်ပြီး ဒီ၂၀၂၆ - ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ် ငါးလအတွင်းမှာဆိုရင် ဆန်တန်ချိန် ၃၀၀၀၀ ​ကျော်ကို မြန်မာကနေ ဝယ်ယူခဲ့တာကို MRF ရဲ့အချက်အလက်အရ သိရပါတယ်။
" ဆန်ကို ဝယ်လိုအားအကောင်းဆုံးက ဖိလစ်ပိုင် ။ အဲဒီနောက်မှာ ပိုလန်က ဒုတိယအများဆုံးဖြစ်လိုက် ၊ တတိယ ဖြစ်လိုက်ရှိနေတာ။ အခု ဒီရောင်းချခွင့်ပိတ်ခံရတဲ့ တန် ၂၅၀ နဲ့ပတ်သက်လို့ MRF တောင်မသိသေးဘူး ဆိုတော့ ဘယ်လိုဖြစ်လာနိုင်မလဲ မသိနိုင်ဘူး။ ကိုယ့်ဆီကပို့လိုက်တဲ့ဆန်က ပိုးသတ်ဆေးတွေ့တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် နာမည်ပျက်တာပေါ့။ သေချာစနစ်တကျ စစ်ဆေးဖို့တွေလိုနေတဲ့သဘောပဲ ။ " လို့ ဆန်ကုန်သည် တယောက်က ပြောပါတယ်။
ဒီဘဏ္ဍာနှစ်မှာ မြန်မာ့ဆန် ၊ဆန်ကွဲ ပြည်ပကိုဆန်တင်ပို့မှုအနေနဲ့ ကုမ္ပဏီပေါင်း ၅၀ နီးပါးက ပိုလန် ၊ ဖိလစ်ပိုင် ၊ တရုတ် အပါအဝင် ပြည်ပနိုင်ငံတွေကို တန်ချိန် ၈၄၈၂၇၈ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၁ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

image

အခွန်မဆောင်ရတဲ့ မြေကွက်တွေကို ရင်းနှီးမြုပ်နှံ‌သူတွေ စိတ်ဝင်စားနေ

အိမ်ခြံမြေ အရောင်းအဝယ် အခွန်သစ်စနစ် စတင်ကျင့်သုံးပြီးနောက် ဝယ်ယူသူတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ရောင်းခွန်၊ ဝယ်ခွန် မဆောင်ရတဲ့ မြေကွက်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်မှစတင်ကာ အိမ်ခြံမြေနဲ့ တိုက်ခန်းတွေ ရောင်းဝယ်ရာမှာ ရောင်းသူရော ဝယ်သူပါ အခွန်ပေးဆောင်ထားတဲ့ အထောက်အထား ပြသနိုင်မှသာ မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းနဲ့ အမည် ပြောင်းလဲခြင်းတွေကို ဆောင်ရွက်ပေးတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဝယ်ယူသူတွေနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ ဂရမ်အမည်ပေါက် ပြောင်းလဲလို့မရတဲ့ ပါမစ်မြေ၊ စလစ်မြေနဲ့ ရွာမြေတွေအပေါ် အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။
“ပါမစ်မြေ၊ စလစ်မြေနဲ့ ရွာမြေ ဆိုတာမှာလည်း ဝယ်သူတွေက ရွာမြေတွေကို ပိုပြီး စိတ်ဝင်စားကြတာ တွေ့ရတယ်။ အထူးသဖြင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ရွာမြေတွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်။ ဈေးကလည်း တခြား မြေကွက်တွေထက်စာရင် သက်သာတယ်လေ။ အရင်းအနှီးမများဘူး။ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲ ရှိတတ်တယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
လက်ရှိမှာ တချို့သော တိုက်ခန်းတွေဟာ ပေါင်နှံထားတာ၊ အရောင်းထပ်နေတာတွေ ရှိတတ်တာကြောင့် အရှုပ်အထွေး အလွန်များတဲ့အတွက် ဝယ်သူတွေအနေနဲ့ မြေကွက်ပိုင်းဆိုင်ရာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး အားသန်လာကြတယ်လို့ သူက ပြောပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ် အခွန်သစ်စနစ်အရ ရောင်းချတဲ့ အခြေပစ္စည်း ဖြစ်တဲ့ အိမ်၊ ခြံ၊ မြေနဲ့ အဆောက်အအုံရဲ့ ကာလတန်ဖိုးကို ရာဖြတ်အဖွဲ့ လို့ ခေါ်တဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ကာ အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး ဒါဟာ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်၊ ရပ်ကွက်အလိုက် မြေရဲ့ ၁ စတုရန်းပေ တန်ဖိုးကို ရာဖြတ်အဖွဲ့က သတ်မှတ်ပေးထားပြီး အဲဒီ သတ်မှတ်တဲ့ဈေးက ရောင်းသူ မူလဝယ်ထားတဲ့ဈေးထက် များနေမယ်ဆိုပါက အမြတ်ထွက်တယ်လို့ အခွန်ဦးစီးဌာနက သတ်မှတ်ထားပါတယ်။
အဲဒီ အမြတ်ငွေကို ပွဲစားခ၊ ရွှေ့ပြောင်းခ၊ ပြင်ဆင်စရိတ်နှုတ်ပြီး ကျန်တဲ့ အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရမယ်လို့ အခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

image

မန္တလေးလေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပုံမှန်အတိုင်း ပြန်လည်စတင်

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို မနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကနေစပြီး ပုံမှန်အတိုင်း လုပ်ငန်းပြန်လည် လည်ပတ်နေပြီလို့ သိရပါတယ်။
ဒါအပြင် Air Thanlwin လေကြောင်းလိုင်းကလည်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) ကို အစားထိုး ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်တွေကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ မူလ သတ်မှတ်ထားတဲ့ ပုံမှန်အချိန်၊ ပုံမှန်ခရီးစဉ်တွေအတိုင်း ပြန်လည် ဝန်ဆောင်မှုပေးမယ်လို့ အသိပေးထားပါတယ်။
“ခရီးစဉ်တွေကို ဒီနေ့ကစပြီး ပုံမှန်အတိုင်း ပြန်ပြေးဆွဲသွားမှာပါ။ ခရီးစဉ်အချိန် အပြောင်းအလဲတွေ ရှိနိုင်တဲ့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ လက်မှတ်အရောင်း Agent တွေနဲ့ ပြန်လည်စစ်ဆေးပေးကြဖို့ လိုပါတယ်” လို့ လေဆိပ်နဲ့ နီးစပ်သူက ပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကလည်း ဒီကနေ့ကစပြီး မန္တလေးနဲ့ ဆက်စပ်ပျံသန်းလျက်ရှိတဲ့ ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး မိမိတို့ထုတ်ထားပြီး လက်မှတ်တွေကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပြီးဖြစ်လို့ ခရီးသည်တွေအနေနဲ့ ၀င်ရောက် ကြည့်ရှုနိုင်ပြီလို့ ကြေညာထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “အခုလို ပြန်ဖွင့်လိုက်တာ တကယ်ဝမ်းသာတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးကို အဆင့်ဆင့်သွားရတာ မသက်သာဘူး။ လိုင်းကားလည်း မရှိတော့ ကားကို စင်းလုံးငှားရတာ” လို့ ပြောပါတယ်။
မန္တလေးလေဆိပ် (တံတားဦး) အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ ဝန်းကျင်က အသေခံဒရုန်းတွေ ကျရောက်ခဲ့တာကြောင့် လေဆိပ်ရဲ့ ခရီးသည်တင် လေကြောင်းတချို့ ယာယီရပ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်း တိုက်ခိုက်ခံရပြီးနောက် မန္တလေးလေဆိပ်ကို ဆင်းသက်မယ့် တာချီလိတ်၊ မြစ်ကြီးနား၊ ဟုမ္မလင်း စတဲ့ ပြည်တွင်းလေယာဉ်တွေဟာ ခရီးစဉ်တွေကို နောက်ကြောင်း ပြန်ခေါက်ကာ မူလပျံတက်လာရာ လေဆိပ်တွေမှာ ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရက သတင်း ထုတ်ပြန်ထားတာမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FPV Suicide Drone ခြောက်စင်းနဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဒရုန်းယာဉ်တွေမှာပါရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စနစ်တကျ သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတချို့ ယာယီ ရပ်ဆိုင်းခဲ့ရပေမယ့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရ

တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရကြောင်း ဖမ်းဆီးခံရပြီး မြန်မာဘက် ပြန်လည် ပို့ဆောင်ခံရသူတွေဆီက သိရပါတယ်။
"အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေက မတူဘူး။ မြန်မာနိုင်ငံသားတွေက ပိုက်ဆံ မပေးနိုင်လို့ ရွှေ၊ ငွေ၊ ဖုန်း တွေသိမ်းတာ။ မှတ်ပုံတင်တွေပါ ပြန်မရဘူး" လို့ မိန်းကလေး တယောက်က ပြောပါတယ်။
ခိုးပေါက်ကနေ ဝင်သူတွေ၊ အထောက် အထားမဲ့ နေထိုင်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ စသဖြင့် အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေ မတူဘူးလို့ ဆိုပါတယ်။
"တရုတ် အစိုးရ ဝန်ထမ်းတွေ ဆိုရင်တော့ တရုတ်ငွေ သိန်းရာချီ ဒဏ်ရိုက်တယ်။ မြန်မာနိုင်ငံသား အများစုက ပိုက်ဆံတွေ မပါကြဘူးလေ။ မိသားစုလည်းမရှိကြတော့ ရှိတဲ့ဟာသိမ်းပစ်တာ" လို့ နောက်ထပ် အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
အများစုက မှတ်ပုံတင်လို အရေးကြီးတဲ့အထောက်အထားတွေကို လူပွဲစားတွေက သိမ်းယူလိုက်ပြီး ပြန်မပေးတာလို့ သူက ပြောပါတယ်။
ခိုးပေါက်ကနေ ပွဲစားနဲ့ ညဝင်ရောက်သူတွေနဲ့ တရုတ်မယား အဖြစ် ရောင်းစားဖို့ လိမ်လည် ဖျားယောင်းခံရသူတွေက လက်ရှိ မူဆယ် နယ်စပ်အထိ ပြည်တော်ပြန် အဖြစ်ပြန်လည် ပို့ဆောင်ခံရပေမယ့် မှတ်ပုံတင် မရှိတော့တာကြောင့် နေရပ် ပြန်လို့မရပဲ အခက်ကြုံကာ မူဆယ်မှာ သောင်တင် ဒုက္ခ ရောက်နေကြရတယ်လို့ ဆိုပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - စက်တင်ဘာ ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၄၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၈၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၈၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၇၅ ကျပ်
ဝယ်ဈေး - ၄၂၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၅ ကျပ်
ဝယ်ဈေး - ၃၃၅၂ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၅ ကျပ်
ဝယ်ဈေး - ၄၉၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၅ ကျပ်
ဝယ်ဈေး - ၁၂၈.၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၄၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၉၄ ကျပ်
ဝယ်ဈေး - ၂၇.၂၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၁ ကျပ်
ဝယ်ဈေး - ၄၄.၆၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၁ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၄ ကျပ်
ဝယ်ဈေး - ၅၇၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၁ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၈ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၂ ကျပ်
ဝယ်ဈေး - ၁၁၆၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image