ကားဈေးကွက်အတွင်း အခွန်ကြီးကြပ်မှုများပြုလုပ်မည့်သတင်းများကြောင့် SKD ကားအရောင်းအဝယ် အေးနေ

နိုဝင်ဘာ ၁ဝ

ကားဈေးကွက်အတွင်း အခွန်ကြီးကြပ်မှု များပြုလုပ်မည့်သတင်းများကြောင့် SKD ကား အ ရောင်းအဝယ်အေးနေကြောင်း ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မော်တော်ယာဉ် အပို ပစ္စည်းများ ရှားပါးလာပြီး ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသည့်အတွက် အပိုပစ္စည်းဈေးနှုန်းများ ပြန် လည်ကျဆင်းလာရန် မျှော်လင့်နေကြသကဲ့သို့ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီနှင့် မဲဆောက်မြို့များအထိ သွားရောက်၍ ယာဉ်ပြုပြင်သူ များလည်းရှိကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာတော့ နည်းနည်း အခွန်နဲ့ပတ်သက်ပြီးတော့ ကြီးကြပ်မယ့်သတင်းကြောင့် ဈေး ကွက်ကနည်းနည်းငြိမ်သွားတာတော့ရှိပါတယ်။ ဈေးကွက်နည်းနည်း အေးသွားတယ်ပေါ့ ။ စာကတော့ မထွက်ထားဘူး။ ဒါပေမဲ့ အခွန်ကတော့ စာထွက်စရာ သီးခြားတော့မလိုပါဘူး။ ရှင်းရှင်းပြောရရင် ဒီလူ က ဝယ်ထားတယ်။ ဒီလူက ပြန်ရောင်းတယ်ဆိုရင်တော့ ဝယ်ရင်တော့ဝယ်ခွန်ရှိမယ်။ ရောင်းရင်တော့ ရောင်းခွန်ရှိမယ်။ ဒါကတော့ ဥပဒေအရတော့ ရှိပြီးသားပေါ့။ ကြားထဲမှာ အခွန်ဌာနက မသိလိုက်ဘဲနဲ့ ဖြစ်သွားတဲ့ဟာတွေကို ကြီးကြပ်သွားမယ့်သဘောမျိုးတော့ဖြစ်လာနိုင်တာပေါ့။ တကယ်က SKDကတော့ အဓိက အေးသွားတာပေါ့။ EV ကားကတော့ အရမ်းကြီးဟော့မနေဘူး”ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မော်တော်ယာဉ်ဈေးကွက်အတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော EV နှင့် ICE မော် တော်ယာဉ်များ၏ စက်ရုံထုတ်ဈေးနှုန်းနှင့် ပြင်ပ ဈေးကွက်ဈေးနှုန်းများအကြား ကွာဟမှုများ ဖြစ်ပေါ် နေသည်ကို သတင်းများအရ စိစစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့ သည့် (အောက်တိုဘာ ၃၀ရက်)က အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်အတွင်း SKD စနစ်ဖြင့် ထုတ်လုပ်သည့် EV ၊ ICE မော်တော်ယာဉ်များ စက် ရုံထုတ်ဈေးထက် ဈေးကွက်ပေါက်ဈေး အဆမတန်မြင့်တက်နေမှုတွင် SKD ကုမ္ပဏီများ တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ ကို မော်တော်ယာဉ်အရောင်းစင်တာ မြေပြင် စစ် ဆေးရေးအဖွဲ့များဖြင့် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“အရင်တစ်ခါကလည်း အစည်းအဝေးတွေခေါ်ပြီးတော့ သတိပေးထားတာတွေရှိတယ်။ ဒါက စာ ထပ်ထုတ်တာပေါ့။ ဒီစာကအခုမှမဟုတ်ပါဘူး။ SKD အတွက်ကတော့ အခုမှပေါ့။ EV အတွက်က တော့ အခုမှမဟုတ်ဘူး။ သတိပေးတဲ့ဟာတွေရှိပါတယ်။ တကယ့်တကယ်လည်း ဆီကားနဲ့ EV ကားနဲ့ပဲပျံ့တာ။ EV နဲ့ပတ်သက်တဲ့စာကလည်း တစ်ရက်တည်းတစ်ချိန်တည်းထွက်ထားတဲ့စာရှိပါတယ်။ အရမ်း Hot နေတဲ့ ဝယ်ရောင်းလုပ်ပြီးတော့ ကား ဈေးနှုန်းကြီးမြင့်တာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ဆိုတာ အရင်တုန်းက အစည်းအဝေးနဲ့ခေါ်ပြောတာ ရှိတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကုမ္ပဏီများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် မော် တော်ယာဉ်များကို ထိုက်သင့်သည့်ဈေးနှုန်းဖြင့် Customer များ လက်ဝယ်သို့ရောက်ရှိရေး စီမံဆောင် ရွက်ရန်နှင့် မသမာမှုတွင် ပါဝင်ပတ်သက်ကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ် နည်းများဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ် ငန်းများတင်သွင်း၊ တင်ပို့မှု မြှင့်တင်ရေးလုပ်ငန်းကော် မတီကလည်း EV များ ပြန်လည်ရောင်းရာတွင် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

Credit - NP News

#သတင်းဟင်းလေးအိုးကြီး

image

တပ်မတော်စစ်ကြောင်းများက NUG ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA ပူးပေါင်းအဖွဲ့များ၏ အခြေပြုစခန်းများအား တိုက်ခိုက် ချေမှုန်းနိုင်ခဲ့

နိုဝင်ဘာ ၁၀

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း ခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များ၏ အခြေပြုနေထိုင်ရာ စခန်းများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရှိရသည်။

KNU၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF များအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း အခြေပြုနေထိုင်၍ တရားဥပဒေမဲ့ မသမာသောနည်းလမ်းမျိုးစုံမှ ရရှိလာသောအကျိုးအမြတ်များဖြင့် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရာတွင်အသုံးပြုသော လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများကိုပြုလုပ်ပြီး လက်နက်အားကိုးဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက် နေထိုင်လျက်ရှိကြကြောင်းသိရသည်။

အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသများ၌ ယာယီစိုးမိုးအခြေပြု စဉ်ကာလအတွင်း ဒေသခံပြည်သူများ၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသောကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား “ဒလန်” ခေါင်းစဉ် တပ်စွပ်စွဲပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

ထို့ပြင် ၎င်းဒေသအတွင်းရှိ ဒေသခံပြည်သူလူထု၏ ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် ကုန်တင်ကားများနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည် သူများအားအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများများစွာ ထိခိုက်နစ်နာခဲ့ရသည်။

NUG၊ CRPH တို့အနေဖြင့် KNU၊ KNLA အဖွဲ့များနှင့် ပူးပေါင်းကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုကို ကွပ်ကဲလျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ တိကျသောသတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ဖြင့် တိုက်ခိုက်ချေမှုန်းရန် သိမ်ဇရပ်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၃ ရက်မှစ၍ စစ်ကြောင်းများခွဲကာ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၁ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော်ထီးထကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်း ၁ ခုအား လည်းကောင်း၊ နိုဝင်ဘာ လ ၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ထီးထ ကျေးရွာအနီး KNU၊ KNLA တပ်မဟာ(၁)၊ ရင်း(၃) ဌာနချုပ်အပါအဝင် အကြမ်းဖက်သောင်း ကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၄ ခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်ခြင်းမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနား ညမအား ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်၌ NUG၊ CRPH အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင်စခန်း ၅ ခု အားထပ်မံ၍ အသီးသီး တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA အဖွဲ့များ၏ အကြမ်းဖက်စခန်းနေရာ ၁၁ နေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ (4×4) ကား ၂ စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်း များ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထိခိုက်ဆုံးရှုံး မှုများစွာဖြင့် ဦးတည်ရာမဲ့ ဖရိုဖရဲဆုတ်ခွာထွက်ပြေး သွားကြောင်းသိရှိရသည်။

Credit - MT News

image
image
image
image
image

ပြည်တွင်း၌ ဆိုလာဝယ်လိုအား မြင့်တက်နေသော်လည်း ပစ္စည်းအလုံအလောက် ဖြည့်ဆည်းနိုင်ခြင်း မရှိဟု ဆို

နိုဝင်ဘာ ၁ဝ

ပြည်တွင်း၌ ဆိုလာဝယ်လိုအား မြင့်တက်နေသော်လည်း ပစ္စည်းအလုံအလောက် ဖြည့်ဆည်းနိုင် ခြင်းမရှိကြောင်း ဆိုလာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆိုလာ ဝယ်လိုအား များနေပြီး ဆိုလာလုပ်ငန်းရှင်များက သွင်းကုန်လိုင်စင်များ မရရှိသေးသည့်အတွက် ဆိုလာ ရောင်းချရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“ဆိုလာတွေကတော့ အမှန်အတိုင်းပြောရင် အစ်ကိုတို့ ကုမ္ပဏီကတော့ သွင်းကုန်က လျှောက် လည်း မကျဘူးဖြစ်နေတာပဲ။ အခုကပြည်တွင်းမှာ Demand ကရှိနေပြီး သွင်းလို့ကမရဘူးဖြစ်နေတာ ပေါ့။ အခုကျွန်တော်တို့တောင် ဘာမှလုပ်လို့မရဘူးဖြစ်နေတာပေါ့။ ဒီဘက်က အဝယ်တွေက အများကြီး ရှိနေတာပေါ့။ အခုဆိုရင် တရုတ်ဘက်က သူတို့ပစ္စည်းကိုရောင်းစေချင်တယ်။ ဒါပေမဲ့ လိုင်စင်က မရ သေးဘူးဆိုတော့ ဘာမှလုပ်လို့မရဘူးဖြစ်နေတာ။ တခြားကုမ္ပဏီတွေလည်း အဲဒီအတိုင်းဖြစ်နေတာပေါ့။ သူများတွေ ပါမစ်ရတာတွေ ရောင်းတဲ့ဟာကိုလိုက် ဝယ် အဲဒီလိုလေးတွေ စုံစမ်းနေရတာပေါ့”ဟု ၎င်းက ပြောသည်။

ထိုသို့ ဆိုလာများတင်သွင်းရန် အခက် အခဲရှိနေသဖြင့် လက်ရှိတွင် ယခင်ကတင်သွင်းထား သည့်ပစ္စည်းအနည်းငယ်ဖြင့်သာ လည်ပတ်နေရ ကြောင်း သိရသည်။ “အခုလက်ရှိကတော့ ကျွန်တော် တို့ကုမ္ပဏီအနေနဲ့တော့ ရပ်ထားရတာပေါ့။ အရင်က သွင်းထားတဲ့ လက်ကျန်လေးတွေနဲ့ပဲ လုပ်ပေးနေရ တာပေါ့။ ကျန်တဲ့ အသစ်ဟာတွေကတော့ လုပ်ပေးလို့မရဘူး ဖြစ်နေတာ။ ပရောဂျက်ကိုတောင် လက် မခံရဲဘူးဖြစ်နေတာ။ ကျွန်တော်တို့လက်ခံပြီးမှ လိုင်စင်ကမကျရင် ကျွန်တော်တို့က ကြားထဲကနေ ပြန် လျော်ရတာတွေ ကုမ္ပဏီပုံရိပ်ကျတာတွေရှိမှာပေါ့။ တခြားဖြစ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိမှာပေါ့”ဟု ၎င်း ကပြောသည်။
ထို့ပြင် လိုင်စင်မရရှိသည့် ဆိုလာလုပ်ငန်း ရှင်အချို့မှာ ပစ္စည်းပြတ်နေသည့်အတွက် ပွဲစားများမှ တစ်ဆင့် ဈေးကြီးပေးဝယ်၍ လုပ်ဆောင်နေရကြောင်း ၎င်းကဆိုသည်။

“တချို့လိုင်စင်ကျတော့ ကျနေ တာပဲ။ ဒါပေမဲ့ တကယ်လုပ်တဲ့သူတွေ မဟုတ်ဘူးဖြစ်နေတာ သိလား။ ကျွန်တော်တို့ တကယ်လုပ်ချင် တဲ့သူတွေက လိုင်စင်မကျတော့ ပွဲစားတွေကနေတစ်ဆင့် ပြန် ဝယ်ရတာတွေရှိပြီး ဈေးကခေါင်ခိုက်နေ တာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆိုလာလိုအပ်ချက်မှာ မြင့်တက်နေသော်လည်း ရောင်းလိုအား၌ ဖြည့်ဆည်းနိုင်ခြင်း မရှိသည့်အတွက် ဆိုလာလုပ်ငန်းရှင်အချို့မှာ ဝယ်ယူသူများအား လက်လွတ်ခံရသည့် အခြေအနေများရှိ ကြောင်း သိရသည်။

“အခုပြည်တွင်းမှာ ဆိုလာလုံလောက်မှု မရဘူးဖြစ်နေတာ။ ဆိုလာလုပ်ချင်တဲ့သူက အများကြီး ပဲ။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဆိုရင် အခု ကွန်တိန်နာ (၅)လုံးလောက်လိုချင်တာ။ ဖြန့်ရမှာတွေရှိတာ ပေါ့ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့။ ဒါပေမဲ့ တစ်လုံးမှကို သွင်းလို့မရလို့တိုင်ပတ်နေတာ။ ကျွန်တော်တို့ ဒီမှာ ဝယ်လိုအားတွေက ကွန်တိန်နာ(၅)လုံး၊(၆)လုံးလောက်ရှိတယ်။ အနည်းဆုံးပေါ့။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တစ်လုံးသွင်းဖို့ကိုတောင် တိုင်ပတ်နေတာပေါ့။ လိုင်စင်မရတော့ လိုင်စင်ရှိတဲ့နေရာတွေ သွားဝယ်မယ်ဆိုလည်း ဈေးက(၂)ဆလလောက်ဖြစ်နေတာ။ အခုဆိုရင် မီးပျက်တာတွေကြောင့်လား မသိဘူး။ ဝယ်လိုအားပိုပြီးတက်လာတယ်။ တက်လာတော့ကျွန်တော်တို့က လုံးဝ Supply အားကို မလုပ် နိုင်ဘူး။ တချို့ ပရောဂျက်တွေဆို လာတာရှိတယ်။ ကျွန်တော်တို့မှာ ဒီလိုအခက်အခဲတွေရှိလို့ လက်မခံ ရဲဘဲ လက်လွတ်ခံနေရတာပေါ့။ Import လိုင်စင်က လုံးဝမရှိဘူး”ဟု ၎င်းကပြောသည်။

Credit - NP News

image

image

ဒီလိုအခွင့်အရေးမျိုး ရှားပါတယ်။
၃၃ နှစ်အောက် ထက် / လယ် အောင်များနဲ့
၃၈ နှစ်အောက် မူလတန်းအောင်များအတွက်

ပြန်လည်ထူထောင်ရေးဦးစီးဌာနက
လစ်လပ်ရာထူး ၆၀ နေရာ အလုပ်ခေါ်စာ

#givjob

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - နိုဝင်ဘာ ၁၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၁၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၇၆၀ ကျပ်
ဝယ်ဈေး - ၄၆၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၇၂၀ ကျပ်
ဝယ်ဈေး - ၃၆၂၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၄၂.၈၆ ကျပ်
ဝယ်ဈေး - ၁၃၈.၈၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၇၇ ကျပ်
ဝယ်ဈေး - ၁၁၄၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၇၁၆ ကျပ်
ဝယ်ဈေး - ၆၉၆ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၂ ကျပ်
ဝယ်ဈေး - ၂၉.၃၆ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၀.၈၄ ကျပ်
ဝယ်ဈေး - ၄၉.၄၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၅၅ ကျပ်
ဝယ်ဈေး - ၃.၄၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၆၄၁၁ ကျပ်
ဝယ်ဈေး - ၆၂၅၇ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၃၀၅ ကျပ်
ဝယ်ဈေး - ၃၂၁၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၆၀၉ ကျပ်
ဝယ်ဈေး - ၅၉၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၃၀၀ ကျပ်
ဝယ်ဈေး - ၁၂၆၄ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

လီဗာပူးနှင့် စာချုပ်သစ်ချုပ်ဆိုလိုကြောင်း အလစ်ဆင်ဖွင့်ဟလာ

နိုဝင်ဘာ ၁၀

လီဗာပူးဂိုးသမားအလစ်ဆင်ဘက်ကာက လက်ရှိ စာချုပ်ကုန်ဆုံးမယ့် ယခုရာသီ နှောင်းပိုင်းတွင်လည်း လီဗာပူးတွင်ပင် ဆက်လက် ကစားသွားလိုကြောင်း ဖွင့်ဟလာပါတယ်။

အသက် ၃၄ နှစ်ရှိ ဘရာဇီးဂိုးသမားဟာ ၂၀၁၈ ခုနှစ်တွင် ရိုးမားမှ ပေါင် ၆၆.၈ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးအတွက် ၃၄၇ ပွဲကစားထားသူ ဖြစ်ပါတယ်။

အလစ်ဆင်က "ဟုတ်ကဲ့(ဆက်နေချင်)။ ကျွန်တော့်စိတ်ထဲမှာ ပွဲတိုင်းကစားဖို့ပဲ အာရုံစိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ ဆက်နေရမယ်ဆိုရင် ပျော်တယ်။ အခြားအခြေအနေတွေ ကွဲပြားတဲအချက်တွေ အပေါ်မှာလည်း မူတည်နေတယ်။ ဒါပေမယ့် ကျွန်တော် ဆက်နေချင်တယ်။ ဒီမှာ‌ ပျော်တယ်။ ကျွန်တော့်မိသားစုလည်း ပျော်တယ်။ ဆုဖလားတွေ ဆာလောင်နေတုန်းပါ။ ပိုပြီးတော့ ကောင်းမွန်နိုင်သေးတယ်။ ထိပ်တန်းအဆင့်မှာ တတ်နိုင်သမျှ အကြာကြီး ကစားချင်သေးတယ်။ ကျွန်တော့်ဘက်က ဒါတွေပဲ တွေးထားတယ်"လို့ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက လီဗာပူးနည်းပြအန်ဒိုနီအိုင်ရာအိုလာက ယခုရာသီမှာ အလစ်ဆင်အတွက် လီဗာပူးနောက်ဆုံးရာသီဖြစ်လာမလားဆိုတာ မသိကြောင်း၊ ဂိုးသမားအား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ဖွင့်ဟသွားပါတယ်။

စာချုပ်သစ်ချုပ်ဆိုရေး သူကိုယ်တိုင် ဆွေးနွေးနေလားလို့ မေးမြန်းလာချိန်တွင် အလစ်ဆင်က "မရှိပါဘူး။ ကျွန်တော့်အေးဂျင့် ကလပ်နဲ့ စကားပြောနေတယ်"လို့ ပြောကြားသွားပါတယ်။

image

မိုက်ကယ်ကာရစ်အား ထုတ်ပယ်မှုအတွက် နစ်နာကြေးများစွာ ပေးလာရမှာ မဟုတ်တဲ့ ယူနိုက်တက်

နိုဝင်ဘာ ၁၀

ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်အား ထုတ်ပယ်မှုအတွက် နစ်နာကြေးအမြောက်အမြားပေးလာရမှာ မဟုတ်ပါဘူး။

အသက် ၄၅ နှစ်ရှိ ယူနိုက်တက်ဂန္ထဝင်ဟာ ယခုရက်ပိုင်းအတွင်းတွင် ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရဖို့ ရှိနေပြီး နိုင်ငံတကာပွဲများအပြီးတွင် ကလပ်ကို ကိုင်တွယ်လာရဖို့ မရှိပါဘူး။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက ဗီလာနှင့် ၄ ဂိုးစီသရေကျပြီးနောက် တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။

ကာရစ်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရယူပေးထားနိုင်မှုနှင့်အတူ ထုတ်ပယ်ခံရမယ့်အခြအနေနှင့် ကြုံလာရတာပါ။

talkSPORT ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်အား ထုတ်ပယ်လာပါကလည်း နစ်နာကြေးများစွာ‌ ပေးလာရမှာ မဟုတ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်ဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စဉ်တုန်းက စာချုပ်အတွင်းတွင် ထုတ်ပယ်လာပါက ၁ နှစ်စာလုပ်ခသာ ပေးရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုထားတာပါ။

ယူနိုက်တက်စီအီးအိုအိုမာဘာရာဒါနှင့် ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်တို့ဟာ ယနေ့ အင်္ဂါနေ့တွင် ဆာဂျမ်ရက်ကလစ်ဖ်ရှိရာ မိုနာကိုသို့ သွားရောက်ပြီး မိုက်ကယ်ကာရစ် အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှု ပြလုပ်ပါမယ်။

လက်ရှိအချိန်တွင် ယူနိုက်တက်နည်းပြရာထူးအတွက် အမေရိကန်နည်းပြမူရီစီယိုပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြဟာ ဩဂုတ်လတုန်းက အမေရိကန်နှင့် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း စာချုပ်အတွင်းတွင် ထိပ်သီးကလပ်က ကမ်းလှမ်းလာပါက ကိုင်တွယ်နိုင်မယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်အနေဖြင့် ပိုချက်တီနိုအား ခန့်အပ်လာပါက နစ်နာကြေးပေးလာရမှာ မဟုတ်ပါဘူး။

image
image
image

၅ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် အကွီလာနီကို ဆက်စ်ဆူလို ထုတ်ပယ်လာ

နိုဝင်ဘာ ၁၀

ဆက်စ်ဆူလိုဟာ စီးရီးအေတွင် ၅ ပွဲဆက်တိုက် ရှုံးနိမ့်ကာ ရလဒ်ဆိုးရွားနေမှုကြောင့် နည်းပြအယ်ဘာတိုအကွီလာနီနှင့် လမ်းခွဲလာပြီ ဖြစ်ပါတယ်။

ဆက်စ်ဆူလိုဟာ စနေနေ့တုန်းက ရိုးမားအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ရာသီအစ ရလဒ်ဆိုးရွားနေမှုနှင့်အတူ အကွီလာနီနှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်တာပါ။

အကွီလာနီဟာ ရလဒ်ဆိုးရွားမှုကြောင့် အနာဂတ်မရေမရာမှုများနှင့် ကြုံလာတာ ရက်သတ္တပတ်အတန်ကြာပြီ ဖြစ်ပြီး စီးရီးအေ ၅ ပွဲဆက် ရှုံးနိမ့်ပြီးချိန်မှာတော့ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။

အကွီလာနီဟာ ဆက်စ်ဆူလိုအား ကာလတို ကိုင်တွယ်စဉ်အတွင်း ပြိုင်ပွဲရပ်ရပ်တွင် ၄ ပွဲတည်းသာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ၂ ပွဲသရေကျကာ ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။

အသက် ၄၂ နှစ်ရှိ ရိုးမား၊ လီဗာပူးနှင့် ဖီအိုရင်တီးနားအလယ်တန်းကစားသမားဟောင်းဟာ နွေရာသီတုန်းက ဖေဘီယိုဂရော့စ်ဆိုရဲ့ နေရာတွင် ၂၀၂၈ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာပါ။

သူဟာ ယခင်တုန်းက ဖီအိုရင်တီးနားလူငယ်အသင်း၊ စီးရီးဘီကလပ်များဖြစ်ကြတဲ့ ပီဆာ၊ ကာတန်ဇာရိုတို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

အကွီလာနီဟာ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက ဂျူဗင်တပ်ကို ၃-၂ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ချီးကျူးမှုများ ရရှိခဲ့ပေမယ့်လည်း ယင်းနောက်ပိုင်းမှာတော့ ၅ ပွဲဆက် အရှုံးနှင့် ရင်ဆိုင်လာရပါတယ်။

လက်ရှိအချိန်တွင် ဆက်စ်ဆူလိုနည်းပြရာထူးအတွက် ပါးမားနှင့် လက်ချီနည်းပြဟောင်းရောဘတ်တိုဒီအေဗာဆီက ရေပန်းစားနေပါတယ်။

image

FIFPRO ရဲ့အကောင်းဆုံးအသင်းတွင် Ballon d'Or ဆုရှင် ဟယ်ရီကိန်း ပါဝင်ခြင်း မရှိဘဲ လီယွန်နယ်မက်ဆီ ပါဝင်လာ

နိုဝင်ဘာ ၁၀

2026 FIFPRO Men ရဲ့ World 11 ကို ကြေညာလာရာ ဝါရင့်ကစားသမားကြီးများနှင့် လူငယ်ပါရမီရှင်များ ရောသမမွေ ပါဝင်လာပါတယ်။

ဒါပေမယ့် 2026 FIFPRO Men ရဲ့ World 11 တွင် အငြင်းပွားစရာ အကောင်းဆုံးအဖြစ် မကြာသေးမီတုန်းကမှ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု Ballon d'Or ကို ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်း ပါဝင်လာခြင်း မရှိတာ တွေ့ရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ လီယွန်နယ်မက်ဆီက 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၈ ဂိုးသွင်းကာ အာဂျင်တီးနားအား ဗိုလ်လုပွဲသို့ တက်ရောက်အောင် ကူညီပေးခဲ့ပြီးနောက် 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာတာပါ။ မက်ဆီဟာ World 11 တွင် ၁၈ ကြိမ်မြောက် ပဝင်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စပိန်ပါရမီရှင်လာမိန်းယာမဲလ်မှာလည်း 2026 FIFPRO Men ရဲ့ World 11 တွင် ပါဝင်လာပြီး အသက် ၂၀ နှစ်မပြည့်မီ World 11 တွင် ၂ ကြိမ်တိုင်တိုင် ပါဝင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။

World 11 တွင် ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှ လာမိန်းယာမဲလ်အပြင် ဒေးဗစ်ရာယာ၊ ပူကူဘာဆီ၊ ရိုဒရီဟာနန်ဒက်ဇ်တို့လည်း ပါဝင်ပါတယ်။

တိုက်စစ်သမား ၄ ဦးနေရာတွင် Ballon d'Or ဆုရှင် ဟယ်ရီကိန်း ပါဝင်ခြင်း မရှိဘဲ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် အာလင်းဟာလန်း၊ ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်ကိုင်လီယန်ဘက်ပေးတို့က လာမိန်းယာမဲလ်၊ မက်ဆီတို့နှင့်အတူ ရွေးချယ်ခံလာရပါတယ်။

အလယ်တန်းတွင် ဂျူ့ဘယ်လင်ဂမ်၊ ရိုဒရီနှင့် ဗီတင်ညာတို့ ရွေးချယ်ခံရပြီး ခံစစ်တွင် မန်ဒက်စ်၊ ကူဘာဆီနှင့် ဟာကီမီတို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

FIFPRO ဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ပရော်ဖက်ရှင်နယ်ကစားသမား ၂၆၀၀၀ ကျော်တို့ရဲ့ မဲဖြင့် World 11 ကို ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။

image