Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျိုက်မရောမြို့နယ်မှရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများပေး
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် နေ ထိုင်နေကြသည့် ရေဘေးသင့်သူများကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးသက်ထွေးနှင့် တာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းတွင် ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်း၌တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား)ထောက်ပံ့ငွေ (၁၃)သိန်းကျပ်ကို ယာယီကယ်ဆယ်ရေးစခန်းတာဝန်ရှိသူထံပေးအပ်ပြီး ရေဘေးသင့်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းမလိုက်နာသည့် ကုန်တင်ကားကိုအမှုဖွင့်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွားလာသူများ၊ ယာဥ်မောင်းများလိုက်နာရမည့် သတ်မှတ်စည်းကမ်းများကို အသိပေးထုတ်ပြန်ထားပြီးဖြစ် ကြောင်း သိရသည်။
ယင်း ထုတ်ပြန်ထားမှုရှိသော်လည်း ကုန်တင်ကားတစ်စီးသည် စက်တင် ဘာ ၁ ရက်ည ၈ နာရီကျော်ခန့်တွင် အမြန်လမ်းမကြီး၏ မန္တလေးမှ နေပြည်တော်အပြန်လမ်းဘက် မိုင်တိုင်အမှတ် ၂၂၂/၇ နှင့် ၂၂၃/၀ ကြား ညာဘက်ယာဥ်ကြော ရပ်တန့်ခွင့်မရှိသောနေရာ၌ အချိန်ကြာမြင့်စွာရပ်တန့်ထားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ရပ်တန့်ထားခြင်းမှာ အမြန်လမ်းမကြီး၏ သတ်မှတ်စည်းကမ်းချက်များအားလိုက်နာခြင်းမရှိပဲ ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမြန်လမ်းမကြီးကိုအသုံးပြုသွားလာနေကြသော ယာဉ်မောင်းများအနေဖြင့် အကြောင်းကိစ္စတစ်စုံတစ်ရာရှိပါက လမ်းဘေးမြေသားလမ်းပေါ်သို့မဖြစ်မနေပြောင်းရွှေ့ရပ်တန့်ရန်နှင့် အမြန်လမ်းမကြီးတစ်လျှောက် ယာဥ်ရပ်နားစခန်းဧရိယာမှလွဲ၍ အခြားနေရာများတွင်ယာဥ်ကြောလမ်းပေါ်၌ အချိန်ကြာမြင့်စွာရပ်နားပါက အမြန်လမ်းမကြီးများဥပဒေအရအရေးယူခံရမည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတိပေးခဲ့ကြောင်း သိရသည်။
အီရန်က မင်္ဂလာဆောင်ပွဲကို အမေရိကန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၆၈ ယောက်အထိ မြင့်တက်လာ
အီရန်နိုင်ငံ ဆီးရစ်ခ် (Sirik) မြို့မှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲနေရာကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၈ ယောက် ဒဏ်ရာရပြီး ၅ ယောက် သေဆုံးသွားခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Fars သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
ဒဏ်ရာရသွားသူတွေထဲမှာ ကလေးအများအပြား ပါဝင်နေပြီး၊ ဒဏ်ရာရသူတွေကိုတော့ ဆီးရစ်ခ်နဲ့ မီနဘ် (Minab) မြို့တွေမှာရှိတဲ့ ဆေးရုံတွေကို တင်ပို့ထားပါတယ်။
ဒါမတိုင်ခင်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Press TV ရဲ့ ဖော်ပြချက်အရ ပေါက်ကွဲမှုတွေဟာ အီရန်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်း၊ ကက်ရှ်မ် (Qeshm) ကျွန်းနဲ့ တခြားမြို့အတော်များများမှာ ဖြစ်ပွားခဲ့တာပါ။
မလေးရှားနိုင်ငံတွင်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁,၄၇၆)ဦးကို စက်တင်ဘာနောက်ဆုံးပတ်၌ ပြန်လည်ခေါ်ဆောင်ပေးမည်
မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ထိန်းသိမ်းခံရကာ မြန်မာနိုင် ငံပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁,၄၇၆)ဦးကို နိုင်ငံတော်အစိုးရက စက်တင်ဘာနောက် ဆုံးပတ်တွင် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂ ရက်တွင် အသိပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားစိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဩဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်တို့က မြန်မာ့တပ်မတော်ရေယာဉ်များဖြင့်သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရက မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း မလေးရှားနိုင်ငံဘက်မှ ယင်းနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန်အဆင်မပြေ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့၌ပြန် လည်စီစဉ်ရန်အဆိုပြုခဲ့သဖြင့် မြန်မာအစိုးရက ခရီးစဉ်အားပြန်လည်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခု ပြန်လည်ခေါ်ဆောင်ပေးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း မလေးရှားနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံပြန်ရန်အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား(၁,၀၈၆)ဦးကို မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ရေကြည်မြို့နယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ဒေသခံများပူးပေါင်း၍ အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများအတွင်း၌ တင်ကျန်နေသော အမှိုက်သရိုက်များ၊ ရွှံ့နွံများကိုဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းနေမှုကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက စက်တင်ဘာ ၂ ရက်တွင်ကြည့်ရှုအားပေးပြီး ရေဘေးသင့်သူများအား တိုင်းအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်(၂၄)ပြည်အိတ်(၁,၄၈၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလတွင်ပူတင်၊ ရှီ၊ ထရမ့်ပ်သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ဖွယ်ရှိ- ခရမ္မလင်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပနိုင်ကြောင်း ခရမ္မလင်၏ လက်ထောက် ယူရီ အူရှာကော့ဗ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ထိုကဲ့သို့သော အစည်းအဝေးဖြစ်နိုင်ခြေနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံဌာနက မေးမြန်းခဲ့ရာတွင် “ဟုတ်ပါတယ်၊ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ” ဟု အူရှာကော့ဗ်က ပြောကြားခဲ့သည်။
ခေါင်းဆောင်သုံးဦးစလုံး ထိပ်သီးအစည်းအဝေးကို တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပြီး “ပြောခဲ့တဲ့အတိုင်း ဖြစ်လာရင်တော့ သူတို့သုံးဦး အစည်းအဝေး ကျင်းပနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပူတင်နှင့် ရှီတို့ တက်ရောက်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစည်းအဝေးကျင်းပရာ ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်မှနေ၍ အူရှာကော့ဗ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှား၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အဖွဲ့ဝင် ၂၁ နိုင်ငံပါ အေပက်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် နိုဝင်ဘာလ ၁၈ ရက် နေ့မှ ၁၉ ရက် နေ့ အထိ အေပက်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပသွားမည်ဖြစ်သည်။
သမ္မတထရမ့်ပ် အေပက်အစည်းအဝေး တက်ရောက်မှုနှင့်ပတ်သက်၍ ယခုအချိန်တွင် ကြေညာချက်များ မရှိသေးပါကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာ ကယ်လီက ပြောကြားခဲ့သည်။
အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းကို ဆိုက်ရောက်
အရှေ့အလယ်ပိုင်းတွင် ရက်ရှည်တပ်ဖြန့်ချထားမှု အပါအဝင် ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်းကန်းသည် စက်တင်ဘာလ ၂ ရက်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ လမ်ချာဘန်း သို့ ရောက်ရှိလာခဲ့သည်။
ရေတပ်သားနှင့် မရိန်းစစ်သည် ၅,၀၀၀ ခန့်လိုက်ပါလာသော လေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင်တွင် ရက်ရှည်ကြာ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့သည့် ခေတ်သစ်စံချိန်ကို ရရှိခဲ့သည်။
ပုံမှန်အားဖြင့် ရေတပ်ဖြန့်ချထားမှုများသည် ခြောက်လမှ ကိုးလအထိ ကြာမြင့်လေ့ရှိသော်လည်း ပဋိပက္ခဖြစ်နေသည့် အချိန်များတွင်မူ တိုးမြှင့်နိုင်သည်။
အခြား ရေတပ်သင်္ဘောများနှင့်အတူ ရောက်ရှိလာသော လေယာဉ်တင်သင်္ဘောသည် အရှေ့တောင်အာရှတွင် အမေရိကန်ပြည်ထောင်စု၏ တစ်ခုတည်းသော စာချုပ်ဝင်မိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံတွင် ငါးရက်ကြာ အနားယူ အပန်းဖြေရန် ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း ထိုင်းအရာရှိများက ပြောကြားခဲ့သည်။
စစ်ဘက်ဝန်ထမ်းထောင်ပေါင်းများစွာ ရောက်ရှိလာခြင်းသည် လိင်ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်သည့် အနီးအနားရှိ အပန်းဖြေမြို့ ပတ္တယားတွင် စီးပွားရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များ မြင့်တက်ခဲ့သည်။
ဘတ်စ်ကား ၄၀ ခန့်သည် စစ်ဘက်ဝန်ထမ်းများကို ပတ္တယားနှင့် သင်္ဘောများဆိုက်ကပ်မည့် လမ်ချန်ဘန်းဆိပ်ကမ်းအကြား သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပတ္တယားမြို့တော်ဝန် ပေါ်ရာမက်စ် ငမ်ပီချေးစ်က ပြောကြားသည်။
ရေအားကစားအမျိုးမျိုး၊ ဂျက်စကီစီးခြင်း၊ ဘန်ဂျီခုန်ခြင်း၊ နပန်းနှင့် လက်ဝှေ့ကဲ့သို့သော နေရာအချို့နှင့် လုပ်ဆောင်ချက်အချို့ကို စစ်ဘက်ဝန်ထမ်းများ ပါဝင်ခွင့်မရှိဟု သတ်မှတ်ထားကြောင်း ၎င်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးနိုင်၍ ဝိုင်းဝန်းကာကွယ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တိုက်တွန်း
မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးစေနိုင်သည့်အတွက် ဝိုင်းဝန်းကာကွယ်သွားရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့၌ စက်တင်ဘာ ၂ ရက်က ကျင်းပခဲ့သည့် ကယားပြည်နယ် လူငယ်ရေးရာကော်မတီ၏ “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် လူငယ်များအားလုံးက ရှောင်ကြဉ်တို-က်ဖျ-က်သွားကြရန်လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် “လောင်းကစား၏ ဆိုးကျိုးများ၊ ရှောင်ရှားရမည့် နည်းလမ်းများနှင့် လူငယ်များ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပဲခူးတွင် မြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း ၁၄ ကျောင်း ခေတ္တပိတ်ထား
ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၄ ကျောင်းအတွင်း သို့ ရေဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ယနေ့ (စက်တင်ဘာ ၂ ရက်) မှစတင်ကာ အဆိုပါကျောင်းများကို ခေတ္တပိတ်ထားကြောင်း သိရသည်။
ရေဘေးသင့်ကျောင်းများတွင် ရေစတင်ဝင်ရောက်မှု အမြင့်မှာ ၁ ပေမှ ၄ ပေအထိ ရှိနေသည်။
ယင်းကျောင်းများမှာ ကျောက်ကြီးစု၊ မုန်တိုင်း၊ မြို့ဦးကင်း၊ အထက်စီးတီး၊ ရွှေလှေ၊ မဇင်း-ခ၊ လက်ပံခုန်၊ အထက်ဇိုင်းဂနိုင်းကြီး၊ ဥဿာ(၆) အမက(မူလွန်) ကျောင်းများ၊ အောက်စီးတီး၊ မဲခုန်၊ ဖောင်တော်ဦး အလက(ခွဲ) ကျောင်းများ အပါအဝင် အထက(၄) နှင့် အထက(၁၀) တို့ ပါဝင်
သည်။
အဆိုပါ ကျောင်း ၁၄ ကျောင်းတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃,၈၃၈ ဦးနှင့် ဆရာ၊ ဆရာမ ၁၄၉ ဦး ရှိကြောင်း သိရသည်။
ကျောင်းဝင်းများအတွင်း ရေများ ပြန်လည်ကျဆင်းသွားပါက ပိတ်ထားခဲ့ရသည့် စာသင်ရက်များအတွက် သင်ကြားရေး မထိခိုက်စေရန် တနင်္ဂနွေနေ့များတွင် အစားထိုး ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။