ယခုနှစ်အကုန်တွင် ကစားသမားဘဝမှ အနားယူနိုင်ကြောင်း နေမာဖွင့်ဟလာ

ဖေဖော်ဝါရီ ၂၁

နေမာက ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရပြီးနောက် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကစားသမားဘဝမှ အနားယူလာနိုင်ကြောင်း ဖွင့်ဟလာပါတယ်။

သူဟာ နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးနှင့်အတူ ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေပေမယ့်လည်း ဒဏ်ရာပြဿနာများကြောင့် လွဲချော်ရနိုင်တဲ့ အခြေအနေမျိုး ကြုံနေရပါတယ်။

ယခုအခါ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် တစ်နှစ်ကျော်ကြာ အနားယူလာခဲ့ရသလို ဆန်းတို့စ်သို့ ပြန်ရောက်လာချိန်တွင်လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပါတယ်။

သူဟာ ဆန်းတို့စ်နှင့် တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုထားမှုနှင့်အတူ ယခုနှစ်အကုန်အထိ ဘောလုံးဆက်ကစားလာပါဦးမယ်။

လက်ရှိအချိန်တွင် ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာက "အနာဂတ် ဘာဖြစ်လာမလဲ မသိသေးပါဘူး။ ဒီဇင်ဘာကျရင် အနားယူလာတာမျိုးလည်း ဖြစ်လာနိုင်တယ်။ တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းနေတယ်။ ဒီနှစ်က အရေးပါတယ်။ ဆန်းတို့စ်အတွက်သာမက လက်ရွေးစင်အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ အရေးပါတယ်"လို့ ပြောကြားသွားပါတယ်။

နေမာဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝအောင် အဓိက လုပ်ရန် ရည်ရွယ်ထားပြီး ဆန်းတို့စ်နှင့်အတူ အကောင်းဆုံး ကစားနိုင်ပါက အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်းတွင် ပါဝင်လာမယ်လို့ ယုံကြည်နေပါတယ်။

နေမာဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားကာ ၇၉ ဂိုးသွင်းထားပြီး ဘရာဇီးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်နေပါတယ်။

သူဟာ ဘရာဇီးအတွက် ၂၀၀၂ ခုနှစ်တွင် စတင်ကစားခွင့်ရပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဥရုဂွေးနှင့်ပွဲတွင် ဒူးဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် ကစားခွင့် မရလာခဲ့ပါဘူး။

image