လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်များအား ဗိုလ်ချုပ်ကြီးရဲဝင်းဦး တွေ့ဆုံမှာကြား၊ ဗီယင်ကျန်းရှိ အထင်ကရဘုရားကျောင်းများ သွားရောက်ဖူးမြော်

နိုဝင်ဘာ ၅

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့ သွားရောက်ပြီး စစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်သံမှူး၊ စစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

အမှာစကားပြောကြားရာတွင် မြန်မာနှင့်လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့်အပြင် အာဆီယံအဖွဲ့သို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့ကြသည့် နိုင်ငံများဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများလည်း တူညီမှုများရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စစ်သံရုံးသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တာဝန်ထမ်းဆောင်သူများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိစွာ တာဝန်ကျေပွန်ရန်၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန် မှာကြားခဲ့သည်။

ပညာတော်သင်သင်တန်းသားများအနေဖြင့်လည်း တပ်မတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် သင်ယူနေသည့် ဘာသာစကားနှင့် ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ ကြိုးစားသင်ယူရန်၊ ရရှိလာသည့် အသိပညာနှင့် အတတ်ပညာများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ပြန်လည်အသုံးချနိုင်ရန် တိုက်တွန်းခဲ့သည်။

အလားတူ လာအိုနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာရန်၊ နိုင်ငံနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် စည်းကမ်းရှိသော နေထိုင်မှုပုံစံဖြင့် နေထိုင်ကြရန်လည်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အထင်ကရသာသနာရေးနှင့် သမိုင်းဝင်နေရာများဖြစ်သည့် That Luang ဘုရားကျောင်းနှင့် Wat Si Saket ဘုရားကျောင်းတို့သို့ သွားရောက်ဖူးမြော်လေ့လာခဲ့ကြသည်။

That Luang ဘုရားကျောင်းတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ၏ ဗိသုကာအနုပညာလက်ရာများနှင့် လာအိုဘုရင်ဟောင်းများ၏ ရုပ်တုများကို လေ့လာကြည့်ရှုခဲ့ပြီး ဘုရားကျောင်းပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ Wat Si Saket ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ခဲ့ပြီး လာအိုဗုဒ္ဓဘာသာအသင်းဗဟိုဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Masenai အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းပိဋကတ်တိုက်တွင် ပေစာနှင့် ကျမ်းစာများ ထိန်းသိမ်းထားရှိမှု၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာများနှင့် သမိုင်းဝင်အမွေအနှစ်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

image
image
image

image

image
1 w - Translate

Ready to enter the booming online food delivery market? Launch your own food delivery business with Trioangle’s Deliveroo Clone Script.

Get a feature-rich, customizable platform that connects customers, restaurants, and delivery partners seamlessly. Start your food delivery business with a ready-made solution designed for faster market entry.

🚀 Special Offer: 50% OFF + Free Live Demo!
- Ready-made food delivery solution
- Customer, restaurant & delivery partner apps
- Real-time order tracking
- Secure payment integration
- Flexible commission management
- Customizable and scalable platform
Build Your Own Food Delivery Business Today!

🌐 https://www.trioangle.com/deliveroo-clone/
📧 sales@trioangle.com
📱 WhatsApp: +91 6379630152

image

နေပြည်တော်၌ နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ခရစ်ယာန်ဘာသာဝင် ၇၀၀ ခန့် စုပေါင်းဆုတောင်း

နိုဝင်ဘာ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် ခရစ်ယာန်ဘာသာဝင်များနှင့် တိုင်းရင်းသားလူငယ် ၇၀၀ ခန့် ပါဝင်သည့် အထူးဆုတောင်းပွဲကို နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအထူးဆုတောင်းပွဲ (၂၀၂၆) ကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်အဖွဲ့ချုပ်ကြီးများမှ ဆရာတော်များ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာဝင်များနှင့် တိုင်းရင်းသားလူငယ်များ တက်ရောက်ခဲ့ကြပြီး ဓမ္မသီချင်းများ စုပေါင်းသီဆိုခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို၊ အောက်မြန်မာပြည် မက်သဒစ်အသင်းတော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာဦးမြတ်ဆန်းနှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ သိက္ခာတော်ရဆရာတော် ဒေါက်တာဦးအေးမင်းက အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် အထူးဆုတောင်းမေတ္တာပို့သခဲ့ပြီး ကာဒီနယ်ချားလ်စ်ဘိုက ကောင်းချီးပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

image

ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဟု အမေရိကန်သမ္မတ ပြော

နိုဝင်ဘာလ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်အတွင်း ၎င်း၏ ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်သွားနိုင်ကြောင်း ရွေးကောက်ပွဲရလဒ်အချက်အလက်များက ပြသနေသည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို လက်ခံသွားမည်ဖြစ်ကြောင် ပြောကြားခဲ့သည်။

သမ္မတထရမ့်က "ကျွန်တော် အဲဒီရလဒ်တွေကို လုံးဝ လက်ခံသွားမှာပါ" ဟု ၎င်းက The New York Times သတင်းစာသို့ပြောကြားခဲ့သည်။ "ဒီမိုကရက်တွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို သူတို့နဲ့အတူ အလုပ်လုပ်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ တစ်ခုခုတော့ အဆင်ပြေအောင် လုပ်ဆောင်နိုင်မှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတထရမ့်၏ မှတ်ချက်စကားများသည်ရွေးကောက်ပွဲ၏ တရားမျှတမှုအပေါ် သံသယဝင်စေရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့မှုများ နှင့် ၎င်းအနေဖြင့် ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်လိမ့်မည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတထရမ့်က "ဒီမိုကရက်တွေ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လည်း လုပ်နိုင်ခဲ့ကြတာပါ။ သူတို့အကောင်းဆုံးကြိုးစားတိုက်ပွဲဝင်ခဲ့ကြတယ်" ဟု ပြောသည်။

ဒီမိုကရက်များအနေဖြင့် အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ရန် ပြင်ဆင်နေကြပြီး ၎င်း၏ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်များကို စိန်ခေါ်လာကြမည်ဖြစ်ရာ ရီပတ်ဘလီကန်များ ရှုံးနိမ့်ရခြင်းတွင် အီရန်နိုင်ငံနှင့် ဖြစ်ပွားသော စစ်ပွဲကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြောင်း သမ္မတထရမ့်က ဝန်ခံပြောကြားခဲ့သည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်း၏ ကိုင်တွယ်ဆောင်ရွက်မှုကို ထောက်ခံခဲ့ကြသော်လည်း အီရန်စစ်ပွဲသည် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းများအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း သမ္မတထရမ့်ကဆိုသည်။

၄င်းက"အဲဒါရဲ့တစ်စိတ်တစ်ပိုင်းက အီရန်ကြောင့် ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ တစ်ချိန်မှာပဲ အီရန်နဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အရေးပါမှုကို လူတွေ နားလည်သဘောပေါက်ခဲ့ကြပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။

Credit - NP News

image

အပြန်အလှန်ကူညီမှု- ဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးအကူအညီ

၁။ မြန်မာနိုင်ငံတွင် ငလျင်ကယ်ဆယ်ရေး- မြန်မာနိုင်ငံသည် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့စဉ်က တရုတ်နိုင်ငံသည် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ပထမဆုံးစေလွှတ်ခဲ့သော နိုင်ငံဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ခြင်း၊ ယာယီခိုလှုံရာများ ဆောက်လုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ခြင်းနှင့် ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးကို ပံ့ပိုးရန်အတွက် မြန်မာနိုင်ငံသို့ ရုပ်ဝတ္ထုအကူအညီများ ပေးအပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံသားများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

၂။ COVID-19 ကပ်ရောဂါကာလအတွင်း အပြန်အလှန်ကူညီမှု- ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ အမြောက်အမြား လှူဒါန်းခဲ့ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့များကို စေလွှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပြီး အခက်အခဲများကြားတွင် စည်းလုံးညီညွတ်မှုကို ပြသခဲ့သည်။

၃။ "Operation Bright Eyes" နှင့် မွေးရာပါနှလုံးရောဂါအကူအညီ- တရုတ်ဆေးအဖွဲ့များသည် "Operation Bright Eyes" မျက်စိတိမ်ခွဲစိတ်ကုသမှုအစီအစဉ်ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများအား အခမဲ့မျက်စိတိမ်ခွဲစိတ်ကုသမှုများ ပေးအပ်ခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါရှိသော ဆင်းရဲနွမ်းပါးသော ကလေးများကို တရုတ်နိုင်ငံသို့ လာရောက်ကုသရန် ကူညီပေးခဲ့ပြီး ၎င်းသည် ပြည်သူများ၏ နှလုံးသားနှင့်စိတ်ကို ဆွဲဆောင်သည့် စီမံကိန်းတစ်ခုဖြစ်သည်။

1 w - Translate

ရွှေလီမှာ နေ့တိုင်း နေ့စဉ်နဲ့အမျှ


မနက် ၅ နာရီ ခွေးနှောင့်နှောင့်နဲ့ နိုးလာတိုင်း ပထမဆုံး လုပ်တာက ဖုန်းကို ကိုင်ပြီး Didi အက်ပလီကေးရှင်းဖွင့်တာ။ တရုတ်မှာ ဘတ်စ်ကားနဲ့ ဆိုရင် တစ်နာရီခွဲလောက် ကြာတယ်။ ဒါပေမဲ့ Didi ကားခေါ်ရင် ၂၅ မိနစ်အတွင်း ရောက်တယ်။ ယွမ် ၁၅-၁၈ လောက်ပဲ ကုန်တယ်။ WeChat Pay နဲ့ တစ်ခါထဲ ပေးလိုက်ရင် ပိုက်ဆံအိတ်ထုတ်စရာတောင် မလိုတော့ဘူး။ ဒီလို အဆင်ပြေတာကို မြန်မာပြည်မှာ တစ်ခါမှ မတွေ့ဖူးဘူး။

ဆိုက်ရောက်တာနဲ့ တရုတ်လုပ်ဖေါ်လုပ်ဖက်တွေက “ဟဲ့ မောရှိ (မြန်မာ ဆိုလိုတာ)” ဆိုပြီး လက်ဟန်နဲ့ နှုတ်ဆက်တယ်။ သူတို့အသံထွက်က ရယ်စရာကောင်းပေမယ့် နှလုံးသားက နွေးတယ်။ မနက်စာ အတူတူစားကြတယ်။ သူတို့က ပန်းမုန့်၊ ဒိုးရှောက်ရည် ယူလာတယ်။ ကျွန်တော်ကတော့ မြန်မာ့ဆန်ပြုတ်အိတ်လေး ယူလာတယ်။ တစ်ခါတလေ သူတို့ မြန်မာ့ဆန်ပြုတ်ကို စားကြည့်ပြီး “ဟန်းဟန်း (အရမ်းစပ်တယ်)” ဆိုပြီး မျက်ရည်ကျတယ်။ ကျွန်တော်က သူတို့ရဲ့ ဒိုးရှောက်ရည်ကို သောက်ကြည့်တော့ ပူလိုက်တာ လျှာတောင် မီးလောင်သလိုပဲ။ ဒါပေမဲ့ ရယ်ပြီး အဆင်ပြေသွားတယ်။

နေ့လယ်စာ အချိန်ဆို ဆိုက်အနီးက ဟယ်လိုကိတ် (Halal) ဈေးလေးကို အတူသွားတယ်။ ရွှေလီမှာ မွတ်စလင်တွေ အများကြီးရှိတော့ ဟယ်လိုက်စားသောက်ဆိုင်က အလွယ်တကူ ရှာတွေ့တယ်။ ယွမ် ၁၅ နဲ့ ဝက်သားမပါတဲ့ ခေါက်ဆွဲကြီးတစ်ခွက်၊ အမဲသားကင်တံစဉ်း ငါးချောင်းလောက် စားလို့ရတယ်။ ပိုက်ဆံပေးတဲ့အခါ QR Code ကို ဖုန်းနဲ့ စကင်ဖတ်ရုံပဲ။ ပိုက်ဆံအိတ်ထဲ ယွမ်တွေ ဘယ်လောက်ကျန်မှန်း တွက်စရာမလို။ မြန်မာပြည်မှာ ဆို ပိုက်ဆံအိတ်ထဲ ငါးထောင်ချပ်တွေ တစ်လရွက်နှစ်လရွက် ထည့်ထားရတယ်။ ဒီမှာ ဖုန်းတစ်လုံးတည်းနဲ့ ဘာမှ မပူတော့ဘူး။

ညနေ ၆ နာရီ အလုပ်ပြီးရင် အိမ်ပြန်တယ်။ ကျွန်တော်နေတဲ့ တိုက်ခန်းက မြို့လယ်ခေါင်နားမှာ။ တစ်လ ယွမ် ၁,၂၀၀ နဲ့ အခန်းတစ်ခန်း ငှားထားတယ်။ လျှပ်စစ်မီးခ၊ ရေခွဲပြီး တစ်လ ယွမ် ၁,၅၀၀ လောက်ပဲ ကျသင့်တယ်။ အလုပ်က တစ်လ ယွမ် ၆,၅၀၀–၇,၅၀၀ လောက် ရတယ်။ စားစရိတ်၊ အိမ်ငှားခ နုတ်ပြီး မြန်မာပြည်က မိသားစုဆီ ယွမ် ၄,၀၀၀ (ကျပ်ငွေ ခြောက်သိန်းခွဲလောက်) ပုံမှန်ပို့နိုင်တယ်။ မြန်မာပြည်မှာ ဆိုရင် ဒီလောက်ဝင်ငွေ ဘယ်လိုမှ မရဘူး။

တစ်ခါတလေ တရုတ်လုပ်ဖေါ်တွေက “မြန်မာပြည် ဘယ်လိုလဲ” လို့ မေးတယ်။ ကျွန်တော်က ဖုန်းထဲက ဓာတ်ပုံတွေ ပြတယ်။ ရွှေ့ဒဂုံ၊ အင်းလျားကန်ဓာတ်ပုံတွေ ကြည့်ပြီး သူတို့ မျက်လုံးတွေ လက်နေတာ မြင်ရတယ်။ “တစ်ရက်ကျရင် ငါတို့လည်း သွားကြည့်ချင်တယ်” လို့ ပြောတယ်။ ကျွန်တော်လည်း ပြုံးပြီး “လာခဲ့၊ ငါ ဧည့်ခံမယ်” လို့ ပြန်ပြောတယ်။ ဒါပေမဲ့ နှလုံးသားထဲမှာ မြန်မာပြည်က အခြေအနေ တွေးမိတော့ နည်းနည်း ငိုချင်သွားတယ်။

ဒါပေမဲ့ ရွှေလီမှာ နေရတာ ကျွန်တော့်အတွက် တကယ်ကို ကျေနပ်စရာပါ။ တရုတ်လူမျိုးတွေရဲ့ ဖော်ရွေမှု၊ မြို့ရဲ့ အဆင်ပြေမှု၊ ငွေကြေးလုံခြုံမှု၊ သယ်ယူပို့ဆောင်ရေး လွယ်ကူမှု… ဒါတွေအားလုံးက ကျွန်တော့်ကို တစ်နေ့ထက်တစ်နေ့ အားတွေ့စေတယ်။ ဒီမှာ ငွေရှာရင်း မိသားစုကို ထောက်ပံ့နိုင်တယ်။ တစ်ချိန်ကျရင် မြန်မာပြည်ကို ပြန်ပြီး ဒီမှာ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေ၊ စည်းကမ်းရှိမှု၊ နည်းပညာအသုံးချမှုတွေကို သွားမျှဝေချင်တယ်။

တစ်ရက်ကျရင် မြန်မာပြည်မှာလည်း ဖုန်းတစ်လုံးနဲ့ ဘာမှ မပူရဘူး။ ကားခေါ်လို့ရတယ်၊ ဈေးဝယ်လို့ရတယ်၊ ပိုက်ဆံပို့လို့ရတယ်။ လူတွေလည်း ဒီလောက် ဖော်ရွေကြတယ်။ အလုပ်လုပ်ရင်လည်း ဒီလောက် လုံခြုံတယ်၊ တန်ဖိုးထားခံရတယ်။ ဒီလို နေ့ရက်တွေ ရောက်လာမယ်လို့ ယုံတယ်။

အဲဒီအတွက် ကျွန်တော် ဒီမှာ နေ့တိုင်း အားတက်သရော အလုပ်လုပ်နေတာ။
ရွှေလီရဲ့ နေ့စဉ်ဘဝက ကျွန်တော့်အတွက် မျှော်လင့်ချက်တစ်ခုပါပဲ။

မြန်မာပြည်အနာဂတ်ကို ဒီလို မြင်နေရလို့… တကယ်ကို ကျေနပ်ပါတယ်။

မာတီတာရဲ့ အနီကတ်အား ခရစ္စတယ်ပဲလေ့စ် အယူခံဝင်လာ

နိုဝင်ဘာ ၄

ခရစ္စတယ်ပဲလေ့စ်ဟာ တနင်္ဂနွေနေ့တုန်းက စပါးစ်အား ရှုံးနိမ့်တဲ့ပွဲစဉ်မှ ဂျိန်းဖီးလစ်ပီမာတီတာရဲ့ အနီကတ်အား အယူခံဝင်လာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ယင်းပွဲရဲ့ ပွဲချိန် ၁၃ မိနစ်တွင်ပင် မစ်ကီဗန်ဒီဗန်အား ဖျက်ထုတ်မှုအတွက် ဒိုင်လူကြီးမိုက်ကယ်အိုလီဗာရဲ့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အိုလီဗာဟာ အစောပိုင်းတုန်းက အဝါကတ်သာ ပြသခဲ့ခြင်း ဖြစ်ပေမယ့်လည်း VAR ပြန်လည်ဆန်းစစ်မှု ပြုလုပ်ပြီးနောက် အနီကတ်သို့ တိုးမြှင့်ပြသခဲ့တာပါ။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဘောလုံးကိုသာ အာရုံစိုက်ခဲ့တာ ဖြစ်ပြီး ဗန်ဒီဗန်ကို မမြင်တွေ့ခဲ့ဘူးလို့ ယုံကြည်ရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ တိုက်ရိုက်အနီကတ်ကြောင့် ၃ ပွဲပယ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရတာ ဖြစ်ပြီး ယခုအခါ ပဲလေ့စ်ဘက်က ပြစ်ဒဏ်အား ဖယ်ရှား (သို့မဟုတ်) ပြစ်ဒဏ်လျှော့ချလာရေး မျှော်လင့်ချက်ဖြင့် အယူခံဝင်လာပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ယခုအပတ်တွင် လီဗာပူးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး နည်ပြပီယာရီဆေ့ချ်မှာလည်း စိတ်ပျက်စရာရလဒ်များ ရရှိနေမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။

image

ဗယ်ဗာဒီအား အသင်းခေါင်းဆောင်ပီသစွာ လိုအပ်တဲ့နေရာတွင်ကစားရန် ပြောကြားလာသလိုမှာ အေအီးကေအေသင်နှင့်ပွဲတွင် ဗီနီရှပ်စ် ပွဲထွက်လာမည်ဟု မော်ရင်ဟို အတည်ပြုလာ

နိုဝင်ဘာ ၄

ဂျိုဆေးမော်ရင်ဟိုက အေအီးကေအေသင်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းခေါင်းဆောင်ဖီဒီရီကိုဗယ်ဗာဒီအား အသင်းခေါင်းဆောင်ပီသစွာ လိုအပ်လာပါက ပေးဆပ်ရန် တိုက်တွန်းသွားပြီး ဗီနီရှပ်စ်ဂျူနီယာမှာ ပွဲထွက်ကစားလာမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဗယ်ဗာဒီဟာ ယခုရာသီ နောက်ပိုင်းပွဲစဉ်များတွင် ညာနောက်ခံလူအဖြစ် ကစားနေရသူလည်း ဖြစ်ပါတယ်။

ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အလွန်ဆိုလက်အောက်တွင် ညာနောက်ခံလူအဖြစ် ကစားရစဉ်တုန်းက ကွင်းလယ်တွင်ပင် ကစားလိုကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ယခုအခါ မော်ရင်ဟိုက "ဖီဒီကို ဒီအသင်းမှာ အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ယောက်လို့ မြင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တာနဲ့အညီ ကွဲပြားတဲ့လမ်းကြောင်းတစ်ခု ကြည့်ရပါမယ်။ အသင်းခေါင်းဆောင်ဖြစ်နေတဲ့အခါ ကွဲပြားနေရပါမယ်။ ဒါက တာဝန်ယူ တာဝန်ခံမှုတစ်ခုပါ။ ဒါကြောင့်လည်း အသင်းအတွက် ကစားဖော်တွေအတွက် လိုအပ်တဲ့နေရာမှာ လိုသလို ဖြည့်ကစားဖို့ လိုတယ်လို့ ထင်တယ်။ ဒါက အသင်းခေါင်းဆောင်ဆိုတာ ကျွန်တော့်အတွက် ဒီလို လူစားပါ။ ကျွန်တော်ကတော့ ဖီဒီ ဘယ်နေရာမှာပဲ ကစား ကစား ပြဿနာဖြစ်လာမယ်လို့ မယုံပါဘူး။ ဘယ်နောက်ခံလူနေရာမှာ လိုရင်လည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ သူ ကစားလာမှာပါ"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက လာလီဂါတွင် ပွဲပယ်ခံနေရတဲ့ ဗီနီရှပ်စ်မှာ အေအီးကေအေသင်နှင့်ပွဲတွင် ပွဲထွက်ကစားလာမှာ ဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။

မော်ရင်ဟိုက "ဘရာဟမ်၊ အန်းဒရစ်တို့ ရှိနေသေးတာ မမေ့ပါနဲ့။ ကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ကစားသမားများတာက ကျွန်တော့်အတွက် ဘယ်တုန်းကမှ ပြဿနာ မဟုတ်ပါဘူး။ ဒေယိုမန်ဒီက တောင်ပံနှစ်ဖက်မှာ ကစားနိုင်တယ်။ ဘရာဟမ်လည်း ဒီအတိုင်းပဲ။ အန်းဒရစ်လည်း ညာခြမ်းမှာ ကစားနိုင်တယ်။ ဒါပေမယ့် ဘယ်ခြမ်းမှာလည်း သူတို့အားလုံးကစားနိုင်တယ်။ ဗီနီက ဘယ်တောင်ပံမှာ ကစားဖို့ အသင့်တော်ဆုံးပါ။ ကျွန်တော်တို့ ဒါကို သိပါတယ်"လို့ ပြောကြားသွားပါတယ်။

image