ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံး

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောလူနာ ၅၄ ဦးရှိပြီး သက်ကြီးလူနာတစ်ဦး သေဆုံးကြောင်း ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားထားချက်အရ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၁ ရက်တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ပြီး ဩဂုတ် ၁၁ ရက်ထိ ဆေးရုံတက်လူနာ (၉၈)ဦး၊ ဆေးရုံဆင်း (၈)ဦး၊ အသက် ၉၂ အရွယ် သက်ကြီးလူနာ ၁ ဦး(သေဆုံး)ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိပြီး ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမားရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

image

၃၇ ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ PARKROYAL Hotel ၌ ဗဟိုပြု၍ ကျင်းပနေခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာများအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ဆက်စပ်ဗဟိုဌာနများနှင့် ပူးပေါင်း၍ လက်တွဲဖြေရှင်း ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ASOEN ဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဝန်ကြီးဌာန၊ မူဝါဒ၊စီမံကိန်းနှင့် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones က Online မှ ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံ အထူးပြု မိုးလေဝသဗဟိုဌာနတို့မှ ကိုယ်စားလှယ်များလည်း Online မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ဖလမ်းမြို့တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိ

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက် ရှိကြောင်း သိရသည်။
ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိ မဟာဓာတ်အားလိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းပြင်ဆင်နေမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ယမန်နေ့က ပြင်ဆင်နေမှု အခြေအနေများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရို-က်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့်နေရာတွင် Sheet Pile ရို-က်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် တာဝန်ရှိသူများသည်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sheet Pile ရို-က်သွင်းရာတွင် သံချောင်းအရေအတွက်မှာ ၂၈၆ ချောင်း ရို-က်သွင်းရမည်ဖြစ်ရာ ယနေ့အထိ ရို-က်သွင်းပြီးစီးမှုမှာ ၅၅ ချောင်း ရို-က်သွင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောလုပ်ငန်းများအား စက်ယာဉ်/ယန္တရားများဖြင့် လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ထိုင်းတွင် တရားမဝင် မြန်မာနှင့် တရုတ်လုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က တရုတ်လူမျိုးပိုင် ဒေတာစင်တာတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက်စီးနင်းမှုတွင် မြန်မာနှင့် တရုတ်နိုင်ငံသား ၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဝင်ရောက်စီးနင်းခဲ့သည့် လုပ်ငန်းခွင်သည် ဘန်ချန်းခရိုင် အမှတ် ၆ ကျေးရွာရှိ ဧက ၁၀၀ ကျော်ရှိသော မြေကွက်တစ်ခုဖြစ်သည်ဟု ရယောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ပြောဆိုခဲ့သည်။
ကနဦးစစ်ဆေးမှုအရ တရုတ်ရင်းနှီးမြှုပ်နှံသူများမှ ရန်ပုံငွေထောက်ပံ့ထားသော ဆောက်လုပ်ဆဲဒေတာစင်တာရှိ စခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ ၄၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့နှင့် ပြည်နယ်အလုပ် အကိုင်ခန့်ထားရေးရုံးမှ အရာရှိများက နံနက် ၁၀ နာရီခန့်တွင် ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ချိန်၌ အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြသည်။ အချို့သည် အနီးအနားရှိ တူးမြောင်းထဲသို့ ခုန်ချကာ ရေကူးလွတ်မြောက်သွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အာဏာပိုင်များက အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး ပါဝင်သည်။
၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်စာရွက်စာတမ်းများကို စစ်ဆေးရာတွင် သင့်လျော်သောခွင့်ပြုချက်များမရှိသည်ကို တွေ့ခဲ့ရသည်။
၎င်းတို့နှင့် ပတ်သက်၍ ဘန်ချန်းရဲစခန်းတွင် တရားဥပဒေအရ အရေးယူမှုများ စတင်လုပ်နေပြီး ပြည်နှင်ဒ-ဏ်ပေးရေးလုပ်ငန်းစဉ်များအတွက် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ထားသည်။
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားလုပ်သားများကို ငှားရမ်းခြင်းအတွက် အမည်မဖော်ပြသော ကန်ထရိုက်တာ သုံးဦးကိုလည်း အာဏာပိုင်များက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

image

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည်

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာလိုက်သည်။
စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားအပြီး ပြန်လည်ကျင်းပသည့် Inner Cycle 27 ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။
ပြိုင်ဘက် ထိုင်းဖိုက်တာ ဆူရီယန်လက်သည် မာဂုဏ်မြင့်ပြီး အသက်ဇွဲကြီးသည့် ဖိုက်တာတစ်ဦးဖြစ်ကာ ONE Championship တွင် ၁၈ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁၁ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ရရှိထားသကဲ့သို့ ဘောနပ်စ်ဆု အများဆုံးရရှိထားသည့် ဖိုက်တာများထဲတွင်လည်း ပါဝင်သည်။
မြန်မာဖိုက်တာ စောမင်းမင်းမှာ ONE Friday Fights သို့ နောက်ပိုင်းမှ ဝင်ရောက်လာသူဖြစ်သော်လည်း ယခင်က MMA ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ၎င်း၏ ဇွဲ၊ သတ္တိနှင့် အရှုံးမပေးဘဲ ကစားတတ်သည့် ဟန်ကြောင့် ONE Championship ၏ အာရုံစိုက်မှုကို ရရှိလာသူဖြစ်သည်။
ONE ၏ Inner Cycle ပြိုင်ပွဲသည် ONE Friday Fights တွင် ထူးချွန်သည့် ဖိုက်တာများ ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးပေးသည့် ပြိုင်ပွဲဖြစ်ရာ မြန်မာဖိုက်တာများဖြစ်သည့် ဗရွန်နီကာ၊ သန့်ဇင်နှင့် သွေးလင်းထက်တို့လည်း ယှဉ်ပြိုင်ဖူးကြသည်။
စောမင်းမင်းသည် ယခင်ပွဲစဉ်တွင် ယော့လဖက်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မဆုတ်မနစ် ယှဉ်ပြိုင်ခဲ့သည့် ကစားဟန်ကြောင့် ပရိသတ်များ၏ အားပေးမှုကို ရရှိထားသူဖြစ်သည်။ ဆူရီယန်လက်၏ အတွေ့အကြုံနှင့် မာဂုဏ်ကြောင့် လွယ်ကူသည့် ပွဲမဟုတ်သော်လည်း ဖိုက်တာနှစ်ဦး၏ ကစားဟန်အရ အကြိတ်အနယ်ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
ထူးခြားချက်အနေဖြင့် စောမင်းမင်း ယှဉ်ပြိုင်မည့် ဩဂုတ် ၂၁ ရက် ပွဲစဉ်တွင်ပင် မြန်မာဖိုက်တာ ကျော်စွာဝင်း ကလည်း ကိုမာဝပ်နှင့် ခေါင်ပွဲ သို့မဟုတ် ဒုခေါင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

image

သံလွင်မြစ်ရေ ၈၂၃ စင်တီမီတာအထိ မြင့်တက်မှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ၊
မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့အတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ရေဘေး အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်း တိုင်းတာချက်အရ ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ အုတ်မှုတ်စိန်လမ်းနှင့် အောင်နန်း (၄) လမ်းဆုံ၊ ရော်ဘာခြံ (၄) လမ်းနှင့် အမှတ် (၂) ရပ်ကွက် သီတာအရှေ့လမ်းတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသည်။
အဆိုပါ ရေဝင်ရောက်မှု အခြေအနေများနှင့် ပတ်သက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အနိမ့်ပိုင်း ရပ်ကွက်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်က သံလွင်မြစ်ရေ ယခုထက် ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးနေ ပြည်သူများကို ရေလွတ်ရာသို့ အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ယာယီရေဘေးစခန်းများသို့ နေရာချထားပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့သည်။
လက်ရှိတွင် ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းဘေးဒေသမှ ပြည်သူများ ရေဘေးအန္တရာယ် ကင်းရှင်းစေရန် မြို့ပေါ်ရပ်ကွက်များ၌ ယာယီရေဘေးစခန်း ၁၆ ခု၊ ကျေးရွာအုပ်စုများတွင် ၁၁ ခု စုစုပေါင်း ၂၇ ခု ဖွင့်လှစ်ပြင်ဆင်ထားသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်း မုန့်ညဈေးတန်းနှင့် အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်း View Point တို့သို့ သွားရောက်၍ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

image

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးရင် အမေရိကန်စစ်စခန်းတွေ အကုန်လုံး သိမ်းပိုက်ခံရမယ်ဟု IRGC ဆို

အမေရိကန်ကသာ အီရန်ကို နျူကလီးယားလက်နက် သုံးဖို့ ကြိုးစားခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေ သိမ်းပိုက်ခံရလိမ့်မယ်လို့ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်ရဲ့ အကြံပေးဖြစ်သူ ဗိုလ်မှူးချုပ် မိုဟမ်းမက် ရေဇာ နက်ဒီက ပြောလိုက်ပါတယ်။
"နျူကလီးယား သုံးတာဟာ သူတို့အတွက် အမှားကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သူတို့ ဗုံးကြဲလိုက်တဲ့ နောက်တစ်နေ့မနက်မှာတင် ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်စခန်းတွေအကုန် သိမ်းပိုက်ခံရလိမ့်မယ်။ ဒီနေ့ခေတ်က ဒုတိယကမ္ဘာစစ်တုန်းကနဲ့ မတူတော့ပါဘူး။ ကမ္ဘာ့ပြည်သူတွေ နိုးကြားနေကြပါပြီ။ နောက်တစ်ကြိမ်မှာ မိမိတို့ကိုယ်တိုင် ခံရနိုင်တာမို့လို့ ဒီလိုရာဇဝတ်မှုကို ကျူးလွန်ဖို့ ကမ္ဘာပေါ်မှာ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ပါဘူး" လို့ အမေရိကန် PBS ရုပ်သံကွန်ရက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက ပြောခဲ့ပါတယ်။
အီရန်စစ်တပ်ကပဲ အမေရိကန်စစ်စခန်းတွေကို မိမိဘာသာ မိမိ သိမ်းမလား၊ ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သိမ်းမှာလားဆိုတာကိုတော့ ဗိုလ်မှူးချုပ်က ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ကြတာပါ။ ဇွန်လမှာတော့ ဝါရှင်တန်နဲ့ တဟီရန်တို့ဟာ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဟော်မုဇ် ရေလက်ကြားနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဟာ ဇူလိုင် ၈ ရက်နေ့မှာ အီရန်ကို အကြီးအကျယ် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

image

မဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ခါနီးဖြစ်နေပြီး ထိုင်း-လာအို နယ်စပ်ဈေးကို ရေလွှမ်း

​သြဂုတ်လ ၁၂ ရက်နေ့မှာ မဲခေါင်မြစ်ရေဟာ ကမ်းကို‌ကျော်ကာ လျှံတက်လာပြီးတော့ နခွန်ဖနုံ (Nakhon Phanom) မြို့မှာရှိတဲ့ ထိုင်း-လာအို နယ်စပ်ဈေးကို ရေဝင်သွားပါတယ်။ ရေမှတ်က ၁၁.၉၈ မီတာအထိ ရောက်နေပြီး စိုးရိမ်ရေမှတ်ရောက်ဖို့ ၂ စင်တီမီတာပဲ လိုပါတော့တယ်။
​ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ရေတိုင်းတာရေး တာဝန်ရှိသူတွေရဲ့ မှတ်တမ်းတွေအရဆိုရင် မနေ့ကထက် ရေက ၁၅ စင်တီမီတာ ပိုတက်လာတယ်လို့ သိရပါတယ်။ နေ့လယ်ပိုင်းလောက်ဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်သွားနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
​မဲခေါင်မြစ်ရေတွေ မြို့ထဲကို ပြန်မဝင်လာအောင် နခွန်ဖနုံ စည်ပင်သာယာရေး အာဏာပိုင်တွေက အဓိက ရေစုပ်စက်ရုံတွေမှာရှိတဲ့ ရေတံခါး (၄) ခုစလုံးကို ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
​ဘွန်ကန် (Bueng Kan) ခရိုင်နဲ့ လာအိုဘက်ခြမ်းကနေ စီးဆင်းလာတဲ့ ရေတွေကြောင့် နခွန်ဖနုံမြို့နဲ့ ၂၈ ကီလိုမီတာလောက်ဝေးတဲ့ မောင်း (Muang) မြို့နယ်၊ ဘန်ကလန်း (Ban Klang) ကျေးရွာအုပ်စုက မြစ်ကမ်းဘေး စိုက်ပျိုးရေးခြံတွေလည်း ရေမြုပ်သွားပါတယ်။
​ငှက်ပျော၊ ဝါး နဲ့ အုန်းမွှေး စိုက်ခင်း ဧက ၄၀ (၁၀၀ ရိုင်) ကျော် ရေမြုပ်သွားပြီး ရေအနက် ၁ မီတာလောက်အထိ ရှိနေပါတယ်။ ၃ ကီလိုမီတာကျော် ရှည်တဲ့ ကွန်ကရစ်လမ်းတစ်ခုလည်း ရေအောက်ရောက်သွားပါတယ်။
​ယာယီ နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ဒေသထွက် ကုန်ပစ္စည်းရောင်းတဲ့ အဆောက်အဦးတွေကတော့ ပိုပြီး ထိခိုက်နစ်နာကြပါတယ်။ ဈေးသည်တွေဟာ ပစ္စည်းတွေ အချိန်မီ မရွှေ့နိုင်လိုက်တာကြောင့် အမှိုက်ပုံး ၅ ပုံး၊ ၆ ပုံးလောက် ရေထဲမျောပါသွားပြီး ရေခဲပုံး၊ စားပွဲ၊ ကုလားထိုင်တွေလည်း ရေပေါ်မှာ မျောနေကြပါတယ်။ တချို့ကတော့ ကိုယ့်ပစ္စည်းတွေကို ကြိုးတွေနဲ့ ချည်ပြီး ထိန်းထားရပါတယ်။
​အသက် ၅၉ နှစ်အရွယ် ဒေါ်ဒေါင်စဝမ် (Daosawan) ကတော့ သူ့မှာ ဝါးရုံ ၂၀၀ ကျော်ရှိတဲ့ ဝါးစိုက်ခင်း ၃ ခု (ရိုင် ၃၀ ကျော်) ရှိတယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ရေ ရုတ်တရက် တက်လာတာကြောင့် သြဂုတ်လ ၉ ရက်နေ့ကတည်းက သူ့ရဲ့ စိုက်ခင်း ၂ ခုက ရေ ၁ မီတာလောက်အထိ နစ်မြုပ်သွားခဲ့တာပါ။ ပုံမှန်ဆိုရင် သူက မြို့ပေါ်က ဈေးတွေကို မျှစ်တွေ ခုတ်ရောင်းလေ့ရှိပြီး တစ်နေ့ကို အနည်းဆုံး ကီလို ၅၀ လောက် အော်ဒါရလေ့ရှိတယ်လို့ ဆိုပါတယ်။
​ဗုဒ္ဓဟူးနေ့မှာတော့ ဖောက်သည်တစ်ယောက်က ကီလို ၂,၀၀၀ အော်ဒါမှာထားပါတယ်။ ဒါပေမဲ့ ရေမမြုပ်ဘဲ ကျန်နေတာက ဝါးရုံ ၅၀ လောက်ရှိတဲ့ စိုက်ခင်းတစ်ခုပဲ ကျန်တော့တာဆိုတော့ အော်ဒါကိုမီပါ့မလားလို့ သူက စိုးရိမ်နေပါတယ်။ တော်တော်လေး အရှုံးပေါ်နိုင်ပြီး ရေမြုပ်သွားတဲ့ စိုက်ခင်းနှစ်ခုကနေ ဝါးတွေခုတ်ဖို့ လှေကိုပဲ အသုံးပြုရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

image

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန် နှင့် ယနေ့နံနက်ပိုင်းက ဂျကာတာမြို့၌ မနက်စာ သုံးဆောင်ရင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဒေသတွင်း ပေါင်းစည်းညီညွတ်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် ဒေသတွင်းမှသည် ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် အပါအဝင် အာဆီယံ၏ လက်ရှိ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image