4 w - Translate

UL 854 SEU Cable Manufacturer | Reliable Service Entrance Cable

Dynamic Cables Limited offers high-quality UL 854 SEU Cable designed for service entrance and power distribution applications. Manufactured to meet UL standards, our SEU cables provide reliable performance, durability, easy installation, and safe electrical connectivity for residential, commercial, and industrial projects.

Visit Us:- https://www.dynamiccables.co.in/ul_854.html

#ul854seucable #seucable #serviceentrancecable #ulcertifiedcable #electricalcable #powerdistribution #utilitycable #overheadcable #powercable #cablemanufacturer #electricalengineering #industrialcables #wiringsolutions #electricalinfrastructure #commercialelectrical

4 w - Translate

မြန်မာနိုင်ငံ၏ ပညာရေး - စာသင်နှစ်သစ် စတင်ပြီ၊ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုများ လမ်းကြောင်းပေါ်ရောက်နေပြီ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ပြက္ခဒိန်ပေါ်ရှိ အမှတ်အသားတစ်ခုမျှသာ မဟုတ်ဘဲ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဘက်စုံဖြန့်ကျက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အစပြုရာနေရာလည်းဖြစ်သည်။

ယခုနှစ်တွင် အထူးအာရုံစိုက်သင့်သော အပြောင်းအလဲမှာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ အခြေခံပညာသည် သင်ရိုးညွှန်းတမ်းသစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် စတုတ္ထမြောက်နှစ်သို့ ရောက်ရှိနေပြီဖြစ်ကာ မူလတန်းမှ ၁၂ တန်းအထိ ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်းကို အပြည့်အဝ ကျင့်သုံးလျက်ရှိပြီး "၅C" စွမ်းရည်များ — ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း၊ တီထွင်ဖန်တီးခြင်းနှင့် နိုင်ငံသားသတိတရားတို့ကို အထူးအလေးထား ပြုစုပျိုးထောင်လျက်ရှိသည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ကျောင်းသားများအား အလွတ်ကျက်မှတ်ရုံမျှမက စဉ်းစားတွေးခေါ်တတ်ရန်၊ ဖော်ပြတတ်ရန်နှင့် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ကြားပေးနေခြင်းဖြစ်သည်။

နောက်ထပ်အရေးကြီးသော ဆောင်ရွက်ချက်တစ်ခုမှာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့သော ကလေးများအတွက် ကျောင်းဝင်ခွင့်စာမေးပွဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်ခဲ့သော ကျောင်းသားများသည် စာမေးပွဲဖြေဆိုခြင်းဖြင့် အသက်အရွယ်နှင့် ကိုက်ညီသော အတန်းအဆင့်သို့ ဝင်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ပညာသင်ကြားခွင့် ပြတ်တောက်ခဲ့သော ကလေးများအတွက် ဤသည်မှာ ဒုတိယအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာရေးတွင်လည်း လှုပ်ရှားမှုအသစ်များ ရှိသည်။ ပညာရေးဝန်ကြီးဌာနက လာမည့်ပညာသင်နှစ်မှစ၍ အလယ်တန်းသင်ရိုးညွှန်းတမ်းတွင် စိုက်ပျိုးရေးနှင့် စက်မှုလက်မှုအခြေခံဘာသာရပ်များ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အထက်တန်းကျောင်း ၈၉ ကျောင်းတွင် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပေးအပ်သွားမည်ဟု ကြေညာထားသည်။ ဆိုလိုသည်မှာ တက္ကသိုလ်ပညာရေးလမ်းကြောင်းကို မရွေးချယ်လိုသော ကျောင်းသားများသည်လည်း ကျောင်းတွင်းမှာပင် လက်တွေ့အသုံးဝင်သော ကျွမ်းကျင်မှုများကို သင်ယူနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ စိန်ခေါ်မှုများမှာ အတော်အတန် ရှိနေဆဲဖြစ်သည်။ ဆရာအရည်အချင်း မညီမျှမှု၊ ဝေးလံသောဒေသများရှိ ကျောင်းများ၏ အခြေခံအဆောက်အအုံ မလုံလောက်မှု၊ သင်ရိုးစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ ပြတ်လပ်မှုတို့သည် ကာလတိုအတွင်း အခြေခံကျကျ ဖြေရှင်းနိုင်ရန် ခက်ခဲပါသည်။ သို့သော် ဦးတည်ချက်မှာ ရှင်းလင်းနေပြီဖြစ်သည် — "ကလေးများကို ကျောင်းတက်ခွင့်ရရှိစေခြင်း" မှ "ကလေးများကို ကောင်းမွန်စွာ ပညာသင်ကြားစေခြင်း" သို့လည်းကောင်း၊ "စာမေးပွဲဗဟိုပြု ပညာရေး" မှ "စွမ်းရည်ဗဟိုပြု ပညာရေး" သို့လည်းကောင်း ကူးပြောင်းနေခြင်းဖြစ်သည်။

ပညာရေးပြုပြင်ပြောင်းလဲမှုသည် ဖြည်းညှင်းစွာ ဂရုတစိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အလျင်စလို မလုပ်နိုင်ပေ။ သို့သော် စာသင်နှစ်သစ်၏ ခေါင်းလောင်းသံသည် မြည်ဟီးနေပြီဖြစ်ကာ စာသင်ခန်းများအတွင်းသို့ ခြေချလာသော ကလေးများအတွက် သင်ခန်းစာတိုင်းသည် အနာဂတ်၏ မျှော်လင့်ချက်တစ်ခုစီဖြစ်သည်။

ခင်ဗျားတို့ဘက်က ကလေးတွေ ဒီနှစ် ကျောင်းဖွင့်တာနဲ့ ပတ်သက်ပြီး ဘာအပြောင်းအလဲတွေ ရှိလဲ။ ဆွေးနွေးကြရအောင်။

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။
"ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ အများကြီး ထိုးကျသွားတာနဲ့အမျှ ဆီဆိုင်တွေမှာ ရောင်းတဲ့ဈေးကို လိုက်မချပေးကြဘူး။ ဒါနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တရားရေးဌာန (DOJ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်" လို့ အမေရိကန်ခေါင်းဆောင်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း ဇွန်လ ၂၂ ရက်နေ့မှာ ဟော်မုဇ်ရေလက်ကြားကနေ ရေနံစည်ပေါင်း ၁၉ သန်းလောက် ဖြတ်သန်းထွက်ခွာသွားခဲ့တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါသေးတယ်။ "ရေနံဈေးတွေလည်း အများကြီး ထိုးကျသွားပြီဆိုတော့ ကမ္ဘာကြီးလည်း ပိုပြီးလုံခြုံသွားပါပြီ" လို့ သူက ပြောခဲ့ပါတယ်။

image

ပြည်တွင်းနှင့် ပြည်ပဝယ်လိုအား မြင့်တက်လာ၍ ကုလားအော်ငရုတ်သီး ဈေးကောင်းရ
တစ်ပိဿာ ကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ အထိ ပေါက်ဈေးရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးထွက်ရှိသည့် ကုလားအော်ငရုတ်သီးများမှာ ပြည်တွင်းဈေးကွက်အပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ယခုနှစ်အတွင်း ဈေးကောင်းရရှိလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။
လက်ရှိတွင် ကုလားအော်ငရုတ်သီး တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ်ကောင်းများ ရရှိနေကြောင်း သိရသည်။
အောင်ပန်းဒေသသည် စိုက်ပျိုးရေးကို အခြေခံသည့်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ကုလားအော်ငရုတ်သီးမှာ တန်ဖိုးမြင့် ဟင်းခတ်အမွှေးအကြိုင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် ဝယ်လိုအား အစဉ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သီးနှံကို အေးမြ၍ မိုးရေချိန်လုံလောက်သည့် တောင်တန်းဒေသများဖြစ်သော အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံနှင့် တောင်ကြီးပတ်ဝန်းကျင်ဒေသများတွင် အများအပြား စိုက်ပျိုးကြပြီး အရိပ်အာဝါသကောင်းမွန်သည့် ပတ်ဝန်းကျင်ကို နှစ်သက်သဖြင့် သစ်တောအနီးရှိ ဒေသများတွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
ကုလားအော်ငရုတ်သီးကို အခြောက်လှန်း၍ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည့်အပြင် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုမှုများပြားလာသဖြင့် ဝယ်လိုအားမှာ နှစ်စဉ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကုလားအော်ငရုတ်သီးသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် အလားအလာကောင်းမွန်သည့် စီးပွားဖြစ် ဟင်းခတ်အမွှေးအကြိုင်သီးနှံတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည်။

image

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ ဟွန်ဆန် သွားမည်

ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ ၂၇ ရက် နေ့အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွာရောက်မည်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အထက်လွှတ်တော်ဥက္ကဋ္ဌကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌသည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျွင်း နှင့် နိုင်ငံတော်ပြည်သူ့ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက် လဲ့ကျီ တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အဓိပတိကောင်စီအဖွဲ့ဝင် မစ္စတာ တီဘန်၊ ဝါရင့်အမတ်များ နှင့် အစိုးရအရာရှိများ ပါဝင်သည်။
ခရီးစဉ်အတွင်း မစ္စတာ ဟွန်ဆန်သည် တရုတ်နိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော ဘုရင် နိုရိုဒွန် သီဟာမုနိ နှင့် မိဖုရား နိုရိုဒွန် မုနိနတ် သီဟာနုတို့ကို ဂါရဝပြုမည် ဖြစ်သည်။
အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။

image

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်
ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား

ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း တစ်ပတ်အကြာတွင် ယခုကဲ့သို့ လုံခြုံရေးပြန်လည်တိုးမြှင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အဝါမီလိဂ်ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ပိတ်ပင်ထားသော်လည်း ပါတီထောက်ခံသူများက နှစ်ပတ်လည်နေ့အထိမ်းအမှတ် လူစုလူဝေးများနှင့် ဆန္ဒပြပွဲများ ပြုလုပ်လာနိုင်ခြေရှိသဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဝန်ကြီးချုပ် Tariq Rahman ၏ အစိုးရလက်ထက်တွင် ယခင်ကြားဖြတ်အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
“ခရိုင်အသီးသီးမှာ စီတန်းလှည့်လည်မှုတွေနဲ့ စုဝေးမှုတွေကတစ်ဆင့် မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကို အမြင့်ဆုံးသတိထားဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်က ပြောကြားခဲ့သည်။
ရမ်းကားဖျ-က်ဆီးမှုများနှင့် မငြိမ်မသက်မှုများ မဖြစ်ပေါ်စေရန်အတွက် Dhaka၊ Chattogram၊ နာရာယန်ဂန်ဂျ်၊ ဂါဇီပူရ်၊ ဖာရစ်ပူရ်နှင့် ဂိုပါလ်ဂန်ဂျ်ဒေသများတွင် ထောက်လှမ်းရေးသတင်းအချက်အလက်များအပေါ် အခြေခံ၍ လုံခြုံရေးတပ်ဖွဲ့များကို ချထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နိုင်ငံရေးအုံကြွမှုများအတွင်း ရှိတ်ဟာစီနာသည် အိမ်နီးချင်း India နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဆန္ဒပြသူများအပေါ် အစိုးရ၏ နှိမ်နင်းမှုများနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းစစ်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက ရှိတ်ဟာစီနာအား မျက်ကွယ် ‌ေ-သဒ-ဏ်ချမှတ်ခဲ့သော်လည်း ၎င်းက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲမှုများဖြစ်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

image

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။
ပင်မြင့်ယံသည် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနှင့် ရင်ဆိုင်ရာ၌ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ ရှိသေးသဖြင့် ရတနာပုံအမျိုးသမီးဘောလုံးအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် တရားဝင် စံချိန်တင်နိုင်ခဲ့သည်။
အလားအလာကောင်းများ ပြသနေသည့် လူငယ်ကစားသမား ပင်မြင့်ယံသည် ၎င်း၏ ထူးချွန်သည့် ခြေစွမ်းများကြောင့် ပရိသတ်များနှင့် ဘောလုံးအသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုကို ရရှိနေပြီး မြန်မာအမျိုးသမီးဘောလုံးလောက၏ အနာဂတ်ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

image

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။
“ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေ စာဖတ်အားမြင့်မားလာစေဖို့ သုတ၊ ရသဆိုင်ရာ ဟောပြောပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်” ဟု ဒေါ်ဖြူဖြူရည်က ပြောသည်။
ရက် (၁၀၀) အတွင်း လူငယ်စကားဝိုင်း (၆၂) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၁၅) ကြိမ်၊ ဟင်္သာတခရိုင်၌ (၁) ကြိမ်၊ မြောင်းမြခရိုင်၌ (၅) ကြိမ်၊ မအူပင်ခရိုင်၌ (၂) ကြိမ်၊ ဖျာပုံခရိုင်၌ (၉) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၃၃) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၇၀) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၆) ကြိမ်၊ မြောင်းမြခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ လူငယ်ရေးရာ ဟောပြောပွဲများကို ပုသိမ်ခရိုင်၌ (၂၂) ကြိမ်၊ ဟင်္သာတခရိုင်၌ (၁) ကြိမ်၊ မြောင်းမြခရိုင်၌ (၁၀) ကြိမ်၊ မအူပင်ခရိုင်၌ (၆) ကြိမ်၊ ဖျာပုံခရိုင်၌ (၁၁) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၁) ကြိမ် စုစုပေါင်း (၅၁) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပြည်သူ့စကားဝိုင်း (Public Talk) များ (၃၆) ကြိမ် ကျင်းပရန် လျာထားခဲ့ရာ ပုသိမ်ခရိုင်၌ (၈) ကြိမ်၊ ဟင်္သာတခရိုင်၌ (၂) ကြိမ်၊ မြောင်းမြခရိုင်၌ (၁) ကြိမ်၊ မအူပင်ခရိုင်၌ (၂) ကြိမ်၊ ဖျာပုံခရိုင်၌ (၆) ကြိမ်နှင့် လပွတ္တာခရိုင်၌ (၂) ကြိမ် စုစုပေါင်း (၂၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လွှတ်တော်နားရက်များတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်သူ့စကားဝိုင်းများကို အလျဉ်းသင့်သလို ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း ဒေါ်ဖြူဖြူရည်က ပြောကြားခဲ့သည်။

image

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။
လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည့် သံရုံးအသိပေးချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးဝန်းအတွင်းနှင့် သံရုံးပြင်ပတွင် စီစဉ်ထားရှိပေးသော အမှိုက်ပုံးများနှင့် အမှိုက်ကန်များတွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် သံရုံးက တိုက်တွန်းထားသည်။
ထို့ပြင် သံရုံးအနီး အိမ်ရာဝန်းကျင်တွင် ကားရပ်နားစောင့်ဆိုင်းခြင်းများနှင့် ပတ်သက်၍လည်း နေထိုင်သူများဘက်မှ ပြင်းထန်စွာ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။ ယင်းကြောင့် အဆိုပါ လိပ်စာအား အသုံးပြု၍ အငှားယာဉ်ခေါ်ယူခြင်း၊ အိမ်ရာအဝင်ဝများတွင် မော်တော်ယာဉ်များ ရပ်နားစောင့်ဆိုင်းခြင်းတို့ကို ရှောင်ကြဉ်ပေးကြရန်လည်း မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။

image

အင်အား မဂ္ဂနီကျူ့(၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင် ဥတ္တရသီရိမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

နေပြည်တော်၊ ဥတ္တရသီရိမြို့ကိုဗဟိုပြု၍ အင်အားအ နည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီ ၃၁ မိနစ် ၄၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
နေပြည်တော်မြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ အင်အားမဂ္ဂနီကျူ့(၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ဥတ္တရသီရိမြို့၏ တောင်-အနောက် တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ယနေ့ ဇွန် ၂၄ ရက်အ တွက် ဒုတိယမြောက်ငလျင်ဖြစ်ပြီး နံနက် ၁၀ နာရီ ၂၈ မိနစ် ၁၇ စက္ကန့်ကလည်း ရွှေဘိုမြို့၏ အရှေ့ဘက်(၈) မိုင်ခန့်အကွာ၊ အနက်(၁၄)ကီလိုမီတာကိုဗဟိုပြု၍ အင် အားမဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

image