image

image
1 d - Translate

hello himalayas

1 d - Translate

Hello My Space...

1 d - Translate

အေးစက်စက်ဆောင်း
တဆောင်းသစ်ပြန်ပြီ ။

- အောင်ချိမ့်

မြန်မာအလုပ်သမားများ(၂၀၁)ဦးထံမှ ပွဲစား၏ဝန်ထမ်းက Work Permit သက်တမ်းတိုးရန်ငွေကောက်ခံပြီးထွက်ပြေး

ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ Asia Hats and Garment Co., Ltd တွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၀၁)ဦးထံမှ ထိုင်းလူများပွဲစား၏ မြန်မာနိုင်ငံသားဝန်ထမ်း(၂)ဦးက Work Permit သက်တမ်းတိုးရန်ဟုပြောဆိုပြီးငွေကောက်ခံကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြာင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
အဆိုပါ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ Work Permit သက်တမ်းတိုးခြင်းကို အလုပ်ရှင်ဖြစ်သူမှ ထိုင်းလူမျိုးပွဲစားမှတစ်ဆင့်လုပ် ဆောင်ရာမှ ပွဲစား၏ဝန်ထမ်းဖြစ်သော မြန်မာနိုင်ငံသား (၂)ဦးက ငွေကောင်ခံပြီးနောက်ဆောင်ရွက်ပေးခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ထွက်ပြေးတိမ်းရှောင်သွားသော်လည်း ထိုင်းနိုင်ငံ သားပွဲစားဖြစ်သူက အလုပ်သမားများထံမှ Work Permit သက်တမ်းတိုးရန်အတွက် ငွေထပ်မံကောက်ခံမည်ဟုပြောဆိုကာ မပေးနိုင်ပါက အလုပ်မှထုတ်ပယ်မည်ဟုပြောဆိုသဖြင့် အလုပ်သမားများမှ အလုပ်သမားသံအရာရှိရုံးသို့ ဒီဇင်ဘာ ၁၄ ရက်တွင်တိုင်ကြားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အလုပ်သမားသံအရာရှိရုံးမှ ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနသို့ အလုပ်သမားများအား အလုပ်မှမတရားသဖြင့်ထုတ်ပယ်ခြင်းမခံရစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်အကြောင်း ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင်လည်း အလုပ်သ မားသံအရာရှိမှ Asia Hats and Garment Co.,Ltd ၏ စက်ရုံသို့သွားရောက်၍ အလုပ်အကိုင်ဌာနမှတာဝန်ရှိသူ များ၊ အလုပ်သမားများ၊ ပွဲစားနှင့် စက်ရုံ HR Manager တို့နှင့်တွေ့ဆုံ၍ ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

အွန်လိုင်းအသုံးပြုလိမ်လည်မှုတို-က်ဖျ-က်ရေး ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ညီလာခံကို မြန်မာပါဝင်တက်ရောက်

မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြု လိမ်လည်မှုများ၏ အရင်းအမြစ်နှင့်အကျိုးအမြတ်ရရှိနေခြင်းမရှိကြောင်းနှင့် အမြစ်ပြတ်နှိမ်နင်းရန် လုပ်ဆောင်နေ
အွန်လိုင်းအသုံးပြုလိမ်လည်မှုတို-က်ဖျ-က်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံသို့ ရဝမ်ဒါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတိုမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် UNODC အပါအဝင် နိုင်ငံတကာအဖွဲအစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ရဝမ်ဒါ၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ အီတလီ၊ ကနေဒါ၊ အီဂျစ်၊ သီရိ လင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဂျာမနီ၊ မော်ရိုကို၊ ဩစတြေးလျ၊ ကိုရီးယား၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ စင်ကာပူ၊ ကင်ညာနှင့် ဂျပန်နိုင်ငံတိုမှ ကိုယ်စားလှယ်များက Online Scam နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
“ နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ”ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲစည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြု လိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေခြင်းမရှိပါကြောင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်း မရှိ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ကပြောကြားခဲ့သည်။
ထိုပြင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ၎င်းတိုအား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို ပြန်လည်ပိုဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲအစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။
နယ်စပ်ဒေသသို ရောက်ရှိလာသူများ၏ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကျန်သူများသည် နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် စေတနာအမှန်ဖြင့် ပံ့ပိုးကူညီခြင်းဖြင့်သာ အွန်လိုင်းအသုံးပြုလိမ်လည်သည့်ကွန်ရက်များကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲလက်မှတ်များကို ရွေးကောက်ပွဲကော်မရှင် ထံ လွှဲပြောင်းပေး

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀)တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံးများဖွင့်လှစ်ပြီး ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆော င်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်မဲများကို ယမန်နေ့ ဒီဇင်ဘာ(၁၉)ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက် နှင့် အပိုင်း(၃)ကို အပိုင်း(၂) အပြီး နှစ်ပတ်အကြာ၌ကျ င်းမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသည့် ဝန်ထမ်းအိမ်ရာများပြုပြင်ခြင်းနှင့် အိမ်ရာအသစ်များ ဆက်လက်တည်ဆောက်နေ

အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်
မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာများပြုပြင်လျက်ရှိရာတွင် နိုင်ငံတော်က အိမ်ရာအသစ်များ တည်ဆောက်ပေးနေရာ ပျ-က်စီးမှုနည်းသော အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ ၆၈၃ လုံးရှိသည့်အနက် ၆၇၅ လုံး ပြင်ဆင်ပြီးဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပျ-က်စီးခဲ့ရသော အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ပျက်စီးမှုအဆင့်အလိုက် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် ခွဲခြားသတ်မှတ်၍ အဆင့်အလိုက် ပြင်ဆင်ဆောင်ရွက်ရန် စီမံဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ထိုနည်းတူ လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာ ၄၂၆ လုံးရှိသည့်အနက် အလုံး ၆၀ ပြင်ဆင်ပြီးဖြစ်ကာ ဝန်ထမ်းများ ပြန်လည်နေရာချထားမှုအနေဖြင့် အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၁၁၅၈၅ ဦးအား မူလအိမ်ခန်းများတွင် ပြန်လည်နေရာချထားပြီးဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် အသစ်ပြန်လည်တည်ဆောက်နေသည့် နေပြည်တော်ကောင်စီနယ်မြေ အကွက်အမှတ်(၈-က)ရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ်များကိုလည်း မဂ္ဂနီကျု ၈ အထိ ငလျင်ဒ-ဏ်ခံနိုင်စေရေး စနစ်တကျ တွက်ချက်တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်ထပ်မံကျဆင်း

ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်ထပ်မံကျဆင်းခဲ့ပြီး ဒီဇင်ဘာ (၁၉) ရက်မှ (၂၅) ရက်အထိ ရောင်းချမည့်ဈေးမှာ တစ်ပိသာ (၆၀၅၀) ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂) ရက်မှ (၁၈) ရက်ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာကို ကျပ် (၆၁၁၅) ကျပ်ဖြစ်ပြီး ဒီဇင်ဘာ (၅) ရက် မှ (၁၁) ရက်ထိ ဈေးမှာ တစ်ပိသာ ကျပ် (၆၁၄၀) ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိသာ ကျပ် (၆၅၈၅) ကျပ်မှ ယခု ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ် (၆၁၄၀) အထိ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိသာကို ကျပ် (၄၅၀) ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
စားအုန်းဆီများကို ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆော င်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတ ည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။