Cherry changed his profile picture
4 m

image
12 m - Translate

တရုတ်နိုင်ငံရှိ ကျွန်ုပ်၏ဘဝမျှဝေခြင်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့ကို ကျွန်တော် ရောက်လာတာ သုံးနှစ်ကျော်ပြီ။ မြန်မာနိုင်ငံဘက်က နယ်စပ်ကို ဖြတ်ပြီး ဒီမြို့ကို ပထမဆုံး ဝင်လာတဲ့နေ့ကို အခုထိ မှတ်မိနေသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မန္တလေးတိုင်းဘက်က ထုတ်လုပ်မှုလိုင်းအလုပ်သမားတစ်ယောက်ပဲ။ အလုပ်အကိုင် တည်ငြိမ်ဖို့၊ မိသားစုအတွက် ဝင်ငွေကောင်းကောင်း ရဖို့ ရွှေလီကို လာခဲ့တာ ဖြစ်တယ်။

မြန်မာ့မြေပေါ်မှ ကျွန်ုပ်၏ဘဝနှင့် မျှော်လင့်ချက်

ကျွန်တော်က ရှမ်းပြည်နယ်မြောက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်သူပါ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိ ကျွန်တော်တို့ရွာမှာ မီးမရ၊ လမ်းမကောင်း၊ လူငယ်တွေ အလုပ်မရဖြစ်နေခဲ့တယ်။ အခုတော့ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရွာမှာ မီးစဉ်ဆက်မပြတ် ရလာပါပြီ။ ကလေးတွေ ညနေခင်း စာကျက်တဲ့အခါ ဖယောင်းတိုင်မလိုတော့ဘဲ မီးရောင်အောက်မှာ စိတ်အေးချမ်းသာစွာ ကျက်နိုင်ကြပြီ။

ပညာရေးအတွက်လည်း ဒေသခံလူငယ်တွေအတွက် တရုတ်စကားနဲ့ နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးထားတယ်။ တရုတ်စကားပြောတတ်ရင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာတယ်။ လူငယ်တွေ ထိုင်းကို မသွားတော့ဘဲ ကိုယ့်ဒေသမှာပဲ ဝင်ငွေရှာနိုင်ကြပြီ။

စိုက်ပျိုးရေးမှာလည်း တရုတ်ကျွမ်းကျင်သူတွေက မျိုးကောင်းမျိုးသန့်တွေ၊ ရေသွင်းစနစ်တွေကို လာရောက် သင်ကြားပေးတယ်။ ကျွန်တော်တို့ရဲ့ သီးနှံတွေကို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ဈေးကွက်ထဲ တင်ပို့ရောင်းချနိုင်တဲ့အတွက် တောင်သူတွေရဲ့ ဝင်ငွေလည်း တိုးလာတယ်။

ကျွန်တော် ယုံကြည်တာက တစ်နေ့နေ့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းလာရင် ဒီနည်းပညာတွေ၊ စည်းကမ်းတွေကို ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် အသုံးချပြီး ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးအောင် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လူငယ်တွေ နိုင်ငံခြားထွက်ပြီး အလုပ်ရှာဖို့ မလိုတော့ဘဲ ကိုယ့်ရွာ၊ ကိုယ့်မြေမှာပဲ ဘဝကို ဂုဏ်ယူစွာ တည်ဆောက်နိုင်တဲ့ အခြေအနေကို ရောက်လာစေချင်ပါတယ်။

image
juan manuel Ortiz avalos changed his profile picture
17 hrs

image

image
19 hrs - Translate

ရွှေလီမှာ နေထိုင်တဲ့ မြန်မာအများစုက အလုပ်ကြိုးစားကြတယ်။ တချို့က စားသောက်ဆိုင်မှာ အလုပ်လုပ်တယ်၊ တချို့က ဈေးရောင်းတယ်၊ တချို့က ကုန်တင်ကားမောင်းတယ်။ အားလပ်ရက်တွေမှာ မြန်မာဘုန်းကြီးကျောင်းကို သွားပြီး အချင်းချင်း တွေ့ဆုံကြတယ်။ အိမ်လွမ်းစိတ်ကို အဲဒီလိုပဲ ဖြေဖျောက်ကြတာ များတယ်။

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့၌ကျင်းပ

တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ဒုတိယ သမ္မတဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ်ပြခန်းများကိုကြည့်ရှုပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား"ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများဖြစ်ကာ ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကာ လာမည့်ကာလများတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ပညာရေးတို့တွင် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် မြန်မာ နိုင်ငံဘက်မှ အပြုသဘောထောက်ခံကူညီပေးနေမှုများအတွက်လည်းများစွာတန်ဖိုးထားသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးခဲ့ကြပြီး ဂုဏ်ပြုညစာသုံး ဆောင်ခဲ့ကြကြောင်း သိရသည်။

image

ဧရာဝတီတိုင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးရန် မေးမြန်းမှုအပေါ် လတ်တလော တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘိုကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၏ မေးမြန်းချက်အပေါ် အရည်အသွေးပြည့်မီသည့် သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုအခြေအနေများအရ လတ်တလော တည်ဆောက်ပေးနိုင်ခြင်း မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ဧရာဝတီတိုင်းသည် လေးပုံတစ်ပုံစိုက်ပျိုးပြီး ဧရာဝတီတိုင်း၏ လေးပုံ တစ်ပုံသည် ဖျာပုံခရိုင်ဖြစ်သည်။ ဧရာဝတီတိုင်းသည် ရာသီဥတုအပေါ်မူတည်၍ မိုးစပါး ၃၈ သိန်း၊ နွေစပါး ၁၃ သိန်းစိုက်ပျိုးကြောင်းနှင့် ရာသီဥတုကောင်းသည့်အခါ နှစ်ခုပေါင်း သိန်း ၅၀ နီးပါး စိုက်ပျိုးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး၏ ဓာတ်မြေဩဇာ သုံးစွဲမှုမှာ မက်ထရစ်တန် ၁၅ သန်း ရှိသော်လည်း ပြည်တွင်း၌ တန်ချိန် ၁.၅ သန်းသာ ထုတ်လုပ်နိုင်သေးသဖြင့် ဖျာပုံခရိုင်အတွင်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ပေးနိုင်ရေး အနာဂတ်စီမံကိန်း ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးမြန်းချက်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဖျာပုံခရိုင်၌ စက်ရုံတည်ဆောက်ရန်မှာ အရည်အသွေးပြည့်မီသော သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုနှင့် ပိုက်လိုင်းချိတ်ဆက်နိုင်မှု အခြေအနေများအရ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့များ ပိုမိုထွက်ရှိလာပြီး ပိုက်လိုင်းများ တည်ဆောက်ပြီးစီးပါက နယ်မြေဒေသလိုအပ်ချက်နှင့် ဈေးကွက်အခြေအနေအပေါ် မူတည်၍ စက်ရုံအသစ်များ တည်ဆောက်ခြင်းကို ဆောင်ရွက်သွားနိုင်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးသွင်းအားစုများအနက် ဓာတ်မြေဩဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃ ရာခိုင်နှုန်းကိုသာ ဖြန့်ဖြူးပေးနိုင်သေးကြောင်း သိရသည်။

image

သီပေါမြို့တွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၊ ကျေးရွာများအထိ ဆက်လက်ဖြန့်ဖြူးမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၌ ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၂၂ မိနစ်မှစတင်၍ နိုင်ငံတော်လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၏ အသိပေးချက်အရ သိရသည်။

လက်ရှိတွင် သီပေါမြို့ပေါ်ရပ်ကွက်များကို ဦးစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်ကာ ကျေးရွာများအထိ ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သီပေါမြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မေလအတွင်း လွှတ်တော်၌ ဖြေကြားထားသည်။

အဆိုပါဖြေကြားချက်အရ သီပေါမြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ပြုပြင်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး မန်စံ-သီပေါ ၆၆ ကေဗွီ ဓာတ်အားလိုင်းကိုလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ဆေးပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။

image