လိုအပ်တဲ့ရလဒ်ရရှိအောင်စွမ်းဆောင်ပြီး နောက်တစ်ဆင့်တက်ရမယ်လို့ ရှမ်းယူနိုက်တက်အသင်း နည်းပြ ဆို

ရှမ်းယူနိုက်တက်အသင်း နည်းပြဖြစ်သူ ဦးအောင်ခိုင်က ဒီညနေ ယှဥ်ပြိုင်ကစားရမယ့် လာအိုကလပ် အီဇရာအသင်းနဲ့ပွဲမှာ လိုအပ်တဲ့ရလဒ်ရရှိအောင်စွမ်းဆောင်ပြီး နောက်တစ်ဆင့်တက်ရမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဦးအောင်ခိုင်က" ကျွန်တော်တို့ လိုအပ်နေတဲ့ ရလဒ် ရရှိအောင် စွမ်းဆောင်ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ ကြိုးစားသွားမှာပါ။ ကစားသမားတွေကလည်း ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပရိသတ်တွေ လိုချင်တဲ့ ခြေစွမ်းမျိုးပြသပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အသင်းရဲ့ အားနည်းချက်တွေကိုလည်း ပြင်ဆင်ထားပါတယ်"ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခု ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဝင် ရှမ်းယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်တက်ရောက်ရန်အတွက် ဒုတိယအကျော့တွင် လာအိုကလပ် အီဇရာအသင်းကို အနည်းဆုံး နှစ်ဂိုးပြတ် အနိုင်ကစားရန် လိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲဒုတိယအကျော့အဖြစ် ယနေ့ (စက်တင်ဘာ ၁၄) ညနေ (၆) နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပထမအကျော့အဖြစ် စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လာအိုကလပ် အီဇရာအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ပါတယ်။
ဒါကြောင့် ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ရန် ယခုဒုတိယအကျော့တွင် လာအိုကလပ် အီဇရာအသင်းကို မဖြစ်မနေ ဂိုးပြတ်အနိုင်ရရှိရန် လိုအပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာ၊ ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါနဲ့ ဘရူနိုင်းကလပ် ကာဆူကအသင်းတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားစေပြီး ခြေစစ်ပွဲအောင်အသင်းနှစ်သင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲနှစ်ကျော့စလုံးကို အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပခွင့် ရရှိထားခြင်းဖြစ်ပါတယ်။
AFF ဟာ ယခုရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း (၁၄) သင်းအား (၇) သင်း (၂) အုပ်စုခွဲကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

image

ဒီနှစ် Ballon d'Or ဆုနဲ့ မိမိ ထိုက်တန်တယ်လို့ ယမားလ် ပြောကြား

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ယမားလ်က သူ့အနေနဲ့ ဒီနှစ် Ballon d'Or ဆုနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၆)မှာ ကျင်းပမှာဖြစ်ပြီး ဆန်ခါတင်(၃၀)ဦးစာရင်း ထုတ်ပြန်ထားပါပြီ။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ယမားလ်က ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။
ယမားလ်က ၂၀၂၅ Ballon d'Or ဆုပေးပွဲမှာ ဒုတိယရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆု၊ စပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။
ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် ၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းအစားဆုံးစာရင်းထဲ ပါဝင်နေတာပါ။
''အမ်ဘာပေနဲ့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ယောက်လို့ ထင်ပါတယ်။ ပြီးတော့ ဒီနှစ် Ballon d'Or ဆုကို ကျွန်တော့်အနေနဲ့ ရရှိဖို့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆုဖလားတွေလည်း ကျွန်တော် ရယူနိုင်ခဲ့တာကြောင့်ပါ။ ဒါ ကျွန်တော့်အမြင်ပါ'' လို့ ယမားလ်က Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

image

အက်သလက်တီကိုကွင်းလယ်ကစားသမား ကိုကီ လာလီဂါပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိလာ

အက်သလက်တီကိုအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ကိုကီဟာ လာလီဂါပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိလာကြောင်း သိရပါတယ်။
ကိုကီ(၃၄ နှစ်)ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး လာလီဂါပွဲပေါင်း (၅၂၄)ပွဲ ရှိသွားခဲ့တာကြောင့် ရီးယဲလ်ကစားသမားဟောင်း မန်နူယဲလ်ဆန်းချိစ်ကို ကျော်ဖြတ်ပြီး ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိခဲ့တာပါ။
ကိုကီဟာ အက်သလက်တီကိုအသင်းကို အသက်(၈)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။
ကိုကီက အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၇၄၆)ပွဲကစားပြီး ဂိုး(၅၀) သွင်းယူပေးထားပါတယ်။
ကိုကီက လာမယ့်ရာသီကုန်အထိ အက်သလက်တီကိုအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ကစားသမားဘဝကို အက်သလက်တီကိုအသင်းမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
လာလီဂါပြိုင်ပွဲရဲ့ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူက ဘီလ်ဘာအို၊ ဘာစီလိုနာနဲ့ ဗလင်စီယာအသင်းတွေမှာ ကစားခဲ့တဲ့ စပိန်ဂိုးသမား ဇူဘီဇာရက်တာ (၆၂၂ ပွဲ)ဖြစ်ပြီး ပွဲအများဆုံး(၁၀)ဦးစာရင်းမှာ ပြည်ပကစားသမားအဖြစ် ပြင်သစ်တိုုက်စစ်မှူး ဂရီးဇ်မန်းတစ်ဦးတည်းသာ စတုတ္ထနေရာမှာ ရပ်တည်ပါဝင်ခဲ့ကြောင်း သိရပါတယ်။

image

လာလီဂါမှာ (၅)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ဗလင်စီယာအသင်း နည်းပြ ကားလို့စ်ကော်ဘရန်နဲ့ အမှုဆောင်ချုပ် ရွန်ဂူရီတို့ကို ရာထူးကထုတ်ပယ်

ဗလင်စီယာအသင်းဟာ ရာသီအစ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ကားလို့စ်ကော်ဘရန်နဲ့ အမှုဆောင်ချုပ် ရွန်ဂူရီတို့ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ဗလင်စီယာအသင်းဟာ လာလီဂါ(၅)ပွဲကစားရာမှာ (၁)ပွဲသရေ၊ (၄)ပွဲရှုံးကာ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် အသင်းတာဝန်ရှိသူတွေက နည်းပြ ကားလို့စ်ကော်ဘရန်ကိုရော အမှုဆောင်ချုပ် ရွန်ဂူရီကိုပါ ရာထူူးက ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ကားလို့စ်ကော်ဘရန်နဲ့ ရွန်ဂူရီတို့က ၂၀၂၄ ဒီဇင်ဘာမှာ ဝက်စ်ဘရွန်းအသင်းကနေ ဗလင်စီယာအသင်းကို အတူရောက်ရှိလာခဲ့ကြသူတွေဖြစ်ပြီး ဗလင်စီယာအသင်းက စီမံခန့်ခွဲမှုကိုပါ အပြောင်းအလဲလုပ်လိုတာကြောင့် နှစ်ဦးစလုံးနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဗလင်စီယာအသင်းက အရန်အသင်းနည်းပြ အော်စကာဆန်းချက်ဇ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပြီး အိုဆာဆူနာအသင်းရဲ့ အားကစားဒါရိုက်တာ ဘရာအူလီယိုဗက်ဇ်ကေးကို အားကစားဒါရိုက်တာအဖြစ် ခေါ်ယူခန့်အပ်ခဲ့ပါတယ်။
ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ရာထူးက ထုတ်ပယ်ခံံရတဲ့နည်းပြ (၃)ဦးရှိသွားပြီဖြစ်ပြီး ဂရော့ဆို(ဖီအိုရင်တီးနား)၊ ပိုလန်စကီး(မိုချန်ဂလာဘတ်)နဲ့ ကားလို့စ်ကော်ဘရန်(ဗလင်စီယာ)တို့ ဖြစ်ပါတယ်။

image

မန်ချက်စတာဒါဘီရဲ့ VAR ဒိုင်လူကြီးတွေကို လာမယ့်ပွဲစဉ်အတွက် တာဝန်မပေး

မန်ချက်စတာဒါဘီပွဲက VAR ဒိုင်လူကြီးတွေကို လာမယ့်ပွဲစဉ်အတွက် တာဝန်မပေးထားဘူးလို့ သိရပါတယ်။
ယင်းပွဲက VAR ဒိုင်လူကြီး မတ်ဒိုနိုဟူနဲ့ သူ့လက်ထောက် ဘလိတ်အန်ထရိုဘတ်စ်တို့ကို အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် တာဝန်မပေးထားတာဖြစ်တယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့အစည်း Pro Ref ရဲ့ CEO ဖြစ်သူ ဟောင်းဝပ်ဝက်ဘ်နဲ့ ဘုတ်အဖွဲ့က ဒီ VAR ဒိုင်လူကြီးနှစ်ဦးကို လာမယ့်ပွဲတွေမှာ တာဝန်မပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
၎င်းတို့နှစ်ဦးဟာ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ လူကျွံဂိုးကို အငြင်းပွားဖွယ် ခွင့်ပြုပေးခဲ့ပါတယ်။
ဟာလန်းရဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း ပွဲအပြီးမှာ Pro Ref က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Pro Ref က နစ်နာခဲ့တဲ့ မန်ယူနိုက်တက်အသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ပွဲချိန်(၂၃)မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရလို့ မန်ယူနိုက်တက်သင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမဲ့ အနိုင်ဂိုးကို ပွဲချိန်မိနစ် ၆၀ မှာ ဟာလန်းက သွင်းယူသွားခဲ့တာပါ။
ဟာလန်းရဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ VAR ဒိုင်အဖွဲ့က လူကျွံဘောမဖြစ်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနည်းပြ ကာရစ်က ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့သလို၊ Pro Ref ကလည်း VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
''မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်က တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် မိနစ်(၆၀)မှာ မတော်တဆမှု ဖြစ်ခဲ့ပြီး အာလင်းဟာလန်းရဲ့ဂိုးကို ခွင့်ပြုခဲ့ခြင်းအတွက် ကျွန်တော်တို့ ရှင်းလင်းချက်ပေးနိုင်ပါတယ်။
ကွင်းအတွင်းဆုံးဖြတ်ချက်က အာလင်းဟာလန်း လူကျွံတယ်လို့ သတ်မှတ်ခဲ့တာပါ။ ဒါကို VAR က လူကျွံအနေအထားမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတိုက်စစ်ဆင်မှုမှာ အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးနဲ့ မထိလို့
လူကျွံဘောမဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နေရာယူထားမှုက သက်ရောက်မှုရှိနိုင်တာကို VAR က သတိမပြုမိခဲ့ပါဘူး။ ကွင်းလယ်ဒိုင်ကို ပြန်လည်ကြည့်ရှုသုံးသပ်ဖို့ အကြံပြုခဲ့သင့်ပါတယ်။ ကျွန်တော်တို့
မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ယူဆတာကြောင့် မန်ယူနိုက်တက်အသင်းကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ပြန်လည်သုံးသပ်သွားမှာပါ'' လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

image

ကွန်ဆာရဲ့ပယ်နယ်တီအပေါ် Pro Ref ထံ အာဆင်နယ် ရှင်းလင်းချက် တောင်းခံမယ်

အာဆင်နယ်အသင်းက ဆန်းဒါးလန်းနဲ့ပွဲမှာ နောက်ခံလူ ကွန်ဆာရဲ့ပယ်နယ်တီပေးခံရမှုအပေါ် Pro Ref ထံ ဆက်သွယ်ပြီး ရှင်းလင်းချက် တောင်းခံမယ်လို့ သိရပါတယ်။
ကွန်ဆာဟာ ဆန်းဒါးလန်းနောက်ခံလူ ဒန်ဘဲလက်ဒ်ကို ဆွဲလှဲချသလို ဖြစ်ခဲ့လို့ ပယ်နယ်တီပေးခဲ့ရတာပါ။
ယင်းပွဲဒိုင်လူကြီး ဂျွန်ဘရွတ်ခ်က ပယ်နယ်တီပေးခဲ့ပြီး VAR ကလည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ရုပ်သံပြကွက်တွေအရ ကွန်ဆာဟာ ဘဲလက်ဒ်ကို ဆွဲထားပေမဲ့ ထိထိမိမိမရှိခဲ့လို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
ယင်းပွဲအပြီးမှာလည်း အာဆင်နင်္ယအသင်းနည်းပြ အာတေတာက ပယ်နယ်တီပေးမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ယခုအခါ အာဆင်နယ်အသင်းက ပယ်နယ်တီဘာကြောင့်ပေးခဲ့သလဲ ရှင်းလင်းချက်အတွက် Pro Ref နဲ့ ဆွေးနွေးသွားဖို့ စီစဉ်လာခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဒိုင်လူကြီးရဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်တွေဟာ ရလဒ်ပိုင်း သက်ရောက်မှုရှိလာမှာကို ရှောင်ကြဉ်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

image

ကာဂလီယာရီကစားသမား မာလ်ဒီနီ ယာဉ်တိုက်မှုဖြစ်ပွားခဲ့

အီတလီဂန္ထဝင်နောက်ခံလူ ပေါ်လိုမာလ်ဒီနီရဲ့သားဖြစ်သူ ကာဂလီယာရီကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီရယ်လ်မာလ်ဒီနီဟာ စက်တင်ဘာလ ၁၃ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မာလ်ဒီနီ(၂၄ နှစ်)မောင်းနှင်လာတဲ့ Porsche Carrera 4 ကားဟာ ဒေသစံတော်ချိန် နံနက် ၅း၁၅ နာရီဝန်းကျင်မှာ အခြားကားတစ်စီးနဲ့ တိုက်မိခဲ့တာပါ။
ယာဉ်နှစ်စီးပေါ်မှာ စုစုပေါင်း ၆ ဦး လိုက်ပါလာခဲ့ပြီး အသေးစားဒဏ်ရာတွေသာ ရရှိခဲ့တာဖြစ်တယ်။
မာလ်ဒီနီအပါအဝင် ငါးဦးကို လူနာတင်ကားနဲ့ ဆေးရုံကို ခေါ်ဆောင်ခဲ့ကာ ကျန်တစ်ဦးကိုတော့ မြေပြင်မှာပဲ ကုသပေးခဲ့ပါတယ်။
မာလ်ဒီနီဟာ သတ်မှတ်ထားတဲ့ အယ်လ်ကိုဟောအတိုင်းအတာထက် ကျော်လွန်နေလို့ ယာဉ်မောင်းလိုင်စင်လည်း ဆိုင်းငံ့ခံခဲ့ရပါတယ်။
၎င်းဟာ စက်တင်ဘာလ ၁၂ ရက်က ကစားခဲ့တဲ့ အတ္တလန်တာနဲ့ပွဲမှာ ကာဂလီယာရီအတွက် ပယ်နယ်တီကနေ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
မာလ်ဒီနီဟာ အတ္တလန်တာအသင်းကနေ ကာဂလီယာရီမှာ အငှားလာကစားနေတာဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - စက်တင်ဘာ ၁၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၁၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၈၀ ကျပ်
ဝယ်ဈေး - ၄၂၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၅၈ ကျပ်
ဝယ်ဈေး - ၃၃၆၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၈ ကျပ်
ဝယ်ဈေး - ၄၉၅၆ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၇၇ ကျပ်
ဝယ်ဈေး - ၁၂၉.၅၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၉ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၄ ကျပ်
ဝယ်ဈေး - ၆၃၈ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၄ ကျပ်
ဝယ်ဈေး - ၂၇.၇၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၄ ကျပ်
ဝယ်ဈေး - ၄၄.၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၆ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၉ ကျပ်
ဝယ်ဈေး - ၅၇၈၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၈ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၄ ကျပ်
ဝယ်ဈေး - ၃၀၈၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၀ ကျပ်
ဝယ်ဈေး - ၅၄၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၅ ကျပ်
ဝယ်ဈေး - ၁၁၆၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
image
image
image