မိုင်ယာမီတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်နိုင်မှုကြောင့် အင်္ဂလန်ရဲ့ နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်လည်း ရွှေ့ဆိုင်းလာရဖွယ်ရှိနေ
====================

စနေနေ့တွင် မိုင်ယာမီတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်နိုင်ကြောင်း ရာသီဥတုခန့်မှန်းချက် ထွက်ပေါ်လာမှုနှင့်အတူ အင်္ဂလန်ရဲ့ နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ရွှေ့ဆိုင်းလာရဖို့ ရှိနေပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မိုးကြိုးမုန်တိုင်း၊ လေဆင်နှာမောင်း၊ အလွန်ပူပြင်းတဲ့ရာသီဥတုများနှင့် ကြုံလာခဲ့ရတာပါ။
အင်္ဂလန်ဟာ မက္ကဆီကိုစီးတီးမြို့ရှိ Azteca ကွင်းဧရိယာတွင် မိုးကြိုးပစ်ခတ်မှု ရှိနေမှုနှင့်အတူ ပူးတွဲအိမ်ရှင်မက္ကဆီကိုအား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲအား ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
ဖီဖာဟာ အစောပိုင်းတုန်းက ယင်းပွဲကို ခြောက်နာရီစောပြီး ကစားရန် စီစဉ်ခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နဂိုအချိန်အတိုင်းကစားရန် စီစဉ်ခဲ့ပေမဲ့ တကယ်တမ်းတွင် မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
အင်္ဂလန်ဟာ လာမဲ့ နော်ဝေနှင့်ပွဲစဉ်အား စနေနေ့တွင် ဖလိုရီဒါမှာ ကစားရမှာ ဖြစ်ပါတယ်။
လတ်တလော စနေနေ့ ရာသီဥတုခန့်မှန်းချက်များအရ မိုးရွာနိုင်ခြေများပြီး တိမ်ထူနေမည်ဖြစ်ကာ မိုးကြိုးပစ်ခတ်မှုများလည်း ရှိနိုင်ကြောင်း သိရပါတယ်။
ဖီဖာရဲ့ လတ်တလောစည်းမျဉ်းအရ ကွင်းပတ်ဝန်းကျင် ၈ မိုင်ပတ်လည်အတွင်း မိုးကြိုးပစ်ခတ်မှု တစ်ကြိမ် ရှိတိုင်း ကစားသမားများနှင့်ပရိသတ်များအား အကာအကွယ်ပေးရန်အတွက် မိနစ် ၃၀ စီနောက်ဆုတ်စေလာခဲ့ပါတယ်။
ယင်းသို့ ကွင်းဝန်းကျင်တွင် မိုးကြိုးပစ်ခတ်မှု ၁ ကြိမ်ဖြစ်တိုင်း မိနစ် ၃၀ စီ ပွဲကို နောက်ဆုတ်ခြင်း၊ ပွဲကစားမှုကို ရပ်ခြင်းအသုံးပြုလာတာပါ။
ယင်းသို့ အခြေအနေကြောင့် ယင်းပွဲကို ဖလိုရီဒါသို့ သွားကြည့်ကြမဲ့ ပရိသတ်များအနေဖြင့် ပွဲရွှေ့ဆိုင်းခြင်း၊ ပွဲရပ်တန့်ခြင်းများနှင့် ကြုံလာရနိုင်ပါတယ်။
ဖလိုရီဒါတွင် ကစားတဲ့ ပြင်သစ်နှင့် အီရန်တို့ရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် ပွဲကို ၂ နာရီကျော်ကြာ ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
အင်္ဂလန်ဟာ လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းက အော်စလိုတွင် နော်ဝေအား ၂-၀ ဖြင့် အနိုင်ရတဲ့ပဲနောက်ပိုင်းတွင် ပြိုင်ပွဲအတွင်း တစ်ကြိမ်မျှ ထိပ်တိုက်တွေ့ဖူးခဲ့ခြင်း မရှိပါဘူး။
နော်ဝေဟာ ၁၉၉၃ ခုနှစ်တုန်းက အင်္ဂလန်အသင်းကို နောက်ဆုံးအနိုင်ရပြီးနောက် ဂိုးသွင်းနိုင်ခဲ့ဖူးခြင်း မရှိပါဘူး။

image

ဘာလိုဂန်ပွဲပယ်အား ပြန်လည်သုံးသပ်ပေးရန် ဖီဖာကို တောင်းဆိုခဲ့ကြောင်း ဒေါ်နယ်ထရမ့် အတည်ပြုလာ
====================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်ရဲ့ ကမ္ဘာ့ဖလား ၁ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန် ဖီဖာကို တောင်းဆိုခဲ့ကြောင်း အတည်ပြုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ဘာလိုဂန်ဟာ ဘော့စနီးယားအား အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပြိုင်ဘက်နောက်ခံလူတာရစ်ခ်မူဟာရီမိုဗစ်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဘာလိုဂန်ဟာ ယင်းအနီကတ်ကြောင့် အလိုအလျှောက် ၁ ပွဲပယ်ကျခံရမှာ ဖြစ်ပြီး အင်္ဂါနေ့ ဘယ်လ်ဂျီယံနှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်လာပါမယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့မှာတော့ ဖီဖာက ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်အား တစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာကြောင်း ကြေညာလာပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အတွက် ၃ ဂိုးသွင်းပေးထားနိုင်တဲ့ ဘာလိုဂန်ဟာ ဘယ်လ်ဂျီယံနှင့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်ကစားလာနိုင်ပါမယ်။
တနင်္လာနေ့ အိမ်ဖြူတော်တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်နယ်ထရမ့်က ပြစ်ဒဏ်ဘောလို့ မယူဆတာကြောင့် ဖီဖာအား ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုအား ဘာလိုဂန်ပွဲပယ်ကို ပြန်လည်သုံးသပ်ပေးရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဆိုင်းငံ့ပြစ်ဒဏ်သို့‌ ပြောင်းလဲချမှတ်ရန် မပြောကြားခဲ့ကြောင်း ဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်က "ကြီးကျယ်တဲ့ အားကစားသမားနှစ်ဦး မတော်တဆ တိုက်မိပြီး ငြိသွားခဲ့တာ။ ပွဲပယ်က အစွန်းအထင်တစ်ခုအနေနဲ့ ကျန်ခဲ့မယ်လို့ ထင်တယ်။ ဘာလုပ်ရမယ်လို့ သူတို့ကို မပြောခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကို သူတို့ ချမှတ်တာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ"လို့ ပြောကြားသွားပါတယ်။
ဖီဖာဟာ ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာမှုနှင့်အတူ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်နှင့် ယူအီးအက်ဖ်အေတို့ရဲ့ ဝေဖန်မှုများ ခံခဲ့ရပါတယ်။
ဖီဖာဥက္ကဌအင်ဖန်တီနိုဟာ ဒေါ်နယ်ထရမ့်နှင့် ပုဂ္ဂိုလ်ရေးခင်မင်သူ ဖြစ်ပြီး ဒီဇင်ဘာလတုန်းက ဖီဖာငြိမ်းချမ်းရေးဆုဆိုပြီး ဆုတစ်ခု တီထွင်ကာ ချီးမြှင့်ပေးခဲ့ဖူးပါတယ်။

image

ဖီဖာရဲ့ ဘာလိုဂန် ပွဲပယ်အပေါ် ယူအီးအက်ဖ်အေ ဝေဖန်လာ
====================

ယူအီးအက်ဖ်အေဟာ ဖိုလာရန်ဘာလိုဂန်ရဲ့ အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာတဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်မှာ မကြုံစဖူး နားမလည်နိုင်စရာ ဖြစ်သလို တရားမျှတမှုလည်း မရှိကြောင်း အပြင်းအထန်ဝေဖန်လာပါတယ်။
အမေရိကန်တိုက်စစ်မှူးဖာလိုဂန်ဟာ ဘော့စနီးယားနှင့်ပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် ဘယ်လ်ဂျီယံနှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အား အလိုအလျှောက်ပွဲပယ်ပြစ်ဏ်ကျခံရပါမယ်။
ဒါပေမဲ့ ဖီဖာက အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးရဲ့ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် အံ့ဩသင့်ဖွယ် ပြောင်းလဲ ချမှတ်လာမှုနှင့်အတူ ဘယ်လ်ဂျီယံနှင့်ပွဲတွင် ပါဝင်ကစားလာနိုင်ပါမယ်။
ယူအီးအက်ဖ်အေက ဖီဖာရဲ့ ပြိုင်ပွဲတစ်ခုအတွင်း ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ထားမှုက အနီရောင်စည်းကို ကျော်ဖြတ်လုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ဝေဖန်သွားပါတယ်။
ကမ္ဘာဖ့လားပြိုင်ပွဲတစ်လျှောက် အခြားအနီကတ် ၁၈၈ ကြိမ်တို့တွင် တစ်ဦးတည်းသာ ပွဲပယ်ပြစ်ဒဏ်ကျခံရမဲ့အရေးမှ လွတ်မြောက်ခဲ့ဖူးပါတယ်။
၁၉၆၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးရဲ့ ဂါရန်ချာမှာ အလိုအလျှောက်ပွဲပယ်ပြစ်ဒဏ်ကျခံခြင်းမရှိမီ နိုင်ငံရေးကြားဝင်စွက်ဖက်မှုကြောင့် လွတ်မြောက်ခဲ့တာပါ။
အမေရိကန်မီဒီယာများရဲ့ဖော်ပြမှုအရ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့တုန်းက ဖီဖာဥက္ကဌအင်ဖန်တီနိုထံသို့ ဖုန်းဆက်သွယ်ပြီး ဘာလိုဂန် ပွဲပယ်ခံရမှုနှင့်ပတ်သက်ပြီး ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့မှာတော့ ဒေါ်နယ်ထရမ့်က ဘာလိုဂန်ရဲ့ ပွဲပယ်အား ဆိုင်းငံ့ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်လာမှုအတွက် ဖီဖာအား ကျေးဇူးတင်ကြောင်း ပို့စ်တင်သွားပါတယ်။
ဖီဖာဥက္ကဌဟောင်းဆပ်ဘလတ္တာက ဘောလုံးမှာ နိုင်ငံရေးပါဝါအတွက် ကစားကွင်း မဖြစ်သင့်ကြောင်း ပို့စ်ရေးသားကာ ဝေဖန်သွားပါသေးတယ်

image

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ပြီး အင်္ဂလန်စတားများကို ၂ ရက်အနားပေးပြီး ဆုချလာတဲ့ သောမတ်စ်တူချယ်
==================

သောမတ်စ်တူချယ်ဟာ ပူးတွဲအိမ်ရှင်မက္ကဆီကိုအား အနိုင်ရရှိကာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ပြီးနောက် အင်္ဂလန်စတားများအား ၂ ရက်အနားပေးကာ ဆုချလာပါတယ်။
အင်္ဂလန်စတားများဟာ ကန်ဆက်စ်စီးတီးရှိ အင်္ဂလန်အသင်းအခြေစိုက်ရာ နေရာသို့ မိသားစုဝင်များ၊ သူငယ်ချင်းများအား ယနေ့နှင့် မနက်ဖြန်တို့တွင် ဖိတ်ခေါ် တွေ့ဆုံခွင့် ရရှိလာတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားများဟာ ယနေ့နံနက်ပိုင်းတုန်းက မက္ကဆီကိုစီးတီးမှ လေးနာရီကြာ လေယာဉ်ခရီးစီးနင်းပြီးနောက် အသင်းဟိုတယ်သို့ ပြန်လည်ရောက်ရှိလာကြပါတယ်။
တချို့ကစားသမားများမှာ မက္ကဆီကိုနှင့်ပွဲစဉ်အတွင်း ရရှိခဲတဲ့ ဒဏ်ရာများကို ဆေးကုသမှု ပြုလုပ်မှု ခံယူရပါမယ်။
ဒါပေမဲ့ တူချယ်ဟာ အင်္ဂလန်ကစားသမားများအား ၂ ရက်ကြာ အနားပေးပြီးတော့မှ စနေနေ့တွင် နော်ဝေနှင့် ကစားရမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်လာပါမယ်။
ဒါကြောင့်လည်း အင်္ဂလန်ကစားသမားများဟာ ယနေ့တွင် ဖလိုရီဒါရှိ အသင်းခြေစိုက်ရာ ဟိုတယ်သို့ သူငယ်ချင်းများ၊ မိသားစုများကို ဖိတ်ကြားတွေ့ဆုံခွင့်ပေးလာပါတယ်။
ယခုမတိုင်မီ သောမတ်စ်တူချယ်ဟာ အင်္ဂလန်ကစားသမားများဟာ ပွဲအပြီးတွင်မှ မိသားစုဝင်များ၊ သူငယ်ချင်း၊ ချစ်သူများနှင့် တွေ့ဆုံခွင့်ပေးပါတယ်။
အင်္ဂလန်အသင်းဟာ ဗုဒ္ဓဟူးနေ့တွင် Swope Soccer Village တွင် လေ့ကျင့်ခန်းပြန်ဆင်းလာမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကြာသပတေးနေ့ လေ့ကျင့်ခန်းအစီအစဉ်အပြီး ညနေပိုင်းတွင် မိုင်ယာမီသို့ ထွက်ခွာမှာ ဖြစ်ပြီး သောကြာနေ့တွင် ဖလိုရီဒါမှာ လေ့ကျင့်ခန်းဆင်းပါမယ်။
မက္ကဆီကိုနှင့်ပွဲအပြီး အသင်းအောင်ပွဲခံစဉ် လက်ကောက်ဝတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဟင်ဒါဆင်က မက္ကဆီကိုစီးတီးရှိ ဆေးရုံတွင် အသင်းဆရာဝန်တစ်ဦးနှင့်အတူ ကျန်ရစ်ခဲ့ပါတယ်။

image

မက္ကဆီကိုနိုင်ပွဲတွင် ဒီယေဂိုမာရာဒိုနာရဲ့ ၁၉၈၆ ကျိန်စာကို ချိုးဖျက်နိုင်ခဲ့တဲ့ ဘယ်လင်ဂမ်
====================

ဂျူ့ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့သလို သူကိုယ်တိုင်မှာလည်း သမိုင်းမှတ်တိုင်သစ် စိုက်ထူလာနိုင်ခဲ့ပါတယ်။
ဂျူ့ဘယ်လင်ဂမ်ဟာ ယနေ့အစောပိုင်းတုန်းက ပူးတွဲအိမ်ရှင် မက္ကဆီကိုအား Azteca Stadium တွင် ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ ၉၇ စက္ကန့်အတွင်း ၂ ဂိုးသွင်းယူနိုင်ပြီးနောက် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၁၉၈၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တုန်းက ဘယ်လ်ဂျီယံနှင့်ပွဲမှာ ဒီယေဂိုမာရာိဒိုနာ ၂ ဂိုးသွင်းယူပြီးနောက် Azteca Stadium တွင် ၂ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။
အဆိုပါနှစ်တုန်းက မာရာဒိုနာဟာ Hand Of God ဂိုးဖြင့် အင်္ဂလန်ကို အိမ်ပြန်ပို့ခဲ့ပါသေးတယ်။
ဘယ်လင်ဂမ်ဟာ မက္ကဆီကိုနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တတိယမြောက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
သူဟာ အင်္ဂလန်အတွက် ကမ္ဘာ့ဖလား ၅ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားကာ ၁ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

image

အင်္ဂလန်အား ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ဘာစီလိုနာဂန္ထဝင်ကို နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ်လာတဲ့ မက္ကဆီကို
=====================

မက္ကဆီကိုဟာ အင်္ဂလန်ကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ဘာစီလိုနာဂန္ထဝင်တစ်ဦးကို နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ်လာပါတယ်။
ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဟာ Estadio Azteca တွင် အင်္ဂလန်ကို ၃-၂ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။
မက္ကဆီကိုတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာရမှုနှင့်အတူ နည်းပြဂျာဗီးယားအဂွီရီရဲ့ ကာလမှာလည်း အဆုံးသတ်လာပါတယ်။
အဂွီရီဟာ ကမ္ဘာ့ဖလားအပြီးတွင် မက္ကဆီကိုနည်းပြရာထူးမှ သုံးကြိမ်မြောက် ထွက်ခွာရန် စီစဉ်ထားသူလည်း ဖြစ်ပါတယ်။
မက္ကဆီကိုဟာ ကမ္ဘာ့ဖလားအပြီးတွင် အဂွီရီရဲ့နေရာတွင် လက်ထောက်နည်းပြရာဖေလ်မားကွက်ဇ်ကို ခန့်အပ်ရန် စီစဉ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ မားကွက်ဇ်ဟာ ကစားသမားဘဝတုန်းက မက္ကဆီကိုအတွက် ၁၄၇ ပွဲကစားခဲ့တဲ့အပြင် ဥရောပထိပ်သီးများဖြစ်ကြတဲ့ မိုနာကို၊ ဘာစီလိုနာတို့တွင်လည်း ကစားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကစားစဉ်အတွင်း လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
သူဟာ ကမ္ဘာ့ဖလားမတိုင်မီကတည်းက မက္ကဆီကိုနည်းပြချုပ်ရာထူးအား ရယူရန် စောင့်ဆိုင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
မက္ကဆီကိုအားကစားဒါရိုက်တာဒူရယ်လီယိုဒါဗီနိုက မားကွက်ဇ်နှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သလို နည်းပြအဖွဲ့ဝင်များ ခန့်အပ်ရန်လည်း စီစဉ်ထားပြီး ဖြစ်ကြောင်း ဆိုထားပါတယ်။
မားကွက်ဇ်ဟာ ပက်ဂွါဒီယိုလာ၊ ဒီဒီယာဒက်ချမ့်နှင့် ရီကာဒိုလာဗိုလ်ပီတို့ရဲ့လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

image

တိုနာလီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် စပါးစ် ခေါ်ယူလာ
====================

စပါးစ်ဟာ နယူးကာဆယ်ကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး အပြီးသတ်လာပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ နယူးကာဆယ်တွင် သုံးရာသီကြာ ကစားပြီးနောက် လန်ဒန်အခြေစိုက်ကလပ်သို့ ပြောင်းလာတာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ပေါင်သန်း ၈၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပယ်ချခြင်းခံရပြီးနောက် ပေါင် ၉၂.၅ သန်းအပြင် ပေါင် ၇.၅ သန်းထပ်မံပေးမဲ့အချက်ဖြင့် သဘောတူညီမှု ရခဲ့တာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဝက်စ်ဟမ်းမှ ပေါ်တူဂီကွင်းလယ်ကစားသမားမားတီးယပ်စ်ဖာနန်ဒက်စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ခေါ်ယူပြီးနောက် ရက်အနည်းငယ်အကြာတွင်ပင် ဆန်ဒရိုတိုနာလီအား ခေါ်ယူကာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ထပ်မံသုံးလာတာ ဖြစ်ပါတယ်။
အီတလီလက်ရွေးစင်တိုနာလီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အေစီမီလန်မှ နယူးကာဆယ်သို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ နယူးကာဆယ်သို့ ရောက်ပြီး မကြာမီမှာပင် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၀ လကြာ ပွဲကစားခွင့်ပိတ်ပင်မှုနှင့် ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ နယူးကာဆယ်အတွက် ပြန်လည်ကစားလာနိုင်ချိန်မှာတော့ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးဆုဖလားအဖြစ် ခါရာဘောင်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
စပါးစ်ရဲ့အီတလီလူမျိုးနည်းပြရောဘတ်တိုဒီဇာဘီဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက ဆက်စ်ဆူလိုအား ကိုင်တွယ်စဉ်ကတည်းက တိုနာလီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် နောက်ခံလူများဖြစ်ကြတဲ့ အင်ဒီရောဘတ်ဆင်နှင့် မားကို့စ်ဆီနီဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသလို ဂျန်ပေါလ်ဗန်ဟက်ကီကိုလည်း ပေါင် ၅၂ သန်းဖြင့် ခေါ်ယူထားပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၂၃၇ သန်းအထိ အသုံးပြုထားပြီး ဖြစ်ပါတယ်။
တိုနာလီဟာ စပါးစ်တွင် ကျောနံပါတ် ၁၆ ကို ဝတ်ဆင်ကစားလာပါမယ်။

image

ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် မြန်မာသံအမတ်ကြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းဖော်ပြရန် အဒစ်အာဘာဘာမြို့ရှိ ဗင်နီဇွဲလားနိုင်ငံသံရုံးသို့ ဇူလိုင် ၆ ရက်တွင် သွားရောက်ကာ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံသံရုံး၌ ငလျင်ဘေးအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ် ဖွင့်လှစ်ထားရာ မြန်မာသံအမတ်ကြီးက မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား သွားရောက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးက ဗင်နီဇွဲလားအစိုးရနှင့် ပြည်သူများအပြင် ငလျင်ဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ စာနာဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်အားပေးစကားများကို မှတ်တမ်းစာအုပ်တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

image

ယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံအဝင် လဝက နှစ်နာရီကြာတန်းစီရ

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) တွင် လူဝင်မှုကြီးကြပ်ရေး (လဝက) စစ်ဆေးရေးဂိတ်၌ တန်းစီစောင့်ဆိုင်းရသည့် လူတန်းကြီး ရှည်လျားလွန်းလှသဖြင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။မိုးရာသီ ဖြစ်နေသည့်တိုင် ခရီးသွားများခြင်းမှာ အံ့ဩစရာပင်ဖြစ်သည်။
ခရီးသွားတစ်ဦးက လူဦးရေအလွန်အမင်း ပြည့်နှက်နေသည့် ဆိုက်ရောက်ခန်းမဆောင်ကြီး၏ ဓာတ်ပုံကို မျှဝေခဲ့ပြီး၊ လဝကစစ်ဆေးမှု ပြီးမြောက်ရန်အတွက် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက်သည့် အခြားခရီးသွားတစ်ဦးကလည်း လေဆိပ်၏ ပုံမှန်လဝကစစ်ဆေးရေးဂိတ်များရှိ တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေကို "လူဦးရေအလုံးအရင်းနှင့် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်" ဟု ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားများကို ပိုမိုဆွဲဆောင်ရန် ရည်မှန်းထားချိန်တွင် လူပေါင်းများစွာကမူ မေးခွန်းတစ်ခုတည်းကိုသာ ထပ်တူမေးခွန်းထုတ်နေကြသည်။
၎င်းမှာ - "နိုင်ငံ၏ အကြီးမားဆုံးသော လေဆိပ်ကြီးအနေဖြင့် ခရီးသွားများ ဆိုက်ရောက်ချိန်တွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့သည့် စီမံမှုမျိုးကို ပံ့ပိုးပေးနိုင်မည်လော" ဟူ၍ ဖြစ်သည်။

image

သီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံး

သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။
မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂ မိုင်အကွာရှိ နီဂွမ်ဘိုအကျဉ်းထောင်တွင် တနင်္ဂနွေနေ့မှစ၍ ပြိုင်ဘက် အကျဉ်းသားအုပ်စုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ပိုမိုဆိုးရွားသွားခဲ့ကြောင်း ဒေသခံမီဒီယာများနှင့် ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
နှစ်ကြီးအကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် တနင်္ဂနွေနေ့တွင် အကျဉ်းသားနှစ်ဦး ‌ေ-သဆုံးခဲ့သည်။
ပဋိပက္ခအခြေအနေ ပိုဆိုးလာသော တနင်္လာနေ့တွင် ထောင်အရာရှိ ခြောက်ဦး အပါအဝင် လူ ၂၃ ဦး ‌ေ-သဆုံးခဲ့သည်။
'အကျဉ်းသားတွေကို မနက်စာကျွေးနေချိန်မှာ ရန်ပွဲဖြစ်ခဲ့တာပါ" ဟု အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယက်က အကျဉ်းထောင်အနီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု ဂါဂျာနာယက်က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ဘဲ စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ဆိုခဲ့သည်။
ဆေးရုံသည် ရုပ်အလောင်း ၂၃ လောင်းကို လက်ခံရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ အကျဉ်းသားများနှင့် အစောင့် စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားကြောင်း နီဂွမ်ဘိုဆေးရုံ၏ ညွှန်ကြားရေးမှူး ပွတ်ရှ်ပါ ဂမ်လက်က ပြောကြားခဲ့သည်။
“တချို့က သေနတ်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်။ ပိုပြင်းတဲ့ ဒဏ်ရာရရှိသူတွေထဲက ၁၈ ဦးကိုတော့ ကိုလံဘို နိုင်ငံတော်ဆေးရုံကို လွှဲပေးခဲ့ပါတယ်” ဟု ဂမ်လက်က ပြောကြားခဲ့သည်။
ဆူပူအုံကြွမှုသတင်း ပျံ့နှံ့သွားခဲ့မှုကြောင့် အနီးရှိ အကျဉ်းထောင်မှ အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ထောင်အဆောက်အအုံ အမိုးပေါ်သို့တက်ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ဒရုန်များကို လွှတ်ကာ အကျဉ်းထောင်ကို စောင့်ကြည့်စေခဲ့သည်။
“ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ စစ်တပ်ကို တောင်းဆိုထားပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အသင့်အနေအထားမှာပဲ ထားရှိပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပမ ဝါရူနာ ဂါမက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

image