Global Seat Belt Shoulder Pads for Kids Market Set to Witness Strong Growth in Automotive Systems & Accessories

The global Seat Belt Shoulder Pads for Kids market is experiencing robust growth, driven by increasing awareness around child safety and comfort during travel. These accessories, designed to enhance the safety and comfort of young passengers in vehicles, are becoming a key consideration for parents looking for solutions to prevent seat belt discomfort and ensure proper positioning. As the automotive industry increasingly prioritizes child safety, the demand for products like seat belt shoulder pads is expected to grow substantially
Read Full Research Study: https://marketintelo.com/repor....t/seat-belt-shoulder

Seat Belt Shoulder Pads for Kids Market Research Report 2033
marketintelo.com

Seat Belt Shoulder Pads for Kids Market Research Report 2033

As per our latest market intelligence, the Global Seat Belt Shoulder Pads for Kids market size was valued at $412 million in 2024, and is forecasted to hit $798 million by 2033, growing at a CAGR of 7.2%.
1 w - Translate

Global Kubernetes Security Market Forecast to Witness Robust Growth by 2032

The global Kubernetes Security market is experiencing rapid expansion as organizations increasingly adopt containerized environments for application deployment. Kubernetes, a leading container orchestration platform, has transformed modern IT infrastructure, enabling scalable, efficient, and agile operations. As enterprises deploy applications at scale, securing Kubernetes clusters against vulnerabilities, misconfigurations, and cyber threats has become critical.The rise in cloud-native applications, microservices architecture, and DevOps adoption is further fueling demand for comprehensive Kubernetes security solutions.

Read Full Research Study: https://marketintelo.com/repor....t/kubernetes-securit

Kubernetes Security Market Research Report 2033
marketintelo.com

Kubernetes Security Market Research Report 2033

As per our latest market intelligence, the Global Kubernetes Security market size was valued at $1.2 billion in 2024, and is forecasted to hit $6.8 billion by 2033, growing at a robust CAGR of 21.5%.

YBS 65 ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်များကိုဝင်တိုက်၊ တစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ယနေ့(ဇန်နဝါရီ ၅ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က YBS 65 ယာဉ် သည် အင်းစိန်ခုံးတံတားအောက်ရှိလမ်းဘေးဆိုင်များနှင့် လမ်းသွားလမ်းလာတစ်ဦးအားဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးသေဆုံးကြောင်း ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း (အင်းစိန်) ထံမှသိရသည်။
YBS ၆၅ ယာဉ်သည် ဗဟိုလမ်းဘက်မှအင်းစိန်ဖော့ကန်ဘက်သို့မောင်းနှင်လာစဉ် အင်းစိန်ခုံးတံတား အောက်အရောက်တွင် ဘရိတ်ပေါက်သွားသည့်အတွက် ညာဖက်လမ်းဘေးသို့ဆွဲချခဲ့ရာ လမ်းဘေးရှိ စျေးဆိုင်များကိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထမင်းစားရန်ထွက်လာသည့်အသက် (၄၅)နှစ် ကျော် အမျိုးသားတစ်ဦးကိုပါတိုက်မိခဲ့ပြီး ယင်းအမျိုးသားမှာ သေဆုံးခဲ့ကြောင်းသိရသည်။
"စျေးဆိုင်ခန်းနှစ်ဆိုင်၊ သုံးဆိုင်လောင်ပျက်စီးသွားတယ်။ စျေးဆိုင်ထဲမှာလူတွေမရှိတော့ဘာမှမဖြစ် ကြပါဘူး။ ဒဏ်ရာရတဲ့သူလည်းမရှိပါဘူး အမျိုးသားတစ်ဦးက ထမင်းထွက်စားတာ ကားကနောက်က နေဝင်တိုက်လိုက်တာ နေရာမှာပဲသေဆုံးသွားတယ်။ အခု YBS ၆၅ ခရီးသည်တင် ယာဉ်မောင်းကိုဖမ်းမိ ထားပါတယ်" ဟု ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့်အမျိုးသားကို ကနောင်နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်)မှ အင်းစိန်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

မာဒူရိုအား ဖမ်းဆီးလိုက်ပြီးနောက် ကမ္ဘာ့ရွှေဈေး ထပ်တက်

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်ဖမ်းဆီးလိုက်ခြင်းက ပထဝီနိုင်ငံရေး အန္တရာယ်များနှင့် ပတ်သက်၍ ရင်းနှီး မြုပ်နှံသူများ၏ စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့ပြီးနောက် ရွှေ၊ ငွေသတ္တုဈေးနှုန်းများ ထပ်မံမြင့် တက်ခဲ့ကြောင်း သိရသည်။
ရင်းနှီးမြုပ်နှံသူများက ငွေကြေးများကို ဘေးကင်း လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းကြသဖြင့် ယနေ့ အာရှ ရွှေဈေး ကွက် အရောင်းအဝယ်ဖွင့်ချိန်၌ ရွှေဈေးသည် ၁ ဒ သမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်အောင်စလျှင် ဒေါ်လာ ၄၄၀၈ သို့ ရောက်ရှိသွားကာ ငွေသတ္တုဈေးလည်း ၃ ဒသမ ၅ ရာခိုင်နှုန်းနီးပါး တက်ခဲ့သည်။
ထိုအတောအတွင်း ရေနံစိမ်းဈေးနှုန်းမှာ အပြောင်းအလဲ မရှိသလောက်ဖြစ်ကာ အာရှတွင် ရှယ်ယာဈေးနှုန်းများ အ များအားဖြင့် ဈေးမြင့်သွားခဲ့သည်။
ရွှေနှင့် ငွေသတ္တုများသည် ၂၀၂၅ ခုနှစ်အတွင်း စံချိန်တင်မြင့်မားသော ဈေးနှုန်းများသို့ ရောက်ရှိခဲ့ပြီး နှစ်ကုန်ပိုင်းရက် အနည်းငယ်မှ အနည်းငယ်ပြန်ကျခဲ့သည်။
ထိုသို့ အနည်းငယ်ဈေးကျသွားခဲ့သော်လည်း ‌ရွှေဈေးနှုန်းသည် ၆၀ ရာခိုင်နှုန်း‌ကျော် မြင့်တက်ခဲ့ပြီး ၁၉၇၉ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်း အကောင်းဆုံး အနေအထားသို့ ရောက်ရှိခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်က အမြင့်ဆုံး ဒေါ်လာ ၄၅၄၉ ဒသမ ၇၁ အထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။
ငွေကြေးအတိုးနှုန်းများ လျှော့ချမည်ဟူသော မျှော်လင့် ချက်များ၊ ဗဟိုဘဏ်များ၏ ရွှေချောင်းဝယ်ယူမှုများ နှင့် စီးပွားရေးမရေရာမှုများနှင့် ကမ္ဘာ့အရေး တင်းမာမှုများ အပေါ် ရင်းနှီးမြုပ်နှံသူများ၏ စိုးရိမ်မှု စသော အ ကြောင်းအရာများ က ‌ရွှေဈေးကို အမြင့်သို့ တွန်းပို့ခဲ့သည်။

ဗင်နီဇွဲလား အာဏာရှင် မာဒူရိုကို ရုံးထုတ်ပြီ

ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရိုကို ခေါ်ဆောင်လာသည့် ယာဉ်တန်းသည် နယူးယောက်မြို့ရှိ တရားရုံးသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
၎င်းသည် မူးယစ်ဆေးဝါးနှင့် လက်နက်မှုဆိုင်ရာ စွဲချက်များကို ယနေ့တွင် စတင် ရင်ဆိုင်ရမည် ဖြစ်သည်။
မာဒူရိုနှင့် ၎င်း၏ဇနီး စီလီယာ ဖလောရက်စ် တို့ကို တင်း ကျပ်သော လုံခြုံရေး အစောင့်အရှောက်များဖြင့် နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။
၎င်းသည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်မြေပေါ်၌ ဗင်နီဇွဲလားခေါင်း ဆောင်တစ်ဦး တရားရင်ဆိုင်ရသည့် ပထမဆုံးသော ဖြစ်ရပ်တစ်ခု ဖြစ်လာဖွယ်ရှိသည်။
၎င်းကို အမေရိကန်သို့ မူးယစ်ဆေးဝါးများ မှောင်ခိုရန် ကြံစည်မှု၊ နိုင်ငံတေ်ဘဏ္ဍာများ အလွဲသုံးစားလုပ်ခြင်းနှင့် ပတ်သက်သည့် စွဲချက်များ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမေရိကန်ကို အန္တရာယ်ပြုရန် ကြိုး ပမ်းမှုတို့ဖြင့် အမေရိကန် တရားရေးဌာနက အဓိက စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ၌ တရားရုံးအပြင်ဘက်တွင် မာဒူရိုကို ထောက်ခံသူအချို့နှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေသည့် ဗင်နီဇွဲလား ပြည်ပရောက် နိုင်ငံသားများ စုဝေးနေကြသည်။
ဆန္ဒပြသူများက "ဗင်နီဇွဲလားအတွက် တရားမျှတမှု" ဟု ဟစ်ကြွေးကာ မာဒူရိုကို ပြင်းထန်သော ပြစ်ဒဏ်ပေးရန် တောင်းဆိုနေကြသည်။
မာဒူရိုအပေါ် အမေရိကန်အစိုးရက ဆုငွေ ဒေါ်လာ ၁၅ သန်း ထုတ်ပြန်ထားခဲ့ပြီးနောက် ယခုကဲ့သို့ တရားရုံးသို့ ရောက်ရှိလာခြင်းမှာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွင် ထိပ်တန်းရောက်နေသည်။
ယနေ့တွင် ၎င်းအား အာမခံ ပေး၊ မပေး သို့မဟုတ် ဆက် လက် ချုပ်နှောင်ထားမည့် အခြေအနေကို ကနဦးကြားနာ သွားမည် ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆) ခုကို ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကခွင့်ပြုပေးခဲ့

ရန်ကုန်တိုင်းအတွင်း၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆) ခုကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု၊ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်၍ (၁၀၀) ရာခိုင်နှုန်း ပြည်တွင်း၌ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ (၉ဝ ဒသမ ၇၄) ရာခိုင်နှုန်းတင်ပို့၍ ပြည်တွင်း၌ (၉ ဒသမ ၂၆) ရာခိုင်နှုန်းထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင်ထုတ်လုပ်ပြီး (၁၀၀) ရာခိုင်နှုန်း ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအားခွဲခြားထုတ်ပိုး၍ (၁၀၀) ရာခိုင်နှုန်း ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး (၂) ဘီး၊ (၃) ဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုးတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ (၁၀၀) ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့ကိုလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် (၉,၅၆၄ ဒသမ ၀၂၀) သန်းနှင့် အမေရိကန်ဒေါ်လာ (၄ ဒသမ ၉၈၈) သန်းတို့ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၄၁၅) ဦးအတွက် အလုပ်အကိုင်များဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အစည်းအဝေး၌ ပြည်တွင်းဝန်ထမ်း (၄၃၀) ဦး တိုးမြှင့်ခန့်ထားခွင့်တင်ပြလာသည့်လုပ်ငန်း (၁) ခုအပါ အဝင် အထွေထွေကိစ္စများတင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက်များကိုလည်းဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၅၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့် ပြန်လည်လွတ်မြောက်

ယမန်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အလုပ်စခန်းများမှ အကျဉ်းသား/အကျဉ်းသူ (၅၁၂) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
နိုင်ငံတော်က နိုင်ငံတဝန်းရှိပြစ်ဒ-ဏ်ကျခံ‌နေရသည့်အကျဉ်းသား/အကျဉ်းသူများ (၆,၀၀၀) ကျော်ကို ယမန်နေ့ ဇန်နဝါရီလ (၄) ရက်က လွတ်ငြိမ်းသက်သာခွင့်များပေးရာတွင် မွန်ပြည်နယ်တွင် အဆိုပါ အကျဉ်းသား/အကျဉ်းသူ (၅၁၂) ဦး ပါဝင်လာခြင်းဖြစ်သည်။
ကျိုက်မရောဗဟို အကျဉ်းထောင်မှ အကျဉ်းသား (၉) ဦးနှင့် အကျဉ်းသူ (၁၅) ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား (၆၆) ဦး၊ အကျဉ်းသူ (၇၆) ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား (၁၁၈) ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြောင်း သိရသည်။
ထို့အတူ အင်္ဂဘိုအလုပ်စခန်းမှ အကျဉ်းသား (၂၈) ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှအကျဉ်းသား (၂၂) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၂) ဦးလည်း လွတ်မြောက်လာသည်။
အလားတူ အင်းဗြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၇) ဦး၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၀) ဦး၊ မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်းမှ အကျဉ်းသား (၅၂) ဦးနှင့် မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အကျဉ်းသူ (၅၆) ဦးတို့ အသီးသီးလွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့

ရန်ကုန်စတော့အိပ်ချိန်း၏ ၂၀၂၆ ခုနှစ်၊ နှစ်စ ဈေးကွက်စတင်ဖွင့်လှစ်သည့် ဇန်နဝါရီ ၅ ရက်တွင် တစ်နေ့တာ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၀၂ သန်းရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် FMI(First Myanmar Investment Public Co.Ltd)၊ MTSH(Myanmar Thilawa SEZ Holdings Public Co.,Ltd၊ MCB(Myanmar Citizen Bank Ltd၊ FPB(First Private Bank Limited၊ TMH(TMH Telecom Public Co.,Ltd၊ EFR(Ever Flow River Group Public Co.,Ltd၊ AMATA (Amata Holding Public Co.,Ltd၊ MAEX (Myanmar Agro Exchange Public Co.,Ltd) စသည်ဖြင့် ကုမ္ပဏီတို့ (၈) ခုတို့က စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာအရေအတွက်စုစုပေါင်း (Total Trading Volume) ၅၃၆၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုးစုစုပေါင်း (Total Trading Value) ကျပ် ၁၃ ဒသမ ၀၂ သန်းကျော်ရှိခဲ့သည်။
ရန်ကုန်စတော့အိပ်ချိန်း၏တစ်နေ့တာရှယ်ယာအပိတ်ဈေးနှုန်းများအနေဖြင့် FMI က ကျပ် ၈၆၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ MTSH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၇၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၁၁၈ စောင်၊ MCB က ရှယ်ယာအပိတ်ဈေး ကျပ် ၇၈၀၀ ရှိခဲ့ကာ ရှယ်ယာ ၇၉ စောင်၊ FPB က ရှယ်ယာအပိတ် ဈေး ကျပ် ၂၄၅၀ ရှိခဲ့ကာ ရှယ်ယာ ၁၀၃၄ စောင်၊ TMH က ရှယ်ယာအပိတ်ဈေး ကျပ် ၃၅၅၀ ရှိခဲ့ကာ ရှယ်ယာ ၃၅ စောင်၊ EFR က ရှယ်ယာအပိတ်ဈေး ကျပ် ၁၆၅၀ ရှိခဲ့ကာ ရှယ်ယာ ၂၈၇၁ စောင်၊ AMATA က ရှယ်ယာ အပိတ်ဈေး ကျပ် ၄၉၀၀ ရှိခဲ့ကာ ရှယ်ယာ ၁၆၇ စောင်၊ MAEX က ရှယ်ယာအပိတ်ဈေး ကျပ် ၃၂၅၀ ရှိခဲ့ကာ ရှယ်ယာ ၄၉ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာအရောင်းအဝယ်ဖြစ်မြောက်မှုအနေဖြင့် အစုရှယ်ယာအရေအတွက်စုစုပေါင်း ၁၁၉၉၉ စောင်ရှိပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်အစုရှယ်ယာတန်ဖိုး ကျပ် ၁၆၅ ဒသမ ၁၁ သန်းရှိသည်။
စာရင်းဝင်အကြိုဈေးကွက် တစ်နေ့တာရှယ်ယာအပိတ်ဈေးအနေဖြင့် MAGDPL (Myanmar Agricultural & General Development Public Co.,Ltd) က ကျပ် ၂၇၀၀ ဖြင့် ရှယ်ယာစောင်ရေ ၈၈၉၆ စောင်၊ GBS Agricultural Services Public Co.,Ltd က ရှယ်ယာအပိတ်ဈေး ကျပ် ၄၆,၀၀၀ ရှိခဲ့ကာ စုစုပေါင်းရှယ်ယာစောင်ရေ ၃၁၀၃ စောင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်သဘောတူညီချက်ဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေ--တရုတ်

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖြည်းဖြည်းချင်းအကောင်အထည်ဖော်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက် နေ့တွင် ပြောကြားခဲ့သည်။
ပြည့်စုံ၍ ကြာရှည်ခံသော အပ-စ်အခတ်ရပ်စဲရေးကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှဲပေးခဲ့ကြောင်းလည်း မစ္စတာလင်းက ပြောဆိုခဲ့သည်။
အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးသောတို-က်ပွဲများကိုဖြစ်ပေါ်စေခဲ့သည့် နယ်စပ်ပဋိပက္ခများကို အဆုံးသ-တ်ရန်အတွက် ဒီဇင်ဘာလကုန်တွင် ဒုတိယအကြိမ် အပ-စ်အခတ်ရပ်စဲရေးကို ထိုင်းနှင့် ကမ္ဘောဒီးယားတို့ သဘောတူခဲ့ကြသည်။

၀န်ကြီးချုပ်နှစ်ကြိမ်သာထမ်းဆောင်ခွင့်ကိုပြင်ဆင်မည်--အန်ဝါ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် မြို့ပြလူထု၏ မဲများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် သက်တမ်းနှစ်ကြိမ်သာထမ်းဆောင်ခွင့်အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ဇန်နဝါရီလ ၅ ရက်‌နေ့တွင် ကြေညာခဲ့သည်။
ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး ဝန်ကြီးများနှင့် ရာနှင့်ချီသော ပြည်သူ့ဝန်ထမ်းများကို မိန့်ခွန်းမပြောမီ အန်ဝါက ပြောကြားခဲ့ရာတွင် ခေါင်းဆောင်များအနေဖြင့်ပြုပြင်ပြောင်းလဲမှုများကို ၎င်းတို့၏ သက်တမ်းအတွင်း အကောင်အထည်ဖော်ရမည်ဖြစ်ကာ သက်တမ်းကာလထက် မကျော်လွန်သင့်ကြောင်း ဆိုခဲ့သည်။
မစ္စတာအန်ဝါ၏ အစိုးရအပေါ် မြို့ပြနှင့် တရုတ်မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းလာခြင်း Perikatan Nasional (PN) က ၎င်း၏ ခေါင်းဆောင်ပိုင်းကို ပြောင်းလဲရန်ရည်ရွယ်နေပြီး အတိုက်အခံ၏ အားသစ်လောင်းလာမှုကို ကြုံလာရချိန်တွင် ယခုကြေညာချက်များ ထွက်လာခြင်းဖြစ်သည်။
လူတိုင်းမှာ အကန့်အသတ်တွေရှိပါတယ်။ အစိုးရရဲ့ အတွင်းဝန်ချုပ်ဟာ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်လို့ မရပါဘူး။ ဝန်ကြီးချုပ် အပါအဝင် လူတိုင်းနဲ့ သက်ဆိုင်ပါတယ်ဟု ဆိုခဲ့သည်။
ဝန်ကြီးချုပ်ရဲ့ သက်တမ်းကန့်သတ်ချက်ဟာ ၁၀ နှစ် ဒါမှမဟုတ် သက်တမ်းအပြည့်အဝ နှစ်ကြိမ်ထက် မကျော်ရပါဘူး ဟု ဝန်ကြီးချုပ်ရုံးတွင် ပြောကြားခဲ့သော ၂၀၂၆ နှစ်သစ်ကူးမိန့်ခွန်းအတွင်း အန်ဝါက ပြောကြားခဲ့သည်။
မလေးရှားဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် အောက်လွှတ်တော်တွင် အမတ်အများစု၏ ထောက်ခံမှုရနေသမျှ ဆက်လက်တာဝန်ထမ်းဆောင်နိုင်သည်။