ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - စက်တင်ဘာ ၂၉ ၊ နံနက် ၁၀ နာရီ)
Voice of Myanmar

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၃၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၂၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၂၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၇၅ ကျပ်
ဝယ်ဈေး - ၃၄၀၄ ကျပ်

-ယူရို
ရောင်းဈေး - ၅၁၆၄ ကျပ်
ဝယ်ဈေး - ၄၉၀၃ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၆၂ ကျပ်
ဝယ်ဈေး - ၁၃၀.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၀ ကျပ်
ဝယ်ဈေး - ၁၀၆၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၆၅ ကျပ်
ဝယ်ဈေး - ၆၅၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၃ ကျပ်
ဝယ်ဈေး - ၂၇.၇၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၆၇ ကျပ်
ဝယ်ဈေး - ၄၅.၄၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၉၉၉ ကျပ်
ဝယ်ဈေး - ၅၈၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၄၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၂ ကျပ်
ဝယ်ဈေး - ၁၁၈၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

မီးမလာတဲ့ညတွေကနေ မျှော်လင့်ချက်အလင်းဆီ
ကျွန်တော် မန္တလေးတိုင်းက ရွာလေးတစ်ရွာမှာ ကြီးပြင်းခဲ့တယ်။ ငယ်ငယ်တုန်းက ညနေဆိုရင် မီးပျက်တာ သိပ်မဆန်းဘူး။ စာလုပ်နေရင်း မီးသွားတာနဲ့ ဖယောင်းတိုင်မီးလေးအောက်မှာ စာဆက်ဖတ်ရတယ်။ ညဘက် မော်တော်ဆိုင်ကယ်အားသွင်းဖို့၊ ဖုန်းအားသွင်းဖို့ ဆိုင်တွေမှာ တန်းစီရတယ်။ ဆေးရုံမှာ မီးမလာရင် ဆရာဝန်တွေ အလုပ်ရပ်ရတယ်ဆိုတာ ကြားဖူးတယ်။ ရွာက ဆန်စက်တွေလည်း မီးမလာရင် ရပ်နေရတယ်။ ဒီလိုဘဝက ကျွန်တော်တို့အတွက် သိပ်ပင်ပန်းတယ်။

ဒါပေမဲ့ ရွှေလီမှာ အလုပ်လာလုပ်တော့ ကျွန်တော် အံ့ဩသွားတယ်။ ညဆိုရင် လမ်းတွေမှာ မီးတွေလင်းနေတယ်။ ဆိုင်တွေ ညနက်ထိ ဖွင့်ထားတယ်။ စက်ရုံထဲမှာ မီးမပျက်ဘဲ စက်တွေ အလုပ်လုပ်နေတယ်။ ဖုန်းအားသွင်းဖို့ တန်းစီစရာ မလိုဘူး။ ကျွန်တော်တို့ အိမ်ငှားခန်းမှာလည်း မီးအမြဲရှိတယ်။ ပထမတော့ ဒါက ကံကောင်းတာလို့ပဲ ထင်မိတယ်။ နောက်တော့ သိလာတာက ဒီနောက်မှာ ကောင်းမွန်တဲ့ ဓာတ်အားစနစ်၊ ပြုပြင်ထိန်းသိမ်းမှု၊ နည်းပညာနဲ့ စည်းကမ်းရှိတဲ့ စီမံခန့်ခွဲမှုတွေ ရှိနေတယ်ဆိုတာပဲ။

ရွှေလီနယ်စပ်ဈေးတွေမှာ တရုတ်နိုင်ငံထုတ် ဆိုလာပြား၊ အင်ဗာတာ၊ လီသီယမ်ဘက်ထရီတွေ တွေ့ရတယ်။ ရွာကို ပြန်သွားတဲ့အခါ ကျွန်တော် ဆိုလာမီးလေးတွေ ဝယ်သွားပြီး အိမ်မှာ တပ်ခဲ့တယ်။ တရုတ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဆိုလာပြား ဘယ်လိုတပ်ရမလဲ၊ ဘက်ထရီ ဘယ်လိုထိန်းသိမ်းရမလဲ သင်ပေးတယ်။ အခုဆို ကျွန်တော်တို့ရွာက အိမ်တချို့ ညဘက် ဖယောင်းတိုင်မလိုတော့ဘူး။ ကလေးတွေ ညဘက် စာလုပ်လို့ရလာတယ်။

ကျွန်တော် မျှော်လင့်တာက တစ်နေ့ မြန်မာပြည်မှာလည်း မီးအလင်းက လူတိုင်းဆီ ရောက်လာမယ်။ ဆေးရုံ၊ ကျောင်း၊ စက်ရုံ၊ လယ်ယာတွေမှာ မီးမပျက်တော့ဘူး။ ဒီအတွက် တရုတ်နိုင်ငံရဲ့ ဓာတ်အားနည်းပညာ၊ ဆိုလာစနစ်၊ ထိန်းသိမ်းရေးအတွေ့အကြုံတွေကို မြန်မာလူငယ်တွေ သင်ယူနိုင်ရင် အကျိုးရှိမယ်လို့ ယုံတယ်။ မီးအလင်းဆိုတာ မီးလုံးတစ်လုံးတင်မဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စာဖတ်ခွင့်၊ လူနာတစ်ယောက်ရဲ့ အသက်၊ လယ်သမားတစ်ယောက်ရဲ့ ဝင်ငွေ ဖြစ်နေတယ်။

image

မြင်းခြံက အေးမြသီတာစျေးမီးလောင်လို့ ငရုတ်၊ကြက်သွန်ပွဲရုံအပါဆိုင်ခန်း ၂၄ ခန်းမီးထဲပါသွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဒေသအခေါ် မြောက်ဈေးလို့သိကြတဲ့ အေးမြသီတာဈေးမှာ မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်း ၂၄ ခန်းမီးလောင်း ပျက်စီးခဲ့တယ်လို့ မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

မနေ့က စက်တင်ဘာ ၂၇ ရက်နေ့ည ၇ နာရီ ၅၀ မိနစ်မှာ အေးမြသီတာဈေးကြီးရဲ့ စျေးရုံအမှတ် ( ခ) ရုံ မီးလောင်ခဲ့တာဖြစ်ကြောင်း ၊ မီးလောင်မှုကြောင့် ငပိ ၊ငါးခြောက် ၊ ငရုတ်သီး ၊ ကြက်သွန်နီ ပွဲရုံတွေနဲ့ ပရိဘောဂရောင်းဝယ်ရေးဆိုင်တို့ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

" ဆိုင်ခန်းအမှတ် ၃၄ ရဲ့အခန်းထဲက ဆိုလာအင်ဗာတာ အပူလွန်ကဲပြီး မီးလောင်တာပါ။ ၈ နာရီ ၃၃ မိနစ်မှာ မီးငြိမ်းပါတယ်။ " လို့ မြင်းခြံမြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကြောင့် ငွေကျပ်တရာငါးဆယ့်ခြောက်သိန်းကျပ်ဖိုးဆုံးရှုံးမှုရှိခဲ့ပြီး မီးစတင်လောင်ကျွမ်းစေခဲ့တဲ့ ဆိုင်ခန်း အမှတ် ၃၄ ပိုင်ရှင်ကို မြင်းခြံရဲစခန်းက ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မီးလောင်မှုကိုတော့ မြင်းခြံခရိုင်မီးသတ်စခန်း ၊ မြင်းခြံမြို့နယ်မီးသတ်စခန်း၊ မြင်းခြံနယ်မြေမီးသတ်စခန်း၊ စက်မှုဇုံအရန်မီးသတ်စခန်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့တာလို့ သိရပါတယ်။

ဧပြီ ၂၆ ရက်နေ့ ၊ မနက်အစော ၆ နာရီ ၂၅ မိနစ်လောက်ကလည်း ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၂၇၁ ခန်းမီးလောင်ပျက်စီးမှု ရှိခဲ့ပါတယ်။

image

ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၃၃ ယောက်သေ၊ ၃၆ ယောက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီကျော်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ၃၃ ယောက် သေဆုံးကာ ၊ ၃၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသား ၊ အမျိုးသမီး ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူတွေပါတဲ့အတွက် သေဆုံးမှု ထပ်တိုးလာနိုင်တယ်လို့ လတ်တလောသိရပါတယ်။

" လောလောဆယ် အလောင်းက ၃၃ လောင်းတွေ့ထားတယ်။ဒဏ်ရာရသူ ၃၆ ယောက်ရှိတယ်။ မီးထဲပါသွားသူတချို့ရှိနေသေးတယ်။ လောလောဆယ် ဒီလောက်တော့အတည်ပြုလို့ရပါတယ်။" လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ထိခိုက် ၊သေဆုံးသူများကြောင်း AA ကလည်း ကနဦး သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီစက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံးပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA ထုတ်ပြန်ထားပါတယ်။

အစိုးရကတပ်က ၄၉၂၆ စစ်ဆင်ရေးစတင်တဲ့ စက်တင်ဘာ ၄ ရက်ကစပြီး ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှု ၊ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် စစ်ရေးတင်းမာနေပါတယ်။

image

ထားဝယ်ဒေသက ရွာ ၆၀ လောက်မှာ ရေကြီး မြေပြိုတဲ့နေရာတွေ ကူညီကယ်ဆယ်ရေး ထိရောက်အောင်မလုပ်နိုင်သေး

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်ထဲက ရွာပေါင်း ၆၀ လောက်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ နဲ့ ပျောက်ဆုံးသူတွေများနေပေမယ့် ဒီနေ့အထိ ကူညီကယ်ဆယ်ရေးပိုင်း ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။

ထားဝယ်ဒေသမှာ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက မြေပြို ၊ရေကြီးမှု အဆိုးဆုံးဖြစ်နေပြီး သေဆုံးသူ ၁၀ ယောက်လောက် ၊ ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်နဲ့ ပျောက်ဆုံးသူ ၂၀ လောက် အပြင် နေအိမ်မှာ ပိတ်မိနေသူတွေ ခုထိရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို ကြုံတွေ့နေရပြီး ရွာထဲမှာ အိမ်တွေမြေပိတာ ၊ နေအိမ်ထဲပိတ်မိနေတာ ၊ သေဆုံးသူ ၊ ပျောက်ဆုံးသူတွေ ရှိပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်

" အခုက ရွာတွေထဲပိတ်မိနေတာတွေလည်း ရှိနေတုန်းပဲ ။ သေဆုံးတာတွေရောပဲ ။ တောကျဲဆိုရင် အလောင်းတလောင်း တွေ့တယ်။ ရှစ်ယောက်ပျောက်နေတုန်းပဲ ။ မရှာနိုင်သေးဘူး။ ကူညီရေးတွေလည်း မရောက်သေးဘူး။ လမ်းတွေက ပျက်၊ တံတားတွေက ကြိုး ၊ တောင်တွေက ဆက်တိုက်ပြိုနေတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ တရွာနဲ့တရွာ သွားရဖို့က အရမ်းခက်နေတယ်။ ကူညီရေး မရောက်တော့ ရွာသားတွေလည်း ဒုက္ခရောက်တာပေါ့။ တချို့ဆို ခုထိ ထမင်းမစားရသေးတာအထိရှိတယ်။ " လို့ လောင်းလုံး ဒေသခံက ပြောပါတယ်။

လက်ရှိမှာက ကျေးရွာအနည်းစုကိုသာ လူမှုကူညီရေးအဖွဲ့တွေ ရောက်ရှိကူညီနိုင်ပြီး ကျန်တဲ့ကျေးရွာအများစုကို သွားဖို့အတွက် လမ်းတံတားတွေ ပျက်စီးသွားခြင်း ၊ တောင်တွေဆက်တိုက်ပြိုပြီး လမ်းပိတ်နေခြင်း စတဲ့အခြေအနေကြောင့် ကူညီရေးအဖွဲ့တွေ လမ်းမှာကြန့်ကြာနေပြီး ကူညီကယ်ဆယ်ရေးအပိုင်း ထိထိရောက်ရောက်မလုပ်နိုင်သေးပါဘူး။

ကူညီကယ်ဆယ်ရေးလုပ်ဖို့အတွက် ကရင်ပြည်နယ်က အသင်းအဖွဲ့တွေ ၊ မြိတ် အပါအဝင်စတဲ့ မြို့နယ်တချို့က လူမှုကူညီရေး အသင်းအဖွဲ့တွေ ထားဝယ်ခရိုင်ကို သွားရောက်မှုရှိနေပြီး ကယ်ဆယ်ရေးလုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိမှာ လမ်းပိုင်းက မြေတင်ကား ဒါမှမဟုတ် Vigo ကားတွေသာ သွားလာလို့ ရတဲ့အခြေအနေရှိကြောင်း ကူညီကယ်ဆယ်ရေးသွားနေတဲ့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က အသိပေးထားပါတယ်။

သရက်ချောင်းမြို့နယ်မှာဆိုရင်လည်း ရွာပေါင်း ၂၅ ရွာဖြစ်တဲ့ ပဲဒက် ၊ ကြာအင်း ၊ ကြ က်စာပြင် ၊သူရဲတောင် ၊ ကင်းရှေ့ ၊ စော်ဖျား ၊ ကထီးဝ၊ညောင်ဇင်၊သင်ကျွန်း၊ ဥတ္တူရွာ ၊ မဲနယ်အိုးရွာ ၊ စော်ဖျားရွာ ၊ ညောင်ဇင် ၊ သင်ကျွန်းရွာ ၊ ဝင်းကဖော် ၊ မယ်ကဲ ၊ သဲချောင်းကြီး ၊ကထီးဝ၊ အင်းပြား၊စော်ဖျား၊ မိုးရွှေကုန်း၊ ရှင်မုတ္ထီး ၊ ရောင်းမော် ၊ ရန်တောင် ၊ တီတွတ်ပြင်ရွာ စတဲ့ရွာတွေမှာ ရေကြီးမှု ဆိုးရွားနေလို့ အရေးပေါ် အကူအညီတွေလိုအပ်နေ ပါတယ်။

" သရက်ချောင်းမြို့နယ်မှာ အကူအညီတွေလိုအပ်နေပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ ပိတ်မိနေတာရှိတယ် ။ တချို့ရွာတွေ ရေထပ်တက်တယ်။ ရေ ၆ ပေကနေ ၈ ပေလောက်အထိ တက်လာနေတယ်။ ရွှေ့ပြောင်းဖို့လိုတဲ့သူတွေရှိတယ်။ ချက်ပြုတ်စားသောက်လို့မရတော့တာတွေရှိတယ်။ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်။စော်ဖျားရွာမှာ အလောင်းတွေ့တယ်သိရတယ်။ " လို့ သရက်ချောင်းဒေသခံက ပြောပါတယ်။

အလားတူ ထားဝယ်မြို့နယ်မှာလည်း ရေကြီးတဲ့ရပ်ကွက်တွေ ထပ်တိုးလာနေရာ မြို့ပေါ်က ကရပ်ပြင် ၊ ကညုံ ၊ ရှမ္မလည်ဆွဲ ၊ ကြက်စားပြင် ၊ ဘုမ္မော် ၊ ဆန်းချီရပ်ကွက် စတဲ့ ရပ်ကွက်ရှိ လမ်းတချို့မှာ ရေကြီးနေပြီး ဘုမ္မော်ရပ်ကွက်မှာဆိုရင် တထပ်အိမ်တွေ ရေနစ်နေကြောင်း ကျေးရွာဘက်တွေမှာလည်း ရေကြီးနေပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်မှာ စက်တင်ဘာ ၂၅ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်း ၊ လေပြင်းတိုက်ခြင်းကြောင့် ၂၆ ရက်မှာ ချောင်းရေတက်ခြင်း ၊ တောင်ကျရေကြောင့် ရေကြီးခြင်း ၊ တောင်ပြိုခြင်းတွေဖြစ်ပြီး ဒေသခံ သောင်းနဲ့ချီပြီး သဘာဝဘေးသင့်ကာ သေဆုံး ၊ ဒဏ်ရာရ ၊ ပျောက်ဆုံးသူတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရှိနေတာမို့ လုံခြုံရေးအရလည်း စိတ်မချရတာကြောင့် ကယ်ဆယ်ရေးသမားတွေမှာ စိုးရိမ်စိတ်ရှိနေတယ်လို့လည်းသိရပါတယ်။

ထားဝယ်မြို့မှာ စက်တင်ဘာ ၂၇ ရက်နေ့က မိုးရွာသွန်းမှုဟာ မိုးရေချိန် ၁၁ ဒသမ ၀၂ လက်မ (၂၈၀ မီလီမီတာ) နဲ့ သမိုင်းတလျှောက် အမြင့်ဆုံးမိုးရေချိန် စံချိန်သစ်အဖြစ် ရွာသွန်းခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - စက်တင်ဘာ ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၉၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၃၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၇၄ ကျပ်
ဝယ်ဈေး - ၃၃၉၂ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၉၀ ကျပ်
ဝယ်ဈေး - ၄၉၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၁၁ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၆၄ ကျပ်
ဝယ်ဈေး - ၆၄၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၉၅ ကျပ်
ဝယ်ဈေး - ၂၇.၆၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၆၇ ကျပ်
ဝယ်ဈေး - ၄၅.၄၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၁ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၀ ကျပ်
ဝယ်ဈေး - ၅၇၆၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၈၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ညောင်ဦးမြို့နယ်မီးသတ်က လက်တလောဖြစ်ပေါ်နေသော ရာသီဥတုသတိပေးချက်များအရကြိုတင်ပြင်ဆင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လက်တလောဖြစ်ပေါ်နေသော ရာသီဥတုသတိပေးချက်များအရ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၏ မြို့နယ်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ စက်တင်ဘာ ၂၈ ရက်နံနက် ၉ နာရီမှစတင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ၊ ရေစုပ်စက်များနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး Assault Boat များရေပြင်အသင့်ချထားခြင်း၊ စက်နှိုးစမ်းသပ်ခြင်း၊ အသင့်စုဖွဲ့လေ့ကျင့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်အတွင်း၌ ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်လာပါက ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၏ အရေးပေါ် ဖုန်း ၁၉၁ နှင့် ရုံးဖုန်း ၀၆၁ ၂၄၆၀၁၉၁ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

image

စမ်းချောင်းရှိ ဟိုတယ်တစ်ခု ဓာတ်အားခိုးယူသုံးစွဲမှုဖြင့် အရေးယူ၊ နစ်နာဓာတ်အားခ ကျပ် ၁၃၈ သန်းကျော် ပြန်လည်ပေးသွင်းရမည်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်ရှိ ရွိင်ရယ်ခတ္တာဟိုတယ်တွင် လျှပ်စစ်ဓာတ်အား တရားမဝင်ခိုးယူသုံးစွဲထားမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေပြီး နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော်ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂၄ ရက်က အဆိုပါဟိုတယ်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓာတ်အားတရားမဝင်ခိုးယူသုံးစွဲထားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဟိုတယ်၏ လျှပ်စစ်မီတာကို ချက်ချင်းဖြုတ်ယူသိမ်းဆည်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သည့် ဓာတ်အားခ ကျပ် ၁၃၈ ဒသမ ၂၃၆ သန်းကျော် ပြန်လည်ပေးသွင်းစေရေး ဆောင်ရွက်ထားသည်။

ထို့ပြင် ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စမ်းချောင်းမြို့မရဲစခန်း၌ အမှုအမှတ် (ပ-၃၉၉/၂၀၂၆) ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး Control Center များတွင် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ထားမှုကြောင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်နိုင်လာကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ Call Center များသို့ ဆက်သွယ်သတင်းပေးကြရန်လည်း ဝန်ကြီးဌာနက အသိပေးထားသည်။

image

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံ ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၆ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်း ကျင်းပမည့် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် လက်ခံရရှိထားသော အပိတ်စာရင်းများအရ မီးပုံးပျံ စုစုပေါင်း ၅၄၁ လုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပြိုင်ပွဲ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးပုံးပျံများအနက် ညလွှတ်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၆၇ လုံးနှင့် စိန်နားပန် ၃၉ လုံး၊ စုစုပေါင်း ၁၀၆ လုံး ပါဝင်မည်ဖြစ်သည်။

ထို့ပြင် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား ၂၂၉ လုံး၊ ခြေလေးချောင်းအမျိုးအစား ၁၃၃ လုံးနှင့် အရုပ်အုပ်စု ၇၃ လုံး၊ စုစုပေါင်း ၄၃၅ လုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် ညလွှတ်မီးပုံးပျံ ၁၀၆ လုံးနှင့် နေ့လွှတ်အရုပ်မီးပုံးပျံ ၄၃၅ လုံးအပါအဝင် မီးပုံးပျံ စုစုပေါင်း ၅၄၁ လုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် ရိုးရာမီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းကြီး၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းနှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ရိုးရာမီးပုံးပျံပြိုင်ပွဲ သတင်းနှင့်ပြန်ကြားရေးအဖွဲ

image