ဗီလာကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ ကျိန်စာသင့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရတဲ့ မန်နူရယ်အူဂတ်တီ
========================

မန်နူရယ်အူဂတ်တီဟာ ယူနိုက်တက်ရဲ့ ဗီလာရှုံးပွဲအပြီးမှာတော့ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက ဗီလာပါ့ခ်တွင် အိမ်ရှင် အက်စတွန်ဗီလာကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့် ၇ နေရာတွင် ရပ်တည်လာရပါတယ်။

မနေ့ညကပွဲစဉ်တွင် ယူနိုက်တက်ဟာ ပွဲချိန်အများစုကို ကောင်းမွန်စွာ ကစားနိုင်တဲ့အပြင် အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့်လည်း မော်ဂန်ရိုဂျာရဲ့ လှပတဲ့ အဆုံးသတ်ဂိုး ၂ ဂိုးကြောင့် ၂-၁ ဖြင့် အရေးနိမ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗီလာရှုံးပွဲကြောင့် ယူနိုက်တက်စတားအူဂတ်တီကတော့ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရပါတယ်။

မန်နူရယ်အူဂတ်တီဟာ ယူနိုက်တက်အတွက် နောက်ဆုံး ၉ ပွဲ ပွဲထွက်ကစားထားရာမှာ တစ်ပွဲမျှ အနိုင်ရထားခြင်း မရှိမှုနှင့်အတူ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

အူဂတ်တီ ပွဲထွက်ကစားတဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံး ၉ ပွဲတွင် ၁ ပွဲသာ သရေကျပြီး ၈ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ဒီမှတ်တမ်းကြောင့် အူဂတ်တီဟာ ဘရာဇီးစတားဟောင်းကလီဘာဆင်အပြီး ယူနိုက်တက်သမိုင်းတွင် ပွဲထွက်ကစားပြီး နိုင်ပွဲပျောက်မှု အများဆုံး ဒုတိယကစားသမားဖြစ်လာပါတယ်။

ကလီဘာဆင်ဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၅ ခုနှစ်‌မေလအတွင်း ပွဲထွက်ကစားတိုင်း နိုင်ပွဲမရှိတဲ့ ကစားသမားအဖြစ် ကာလရှည်နိုင်ပွဲပျောက်ကစားသမားမှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားတာပါ။

ဒါပေမယ့် ကလီဘာဆင်က ယင်းကာလအတွင်း ၁၀ ပွဲထွက်ကစားရာမှာ ၇ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်ကြောင့် အူဂတ်တီထက် ရလဒ်ပိုကောင်းတယ်လို့ ဆိုရပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ အူဂတ်တီ ကျိန်စာဆိုးကို ပိုမို ကြုံလာရဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လာမယ့် နယူးကာဆယ်နှင့် ဘောက်ဆင်ဒေးပွဲစဉ်တွင် အူဂတ်တီကိုပင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာရဦးမှာ ဖြစ်ပါတယ်။

အူဂတ်တီဟာ စပို့တင်းလစ္စဘွန်းမှာတုန်းက ရူဘင်အမိုရမ်လက်အောက်တွင် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ပြန်လည်လက်တွဲလာချိန်မှာ ယုံကြည်မှု ပျောက်ဆုံးခြင်းခံနေရသူ ဖြစ်ပါတယ်။

image

ဖောရက်စ်ပွဲမတိုင်မီ မန်စီးတီးကစားသမားများ ဝိတ်ချိန်ရမည်
===================

ပက်ဂွါဒီယိုလာက မန်စီးတီးကစားသမားများအနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ ပွဲကစားရန် ကြံ့ခိုင်မှု ပြည့်ဝမှု ရှိ/မရှိကြောင်း သိရှိရန် ဝိတ်ချိန်ရမယ်လို့ ပြောကြားလာပါတယ်။

မန်စီးတီးဟာ ခရစ္စမတ်မတိုင်မီ နောက်ဆုံးပွဲအဖြစ် စနေနေ့တုန်းက ဝက်စ်ဟမ်းအား ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။

မန်စီးတီးကစားသမားများဟာ ဝက်စ်ဟမ်းပွဲမတိုင်မီ ဝိတ်ချိန်ခဲ့ရပြီး ယခုအပတ် လေ့ကျင့်ခန်းပြန်ဆင်းလာချိန်တွင် သတ်မှတ်ဝိတ်ချိန်အတိုင်း ရှိနေဖို့ ဝိတ်ထိန်းထားရပါမယ်။

အသက် ၅၄ နှစ်ရှိ ဂွါ့ဒီယိုလာက "သုံးရက်အနားပေးလို့ ပြန်ရောက်လာတဲ့အချိန်မှာ ဘယ်လိုပုံစံ ဖြစ်နေတယ်ဆိုတာ သိချင်တယ်။ သူတို့ စားကြမှာပဲ။ ဒါပေမယ့် ကျွန်တော်က သူတို့ကို ထိန်းချုပ်ထားချင်တယ်။ ကစားသမားတစ်ယောက် အခု အပြီးပြည့်စုံဆုံး ဖြစ်နေတယ်ဆိုရင်တောင် ပြန်ရောက်လာတဲ့အခါ ၃ ကီလိုလောက် ဝိတ်ပိုတက်နေရင် မန်ချက်စတာမှာပဲ ကျန်ရစ်ခဲ့ရပါမယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲအတွက် လိုက်ပါခွင့်ရမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂွါ့ဒီယိုလာဟာ ၂၀၁၆ ခုနှစ်တွင် မန်စီးတီးကို ကိုင်တွယ်ပြီးနောက် ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး ကစားသမားများအား များစွ တင်းကြပ်လေ့ရှိသူ ဖြစ်ပါတယ်။ ကစားသမားများဟာ သတ်မှတ်ဝိတ်ထက် မြင့်မားနေပါက ပွဲကစားခွင့်မရဘဲ လေ့ကျင့်ခန်းဆင်းမှုသာ ပြုလုပ်ရပါတယ်။

မန်စီးတီးနောက်ခံလူဟောင်းကလစ်ချီက ဂွါဒီယိုလာရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းများကြောင့် ကစားသမားများမှာ ပီဇာ၊ အချိုရည်နှင့် ကယ်လိုရီများတဲ့ အစားအသောက်များကို ရှောင်ရှားရကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာတွင် ရပ်တည်နေတဲ့ မန်စီးတီးဟာ စနေနေ့တွင် နော်တင်ဟမ်ဖောရက်စ်နှင့်ရင်ဆိုင်ပြီးပါက နှစ်သစ်ကူးနေ့တွင် ဆန်းဒါးလန်းအား အဝေးကွင်းသို့ ထပ်မံ ရင်ဆိုင်ကစားရပါမယ်။

image

အိုက်စလန်အသင်းငယ်လေးတွင် ကစားပြီးနောက် ဘောလုံးလောကမှ တိတ်တဆိတ် အနားယူလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်စတားဟောင်း
=======================

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်းစတီဗင်ကူလ်ကာဟာ ကွဲပြားတဲ့ ကလပ် ၁၇ ခုတွင် ကျင်လည်ခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဗဟိုနောက်ခံလူဟာ လီဗာပူး၊ စပါးစ်၊ ကျူပီအာ၊ ဆွမ်စီး၊ ဝီဂန်နှင့် ဆောက်သမ်တန်တို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ ဇွန်လတုန်းက အိုက်စလန်ကလပ်ငယ်လေး Stjarnan သို့ တစ်နှစ်ခွဲစာချုပ်ဖြင့် အံ့ဩသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ယင်းကလပ်တွင် ကာလတိုသာ ကစားပြီးနောက် ကစားသမားဘဝမှ အနားယူကာ နည်းပြလောကသို့ ဝင်ရေး လုပ်ဆောင်ရန် ဆုံးဖြတ်လာပါတယ်။

စတီဗင်ကူလ်ကာဟာ ၂၀၁၂ ခုနှစ်တုန်းက ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ ဆွီဒင်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲတွင် အင်္ဂလန်အတွက် တစ်ပွဲတည်းသောပွဲအဖြစ် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယင်းပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးကစားခဲ့ရာမှာ ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။

သူဟာ ဗြိတိန်အိုလံပစ်အသင်းနှင့်အတူ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲအသင်းတွင် ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အင်္ဂလန်အသင်းတွင် ရွေးချယ်မခံရမှုကြောင့် နောက်ပိုင်းတွင် ဆီရီယာလီယွန်အတွက် ကစားခဲ့ပါတယ်။ သူဟာ ဆီရီယာလီယွန်အတွက် ၁၈ ပွဲကစားပေးခဲ့ပါတယ်။

သူဟာ လီဗာပူးတွင် အငှားဖြင့် ကစားစဉ်ကာလတုန်းက ဂျာဂင်ကလော့ပ်လက်အောက်တွင် အရေးပေါ် တိုက်စစ်မှူးအဖြစ်လည်း ကစားခဲ့ပါတယ်။

သူဟာ လီဗာပူးအတွက် ပထမဆုံးပွဲကစားတဲ့ အာဆင်နယ်နှင့်ပွဲတွင် အရက်သောက်ထားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ဖွင့်ဟခဲ့ဖူးပါတယ်။

image

ယူနိုက်တက်နှင့်ပွဲစဉ်မှ မော်ဂန်ရိုဂျာရဲ့ ဂိုးအား အင်္ကျီချွတ်ကာ အမိုက်စားအောင်ပွဲခံမှုရဲ့‌နောက်ကွယ်မှ အကြောင်းရင်းအား အူနိုင်းအမ်မရီ ဖွင့်ဟလာ
=======================

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီဟာ ယူနိုက်တက်အား အနိုင်ရတဲ့ပွဲစဉ်တွင် မော်ဂန်ရိုဂျာက အနိုင်ဂိုးသွင်းလာချိန်တွင် အပေါ် အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့ခြင်းမှာ မပျော်ရွှင်မှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်ရိုဂျာဟာ ဗီလာပါ့ခ်တွင် အံထွက်လာတဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအတွင်းမှ ဝေ့ဝိုက်ကန်ချက်ဖြင့် ၂-၁ ဖြင့် အနိုင်ရရှိစေမယ့် ဂိုးအား သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ရော်ဂျာက သူ့ရဲ့ ဒုတိယမြောက်ဂိုးအား သွင်းလာချိန်တွင် အူနိုင်းအမ်မရီဟာ ကုတ်အင်္ကျီအား ချွတ်ကာ လေထဲမှာ ဝှေ့ယမ်းခဲ့ပါတယ်။

အာဆင်နယ်နှင့် ပီအက်စ်ဂျီနည်းပြဟောင်းက "တခါတလေ ကျွန်တော်တို့ အသင်းလိုက်ရော တစ်ဦးချင်းစီရော အရမ်းကောင်းတယ်။ ကစားသမားတွေဆီက ဂိုးတွေ လိုတယ်။ ရိုဂျာလည်း ကစားတာ အရမ်းကောင်းတယ်။ ဒါပေမယ့် ရာသီအစတုန်းက ရိုဂျာဟာ ထင်သလောက် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် ကစားတာတော့ ကောင်းတယ်။ သူ့တာဝန်အမြဲကျေတယ်။ အပြုအမူကောင်းတွေရဲ့ ပေးဆပ်ကြောင်းပြတယ်။ ဒီကနေ့လည်း ဒီအတိုင်းပဲ။ နှစ်ဂိုးသွင်းပြီး ဇာတ်လိုက်ဖြစ်ကြောင်း ပြသခဲ့တယ်။ သူတိုက် ဖိုက်တာ တစ်ဦးပါ။ အရမ်းကောင်းတဲ့သူပါ။ အရမ်းအရမ်းကို ကောင်းတယ်။ ဗီလာအတွက် သူ့ပေးဆပ်မှုက တကယ့်ကို ကြီးမားတယ်။ သူ့ရဲ့နေ့စဉ်အပြုအမူတွေက အရမ်းကောင်းတယ်"လို့ ပြောကြားသွားပါတယ်။

အင်္ကျီချွတ်ပြီး အောင်ပွဲခံမှုနှင့်ပတ်သက်ပြီး အမ်မရီက "မော်ဂန်ရိုဂျာ စွမ်း‌ဆောင်ရည်အပေါ် မကျေနပ်လို့ လုပ်ခဲ့တာပါ။ သူ အရမ်းကောင်းတဲ့ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီထက် ပိုလိုအပ်တယ်။ ဒုတိယပိုင်းမှာ သူ လုပ်တာတွေကိုပါ။ သူ အရမ်းအတင်းဝင် အတင်းထွက်ကစားတယ်။ ဒုတိယဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာကလည်း ဒုတိယလှုပ်ရှားမှုအတွက် အတင်းဝင်အတင်းထွက်၊ ကြိုတင်ခန့်မှန်းနိုင်လို့ သွင်းနိုင်ခဲ့တာပါ။ ဒီအပေါ်မှာ ပြင်းထန်တဲ့ တုံ့ပြန်မှု ဖြစ်ခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။

image

စွန့်ပစ်ခံလာရတော့မယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘောလုံးကွင်း
======================

ကမ္ဘာ့သက်တမ်းအရင့်ဆုံးဘောလုံးကွင်းဟာ နှစ်ပေါင်း ၁၅၄ နှစ်တိုင်တိုင် အသုံးတော်ခံပြီးတဲ့နောက် စွန့်ခွာခြင်းခံလာရတော့မှာ ဖြစ်ပါတယ်။

Maidenhead United ဟာ ၁၈၇၁ ခုနှစ်ကတည်းက York Road ကွင်းကို အသုံးပြုလာခဲ့တာ ဖြစ်ပြီး ယင်းနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံးအိမ်ကွင်းပွဲအား လက်ခံကျင်းပခဲ့ပါတယ်။

အက်ဖ်အေက ဘာရှီရီရှိ York Road ကွင်းကို ကမ္ဘာ့သက်တမ်းအရှည်ဆုံးကွင်းအဖြစ် တရားဝင် သတ်မှတ်ထားပြီး Maidenhead United ကလည်း အိမ်ကွင်းအဖြစ် အသုံးပြုနေပါတယ်။

ဒီကွင်းရဲ့ နံရံတွင် ကမ္ဘာ့သက်တမ်းအရှည်ဆုံးကွင်းဖြစ်ကြောင်း နက်ပြာရောင်ဆိုင်းဘုတ်ကပ်ထားပါတယ်။

ဒါပေမယ့် ရာစုနှစ်ခုကျော်လာချိန်မှာတော့ York Road ကွင်းရဲ့ ဇာတ်လမ်း အဆုံးသတ်လာရတော့မှာ ဖြစ်ပါတယ်။

Maidenhead ဟာ York Road ကို စွန့်ခွာဖို့ စီစဉ်လာလို့ ဖြစ်ပါတယ်။

၎င်းတို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက York Road ကို စွန့်ခွာရန် စီစဉ်လာခဲ့တာ ဖြစ်ပေမယ့် Windsor and Maidenhead Council ရဲ့ ပယ်ချခြင်းခံခဲ့ရလို့ ကြာကြန့်လာခဲ့တာပါ။

ဒါပေမယ့် ယခုအခါမှာတော့ Maidenhead ဟာ York Road ကို စွန့်ခွာရန် မီးစိမ်းပြခံလာရပြီ ဖြစ်ပါတယ်။

Maidenhead ဟာ Braywick Park အနီးတွင် ကွင်းသစ် တည်ဆောက်လာမှာ ဖြစ်ပြီး ပရိသတ် ၂၀၀၀ မှ ၅၀၀၀ ဆန့် ကွင်းသစ် တည်ဆောက်လာပါမယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
1 w - Translate

👈

image

Potable Water Disinfection System Market Set for Expansive Growth in Response to Global Water Quality Concerns

The global Potable Water Disinfection System market is witnessing substantial growth as the world grapples with water quality issues and the increasing demand for clean and safe drinking water. Potable water disinfection systems play a critical role in ensuring water safety by eliminating pathogens, bacteria, and harmful microorganisms. These systems are essential for both residential and industrial applications, providing a key solution to address the growing concerns around waterborne diseases and contamination.
Read Full Research Study: https://marketintelo.com/repor....t/potable-water-disi

Potable Water Disinfection System Market Research Report 2033
marketintelo.com

Potable Water Disinfection System Market Research Report 2033

As per our latest market intelligence, the Global Potable Water Disinfection System market size was valued at $4.7 billion in 2024, and is forecasted to hit $8.9 billion by 2033, growing at a robust CAGR of 7.2%.
1 w - Translate

Water Hammer Monitor Market to Witness Robust Growth Driven by Industrial Safety and Pipeline Management Through 2032

The global Water Hammer Monitor market is poised for substantial growth as industries emphasize pipeline safety, operational efficiency, and preventive maintenance. Water hammer monitors are critical for detecting pressure surges in fluid systems, preventing equipment damage, and ensuring uninterrupted industrial operations across energy, water management, and manufacturing sectors.

Read Full Research Study: https://marketintelo.com/repor....t/water-hammer-monit

Water Hammer Monitor Market Research Report 2033
marketintelo.com

Water Hammer Monitor Market Research Report 2033

As per our latest market intelligence, the Global Water Hammer Monitor market size was valued at $412 million in 2024, and is forecasted to hit $1.02 billion by 2033, growing at a robust CAGR of 10.5% during the forecast period.

ကျွန်တော်တို့ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေ***ကလည်း တိတ်တဆိတ် ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် အသက် ၃၅-၄၀ ကျော်လာတဲ့အခါ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေ စတင်နှေးကွေးလာတတ်ပါတယ်။
​ဒီနေ့တော့ သင့်ကျန်းမာရေးအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက် (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။ 👇
​၁️⃣ ဦးနှောက် (Brain) 🧠
^^^^^^^^^^^^^^^^^^
အသက် ၄၀ ကျော်ရင် ဆယ်စုနှစ်တစ်ခုတိုင်းမှာ ၅% ကျုံ့သွားတတ်ပါတယ်။
​❌ ဆိုးကျိုးများ - စိတ်ဖိစီးမှုများခြင်း၊ အပျက်မြင်ခြင်း၊ ရေဓာတ်နည်းခြင်းနဲ့ Omega-3 လိုအပ်ချက်တွေက ဦးနှောက်ကျဆင်းမှုကို မြန်စေပါတယ်။
​✅ ကာကွယ်ရန် - အိပ်ရေးဝဝအိပ်ပါ၊ အသစ်အသစ်တွေကို အမြဲလေ့လာသင်ယူပါ။
​⚠️ သတိပြုရန် - မကြာခဏ မေ့တတ်တာ၊ အာရုံစိုက်မရတာနဲ့ စိတ်တိုလွယ်တာတွေက အစပျိုးလက္ခဏာတွေပါ။
​၂️⃣ နှလုံး (Heart) ❤️
^^^^^^^^^^^^^^^^^^^
အသက် ၄၀-၅၀ အရွယ်မှာ နှလုံးညှစ်အား စတင်လျော့နည်းလာပြီး သွေးကြောတွေ တောင့်တင်းလာပါတယ်။
​❌ ဆိုးကျိုးများ - စိတ်ဖိစီးမှု၊ အငန်နဲ့ ဆီကြော်စာတွေက နှလုံးပျက်စီးမှုကို မြန်ဆန်စေပါတယ်။
​⚠️ သတိပြုရန် - နှလုံးက တီးတိုးသာ အသိပေးတတ်ပါတယ်။ မောပန်းတာ၊ မူးဝေတာ၊ ရင်ဘတ်လေးတာတွေကို လပေါင်းများစွာ ကြိုခံစားရနိုင်ပါတယ်။
​၃️⃣ အဆုတ် (Lungs) 🫁
^^^^^^^^^^^^^^^^^^
အသက် ၃၅ နှစ်ကစပြီး ဆယ်စုနှစ်တစ်ခုတိုင်းမှာ လုပ်ဆောင်ချက် ၅% ကျဆင်းပါတယ်။
​❌ ဆိုးကျိုးများ - ဆေးလိပ်သောက်ခြင်း၊ ကိုယ်ဟန်အနေအထား မမှန်ခြင်းက အဆုတ်ကို မြန်မြန်ပျက်စီးစေပါတယ်။
​✅ ကာကွယ်ရန် - အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ ကိုယ်ဟန်အနေအထား ပြင်ပါ။
​⚠️ သတိပြုရန် - သတိမထားမိခင်မှာပဲ လုပ်ငန်းဆောင်တာ ၅၀% လောက် လျော့နည်းနေတတ်ပါတယ်။ အသက်ရှူမဝတာက စောစောစီးစီးပြတဲ့ လက္ခဏာပါ။
​၄️⃣ အူ (Gut) 🦠
^^^^^^^^^^^^^^
​❌ ဆိုးကျိုးများ - ပြုပြင်ထားတဲ့ အစားအစာ၊ အဆီများတဲ့အစာ၊ ပဋိဇီဝဆေးနဲ့ စိတ်ဖိစီးမှုတွေက အကျိုးပြုဘက်တီးရီးယားတွေကို ၄၀% အထိ လျော့နည်းစေနိုင်ပါတယ်။
​✅ ကာကွယ်ရန် - အမျှင်ဓာတ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ စားသုံးပါ။
​⚠️ သတိပြုရန် - ဝမ်းချုပ်တာ၊ လေပွတာ၊ ဝက်ခြံပေါက်တာတွေက အူလမ်းကြောင်း ရောင်ရမ်းနေတဲ့ လက္ခဏာတွေပါ။
​၅️⃣ အသည်း (Liver) 🍷
^^^^^^^^^^^^^^^^^^^
နေ့စဉ် အဆိပ်အတောက်ပေါင်း ၅၀၀ ကျော်ကို စစ်ထုတ်ပေးနေရတဲ့ အသည်းပါ။
​❌ ဆိုးကျိုးများ - လူလတ်ပိုင်းအရွယ်ကစပြီး အဆိပ်ထုတ်နိုင်စွမ်း ၃၀% နှေးသွားပါတယ်။ အသက် ၅၀ ကျော်ရင် ပြန်လည်ပြုပြင်နိုင်စွမ်း ကျလာပါတယ်။ သကြားနဲ့ အရက်က အသည်းကို ဒုက္ခပေးပါတယ်။
​✅ ကာကွယ်ရန် - ခါးသက်တဲ့ အစားအစာတွေက အသည်းကို အားဖြည့်ပေးပါတယ်။
​⚠️ သတိပြုရန် - အသည်းက ၇၀% ပျက်စီးနေရင်တောင် ဘာမှ မခံစားရတတ်ပါဘူး။ မောပန်းတာ၊ ယားယံတာ၊ ဦးနှောက်မကြည်လင်တာတွေကို သတိပြုပါ။
​၆️⃣ အရိုး (Bones) 🦴
^^^^^^^^^^^^^^^^^
​အသက် ၃၅ နှစ်နောက်ပိုင်း အရိုးသိပ်သည်းဆက တစ်နှစ်ကို ၁% လျော့နည်းသွားပါတယ်။
​❌ ဆိုးကျိုးများ - ဗီတာမင် D, K2 လျော့နည်းတာနဲ့ လှုပ်ရှားမှုမရှိတာက အရိုးကို အားနည်းစေပါတယ်။
​💡 ကျန်းမာရေး သတင်းစကား
^^^^^^^^^^^^^^^^^^^^^^^
ကိုယ့်ခန္ဓာကိုယ်က ပေးတဲ့ အချက်ပြ signal လေးတွေကို လျစ်လျူမရှုပါနဲ့။ အသက်အရွယ်ရလာတာကို တားဆီးလို့ မရပေမယ့်၊ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ယိုယွင်းပျက်စီးနှုန်းကို နှေးကွေးအောင် လုပ်ဆောင်နိုင်ပါတယ်။
​ဒီ post လေးက အသုံးဝင်တယ်ဆိုရင် သူငယ်ချင်း မိတ်ဆွေတွေလည်း သိရအောင် Share ပေးလိုက်ပါဦးနော်။
#crd
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

image