တီမောနဲ့ပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လွင်မိုးအောင် ကာလကြာရှည် အနားယူရမယ်

၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ လွင်မိုးအောင်ဟာ တီမောအသင်းကို အနိုင်ရတဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူရတော့မှာပါ။

လွင်မိုးအောင်ရဲ့ ဒဏ်ရာကို စက်တင်ဘာ (၂၅) ရက်က ဟောင်ကောင်မြို့ရှိ ဆေးရုံမှာ MRI ရိုက် စစ်ဆေးခဲ့ရာ ဒဏ်ရာ အခြေအနေမှာ ပြင်းထန်တာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသမှု ခံယူပြီးပါက လွင်မိုးအောင်အနေနဲ့ အနည်းဆုံး ၉ လဝန်းကျင် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ လွင်မိုးအောင်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသရန်အတွက် စီစဥ်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Photos: MFF

image

အာရှကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွေမှာ မြန်မာ ရွှေ (၁)၊ ကြေး (၁) ရရှိ

(၅၈) ကြိမ်မြောက် အာရှကာယဗလနဲ့ ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (58th Asian Bodybuilding & Physique Sports Championship 2026) ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကာယဗလအားကစားအဖွဲ့ဟာ ရွှေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

(၅၈) ကြိမ်မြောက် အာရှကာယဗလနဲ့ ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။

မြန်မာကာယဗလအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားကာယဗလ (၆၅) ကီလိုတန်းမှာ ဟိန်းဇော်လင်းက ရယူပေးခဲ့ပြီး ကြေးတံဆိပ်ဆုကိုတော့ အမျိုးသားကာယဗလ (၆၀) ကီလိုတန်းမှာ အောင်ထွဋ်ကရရှိခဲ့တာပါ။

မြန်မာကာယဗလအားကစားအဖွဲ့အနေနဲ့ (၅၈) ကြိမ်မြောက် အာရှကာယဗလနဲ့ ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ကစားသမား ၆ ဦးဖြစ်တဲ့ အောင်ထွဋ်၊ ဟိန်းဇော်လင်း၊ ဝေလင်းကျော်၊ နေထွဋ်၊ မီမီကျော်နိုင်၊ မိုးသက်ခိုင်တို့ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

(၅၈) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို အာရှဒေသတွင်းကနေ နိုင်ငံပေါင်း ၂၅ နိုင်ငံက ကာယဗလအားကစားသမား ၃၀၀ ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

Photos: MBPF

image

ပွဲစီစဉ်သူများအကြား ပဋိပက္ခကြောင့် အန်သိုနီဂျိုရှူအာနဲ့ ထိုးသတ်မယ့်ပွဲ မရေမရာဖြစ်နေကြောင်း တိုင်ဆန်ဖျူရီ ဖွင့်ဟ

ပွဲစီစဉ်သူများအကြား ပဋိပက္ခအခြေအနေကြောင့် ဗြိတိန်တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာနဲ့ထိုးသတ်မယ့်ပွဲမှာ မရေမရာဖြစ်နေကြောင်း တိုင်ဆန်ဖျူရီက ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ဦးဖြစ်တဲ့ တိုင်ဆန်ဖျူရီနဲ့ အန်သိုနီဂျိုရှူအာတို့ရဲ့ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှာကျင်းပမှာဖြစ်ပြီး ဝေးလ်စ်နိုင်ငံ၊ ကာဒစ်ဖ်မြို့ရှိ Principality Stadium မှာ ပြုလုပ်ဖို့စီစဉ်ထားတာပါ။ ဒါ့အပြင် Netflix ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

အဲဒီပွဲစဉ်ကို နာမည်ကြီး ဆော်ဒီအားကစားအာဏာပိုင် တာကီအယ် အာရှိတ်နဲ့ UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝိုက်ရဲ့ Zuffa Boxing ကုမ္ပဏီတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဂျိုရှူအာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းနဲ့ ဒေနာဝိုက်တို့အကြား မပြေလည်မှုများရှိနေပြီး သူ့အနေနဲ့ ယခုပွဲမှာ ပါဝင်ခွင့်မရှိကြောင်း အက်ဒီဟန်းက ပြောကြားထားပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ဖျူရီက "အန်သိုနီဂျိုရှူအာနဲ့ အက်ဒီဟန်းတို့က ဒီပွဲကနေနုတ်ထွက်ဖို့ ကြိုးစားနေကြတယ်။ အခု သူတို့မထိုးတော့ဘူးလို့ ပြောနေကြတယ်။ ဒါက အဓိကအားဖြင့် အက်ဒီဟန်းရဲ့ အတ္တ ကြောင့်ပါပဲ။ သူက အကြောင်းပြချက်ပေါင်း မြောက်မြားစွာကို လုပ်ကြံဖန်တီးပြီး ကျွန်တော်တို့ ပွဲမထိုးဖြစ်တော့ဘူးလို့ ခြိမ်းခြောက်နေတာပါ။ အခုတော့ တာကီအယ်အာရှိတ်က ချက်ချင်းဝင်ထိုးပေးနိုင်မယ့်သူတွေကို အစားထိုးရှာဖွေနေရပါပြီ။ အက်ဒီဟန်းကြောင့် ကျွန်တော်တို့ရဲ့ အကြီးကျယ်ဆုံးသမိုင်းဝင်ပွဲက ထိခိုက်ခဲ့ရပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

Photos: BBC & Sky Sports

image

ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲမှာ မြန်မာ့စစ်တုရင်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး WFM Title စံချိန်တင်နိုင်ခဲ့တဲ့ မင်းအမရာဝတီ

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့မှာ ကျင်းပလျက်ရှိတဲ့ (၄၆) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ် (46th FIDE Chess Olympiad 2026) ပြိုင်ပွဲမှာ (၁၅)နှစ်အရွယ် မြန်မာ့လက်ရွေးစင် စစ်တုရင်ကစားသမား မင်းအမရာဝတီအနေနဲ့ မြန်မာ့စစ်တုရင်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး WFM (Woman FIDE Master) စံချိန်သစ်ကို ရရှိခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှာ မင်းအမရာဝတီဟာ WCM (Woman Candidate Master) စံချိန်သစ်ကိုရယူနိုင်ခဲ့သလို၊ ပွဲစဉ် (၉)ပွဲ ကစားအပြီးမှာ (၆)မှတ်ရယူနိုင်ခဲ့ပြီး FIDE (ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်)ကနေ တရားဝင် အသိအမှတ်ပြုတစ်သက်တာ ဘွဲ့တံဆိပ်ဖြစ်တဲ့ WFM Title ကို ဆက်လက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အရှေ့အာရှလူငယ်စစ်တုရင်ပြိုင်ပွဲမှာ အာဆီယံနံပါတ် (၁)နေရာကို အဲဒီအချိန်က (၁၃)နှစ်အရွယ်သာရှိသေးတဲ့ မင်းအမရာဝတီအနေနဲ့ ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒီအချိန်မှာတော့ အသက် (၁၅)နှစ်အရွယ်နဲ့ သမိုင်းဝင် စံချိန်သစ်တင်နိုင်ခဲ့ပြီး WGM (Woman Grandmaster) အဆင့်အထိ တက်လှမ်းနိုင်မယ့် အခြေအနေကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

image

ရွှေပြည်သာက Sunrise အထည်ချုပ်စက်ရုံကို အပြီးပိတ်သိမ်းမယ်လို့ ကြေညာ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄) မှာ ဖွင့်လှစ်ထားတဲ့ Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံကို လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ အပြီး ပိတ်သိမ်းတော့မယ့်အကြောင်း စက်ရုံက တရားဝင် ကြေညာထားတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံရှိ အလုပ်သမားတွေကို အခု စက်တင်ဘာလကုန်မှ အောက်တိုဘာလ တတိယအပတ်အထိ နစ်နာကြေး၊ လုပ်သက်အလိုက်ပေးရမယ့် လျော်ကြေးတွေကို အလုပ်သမားဥပဒေနဲ့အညီ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အခု စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၂၁ ရက်နေ့အထိကို နို့တစ်ကာလ သတ်မှတ်ထားတယ်လို့ စက်ရုံကပြောတယ်။ ဒါပေမယ့် ခုချိန်ထိတော့ အလုပ်သမားတွေ ရရှိရမယ့် အကျိုးခံစားခွင့်၊ နစ်နာကြေးတွေနဲ့ ပတ်သက်လို့ စက်ရုံက ဘာမှ ရှင်းရှင်းလင်းလင်း အသိပေးထားတာမျိုး မရှိသေးဘူး။ ညှိနှိုင်းတာတွေတော့ လုပ်နေတယ်” လို့ အလုပ်သမားတယောက်က ပြောပါတယ်။

လုပ်သက် ခြောက်လ မပြည့်သေးသူတွေ၊ လက်ရှိ ခွင့်ခံစားနေသူတွေ၊ မီးဖွားခွင့် ရရှိရမယ့်သူတွေရဲ့ အကျိုးခံစားခွင့်နဲ့ လုပ်သက်ရင့် အလုပ်သမားတွေအတွက် နစ်နာကြေးအပြင် လုပ်သက်အလိုက် လျော်ကြေးရရှိနိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာ၊ စက်ရုံ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းနေကြတယ်လို့ သူက ပြောပါတယ်။

Sunrise (Myanmar) အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး BURTLE၊ ZEROSTAGE နဲ့ AIRRICH FWANNEL စတဲ့ အမှတ်တံဆိပ်တွေအတွက် အထည်တွေကို ချုပ်လုပ် တင်ပို့နေခြင်းဖြစ်ကာ အဲဒီစက်ရုံမှာ အလုပ်သမားဦးရေ ၁၀၀၀ ကျော် အလုပ် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ လက်ရှိ ရန်ကုန်တိုင်းအတွင်း ၁၈ ရုံမြောက် ပိတ်သိမ်းမယ့် စက်ရုံဖြစ်လာပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာလည်း ထန်းတပင်မြို့နယ်က အလုပ်သမား ၃၀၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံလည်း အပြီး ပိတ်သိမ်းမယ်လို့ သိရပါတယ်။

TENG HUI စပ်ရုံဟာ ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကျော် H&M (Hennes & Mauritz) အမှတ်တံဆိပ် အဝတ်အထည်တွေကို လက်ခစားစနစ်နဲ့ ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး အော်ဒါ မရရှိတော့တာကြောင့် ပိတ်သိမ်းမှာဖြစ်ကာ အလုပ်သမား နစ်နာကြေးတွေနဲ့ လျော်ကြေးကိစ္စ ရပ်တွေကို အခု စက်တင်ဘာလအတွင်း ရှင်းလင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလို စက်ရုံတွေ ဆက်တိုက်ဆိုသလို ပိတ်သိမ်းမှုတွေ ရှိလာရတာဟာ ပြည်ပအော်ဒါတွေ ထိုးစိုက်ကျဆင်းသွားတာအပြင် ကုန်ကြမ်းသွင်းကုန်လိုင်စင် ကန့်သတ်ချက်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံ အမြောက်အမြားဟာ လုပ်ငန်းရပ်နားဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ တင်ပြလာကြတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တယောက်က “အခုနောက်ပိုင်း ကုန်ထုတ်စွမ်းအားတွေ ပိုပြီး သိသိသာသာ ကျလာတာ တွေ့ရတယ်။ အော်ဒါတွေ သိသိသာသာ လျော့လာတယ်။ အထူးသဖြင့် အထည်ချုပ် (CMP) စက်ရုံတွေမှာ ပြည်ပအော်ဒါတွေ မရှိသလောက် ဖြစ်လာတယ်။ ဒါက အနောက်နိုင်ငံတွေရဲ့ Sanctions (စီးပွားရေးပိတ်ဆို့မှု) တွေကြောင့်လည်း ပါတာပေါ့။ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းအား နည်းလာကြပြီ။ ဒါတွေကြောင့်ပဲ လုပ်ငန်းလည်ပတ်ဖို့ ခက်လာကြတာ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုလို ဖြစ်စဉ်တွေကြောင့် ပြည်တွင်းက အလုပ်သမားတွေအတွက် အလုပ်အကိုင်နဲ့ ဝင်ငွေရလမ်း မသေချာမှုတွေ ပိုမိုကြုံတွေ့လာရပြီး စက်ရုံတွေ ပိတ်သိမ်းမှုကြောင့် အလုပ်သမား သောင်းနဲ့ချီ အလုပ်အကိုင်ဆုံးရှုံးကာ မြန်မာ့ စီးပွားရေးအပေါ်ကိုလည်း ဆိုးကျိုး ကြီးကြီးမားမား သက်ရောက်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ လက်ခစား (CMP) စက်ရုံတွေမှာ အလုပ်သမား ခုနစ်သိန်းကျော်ရှိနေကာ ဆက်စပ်လုပ်ငန်းတွေမှာတော့ အဲဒီလုပ်သားတွေရဲ့ နှစ်ဆဝန်းကျင်ရှိပြီး ၎င်းတို့ကို မှီခိုနေရတဲ့ မိသားဝင်တွေကတော့ လေးဆဝန်းကျင် ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

သီပေါတံတားပေါ် ခြေလျင်ဖြတ်သန်းခွင့် စိစစ်ခွင့်ပြုနေလို့ ခရီးသွားတွေ အခက်တွေ့

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါတံတားပေါ်ကနေ ခရီးသည်တွေ ခြေလျင်ဖြတ်သန်းခွင့် ထပ်ပိတ်ထားလို့ ခရီးသွားတွေ အခက်အခဲဖြစ်နေရတယ်လို့ ကိုယ်တိုင်ကြုံ ခဲ့သူတွေဆီက သိရပါတယ်။

လုံခြုံရေးကြောင့်ဆိုပြီး အခုလ ၁၄ ရက်နေ့ကတည်းက သီပေါတံတားကနေ ခရီးသည်တွေ ခြေလျင်ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ သီပေါမြို့ခံတွေ ကလည်း ပြောပါတယ်။

မြို့အနီးအနားက ရွာခံတွေနဲ့ မျက်စိလာကုတဲ့ ဝေဒနာရှင်တွေလောက်ပဲ တံတားကနေ ဖြတ်ခွင့်ရပြီး ကျန်ခရီးသွားတွေကိုတော့ ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

“အစကပြောတာ တပတ်လောက်ပဲ လုံခြုံရေးကြောင့် ခဏပိတ်တာလို့ ပြောတယ်။ အခုကျတော့ ဖွင့်ကို မဖွင့်တော့တာ။ အနီးအနားရွာတွေက လူတွေတော့ သူတို့စစ်ဆေးပြီး သွားခွင့်ပေးတယ်” လို့ သီပေါမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

တံတားပိတ်ထားတာကြောင့် ခရီးသွားအများစုဟာ စက်လှေဂိတ်တွေကနေပဲ ဖြတ်သန်းနေကြရတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

“အခုရက်ပိုင်း ရေက ပြန်တက်နေတယ်။ စက်လှေတွေကလည်း လူရော ပစ္စည်းရော တင်တာ မနည်းဘူး။ အန္တရာယ်များလွန်းတယ်” လို့ ခရီးသွား တယောက်က ပြောပါတယ်။

တံတားပိတ်ထားလို့ စက်လှေဂိတ်တွေမှာ လူတွေနဲ့ ကုန်စည်တွေ ပြည့်ကျပ် နေပြီး တခါတရံမှာ မြို့ထဲအထိ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“ရဲစခန်းရှေ့ကနေ စက်လှေဂိတ်အထိ အဝင်အထွက်တွေ ပိတ်ကျပ်နေတာ။ တော်တော်နဲ့ ထွက်ဖို့ မလွယ်ဘူး။ တံတားကနေ လူတွေ ဖြတ်ခွင့်ပေးလိုက်ရင် ဒီလောက်မဆိုးဘူး။ တံတားပိတ်ထားတော့ အကုန်ဒီမှာ လာစုကုန်တာ” လို့ ခရီးသွားကားဆရာတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ တံတားပေါ်ကနေ ခရီးသွားတွေကို ကုန်ပစ္စည်းမပါရင် ခြေလျင်ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလ ၁၄ ရက်နေ့ကစပြီး တံတားကနေ လူဖြတ်သန်းခွင့်ကို ပြန်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါ တယ်။

၁၂၀၇ တိုက်ပွဲကာလအတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး သီပေါတံတားအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ လုံခြုံရေးအရဆိုပြီး သီပေါတံတားကို အစိုးရဘက်က ပိတ်ထား တာ တနှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ သီပေါမြို့ပတ်ဝန်းကျင်မှာ MNDAA နဲ့ TNLA တပ်ဖွဲ့တွေ ရှိတာကြောင့် လုံခြုံရေးအရ တံတားကို ပိတ်ထားတာလို့ လွှတ်တော်မှာ ဖြေ ကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်ရှိမှာ TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးဟာ အစိုးရနဲ့ နေပြည် တော် မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး တိုက်ပွဲတွေလည်း ဖြစ်တာမရှိ တော့တာကြောင့် သီပေါတံတားကနေ ခရီးသွားကားတွေ ပြန်လည်ဖြတ် သန်းခွင့် ရဖို့ ရှမ်းမြောက်ဒေသခံတွေနဲ့ ခရီးသွားတွေ၊ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

image

အမြန်လမ်းမှာ ခရီးသည်တင် Express ကားမောင်းရင်း Tiktok ဆော့တဲ့ ယာဥ်မောင်းကို အရေးယူပြီး ယာဥ်လိုင်းကို နောက်ထပ်မဖြစ်ဖို့ အသိပေး

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပြီး ရန်ကုန် - မော်လမြိုင် ပြေးဆွဲနေတဲ့ ရွှေလင်းယုန် Express ကားမောင်းနှင်နေချိန် Tiktok ဆိုရှယ်မီဒီယာကို အသုံးပြုပြီး တေးသရုပ်ဖော် ဗွီဒီယိုရိုက်ကူး live လွှင့်ခြင်းနဲ့ ပို့စ်တင်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ ယာဥ်မောင်းကို ဥပအေရ အရေးယူဖို့နဲ့ ယာဥ်လိုင်းပြေးဆွဲနေချိန် ဒီလိုဖြစ်စဥ်တွေ ထပ်မံမဖြစ်ပွားစေဖို့ သတိပေးထားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီယာဥ်မောင်းတင်ထားတဲ့ Tik Tok ဗွီဒီယိုတွေရဲ့ comment box မှာ Tik Tok သုံးစွဲတဲ့ အများပြည်သူတွေက ကားမောင်း ရင်း Tik Tok ရိုက်ကူးခြင်းဟာ ခရီးသည်တွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး အလွန်ဆင်ခြင်မှုကင်းမဲ့တဲ့ အပြုအမူဖြစ်လို့ မပြုလုပ်သင့်ကြောင်း Comments (မှတ်ချက်)များ ရေးသားခဲ့ပေမယ့် ပို့စ်ပိုင်ရှင် ယာဉ်မောင်းက လက်မခံဘဲအလွန်ရိုင်းပြစွာ တုန့်ပြန်ရေးသားခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပြုမှုဆောင်ရွက်မှုတွေဟာ အမြန်လမ်းမကြီးသုံးစွဲနေတဲ့ခရီးသွားပြည်သူအားလုံးအတွက် အလွန်အန္တရာယ်ကြီးသောကိစ္စဖြစ်လို့ 2G-5403 ယာဉ်ကို Telematic ကဒ် ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းခြင်း၊ ရွှေလင်းယုန်ယာဥ်လိုင်းကိုလည်း ဒီလိုဖြစ်စဥ်တွေထပ်မံဖြစ်ပွားခဲ့ရင် ယာဥ်လိုင်းတစ်ခုလုံး အမြန်လမ်းသုံးစွဲခွင့်ပိတ်သိမ်းအရေးယူမယ့်အကြောင်းနဲ့ ပြင်း ထန်စွာသတိပေးခြင်း၊ စည်းကမ်းမလိုက်နာတဲ့ ယာဥ်မောင်းကိုလည်း တရားဥပဒေအရ ဆက်လက်အရေးယူဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

အမြန်လမ်းအသုံးပြုတဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်မောင်းနှင်နေချိန် ဖုန်းပြောခြင်း၊ စာတို SMS ပို့ခြင်း၊ Tik Tok ရိုက်ကူးခြင်း၊ လူမှုကွန်ရက်/အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်း စတဲ့ စိတ်အာရုံပျံ့လွင့်နိုင်တဲ့ အပြုအမူတွေကို (လုံးဝ)မလုပ်ကြရန်၊ မိမိယာဉ်ရဲ့ ကြံ့ခိုင်မှုကို လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး မိုးရွာနေချိန်/ ညအချိန်များ တွင် အရှိန်လျှော့ချ မောင်းနှင်ကြဖို့နဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပို၍မောင်းနှင်ခြင်း မပြုလုပ်ကြဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကသတိပေးထားပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
AI phone agent Dubai changed his profile cover
2 w

image