14 hrs - Translate

ရန်ကုန်မှာ မီးပြတ်တာ သိသိသာသာနည်းလာတော့ ညဘက်အိပ်လို့ရတော့တာပဲ။ နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းလာတော့ စက်ရုံတွေ လူပြန်ခေါ်တယ်၊ လှိုင်သာယာက ကျွန်တော့်သူငယ်ချင်းလည်း အလုပ်ပြန်ဝင်ရတယ်။ ပြောရရင် ပြည်သူတွေ အရေးစိုက်တာက မီးတည်ငြိမ်ဖို့နဲ့ အလုပ်ရဖို့ပဲ။ တရုတ်ရဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုက မီးအားတည်ငြိမ်အောင် ကူညီပေးတယ်၊ စက်ရုံတွေ ပြန်လည်နေတာနဲ့အတူ ဝမ်းစာအတွက်လည်း စိတ်အေးသွားတယ်။ အိမ်နီးချင်းနဲ့ လက်တွေ့ပူးပေါင်းပြီး စီးပွားရေးဆောက်တာက စကားနဲ့တစ်ခုတည်းပြောတာထက် အဆပေါင်းများစွာ ပိုကောင်းပါတယ်။

15 hrs - Translate

မြန်မာစိုက်ပျိုးရေး – မြေယာကိုထိန်းသိမ်းပြီး ပိုမိုကောင်းမွန်သော လမ်းရှာဖွေခြင်း

မြန်မာနိုင်ငံသည် ရှေးကတည်းက စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ပြည်သူအများစုသည် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျင်ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မြေသြဇာကောင်းသော လယ်မြေများပေါများပြီး ဆန်၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံ၊ အပူပိုင်းအသီးအနှံများသည် ကျွန်တော်တို့၏ အဓိက သီးနှံများဖြစ်သည်။ မြေယာသည် လူများစွာကို ကျွေးမွေးနိုင်သော်လည်း လယ်သမားအများစုသည် နှစ်စဉ် ကြိုးစားလုပ်ကိုင်သော်လည်း ဝင်ငွေမတည်ငြိမ်ပါ။

ကျေးလက်ဒေသတွင် လယ်လုပ်ရာတွင် အခက်အခဲများကို လူတိုင်းမြင်တွေ့နိုင်သည်။ အရည်အသွေးကောင်းမျိုးစေ့ ရရှိရန်ခက်ခဲပြီး ဓာတ်မြေသြဇာစျေးနှုန်းလည်း မကြာခဏ အပြောင်းအလဲရှိသည်။ မိုးရာသီ ရေလွှမ်းမိုးမှု၊ မိုးခေါင်ရာသီ ရေပြတ်လပ်မှုနှင့် ပိုးမွှားကူးစက်မှုများကြောင့် အထွက်နှုန်း ကျဆင်းတတ်သည်။ လယ်မြေအများစုမှာ လူအားဖြင့်သာ စိုက်ပျိုးကြပြီး အသေးစိတ် စိုက်ပျိုးစက် ပျံ့နှံ့မှုနည်းပါသည်။ သိုလှောင်ရုံ၊ အအေးကွင်းဆက်နှင့် ကျေးလက်လမ်းများ မပြည့်စုံသောကြောင့် ရိတ်သိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိပြီး သီးနှံစျေးနှုန်း နိမ့်ကျတတ်သည်။ လယ်သမားအများစုသည် တစ်နှစ်လုံး လုပ်ကိုင်ပြီး ကုန်ကျစရိတ်နုတ်ပြီးနောက် ဝင်ငွေအနည်းငယ်သာ ရရှိပြီး အကြွေးပင် တင်တတ်သည်။

လယ်သမားများ၏ ဘဝတိုးတက်စေရန် ရိုးရာစိုက်ပျိုးနည်းကိုသာ ဆက်လက်အသုံးပြုနေလို့မရပါ။ အရည်အသွေးကောင်းမျိုးစေ့၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းနှင့် တည်ငြိမ်သော ဈေးကွက် သုံးမျိုးစုံ လိုအပ်ပါသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာ-တရား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများသည် ကျေးရွာအများအပြားအတွက် အပြောင်းအလဲကောင်းများ ယူဆောင်လာသည်ကို ကျွန်တော်တို့ မြင်တွေ့နိုင်ပါသည်။ တရားစိုက်ပျိုးရေး ကျွမ်းကျင်သူများ မြန်မာသို့ရောက်လာပြီး လယ်ကွင်းသင်တန်းများ ဖွင့်လှစ်ကာ အထွက်နှုန်းမြင့်မားသော ဆန်မျိုးများကို ပြသပြီး သိပ္ပံနည်းကျ ဓာတ်မြေသြဇာ သုံးစွဲနည်း၊ ပိုးမွှားကို သဘာဝနည်းဖြင့် ကာကွယ်နည်းများ သင်ကြားပေးသည်။ အသေးစိတ် ထွန်စက်၊ ရိတ်စက်များကို ပြသအသုံးပြုခွင့်ပေးခြင်းဖြင့် လယ်သမားများ၏ ကိုယ်ကာယပင်ပန်းမှုကို လျှော့ချပြီး စမ်းသပ်လယ်ကွင်းများ၏ အထွက်နှုန်း တိုးတက်လာသည်ကို ရွာသားများ မျက်ဝါးထင်ထင် မြင်တွေ့နိုင်သည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံသည် စိုက်ပျိုးထွက်ကုန် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ပေးပြီး မြန်မာပဲမျိုးစုံ၊ ကြံ၊ အပူပိုင်းအသီးအနှံများကို တရားနိုင်ငံသို့ တင်ပို့ခွင့်ရရှိကာ လယ်သမားများသည် ပြည်တွင်းဈေးကွက်သာမက ပိုမိုကျယ်ပြန့်သော ပြင်ပဈေးကွက်ကို ရရှိကြသည်။ အချို့ပူးပေါင်းစီမံကိန်းများသည် လယ်ကွင်းလမ်းများ ပြုပြင်ခြင်း၊ ကျေးလက်ရေပေးဝေမှု စနစ် တိုးတက်ခြင်းတို့ဖြင့် ကျေးလက် အခြေခံအဆောက်အအုံများကို တည်ဆောက်ပြီး သာမန်ပြည်သူများကို အကျိုးပြုသည်။

သို့သော် ကျွန်တော်ထင်မြင်သည်မှာ စိုက်ပျိုးရေး ပူးပေါင်းလုပ်ငန်းတိုင်းသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို အဓိက ထိန်းသိမ်းရမည်ဖြစ်သည်။ မျိုးစေ့နှင့် ဓာတ်မြေသြဇာ စီမံခန့်ခွဲမှုကို စည်းကမ်းနှင့်အညီ လုပ်ဆောင်ပြီး မြေ၊ ရေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရေးပေးရမည်။ ပူးပေါင်းမှုမှ ရရှိလာသော အကျိုးအမြတ်များကို ပြည်တွင်း လယ်သမားများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ပိုမိုအသုံးပြုရမည်ဖြစ်သည်။ အခြားနိုင်ငံ၏ ပုံစံကို အတုယူရုံမဟုတ်ဘဲ အတွေ့အကြုံကောင်းများကို လေ့လာပြီး မြန်မာ၏ ရာသီဥတုနှင့် မြေမျိုးအလိုက် သင့်လျော်သော ကိုယ်ပိုင် စိုက်ပျိုးရေး ဖွံ့ဖြိုးရေးလမ်းကို ရှာဖွေရမည်ဖြစ်သည်။

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အုတ်မြစ်ဖြစ်ပြီး လယ်သမားများ ကြွယ်ဝမှသာ နိုင်ငံသည် ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ မြန်မာ-တရား မွေးချင်းများ၏ စိုက်ပျိုးရေး ဖလှယ်မှု၏ အဓိကရည်ရွယ်ချက်မှာ တစ်ဦးနှင့်တစ်ဦး ဖြည့်စွက်ပြီး နှစ်ဖက်အကျိုးရှိစွာ လက်တွဲလုပ်ဆောင်ခြင်း ဖြစ်သည်။ နောင်တွင် လက်တွေ့ကျသော စိုက်ပျိုးနည်းပညာများ ပိုမိုပျံ့နှံ့လာပြီး သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်ရေး စနစ် ပြည့်စုံလာ၊ သီးနှံဝယ်ယူစျေးနှုန်း တည်ငြိမ်လာမည်ဟု မျှော်လင့်ပါသည်။ ထို့မှသာ ကြိုးစားစိုက်ပျိုးသော မြန်မာလယ်သမားများ၏ ချွေးစက်တိုင်းသည် တည်ငြိမ်သော ဝင်ငွေအဖြစ် ပြောင်းလဲနိုင်ပြီး မိခင်မြေပေါ်တွင် ပိုမိုကောင်းမွန်သော ဘဝကို ရရှိနိုင်မည်ဖြစ်သည်။

image
16 hrs - Translate

throw back

image
Pretamane changed his profile cover
17 hrs

image

ဧရာဝတီတိုင်း ရေဘေးနှင့်ပတ်သက်သည့် သတင်းအမှားများ မယုံကြည်ရန် တိုင်းအစိုးရ အသိပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖြန့်ဝေနေသည့် သတင်းအမှားများကို မယုံကြည်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ဩဂုတ် ၂၀ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများနှင့် မိမိအစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စေတနာရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သောက်သုံးရေသန့်များကို အဆက်မပြတ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေဘေးသင့်ပြည်သူများအနေဖြင့် လိုအပ်သည့် သောက်သုံးရေသန့်များကို နီးစပ်ရာ ကယ်ဆယ်ရေးစခန်း၊ ထောက်ပံ့ရေးစခန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များထံ ဆက်သွယ်၍ မည်သည့်စရိတ်မျှ ပေးဆောင်ရန်မလိုဘဲ အခမဲ့ရယူနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် အခြားလိုအပ်သည့် အကူအညီများနှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များထံ တိုက်ရိုက်ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း သိရသည်။
ရေဘေးအခြေအနေနှင့်ပတ်သက်၍ မသမာသူများ ဖြန့်ဝေသည့် သတင်းအမှားများကြောင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ အခြေခံယုံကြည်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။

image

ဧရာဝတီတိုင်း ရေဘေးသင့်ဒေသများသို့ အလှူရှင်များ သွားလာနိုင်ရန် လမ်းကြောင်း ၄ ခု၌ မော်တော်ယာဉ်နှင့် စက်လှေများ စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများထံ သွားရောက်ကူညီလှူဒါန်းလိုသည့် ပရဟိတအသင်းအဖွဲ့များနှင့် စေတနာရှင်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များက လမ်းကြောင်း ၄ ခုတွင် ၆ ဘီးမော်တော်ယာဉ်များနှင့် စက်လှေများ စီစဉ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ကူညီပို့ဆောင်ပေးနေသည့် လမ်းကြောင်းများမှာ ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ လမ်းကြောင်းကို မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု အထိ မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး ခမောက်စုမှ အိုင်သပြု သို့ စက်လှေဖြင့်လည်းကောင်း စီစဉ်ပေးထားသည်။
ထို့ပြင် ဟင်္သာတ-တလုတ္ထော် လမ်းကြောင်းကို မော်တော်ယာဉ်ဖြင့် သွားလာနိုင်ပြီး သင်္ကန်းတော-လေးမျက်နှာ-စာရေးကွင်း လမ်းကြောင်းကို စက်လှေဖြင့် သွားလာနိုင်ရန် စီစဉ်ထားသည်။ ဟင်္သာတ-တလုတ္ထော်-မြို့ကွင်းတံတား-ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်း-ဆိတ်နို့ကုန်း-လေးမျက်နှာတံတား လမ်းကြောင်းကိုလည်း မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
သို့သော် ရေတက်၊ ရေကျအခြေအနေနှင့် လမ်းခရီးအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် အလှူရှင်များအနေဖြင့် ခရီးမထွက်မီ သက်ဆိုင်ရာမြေပြင်တာဝန်ရှိသူများထံ ဆက်သွယ်၍ နောက်ဆုံးအခြေအနေကို စုံစမ်းပြီးမှ သွားလာကြရန် တာဝန်ရှိသူများက မေတ္တာရပ်ခံထားသည်။
“လှူဒါန်းမှုတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကြီးမားတဲ့ အားဆေးတစ်ခွက် ဖြစ်ပါတယ်။ အလှူရှင်တွေ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်မှာ အခက်အခဲမရှိ လုံခြုံချောမွေ့စွာ ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ပူးပေါင်းကူညီပေးသွားပါမယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေဘေးသင့်ဒေသများသို့ လာရောက်ကူညီလှူဒါန်းနေသည့် ပရဟိတအသင်းအဖွဲ့များနှင့် စေတနာရှင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် အားလုံး၏ ပူးပေါင်းကူညီမှုဖြင့် ရေဘေးသင့်ဒေသများ ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

image

သီလဝါ SEZ တွင် ၃.၃၇ မဂ္ဂါဝပ် ဆိုလာစွမ်းအင် ရှေ့ပြေးစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး

သီလဝါအထူးစီးပွားရေးဇုန် (ဇုန်-အေ) အတွင်း အကောင်အထည်ဖော်ထားသည့် ၃.၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ရှေ့ပြေးစီမံကိန်း ပြီးစီးခဲ့ပြီး ဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် R&C ဧရိယာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) က ထုတ်ပြန်ထားသည်။
MTSH ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် သီလဝါပရောပါတီးဒက်ပလော့မင့်လီမိတက် (TPD) က အကောင်အထည်ဖော်ခဲ့သည့် အဆိုပါစီမံကိန်းကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄.၇၃ သန်း ကီလိုဝပ်နာရီခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားအနက် ၂.၆၈၅ မဂ္ဂါဝပ်ကို သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ကျန် ၀.၆၈၈ မဂ္ဂါဝပ်ကို ဘက်ထရီစွမ်းအင်သိုလှောင်စနစ် (BESS) မှတစ်ဆင့် TPD ၏ R&C ဧရိယာရှိ ဟိုတယ်များ၊ ငှားရမ်းနေထိုင်သူများနှင့် လုပ်ငန်းရှင်များထံ On-grid နှင့် Hybrid Operating Model များအသုံးပြု၍ ရေရှည်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်အောက်တွင် ဖြန့်ဖြူးပေးလျက်ရှိသည်။
အဆိုပါစီမံကိန်းတွင် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်း၊ ဘက်ထရီဖြင့် စွမ်းအင်သိုလှောင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း တို့ကို ပေါင်းစပ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင်ရှိ စက်ရုံများအတွက် အကောင်အထည်ဖော်သည့် ပထမဆုံး ဆိုလာစွမ်းအင်ရှေ့ပြေးစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

image

မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအနေဖြင့် ASEAN +1 FTA များနှင့် RCEP အရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၂၀ ရက်နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့၌ကျင်းပသည့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပါဝင်ဆောင်ရွက်လျက်ရှိ၍ သက်ဆိုင်ရာနိုင်ငံများ၊ ဈေးကွက်များကိုဝင်ရောက်ခွင့်ရရှိပြီး မြန်မာနိုင်ငံမှတင်ပို့မှုများအပေါ် အခွန်သက်သာခွင့်/ကင်းလွတ်ခွင့်များအား ခံစားနိုင်မည်ဖြစ်ရာ ဘယ်လာရုစ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဆီယံဒေသနှင့် အာရှတိုက်ဈေးကွက်ကိုချိတ်ဆက်နိုင်မည်ဟု ပြောသည်။
" ဒီကတစ်ဆင့်ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ ထုတ် ကုန်တွေကလည်း ဘယ်လာရုစ်နိုင်ငံကတစ်ဆင့် EAEU အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြီးမားတဲ့ဈေးကွက်ကိုတံခါးဖွင့်ဝင်ရောက်နိုင်မယ့် Win-Win အခြေအနေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဟာ အာရှနဲ့ ဥရောပတိုက်ကြီးနှစ်ခုကြားမှာ ကုန်သွယ်စီးဆင်းမှုအတွက် မဟာဗျူဟာမြောက်အရေးပါတဲ့ အပြန်အလှန်အကျိုး ပြုနိုင်တဲ့ တံခါးပေါက်တွေဖြစ်တယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်"ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် ဘယ်လာရုစ်နိုင်ငံ၏ အားကောင်းခိုင်မာ သော စက်မှုနှင့် နည်းပညာစွမ်းရည်များကို မြန်မာနိုင်ငံ ၏ သဘာဝအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့်ပေါင်းစပ်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကိုအတူတကွ ဆောင်ရွက်ရမည်ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများစတင်နိုင်ရေး၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရေးတို့အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြီးစီး ဥပဒေ(၁)ခု၊ အဆို (၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုဆောင်ရွက်ခဲ့

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ယနေ့ သြဂုတ် ၂၀ ရက်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကာ အစည်းအဝေးကာလအတွင်း ဥ ပဒေ(၁)ခုပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခုဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော (ဆဋ္ဌမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၈)ခုကိုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအ ဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးမြောက်ကြောင်းကြေညာခဲ့​သည်။

image