ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးတိုက်စစ်မှူး ဂျော်အိုပတ်ဒရို ရရှိ
ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုဟာ သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုဟာ သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုအနေနဲ့ ၂၀၁၉-၂၀ ရာသီကတည်းက ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ပေမဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို အခုမှ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးကစားသမားတွေထဲမှာလည်း ၂၀၂၄ စက်တင်ဘာလအတွက် ပါလ်မာရရှိခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုက ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ရရှိတဲ့ သတ္တမမြောက် ဘရာဇီးလ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တခြား(၆)ဦးကတော့ ဂျူနင်ဟို၊ အီဒူး၊ ဒေးဗစ်လူးဝစ်ဇ်၊ လူးကပ်စ်မော်ရာ၊ ရိုဒရီဂိုမူနစ်ဇ်နဲ့ အီဂေါသီယာဂိုတို့ဖြစ်ကြောင်း သိရပါတယ်။
စာချုပ်ဖျက်သိမ်းပေးဖို့ ရစ်ချာလီဆန်ရဲ့ တောင်းဆိုမှုကို စပါးအသင်း လက်မခံ
စပါးအသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုကို လက်မခံခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းဟာ ရစ်ချာလီဆန်(၂၉ နှစ်)ကို ၂၀၂၂ နွေရာသီမှာ အဲဗာတန်ကနေ ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
ဒါပေမဲ့ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုရှိနေတာကြောင့် စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုကို စပါးအသင်းက လက်မခံခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ထားခဲ့သလို၊ လက်ရှိအချိန်မှာ ယူ-၂၁ အသင်းနဲ့သာ လေ့ကျင့်ဖို့ ညွှန်ကြားထားပါတယ်။
စပါးအသင်းက ရစ်ချာလီဆန်ကို အသင်းမှာ အသုံးပြုဖို့ အစီအစဉ်မရှိတော့ပေမဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)ဝန်းကျင် ရရှိဖို့ လိုလားနေတာကြောင့် စာချုပ်ကို ဖျက်သိမ်းမပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ရစ်ချာလီဆန်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
လက်ရှိအချိန်မှာ ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းက ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဂျေးဇူး၊ မာတင်နယ်လီတို့ အသင်းက ထွက်ခွာသွားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို အံ့အားသင့်မိတယ်လို့ အာတေတာ မှတ်ချက်ပြု
အာဆင်နယ်အသင်းနည်းပြ အာတေတာက ဂျေးဇူး၊ မာတင်နယ်လီတို့ အသင်းက ထွက်ခွာသွားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို အံ့အားသင့်မိတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဂျေးဇူးက ဒေါ်လာ ၁၇ သန်းနဲ့ ဘာစီလိုနာ၊ မာတင်နယ်လီက ဒေါ်လာ သန်း ၈၀ ဝန်းကျင်နဲ့ အယ်လ်ဟီလာအသင်းတွေထံ ပြောင်းရွှေ့ခဲ့တာပါ။
ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင် ဂျေးဇူးက ပထမအသင်းနဲ့ ဘာကြောင့် လေ့ကျင့်ခွင့်မရတဲ့အကြောင်းကို ဘယ်သူမှ မိမိကို မပြောခဲ့ဘူးလို့ ဖွင့်ဟခဲ့ဖူးပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က မာတင်နယ်လီ အသင်းမပြောင်းခင် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အာတေတာက တူရကီကလပ် ဘက်ဆစ်တက်ထံ ဒေါ်လာ ၂၁ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ထရိုဆတ်ဒ်ရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီးလည်း ပြောခဲ့ပါတယ်။
ထရိုဆတ်ဒ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲမရိတ်စ်ကွင်းထဲ ပြန်ရောက်လာပြီး ချယ်လ်ဆီးနဲ့ပွဲကို ကြည့်ရှုခဲ့ပါတယ်။
နောက်ခံလူ လူးဝစ်ဟောလ်ကို နယူးကာဆယ် သက်တမ်းတိုးစာချုပ် ချုပ်ဆို
နယူးကာဆယ်အသင်းက လူငယ်နောက်ခံလူ လူးဝစ်ဟောလ်ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဟောလ်(၂၂ နှစ်)ဟာ နယူးကာဆယ်အသင်းနဲ့ မူလစာချုပ်ကို နှစ်နှစ်သက်တမ်းတိုးခဲ့တာဖြစ်တယ်။
၎င်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းနဲ့လည်း သတင်းထွက်
ခဲ့ပါတယ်။
ဟောလ်က ငယ်ဘဝကတည်းက အားပေးလာတဲ့ ကလပ်မှာ ဆက်နေခွင့်ကို သက်တမ်းတိုးနိုင်လို့ အလွန်ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။
ဟောလ်အနေနဲ့ ၂၀၂၃ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ နယူးကာဆယ်အသင်းထံ ရောက်ရှိလာ
ခဲ့တာပါ။
၎င်းဟာ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၆ ပွဲ ကစားပေးခဲ့ပါတယ်။
ခံစစ်မကူနိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို အမ်ဘာပေ တုံ့ပြန်
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက ခံစစ်မကူနိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ကွင်းထဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်တာတွေထက် သူမလုပ်တဲ့အရာကို အာရုံစိုက်ပစ်မှတ်ထားနေတယ်လို့လည်း ယုံကြည်နေပါတယ်။
''ကျွန်တော် ဂိုးမသွင်းနိုင်ရင် လူတွေက ဘာကြောင့် ဂိုးမသွင်းနိုင်ဘူးဆိုတာ မေးခွန်းထုတ်လိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာကို လူတိုင်းက နှစ်ကာလကြာရှည်စွာ သိပြီးသားပါ။ ပြီးတော့ ဒီနေရာမှာ
လူ့သဘာဝဖြစ်စဉ်ဆိုတဲ့အချက် ပါဝင်လာတယ်လို့ ထင်ပါတယ်။ ဒါက တစ်စုံတစ်ယောက် မလုပ်နိုင်တဲ့အရာကို အမြဲအာရုံစိုက်ကြတာ လူ့သဘာဝါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ စိတ်ထဲမထားပါဘူး''လို့
အမ်ဘာပေက ပြောခဲ့ပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ၃၁ ပွဲကစား ၂၅ ဂိုးနဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးအဖြစ် ၂၂ ဂိုး သွင်းထားပြီး ယင်းပြိုင်ပွဲကာလအတွင်း ပြင်သစ်အသင်းရဲ့ဂိုးအများဆုံး ဖြစ်ခဲ့ကာ ၆၆ ဂိုးအထိ သွင်းယူထားပါတယ်။
အခုရာသီမှာလည်း ရီးယဲလ်အသင်းအတွက် ငါးပွဲကစား ငါးဂိုးသွင်းထားပြီးဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဖနောင်ပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ် သို့ သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်ရာတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဗုဒ္ဓတက္ကသိုလ် ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အား ဖူးမြော်ကြည်ညိုခဲ့သည်။
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့ဆွေးနွေး
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC) ကဲ့သို့ ယန္တရားများပြန်လည်စတင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက် ၁၁ နာရီခွဲက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးရှည် လျားကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်နိမိတ်များထိစပ်နေသည့် နိုင်ငံများမဟုတ်သော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအရ တူညီသည့်ဆက်နွယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန်ရပ်တည် ထောက်ခံလျက်ရှိမှု၊ အစိုးရအဖွဲ့အစည်းများကြားသာမက တပ်မတော်နှစ်ရပ်ကြားနှင့် ပြည်သူများကြားတွင်လည်း ဆက်ဆံရေးများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်(JCBC)ကဲ့သို့ ယန္တရားများကို ပြန်လည်စတင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကိုအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အနာဂတ်အတွက် အလားအလာကောင်းများရှိ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်မည်ဆိုပါက ကြီးမားသည့်အောင်မြင်မှုများရှရိလာနိုင်မှု၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအပြန်အလှန်ခရီးစဉ်များဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS တို့ကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ACMECS အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုကာလအတွင်း "လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့"ဆိုသော ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကိုလက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကအဖြစ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံတော်သမ္မတ၏ ကူညီဆောင်ရွက်မှုပေးမှုများကိုကျေးဇူးတင်ကာ ယနေ့ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရေးဆွေးနွေးဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်သည်ဟု ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတော်သမ္မတကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျခေတ်မီတိုးတက်လာမှုများကိုတွေ့မြင်ရ၍ဂုဏ်ယူကာ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊ မိတ်ဆွေကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်ခဲ့ခြင်းကို အထူးကျေးဇူးတင်သည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ပထမပိုင်းနှင့် တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကိုလေ့လာသူအဖြစ်စေလွှတ်ပေး၍ အသိအမှတ်ပြုဝမ်းမြောက်ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက်ထောက်ခံပေး၍ ကျေးဇူးတင်ရှိသည်ဟု ပြောသည်။
ထို့အတူ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ချိန်တွင် ကမ္ဘောဒီးယား-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်ခိုင်မာလာအောင်ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလိုသည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဆွေးနွေး
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary တို့ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်(State Visit)ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်ညနေ ၅ နာ ရီက ကမ္ဘောဒီးယားအမျိုးလွှတ်တော် အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများမျှဝေဆောင်ရွက်ရေး၊ လွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရေးအသင်းဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်က ကမ္ဘောဒီးယားနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များစေလွှတ်လေ့လာခဲ့မှု၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ကမ္ဘောဒီးယားလွှတ်တော်က ဝမ်းမြောက်ဂုဏ်ယူမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာအောင်အလေးထားဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်လျက်ရှိမှုကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်မြှင့်တင် ဆောင်ရွက်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည်ရှည်လျားသည့် ရာဇဝင်သမိုင်းကြောင်းများနှင့် ယဉ် ကျေးမှု၊ ဓလေ့ထုံးစံများကိုးကွယ်ယုံကြည်မှု၊ လွတ် လပ်ရေးကြိုးပမ်းမှုနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကြိုးပမ်းတည်ဆောက်ခဲ့ရမှုများတွင်တူညီပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်နိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ်ပြီး သမိုင်းအစဉ်အလာ ကြီးမားကာ ခေတ်အဆက်ဆက်နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံမှုများရှိခဲ့မှု၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးနိုင်ခဲ့မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။