ပြင်ဦးလွင် အနီးစခန်း လေဆိပ်နဲ့ ကပ်လျှက်က နေအိမ်တခုအတွင်းက ပစ္စည်းတွေ အကုန်နီးပါး ဖောက်ထွင်းခိုးယူခဲ့တဲ့ သူခိုးတချို့ကို ဖမ်းမိပြီ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်ခြံဝန်းထဲက ပစ္စည်းတွေကို ပိုင်ရှင်မရှိခိုက် ခိုးယူခဲ့တဲ့ သူခိုးတွေထဲက သူခိုးနှစ်ယောက်ကို ဖမ်းမိပြီး သက်သေခံ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိပြီလို့ သိရပါတယ်။

ဒေါ်မာမာမြင့် က " ကျမအိမ်က ခိုးသွားတဲ့ သူခိုးတချို့မိပြီး ပစ္စည်းတချို့လည်း ရဲစခန်းမှာ သက်သေအနေနဲ့ ပြန်သိမ်းထားနိုင်ပြီလို့ အကြောင်းကြားပါတယ်။ အကုန်တော့မရသေးပေမယ့် အချိန်တိုအတွင်း တရားခံဖော်ထုတ်နိုင်တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူး တင်ရပါတယ်" လို့ VOM ကိုပြောပါတယ်။

ဖြစ်စဥ်မှာ အိမ်ရှင်ဒေါ်မာမာမြင့်ရဲ့ နေအိမ်ခြံဝင်းအတွင်းက မီးစက်အိမ် အတွင်းထားရှိတဲ့ GS တံဆိပ်ပါ 12 V အဖြူရောင် ဘတ္ထရီအိုး(၁)လုံး၊ မီးစက်ဘေးထားရှိတဲ့ အမျိုးအစားမမှတ်မိ (၂)လုံးထိုး ကွန်ပရက်ဆာ(၁)ခု၊(၁)ကောင်ခွဲ မော်တာ (၁)လုံးနဲ့ ခြံဝန်းအတွင်းမှာ ထားရှိတဲ့ သုံးယောက်ထိုင်စတီးဒန်း(၁)ခုနဲ့နေအိမ်အတွင်းက ဧည့်ခန်းအတွင်းတွင်ထားရှိတဲ့ ကျွန်းစတီစားပွဲကြီး(၁)လုံး၊ ကျွန်းစတီစားပွဲအသေး(၁)လုံး၊ ကျွန်း(၁)ယောက်ထိုင်ခုံ(၄)လုံး၊ ကျွန်း(၃)ယောက် ထိုင်ခုံ(၁) လုံး၊ အမြင့်(၅)ပေခန့်ရှိ ကြိတ်သားအလှဘီရို(၁)လုံး၊ SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ DVD စက်(၁)ခု၊ သံခေါက်ကုတင်(၁)လုံး၊ စွမ်းအားတံဆိပ်ပါ 10 KV မီးအားမြှင့်စက်(၁)လုံးတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။

မီးဖိုခန်းအတွင်းမှာ ရှိတဲ့ ကျွန်းထမင်းစားစာပွဲဝိုင်း(၁) လုံး၊ ကျွန်းကုလားထိုင် (၆)လုံး၊ ခြံထဲတွင်ထိုင်ရန် သံဖြင့်ပြုလုပ်ထားသော အလှစားပွဲအဝိုင်း အဖြူရောင်(၁)လုံး၊ အနက်ရောင်(၁)လုံး၊ သံထိုင်ခုံ(၈) လုံး၊ LG အမျိုးအစား အမြင့် (၅)ပေခန့်ရှိ 2DOOR အနက်ရောင်ရေခဲသေတ္တာ(၁)လုံး၊ LG အမျိုး အစား အမြင့်(၄) ပေခန့်ရှိ အနက်ရောင်အဝတ်လျှော်စက်(၁)လုံး၊ MISUHITA အမျိုးအစားဒယ်နီအိုးအကြီး(၁)လုံး၊ အသေး(၁)လုံး၊ အမြင့်(၄) ပေခန့်ရှိ အလူမီနီယံ(၄)ဆင့်ကြောင်အိမ် (၁)လုံးတို့မှာလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

အိမ်အပေါ်ထပ်သို့ သွားရောက်ကြည့်ရှုရာ အပေါ်ထပ်ရှိအိပ်ခန်း (၃)ခန်းတွင် ထားရှိသော SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ ၆ပေ-၆ပေခွဲ ဆွီးတီးဟုမ်း(၂) ယောက်အိပ်မွေ့ယာ ၊ အဝါရောင်(၂)ခု၊ ပန်းရောင်(၁)ခု၊ ဆွီးတီးဟုမ်း(၁)ယောက်အိပ်မွေ့ယာ အနီရောင်(၁)ခု၊ အပြာရောင်(၁)ခု၊ (၃)ပေခွဲခန့်ရှိ အလှဘီရို(၁)လုံး၊ ကုတင်ဘေးမှာ ထားတဲ့ ကြိတ်သားစားပွဲအသေး(၁)လုံး၊ Chanel 5 တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်း၊Mount Balance တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်းတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင် ဒေါ်မာမာမြင့်က ပြောပါတယ်။

၇-၁၀-၂၀၂၆ ရက်နေ့တွင် နေအိမ်နှင့် ခြံဝန်းတံခါးတွေသော့ ခတ်ပြီး မန္တလေးမြို့ကနေအိမ်ကို အိမ်ရှင် ဒေါ်မာမာမြင့် မြင့်က ပြန်လည်နေထိုင်ပြီး ၂၄-၁၀-၂၀၂၆ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်မှာ မြတ်မင်္ဂလာရပ်ကွက်ကို ပြန်လာချိန်မှ ခြံဝန်းအတွင်းက ပစ္စည်းတွေကို ခိုးယူခံရတာသိခဲ့တဲ့အတွက် သက် ဆိုင်ရာ ရဲစခန်းကို တိုင်တန်းထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ် သက်ပြီး ပြင်စာရဲစခန်းကို ဖုန်းခေါ်ပြီး မေးမြန်းတဲ့အခါ ဒီအမှုအတွက် အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းနေတယ်ပါတယ် နှစ်ယောက်ဖမ်းမိပြီး ပစ္စည်းတချို့ သိမ်းဆည်းရမိထားပါတယ်၊ ကျန်ရှိနေတဲ့ တရားခံ တွေကိုလည်း ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေဆိုပါတယ်။

image