ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မေးမြန်းချက်များ ဖြေကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ် ၁ ရက်) တွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရီခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်၏ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

image

FATF ၏ ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ သဘောထားထုတ်ပြန်
FATF၊ APG နှင့် Egmont Group တို့နှင့် ဆက်လက်ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် ငွေကြေးရာဇဝတ်မှုများ တို-က်ဖျ-က်မည်

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ မြန်မာနိုင်ငံဆိုင်ရာ Public Statement ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံက သဘောထားပြန်လည်ထုတ်ပြန်ရာတွင် အွန်လိုင်းလိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုများကို ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်း၍ ဆက်လက်တို-က်ဖျ-က်သွားမည်ဖြစ်ပြီး FATF၊ Asia/Pacific Group on Money Laundering (APG) နှင့် Egmont Group တို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
FATF သည် ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် Public Statement ၌ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများကြောင့် တရားမဝင်ငွေကြေးစီးဆင်းမှု အန္တရာယ်များ မြင့်မားနေကြောင်း သတိပြုဖော်ပြခဲ့ပြီး ယင်းအန္တရာယ်များကို ထိရောက်စွာ တိုက်ဖျက်ရန်နှင့် နစ်နာသူများ၊ လူကုန်ကူးခံရသူများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းထားသည်။
ယင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံဘက်က ပြန်လည်ရှင်းလင်းရာတွင် ဆိုက်ဘာရာဇဝတ်မှုများသည် ဒေသတွင်း လုံခြုံရေးနှင့် ငွေကြေးစနစ်၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေကြောင်း အပြည့်အဝ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Cryptocurrency များကို တရားဝင် ငွေပေးချေမှုနည်းလမ်းအဖြစ် အသုံးမပြုရန် ၂၀၂၀ ပြည့်နှစ်ကတည်းက ကြေညာထားကြောင်း ဖော်ပြထားသည်။
ထို့ပြင် စုံစမ်းစစ်ဆေးမှုများအရ အွန်လိုင်းလိမ်လည်မှုများမှ ရရှိသော တရားမဝင်ငွေကြေးများသည် Cryptocurrency အဖြစ် ပြောင်းလဲလွှဲပြောင်းပြီး မြန်မာ့ငွေကြေးစနစ်အတွင်း ဝင်ရောက်စီးဆင်းခြင်းမရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုများသည် ပြည်ပငွေကြေးစနစ်များကို အဓိကအသုံးပြုနေသဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တို-က်ဖျ-က်ရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် အမျိုးသားလိမ်လည်မှုတို-က်ဖျ-က်ရေးဗဟိုဌာန (ASC) တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိသည့် နိုင်ငံခြားသားနစ်နာသူများနှင့် တရားမဝင် ဝင်ရောက်လာသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာများကို ဖျ-က်သိမ်းခြင်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းဖျ-က်ဆီးခြင်းတို့ကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF ၏ High-Risk စာရင်း၌ ထ

image

အာဆင်နယ်အား နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးမယ့် အပြောင်းအရွှေ့များ ပြုလုပ်လာတော့မယ့် အာတီတာ အရိပ်အမြွက်ပြောကြားလာ
=====================

မီခေးလ်အာတီတာက အာဆင်နယ်ကစားသမားများအား လာမယ့် ရာသီသစ်တွင် ကလပ်အား ကွဲပြားတဲ့ရှုထောင့်တစ်ခုဆီသို့ ပို့ဆောင်ကြရေး တိုက်တွန်းလာသလို ယင်းအောင်မြင်မှုက အဆင့်အတန်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်းလည်း သတိပေးလာပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ဗီနီရှပ်စ်ဂျူနီယာနှင့် ဘရူနိုဂွီမာရေးစ်တို့အား ခေါ်ယူရန် ကြိုးပမ်းနေတာ ဖြစ်ပြီး အာတီတာက ၎င်းတို့ရဲ့ ရည်မှန်းချက်များ ဖြစ်မြောက်လာစေရန်အတွက် တကိုယ်တော်အရည်အသွေးကောင်းမွန်ပြီး တောင့်တင်းတဲ့အသင်းလိုအပ်ကြောင်း ဆိုသွားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၂ နှစ်ကြာ စောင့်ဆိုင်းလာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုလမ်းကြောင်းရဲ့ ခြေလှမ်းအစမျှသာရှိကြောင်း အာတီတာက ဆိုလာပါတယ်။
အာတီတာက "ဒါက ခရီးအစပဲ ရှိပါသေးတယ်။ ပြီးတော့ ဒါက အဆင့်အတန်းတစ်ခု ဖြစ်လာရမယ်။ ထူးချွန်တာက ကျုပ်တို့ရဲ့စံနှုန်းဖြစ်ရမယ်၊ ဒါကပဲ အနာဂတ်မှာ ကျွန်တော်တို့ တိုက်စစ်ဆင်လာစေမဲ့ မောင်းနှင်အား ဖြစ်လာရပါမယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်မှု ပြုမူပုံတွေက ပိုမိုဆုံးဖြတ်ချက်ပြတ်သားမှုနဲ ရည်မှန်းချက်ကို ပြသလာပါတယ်။ အခု ကျွန်တော်တို့ ဒီအဆင့်နဲ့ ထိုက်တန်ကြောင်း ပြသရပါမယ်။ ကျွန်တော်တို့ ပိုကောင်းမွန်ပြီး ကလပ်ကို ကွဲပြားတဲ့ ရှုထောင့်ဆီသို့ ပို့ဆောင်ချင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ကလပ်သို့ စူပါစတားတစ်ဦးအား ခေါ်ဆောင်လာမှုအဖြစ် ရီးရဲလ်မက်ဒရစ်မှ ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ဗီနီရှပ်စ်ဂျူနီယာမှာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေး အဆင်မပြေ ဖြစ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ယခုနွေရာသီတွင် ဗီနီရှပ်စ်အား စာချုပ်သစ်မချုပ်ဆိုနိုင်ပါက လာမယ့်နှစ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးလာရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ကလပ်ဘရုဂျက်မှ ဂရိတောင်ပံကစားသမားခရစ္စတော့စ်တီဇိုလစ်အား ပေါင် ၃၄ သန်းဖြင့်လည်းကောင်း၊ ဂိုးသမားအီယန်မီဆလီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း ခေါ်ယူအားဖြည့်ထားပါတယ်။

image

ဖီဖာရဲ့အငြင်းပွားဖွယ် အစီအစဉ်ကြောင့် အင်္ဂလန်အမျိုးသမီးအသင်းအား ကမ္ဘာ့ဖလားအား သပိတ်မှောက်ရန် ပရိသတ်များ တောင်းဆိုလာကြ
====================

အင်္ဂလန်ပရိသတ်များဟာ ဖီဖာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား ရောင်းချရန် စီစဉ်ထားမှုအား သပိတ်မှောက်တဲ့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် မယှဉ်ပြိုင်ရန် တိုက်တွန်းလာကြပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲကြီးများတွင် ပြင်ပပုဂ္ဂလိကကုမ္ပဏီများရဲ့ ရင်းနှီးမြှပ်နှံမှု လက်ခံရန် စီစဉ်နေတာ ဖြစ်ပြီး ယင်းအစီအစဉ်သာ ဖြစ်မြောက်လာပါက ဖီဖာဥက္ကဌအင်ဖန်တီနိုနှင့် သူ့ရဲ့အမေရိကန်အပေါင်းပါတို့မှာ ကမ္ဘာ့ဖလားမှ ပေါင်သန်းပေါင်းများစွာ အကျိုးအမြတ်ရရှိလာမှာလည်း ဖြစ်ပါတယ်။
အကြီးအကျယ်ဒေါသထွက်နေတဲ့ အင်္ဂလန်ပရိသတ်များဟာ အထက်ပါအဖြစ်အပျက်အား မဖြစ်မနေ တားဆီးရမယ်လို့ ဆိုနေကြပါတယ်။
တဖက်တွင် ယူအီးအက်ဖ်အေဟာလည်း အထက်ပါအရေးနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးပြုလုပ်ရန် စီစဉ်နေပြီး ယင်းအစည်းအဝေးက သပိတ်မှောက်တဲ့အထိ ဦးဆောင်ဖြစ်လာနိုင်စေနေပါတယ်။
အင်္ဂလန်ပရိသတ်များဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက လက်မှတ်ဈေးနှုန်းအလွန်မြင့်မားမှုနှင့် ကြုံရကာ ဖီဖာကို ဒေါသထွက်နေခဲ့ကြတာ ဖြစ်ပြီး ယခုအဖြစ်အပျက်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ရန် တောင်းဆိုလာကြပါတယ်။
တဖက်တွင် ဖီဖာဥက္ကဌအင်ဖန်တီနိုဟာ ၎င်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအား ရောင်းချမယ့် အစီအစဉ်ကို ၅၃ ရက်အတွင်း ထောက်ခံမှု ပြုလုပ်တဲ့ ဘောလုံးအဖွဲ့ချုပ် ၂၁၁ မှ တစ်ခုစီတို့အား ပေါင်သန်း ၃၀ (ဒေါ်လာသန်း ၄၀) ပေးမယ်လို့ ကတိပြုထားပါတယ်။
ဖီဖာက ကမ္ဘာ့ဖလားအား ရောင်းချလာမဲ့ အစီအစဉ်တွင် ဒေါ်နယ်ထရန့်ရဲသမက်ဂျာရက်ကူရှနာရဲ့ ညီအစ်ကိုအရင်းဖြစ်သူ ဂျိုရှာကူရှနာပိုင် Thrive က အဓိကနေရာက ပါဝင်နေတာလည်း ဖြစ်ပါတယ်။

image

ဖော့ကလန်နဖူးစည်း၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲရှုံးပွဲရန်ပွဲအတွက် အာဂျင်တီးနားနှင့်ကစားသမား ၂ ဦးတို့ စွဲချက်တင်ခြင်းခံလာရ
====================

ဖီဖာဟာ ဖော့ကလန်ကမ္ဘာ့ဖလားနဖူးစည်းနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲရှုံးပွဲအပြီး ခိုက်ရန်ဖြစ်ပွားမှုအတွက် အာဂျင်တီးနားကစားသမား ၂ ဦးတို့အား စွဲချက်တင်လာပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့တဲ့ အာဂျင်တီးနားဟာ ဗိုလ်လုပွဲတွင် စပိန်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုင်မီကတည်းက အငြင်းပွားဖွယ်ဖြစ်ရပ်များ လုပ်ခဲ့တာပါ။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အင်္ဂလန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဒိုင်လူကြီးရဲ့ မျက်နှာသာပေးဆုံးဖြတ်မှုများ ရရှိပြီး ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။
ယင်းနောက် ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများဟာ “The Falklands are Argentine” လို့ အဓိပ္ပါယ်ရတဲ့ စာသားပါ နဖူးစည်းအား ကိုင်ဆောင် အောင်ပွဲခံခဲ့ကြပါတယ်။
ဖီဖာက အထက်ပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီးနောက် ဘောလုံးပွဲတွင် နိုင်ငံရေးနှင့်ပတ်သက်တဲ့ ကြေညာချက်ထုတ်ပြန်တယ်ဆိုပြီး စွဲချက်တင်လာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဖီဖာဟာ ဗိုလ်လုပွဲ ရှုံးပွဲအပြီးတွင် ရုပ်ဆိုးအကျည်းတန်တဲ့ ရန်ပွဲ ဖန်တီးခဲ့မှုအတွက် အာဂျင်တီးနားကစားသမားများကိုလည်း စွဲချက်တင်လာပါတယ်။
ဗိုလ်လုပွဲအပြီးတွင် အာဂျင်တီးနားမှ လီယန်ဒရိုပါရီဒက်စ်၊ နာဟူရယ်မိုလီနာ၊ တီယာဂိုအယ်မန်ဒါနှင့် လက်ထောက်နည်းပြရောဘတ်တိုအေယာလာတို့ဟာ ရန်ပွဲတွင် ပါဝင်ခဲ့ကြပါတယ်။
ပါရီဒက်စ်ဟာ စပိန်စတားအဲရစ်ဂါစီယာရဲ့လည်ပင်းကို ညှစ်ခဲ့တာတွေ့ရပါတယ်။ မိုလီနာမှာလည်း မန်စီးတီးစတားရိုဒရီကို ရန်မူရန် ကြိုးပမ်းခဲ့သလို ဘာစီလိုနာစတားဂါဗီကို တိုက်ခိုက်ခဲ့ပါသေးတယ်။
ယခုအခါမှာတော့ ဖီဖာဟာ နာဟူရယ်မိုလီနာ(အမှု ၂ ခု)၊ လီယန်ဒရိုပါရီဒက်စ်(အမှု ၃ ခု)၊ လက်ထောက်နည်းပြရောဘတ်တိုအေယာလာ(အမှု ၁ ခု)တို့အား ဖီဖာစည်းမျဉ်း အပုဒ် ၁၄ အရ စွဲချက်တင်လာပါတယ်။
မိုလီနာဟာ စည်းကမ်းချိုးဖောက်တဲ့အမှုအပြင် ပုဒ်မ ၁၄ အရ အားကစားသမားမပီသတဲ့အပြုအမူအတွက်လည်း အမှုဖွင့်ခံလာရတာပါ။
ကစားဖော်တီယာဂိုအယ်မေဒါးနှင့် စပိန်ကွင်းလယ်လူဂါဗီတို့မှာလည်း ယင်းအမှုကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခြင်းခံထားရပါတယ်။
ဖီဖာရဲ့စည်းမျဉ်းအရ ယင်းကစားသမားတို့ဟာ အားကစားသမားမပီသတဲ့အပြုအမူအတွက် အနည်းဆုံး ၁ ပွဲပယ်နှင့် ရန်ဖြစ်တိုက်ခိုက်မှုအတွက် အနည်းဆုံး ၃ ပွဲပယ်ခံလာရတော့မှာလည်း ဖြစ်ပါတယ်။

image

အငြင်းပွားဖွယ် အစီအစဉ်အား ဘောလုံးအဖွဲ့ချုပ်များ ထောက်ခံလျှင် ဒေါ်လာသန်း ၄၀ ပေးမယ်လို့ ဖီဖာ ကမ်းလှမ်းလာ
=====================

ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ အဓိကဖလားပြိုင်ပွဲများရဲ့ ရှယ်ယာများကို ရောင်းချလာမယ့် သူ့ရဲ့အငြင်းပွားဖွယ် စီစဉ်အား ထောက်ခံပါက ဒေါ်လာသန်း ၄၀ ‌ရရှိလာမယ်လို့ ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံ ၂၁၁ နိုင်ငံတို့အား စာရေးသား အသိပေးခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ဘောလုံးအဖွဲ့ချုပ်များအနေဖြင့် သူ့အစီအစဉ်အား ထောက်ခံရေး နောက်ဆုံးနေ့အဖြစ် စက်တင်ဘာလ ၁၉ ရက်နေ့အား သတ်မှတ်ထားပါတယ်။
ဖီဖာဟာ ကမ္ဘာဖ့လားပြိုင်ပွဲအပါအဝင် အဓိကပြိုင်ပွဲများအတွက် စီးပွားဖြစ် လက်အောက်ခံကုမ္ပဏီ ဖန်တီးလိုနေပြီး ပြင်ပရင်းနှီးမြှပ်နှံသူများအား ရှယ်ယာများကို ရောင်းချရန် စီစဉ်ထားပါတယ်။
အထက်ပါ သတင်းထွက်ပေါ်လာပြီးနောက် ဖီဖာဟာ ဥရောပ၊ အာရှနှင့် မြောက်အမေရိကန်ဘောလုံးသမိုင်းအဝိုင်းတို့ရဲ့ ဝေဖန်မှုများ ကြုံခဲ့ရပါတယ်။
တဖက်တွင် အင်ဖန်တီနိုရဲ့အစီအစဉ်အပေါ် ဖီဖာဒုဥက္ကဌ ၈ တို့မှ အချို့လည်း အံ့ဩသင့်နေကြပါတယ်။
အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင် နိုင်ငံများအား ပေးပို့တဲ့ စာထဲအား နောက်ဆုံးသတ်မှတ်ရက်တွင် ထောက်ခံအားပေးမှု ပြုလုပ်ပါက ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါ်လာသန်း ၂၀ ရရှိမယ်လို့ မက်လုံးပေးထားပါတယ်။
ဖီဖာဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆၄ သင်းအထိ တိုးမြှင့်ရန် စီစဉ်နေမှုကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံနေရချိန်တွင် အငြင်းပွားဖွယ် ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများရဲ့ ရှယ်ယာများကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချရေး လုပ်ဆောင်နေမှုက ဖီဖာရဲ့အနာဂတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ယင်းသို့ လုပ်ဆောင်နေမှုနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချက်ချင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေပါတယ်။

image

ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လေ့ကျင့်ရေးစခန်းမှ တမ်ဘား ထွက်ခွာ
===================

ဂျူရီယန်တမ်ဘားဟာ ပေါင်ခြံဒဏ်ရာပြဿနာကြောင့် စပိန်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ စပိန်ရဲ့လေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လာရပါတယ်။
နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီသိမ်း ၂ လတာကာလအား လွဲချော်ခဲ့ပေမဲ့ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြန်ကစားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပေါင်ခြံဒဏ်ရာပြဿနာကြုံကာ နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ခဲ့ပါတယ်။
ယခုအခါ သူဟာ အာဆင်နယ်ရဲ့ စပိန်လေ့ကျင့်ရေးစခန်းမှ ထွက်ခွာပြီး လန်ဒန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာပြန်လည် ရရှိတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးရာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရပါမယ်။
ပြီးလျှင် သူဟာ အာဆင်နယ်ရဲ့ စပိန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပြန်လည်ပူးပေါင်းလာဖို့ ရှိပါတယ်။
တမ်ဘားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ရဲ့ နံပါတ် ၁ ဦးစားပေး ညာနောက်ခံလူအဖြစ် ပရီးမီးယားလိဂ်ပွဲ ၃၀ ကစားကာ ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အေဂျက်စ်မှ ပေါင် ၃၄ သန်းဖြင့် ပြောင်းလာခဲ့ပေမဲ့ ပထမရာသီတုန်းက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ဟာ ဩဂုတ်လ ၁၆ ရက်နေ့တွင် အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင် ချန်ပီယံရှစ်ချန်ပီယံ ကိုဗင်ထရီနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။

image

လီဂျီအွန်နယ်လာရောဂါပြဿနာကြောင့် ကွင်းပြောင်းရွှေ့ကစားလာမယ့် လာလီဂါကလပ် ဗယ်လီကာနို
====================

လာလီဂါကလပ် ရာယိုဗယ်လီကာနိုဟာ ပရိသတ်များ လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်တဲ့အခြေအနေကြောင့် လာလီဂါရာသီသစ် မစတင်မီသုံးပတ်ခန့်သာလိုတော့တဲ့အချိန်တွင် အိမ်ကွင်းပွဲစဉ်များအား ကွင်းပြောင်းလဲလက်ခံကစားလာတော့မှာဖြစ်ပါတယ်။
ဗယ်လီကာနိုဟာ မက်ဒရစ်ရှိ ဒေသခံအာဏာပိုင်များထံမှ Estadio de Vallecas ကွင်းအား ငှားရမ်း အသုံးပြုနေတာ ဖြစ်ပြီး အာဏာပိုင်များက ကျန်းမာရေးနှင့် လုံခြုံရေးပြဿနာကြောင့် ယင်းကွင်းအား အသုံးပြုခွင့်ပေးရေး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်များက ယင်းကွင်းအတွင်းတွင် လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်ခြေရှိမှု၊ အားကစားကွင်းအတွင်း အမှိုက်များနှင့် အပျက်အစီးများ စုပြုံနေခြင်းကြောင့် မီးလောင်မှုများဖြစ်နိုင်မှု၊ လျှပ်စစ်မီးပြဿနာကြုံရနိုင်မှုတို့ကြောင့် ကွင်းအသုံးပြုခွင့် ပိတ်ပင်လာပါတယ်။
လက်ရှိအချိန်တွင် ဗယ်လီကာနိုရဲ့ အိမ်ကွင်းပွဲစဉ်များကို ဘယ်ကွင်းမှာ လက်ခံကစားမယ်ဆိုတာ မကြေညာသေးပါဘူး။
လီဂျီအွန်နယ်လာရောဂါမှာ လီဂျီအွန်နယ်လာဘက်တီးရီးယားပိုးပါဝင်တဲ့ ရေငွေ့ သို့မဟုတ် ရေစက်မွှားတို့အား ရှူရှိုက်မိမှုကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါမျိုး ဖြစ်ပါတယ်။ ယင်းဘက်တီးရီးယားပိုးမှာ လူအချင်းချင်းမကူးစက်နိုင်ပေမဲ့ ရေကန်များ၊ အဲယားကွန်းစနစ်များနှင့်ရေပူစမ်းများမှ တဆင့် ကူးစက်နိုင်ခြေရှိရာ အသက် ၅၀ နှစ်နှင့်အထက် လူကြီးများ၊ ဆေးလိပ်သောက်သုံးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများအတွက် အလွန်အန္တရာယ်ရှိပါတယ်။
တဖက်တွင် အာဏာပိုင်များဟာ ကွင်းအတွင်းရှိနေတဲ့ အညစ်အကြေးနှင့် အမှိုက်များအား မကြာမီ ရှင်းလင်းမှု ပြုလုပ်လာမှာဖြစ်ပြီး ၂ လမှ ၆ လအထိ အချိန်ယူရနိုင်ကြောင်း ဆိုထားပါတယ်။
ဗယ်လီကာနိုကစားသမားများဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကွင်းမြက်ခင်းအလွန်ဆိုးရွားမှု၊ အဝတ်အစားလဲခန်းအတွင်းတွင် ရေပူပေးစနစ်မရှိမှု၊ သန့်ရှင်းမှုမရှိမှုတို့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးကြပါတယ်။
ဒါ့အပြင် ဗယ်လီကာနိုဟာ မှိုပြဿနာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းကို အသုံးမပြုဘဲ စတင်ခဲ့ရပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ ပဲလေ့စ်အား ၁-၀ ဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

image

ပရီးမီးယားလိဂ်တွင် တကျော့ပြန်ကစားရန် ဆွေးနွေးနေတဲ့ အာဆင်နယ်ရဲ့ ဂျပန်နောက်ခံလူဟောင်း
====================

ခရစ္စတယ်ပဲလေ့စ်ဟာ အာဆင်နယ်နောက်ခံလူဟောင်းတာကီဟီရိုတိုမီယာဆုကို အပြီးသတ်ခေါ်ယူရေး ဆွေးနွေးနေပါတယ်။
တိုမီယာဆုဟာ ခရစ္စတယ်ပဲလေ့စ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီး အင်္ဂါနေ့တုန်းက လန်းစ်နှင့် ကစားတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ကစားသွားခဲ့ပါတယ်။
ဂျပန်လက်ရွေးစင်နောက်ခံလူဟာ ပဲလေ့စ်နှင့် ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီလို့ ယုံကြည်ရပါတယ်။
ပဲလေ့စ်နည်းပြပီယာရီဆေ့ချ်ဟာ နောက်တန်း ၃ ဦးစနစ်ကို သဘောကျသူ ဖြစ်ပြီး တိုမီယာဆုမှာ ခံစစ်မှူးအဖြစ်သာမက ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။
တိုမီယာဆုဟာ ဒူးဒဏ်ရာပြဿနာကြုံရပြီးနောက် အာဆင်နယ်နှင့်တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းကာ ထွက်ခွာခဲ့ရကာ အေဂျက်စ်သို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ပဲလေစ်ဟာ ပြင်သစ်နောက်ခံလူမာဆင့်လာခရော့စ်အား ချဲလ်ဆီးသို့ ရောင်းချရန် သဘောတူညီထားပြီးနောက် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။
ပဲလေ့စ်ဟာ အော့ဘတ်နောက်ခံလူခရစ္စလိန်းမက်ဆီမာကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူရေး ဆွေးနွေးနေသလို ချဲလ်ဆီးနောက်ခံလူဂျို့စ်အာချီယန်ပေါင်ကိုလည်း အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

image

လေ့ကျင့်ခန်းပြန်ဆင်းလာပေမဲ့ မန်စီးတီးရဲ့ ရာသီကြိုခရီးစဉ်တွင် ဂျက်ဂရဲလ်လစ်ရှ် လိုက်ပါခွင့်မရရှိ
=====================

မန်စီးတီးအလယ်တန်းကစားသမားဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ပူးပေါင်းလာခဲ့ပေမဲ့လည်း ၁၁ ရက်ကြာမြင့်မယ့် ဟောင်ကောင်၊ ဆိုးလ်ခရီးစဉ်တွင် ချန်လှပ်ခြင်းခံလာရမှုနှင့်အတူ အီတီဟတ်အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲဗာတန်တွင် အငှားဖြင့် သွားရောက်ကစားစဉ် အရိုးအက်ဒဏ်ရာရရှိခဲ့သူ ဖြစ်ပြီး ဒဏ်ရာမှ အလုံးစုံကောင်းမွန်လာရေး ကြိုးစားနေရသူလည်း ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလတွင် အသက် ၃၁ နှစ်ပြည့်မယ့် ဂျက်ဂရဲလ်လစ်ရှ်ဟာ မန်စီးတီးနှင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ တန် ၁၂ လစာချုပ်သာ ကျန်တော့သူ ဖြစ်ပြီး နည်းပြအန်ဇိုမာရက်စ်ကာဘက်က သူ့ကို အသင်းတွင် ဆက်ထိန်းထား/မထား မဆုံးဖြတ်ရသေးပါဘူး။
ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်တွင် အငှားဖြင့် သွားကစားပြီးနောက် ပြန်ရောက်လာတဲ့ ကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်ရဲ့အနာဂတ်ကိုလည်း ဆုံးဖြတ်လာရပါတော့မယ်။
အသက် ၃၀ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင် မန်စီးတီးအတွက် လိဂ်ဖလားပြိုင်ပွဲတွင် ၇ မိနစ်တည်းသာ ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ယင်းကစားသမား ၂ ဦးလုံးကို စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိဘဲ ကမ်းလှမ်းမှုအား တံခါးဖွင့်ပေးထားပါတယ်။

image