လေးမျက်နှာမြို့နယ် ငဝန်တာအိကျခဲ့သည့်နေရာတွင် မီတာ ၁,၆၀၀ ရှည် သောင်တူးလုပ်ငန်း ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအိကျခဲ့သည့်နေရာတွင် နောင်နှစ်များ၌ တာအိကျမှုနှင့် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပွားစေရန် မြစ်ကြောင်းရှင်းလင်းရေး၊ သောင်တူးခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေးချက်အရ သိရသည်။
ငဝန်တာအိကျခဲ့သည့်နေရာ၏ တစ်ဖက်ကမ်းရှိ သောင်ခုံကို ရှင်းလင်းဖယ်ရှားရန် အလျား မီတာ ၁,၆၀၀ နှင့် အကျယ် မီတာ ၇၀ ရှိသည့် သောင်တူးသဲဖို့လုပ်ငန်းကို သောင်တူးယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလျား မီတာ ၁,၀၀၀ ရှိ ဘိုးပိုင်အခြေပြု ကျောက်ပြားကပ်တမံ ကမ်းထိန်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ငဝန်တာ တာမိုင် ၂၅/၃ နေရာကို အခိုင်အမာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်း၊ တာအူကြောင်းရွေးချယ်ခြင်းနှင့် တာဖို့ရာတွင် အသုံးပြုမည့် မြေရရှိနိုင်သည့်နေရာများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများမှ ရရှိလာမည့် အချက်အလက်များအပေါ် အခြေခံ၍ တာပြန်လည်တည်ဆောက်ရေးအတွက် ဒီဇိုင်းပုံစံများ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ကြောင်းရှင်းလင်းရေး၊ သောင်တူးခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ပိတ်ထားရသော အ.ထ.က(ခါမ်းပါတ်)ပြန်လည်ဖွင့်လှစ်

နယ်မြေလုံခြုံရေးအခြေအနေကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ပိတ်ထားရသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့မှ အ.ထ.က(ခါမ်းပါတ်)အား ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက် ၉ နာရီတွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က(ခါမ်းပတ်)ကို ဒေသလုံခြုံရေးအခြေအ နေပြန်လည်ကောင်းမွန်လာသဖြင့် ကျောင်းသား/သူများစာသင်ကြားမှုနောက်မကျစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ကျောင်းသား/သူ(၁၇၆)ဦးအား ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ(၁၃) ဦးတို့က ပညာရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီသင်ကြားပေးလျက်ရှိပြီး အသက်အရွယ်အရ Placement Test ဖြင့် ကျောင်းတက်ရန် သတ်မှတ်လျှောက်လွှာပုံစံဖြင့်လက်ခံထားသော ကျောင်းသား/သူ(၄၃၆)ဦးအားဝင်ခွင့်ဖြေဆို၍ ကျောင်းတက်ရောက်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထပ်မံကျောင်းအပ်မည့် ကျောင်းသား/သူများကိုလည်း ကျောင်းအပ်လက်ခံခြင်းကို သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအား လုံးကျောင်းနေနိုင်ရေးတို့အတွက် ခါမ်းပါတ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနတာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ လက်ရှိတက်ရောက်နေသော ကျောင်းသား/သူ များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးပုံနှိပ် KG တန်းမှ Grade-12အထိ အတန်းတစ်တန်းလျှင် (၃၀) စုံနှုန်းဖြင့် (၃၉၀)စုံ၊ ဗလာစာအုပ်(၄၀၀)ဒါဇင်၊ ခဲတံဒါ ဇင်(၄၀၀)၊ ဘောပင်(၄၀၀)ချောင်း၊ ကျောင်းဝတ်စုံ(မူ လတန်းအဆင့်) အစုံ(၅၀၀)တို့အားထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

image

အယ်လ်နီညိုကြောင့် ရေပြတ်လပ်မှု မဖြစ်စေရေး အပူဒဏ်ခံသီးနှံများ စိုက်ပျိုးရန်နှင့် အပူရှောင်စခန်းများ ဖွင့်လှစ်ရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်းနှင့် ရေအရင်းအမြစ် လျော့နည်းလာနိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ အပူဒဏ်ခံနိုင်သည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးနှင့် အပူရှောင်စခန်းများ ကြိုတင်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ညွှန်ကြားလိုက်သည်။
ယမန်နေ့(အောက်တိုဘာလ ၁၂ ရက် )နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားမှုဖြစ်ပေါ်ခြင်း၊ ရုတ်တရက် မုန်တိုင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ခရိုင်နှင့် မြို့နယ်များအလိုက် ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြခဲ့သည်။
"အပူချိန်မြင့်မားမှုကြောင့် မြစ်ချောင်းနဲ့ ဆည်တမံတွေထဲ ရေဝင်ရောက်မှု နည်းပါးလာပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေ အခက်အခဲတွေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သောက်သုံးရေ ပြတ်လပ်မှုမဖြစ်အောင်၊ အပူဒဏ်ခံနိုင်တဲ့ သီးနှံတွေ ရွေးချယ်စိုက်ပျိုးဖို့နဲ့ အပူရှောင်စခန်းတွေ ဖွင့်လှစ်နိုင်ဖို့ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရပါမယ်" ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ပြောသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အား လျှော့နည်းမှုကို တုံ့ပြန်နိုင်ရန် ဆိုလာလျှပ်စစ်မီးများ ကြိုတင်စီမံ ဆောင်ရွက်ရန်၊ ဆေးရုံ/ဆေးခန်းများတွင် ဆေးဝါးနှင့် ဆေးဝါးသုံးပစ္စည်းများ ဖြည့်တင်းထားရန်၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ကြေညာဆိုင်းဘုတ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လည်း မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များကို ချိတ်ဆက်ပံ့ပိုးပေးသွားမည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ See

image

ရေး-ထားဝယ် ရထားလမ်းသစ်ကို နှစ်လမ်းသွား ဖောက်လုပ်ရန် ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

ရေး-ထားဝယ် ရထားလမ်းသစ်ကို ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှစ်လမ်းသွားအဖြစ် ဖောက်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး လမ်းပိုင်းပြီးစီးပါက ခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်မှုနှင့်အတူ ခရီးသည်နှင့် လေကြောင်းခရီးစဉ်များ ပိုမိုများပြားလာနိုင်သဖြင့် လေဆိပ်အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအကောင်အထည်ပေါ်လာပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သဘာဝအလှအပရှိသည့် ကမ်းခြေများ၊ ကျွန်းစုများနှင့် ခရီးသွားနေရာများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအပြင် ဒေသသန့်ရှင်းသာယာလှပရေးကိုလည်း ဒေသခံများ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်

image

ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတ ကြည့်ရှုအားပေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ကြည့်ရှုအားပေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားကာ ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် ဆေးရုံ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက်လည်း ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image

ထားဝယ်ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာတူရိယာများကို စနစ်တကျထိန်းသိမ်း၍ ပြန်လည်ဖော်ထုတ်ပြသရန် နိုင်ငံတော်သမ္မတ မှာကြား

ထားဝယ်ဒေသ၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာတူရိယာပစ္စည်းများကို စနစ်တကျထိန်းသိမ်း၍ ပြန်လည်ဖော်ထုတ်ပြသရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးစဉ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် ထားဝယ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ရာတွင် ဒေသခံများကိုယ်တိုင် မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားရန် လိုအပ်ပြီး မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြင့် နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ပိုမိုနိုးကြားလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစော တိုက်တွန်း

သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို အိမ်ထောင်စုအဆင့်မှ နိုင်ငံတော်အဆင့်အထိ တည်ဆောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားသည်။
အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် အားလုံးပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ အိမ်ထောင်စုတစ်စုချင်းစီမှစတင်၍ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်ကြိုးပမ်းတည်ဆောက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း (Build Back Better) မူဝါဒကို အလေးထားဆောင်ရွက်လျက်ရှိပြီး ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရန် Myanmar National Building Code 2025 ကို ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်းပါး၊ ပန်းချီ၊ Animation ဗီဒီယိုနှင့် လက်ကမ်းစာစောင်ဒီဇိုင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

image

ဟင်္သာတမြို့၌ ဆန်စပါးပွဲရုံမီးလောင်မှုအား နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ "ပြည့်စုံဖြိုး"ဆန်စပါးပွဲရုံတွင် ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက် ၃ နာရီ ၅၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းရှိ "ပြည့်စုံဖြိုး"ဆန်စပါးပွဲရုံတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့သဖြင့် မီးလောင်မှုအား အချိန်နှစ်နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဥ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းကို သက်ဆိုင် ရာမီးသတ်တပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

မမြရေလှောင်တမံ၏ မြေသားတမံပုံစံနောက်ဘက်တွင် အမြင့်(၁၀)ပေခန့် ရေစစ်ကျောက်ရိုး(Rock Toe)ထည့်သွင်းတည်ဆောက်နေ

တမံအိလျောကျမှုဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ မြေသားတမံပုံ စံနောက်ဘက်တွင် အမြင့်(၁၀)ပေခန့် ရေစစ်ကျောက် ရိုး(Rock Toe)ထည့်သွင်းတည်ဆောက်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မမြရေလှောင်တမံကာကွယ်ထိန်းသိမ်းမှုများကို လူအင် အား၊ စက်ယန္တရားအင်အားများဖြင့်ဆောင်ရွက်လျက်ရှိရာ အလျား(၅၅၀)ပေ၊ အောက်ခြေပျှမ်းမျှအကျယ် (၂၆)ပေ၊ ထိပ်ဝအကျယ်(၆)ပေ၊ ပျှမ်းမျှအမြင့်(၁၀)ပေရှိ ရေစစ်ကျောက်ရိုး(Rock Toe)ကို ထည့်သွင်းတည် ဆောက်ရန်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် တမံအောက်ပိုင်းအိလျောကျမှုအားကာကွယ်ထိန်းသိမ်းနိုင်ရန် တမံအောက်ခြေဆင်ခြေလျော၏ အ ပြင်ဘက်မှမြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက်(၄)စီး၊ မြေထိုးစက်(၃)စီး၊ မြေသယ်ယာဉ်(၇)စီးတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တ မံရေထုတ်ပြွန်မှ (၄၀၀)ကုဗပေ/စက္ကန့် ရေလျှော့ချနေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် (၃၂၀)ပေမှ အောက်တိုဘာ ၁၃ ရက်တွင် (၃၀၅) ပေသို့ မြေတူးစက်(၂)စီးဖြင့် ဆက်လက်နှိမ့်ချ၍ (၅၀၀) ကုဗပေ/စက္ကန့် ထပ်မံလျှော့ချလျက်ရှိကြောင်း သိရသည်။

image

အမေရိကန် US Division- 3 လိဂ်မှာ ကစားခဲ့တဲ့ အောင်သိုက်ထွန်း ခြေစွမ်းစမ်းသပ်ခံဖို့ ရန်ကုန်ရောက်ရှိ

အမေရိကန် US Division- 3 လိဂ်မှာ ကစားခဲ့တဲ့ မြန်မာနိုင်ငံသား အောင်သိုက်ထွန်းဟာ ခြေစွမ်းစမ်းသပ်ခံဖို့ ဒီညနေပိုင်း (အောက်တိုဘာ ၁၃) က ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ညာနောက်ခံကစားသမား
အောင်သိုက်ထွန်းက မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အောင်သိုက်ထွန်းကို မြန်မာ့လက်ရွေးသင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန်အန်ဒါဆင်က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့်နိုဝင်ဘာအတွင် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကစားဖို့ စီစဥ်နေလျက်ရှိကြောင်း သိရပါတယ်။

image