ဗင်နီစီယပ်စ် (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ ပြန်ကစားရမယ်

စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်ဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား နသန်ဆာလီဘာရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့တာကြောင့် အခုလို (၄)ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆာလီဘာရဲ့ ဆံပင်ကို ဆွဲခဲ့ခြင်းအတွက် (၂)ပွဲပယ်၊ ဒိုင်လူကြီးကို ဒေါသတကြီးတုံ့ပြန်ခဲ့ခြင်းအတွက် (၂)ပွဲပယ် စုစုပေါင်း (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီလို ပြစ်ဒဏ်ချမှတ်မှုကို ရီးယဲလ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမယ့်နေ့မှာ ကြေညာခဲ့ခြင်းဖြစ်တာကြောင့် မော်ရင်ဟိုက ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဗင်နီစီယပ်စ်ဟာ အခုပြစ်ဒဏ်ကြောင့် ဆီဗီလာ၊ ဘာစီလိုနာ၊ ရေးဆင်း၊ ဗလင်စီယာတို့နဲ့ ယှဉ်ပြိုင်ရမယ့် လာလီဂါပွဲစဉ်(၄)ပွဲကို လွဲချော်ရမှာဖြစ်ပြီး နိုဝင်ဘာ(၂၂)ရက် ဆယ်လ်တာဗီဂိုနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာမှ ပြန်လည်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်ကို ချမှတ်ခဲ့တဲ့ အခုပြစ်ဒဏ်အတွက် ရီးယဲလ်အသင်းက အယူခံဝင်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

image

ဇန်နဝါရီမှာ ဒီယွန်းကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေ

ချယ်လ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ဘာစီလိုနာအသင်းက နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် အလွန်ဆိုက ပြီးခဲ့တဲ့နွေရာသီမှာ ဂျော်ဒန်ဟန်ဒါဆန်၊ မော်ဂန်ရော်ဂျာစ်၊ ဘာကို စတဲ့ ကစားသမားသစ်တွေ ခေါ်ယူပြီး ကွင်းလယ်ကို အားဖြည့်ခဲ့ပေမဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အန်ဒရေဆန်းတို့စ်တို့ကို ပြန်လည်ဆုံးရှုံးခဲ့ရတာကြောင့် ဇန်နဝါရီမှာ အားထပ်ဖြည့်ဖို့ ဆန္ဒရှိနေတာပါ။
အလွန်ဆိုက ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းအတွက် ပွဲကစားခွင့်မရသေးတဲ့ ဒီယွန်းကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ပေါင်သန်း(၅၀)အထက်နဲ့ ကမ်းလှမ်းမှသာ လက်ခံစဉ်းစားဖွယ်ရှိကြောင်း သိရပါတယ်။
အသက်(၂၉)နှစ်ရှိပြီဖြစ်တဲ့ ဒီယွန်းက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၉၇)ပွဲ ကစားထားသူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပါတယ်။
ချယ်လ်ဆီးအသင်းကလည်း ဒီယွန်းအတွက် ပေါင်သန်း(၅၀)အထက် သုံးစွဲဖို့ ရည်ရွယ်ထားတာကြောင့် ပြောင်းရွှေ့ကြေးအတွက် ပြဿနာမရှိနိုင်ပေမဲ့ ဒီယွန်းရဲ့ ကြံ့ခိုင်မှုအခြေအနေကိုတော့ စောင့်ကြည့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဒီယွန်းဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး လာမယ့် လာလီဂါပွဲစဉ်မှာ အသင်းရဲ့လူစာရင်းထဲ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ပြောကြားထားပါတယ်။

image
6 d - Translate

၂။ ငွေသားမှ QR Code ဆီ—မြန်မာ့စီးပွားရေးလေးတွေရဲ့ မျှော်လင့်ချက်
ကျွန်တော်တို့ရွာမှာ ဈေးရောင်းတဲ့အခါ ငွေသားပဲ သုံးတယ်။ ပိုက်ဆံအိတ်ထဲ ကျပ်ငွေတွေ ထည့်ထားရတယ်။ ငွေလဲရင် တန်းစီရတယ်။ ငွေလွှဲရင် အေးဂျင့်ဆီ သွားရတယ်။ ဖုန်းဘေလ်ဆေးရင် ဆိုင်ရှာရတယ်။ ငွေအတုရမှာ စိုးရိမ်ရတယ်။ ဈေးရောင်းပြီး ငွေရှာရတာ လွယ်ပေမယ့် ငွေထိန်းသိမ်းရတာ ခက်တယ်။ အထူးသဖြင့် လယ်သမားတွေ၊ ဈေးသည်တွေ၊ မော်တော်ဆိုင်ကယ်မောင်းသူတွေ အတွက် ငွေသားစနစ်က ပင်ပန်းတယ်။

ရွှေလီမှာ အလုပ်လုပ်တော့ ကျွန်တော် အံ့ဩသွားတာက WeChat Pay နဲ့ Alipay ပဲ။ လက်ဖက်ရည်ဆိုင်မှာ၊ ဈေးမှာ၊ ဆေးခန်းမှာ၊ Taxi မှာ QR Code စကင်ဖတ်ပြီး ငွေပေးရတယ်။ ပိုက်ဆံအိတ် ထုတ်စရာမလိုဘူး။ ငွေသားမကိုင်ရတော့ လုံခြုံတယ်လို့ ခံစားရတယ်။ တရုတ်လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို ဖုန်းနဲ့ ငွေလွှဲနည်း၊ အွန်လိုင်းဈေးဆိုင်ဖွင့်နည်း၊ ဓာတ်ပုံတင်ပြီး ရောင်းနည်း သင်ပေးတယ်။ သူတို့ရွာတွေမှာ တောင်သူတွေ ထုတ်ကုန်ကို အွန်လိုင်းကနေ ရောင်းတယ်။ လိုက်ဗ်ကနေ ရောင်းတဲ့သူတွေလည်း ရှိတယ်။

နယ်စပ်ဈေးတွေမှာ မြန်မာကုန်သည်တွေ တရုတ်ကုန်သည်တွေ QR Code နဲ့ ငွေရှင်းကြတယ်။ ကျွန်တော်လည်း ဖုန်းနဲ့ ငွေလွှဲတတ်လာတယ်။ မိသားစုဆီ ငွေပို့ရင် အေးဂျင့်ဆီ သွားစရာမလိုတော့ဘူး။ ဖုန်းတစ်လုံးနဲ့ ချက်ချင်း ပို့လို့ရတယ်။ ဒါက ကျွန်တော့်အတွက် တကယ် အဆင်ပြေတယ်။ ကျွန်တော် သင်ယူခဲ့တဲ့ မိုဘိုင်းငွေပေးချေမှုနည်းပညာကို ရွာက ဈေးသည်တွေကို ပြန်ပြောပြတယ်။ သူတို့လည်း QR Code လေးတွေ လုပ်ပြီး စမ်းသုံးကြည့်ကြတယ်။

ကျွန်တော် မျှော်လင့်တာက မြန်မာပြည်မှာ မိုဘိုင်းငွေပေးချေမှုစနစ် ကျယ်ပြန့်လာမယ်။ ဈေးသည်တွေ၊ လယ်သမားတွေ၊ လူငယ်တွေ ဖုန်းတစ်လုံးနဲ့ ငွေရှင်းနိုင်၊ ငွေလွှဲနိုင်၊ ဈေးရောင်းနိုင်မယ်။ ငွေသားမကိုင်ရတော့ လုံခြုံမယ်။ စီးပွားရေးလေးတွေ လွယ်လာမယ်။ တရုတ်နိုင်ငံရဲ့ မိုဘိုင်းငွေပေးချေမှုနည်းပညာ၊ e-commerce အတွေ့အကြုံ၊ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာပြည်အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ယုံတယ်။ QR Code တစ်ခုက ဈေးသည်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်။ ဖုန်းတစ်လုံးက မိသားစုတစ်စုရဲ့ မျှော်လင့်ချက်ကို ချိတ်ဆက်ပေးနိုင်တယ်။

6 d - Translate

Huawei Aluminum supplies 3003 polyester-coated aluminum coil with customized dimensions, colors, and surface finishes for rainwater system manufacturers.
https://www.alufoil.cn/3003-po....lyester-aluminum-coi

6 d - Translate

မြန်မာနိုင်ငံရှိ မြို့ရွာအများအပြားတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် လူတိုင်း၏နေ့စဉ်ဘဝတွင် ရှောင်လွှဲ၍မရသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ခြောက်သွေ့ရာသီတွင် အပူချိန်များ မြင့်တက်လာပြီးနောက် နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား အလှည့်ကျ ပြတ်တောက်မှု ကြုံတွေ့ရပါသည်။အချို့နေရာများတွင် လေးနာရီကြာ လျှပ်စစ်မီး ပြတ်တောက်ပြီး လေးနာရီကြာ ဝေးလံခေါင်သီသော ကျေးရွာများသည် တစ်နေ့လျှင် နှစ်နာရီမှ သုံးနာရီသာ လျှပ်စစ်မီး

သာမန်မိသားစုများအတွက် လျှပ်စစ်မီးပြတ်တောက်ခြင်းသည် ညဘက်တွင် စိတ်အေးချမ်းသာစွာ ချက်ပြုတ်၍မရနိုင်ဘဲ ကလေးများသည် အိမ်စာလုပ်သည့်အခါ ဖယောင်းတိုင်များကိုသာ ထွန်းညှိနိုင်ပြီး ရေခဲသေတ္တာအတွင်းရှိ ပါဝင်ပစ္စည်းများကို သိမ်းဆည်း၍မရပါက အလွယ်တကူ ပျက်စီးနိုင်သည်။ လမ်းဘေးရှိ ဈေးဆိုင်များနှင့် အလုပ်ရုံငယ်များအတွက် မကြာခဏ ဓာတ်အားပြတ်တောက်မှုများသည် အသက်မွေးဝမ်းကြောင်းကို တိုက်ရိုက်ပြတ်တောက်စေသည်- ဆန်စက်များ မလည်ပတ်နိုင်၊ အအေးဆိုင်များ အအေးမခံနိုင်၊ ညဈေးရှိ ဈေးသည်ငယ်များသည် မီးများပင် မဖွင့်နိုင်ကြပေ။ ဒီဇယ်ဂျင်နရေတာများဝယ်ရန် စျေးကြီးမားမားသုံးစွဲခြင်းသည် ကုန်ကျစရိတ်များစွာ မြင့်တက်လာပြီး အမြတ်အစွန်းနည်းပါးပြီး ပါးလွှာလာသည်။

မကြာသေးမီနှစ်များအတွင်း အပြောင်းအလဲများကို လူတိုင်းတွေ့မြင်နိုင်သည်- ကျေးရွာများနှင့် မြို့များရှိ လမ်းများပေါ်တွင် photovoltaic လမ်းမီးများစွာ ထွန်းလင်းလာကာ အချို့သော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ကိရိယာငယ်များသည် သာမန်လယ်သမားများ၏ နေအိမ်များသို့ ဝင်ရောက်လာကာ အသစ်တည်ဆောက်ထားသော ရေအားလျှပ်စစ်စခန်းစီမံကိန်းများကလည်း ပြတ်ပြတ်သားသား ကတိပြုထားသည်။ ပြည်တွင်းပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် မဟာဓာတ်အားလိုင်း၏ သွယ်တန်းနိုင်စွမ်းကို ပိုမိုတည်ငြိမ်စေရန်အတွက် အဆိုပါ စွမ်းအင်စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဟု လူတိုင်းက မျှော်လင့်နေကြသည်။ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းရင်း ချက်ပြုတ်ရန် နှောင့်နှေးစရာမလိုတော့ဘဲ အိမ်စာလုပ်ရန် ဖယောင်းတိုင်မီးမှိန်မှိန်
#မြန်မာ #ပြည်ထောင်စုမြန်မာနိုင်ငံ

image

လေးမျက်နှာမြို့နယ် ငဝန်တာအိကျခဲ့သည့်နေရာတွင် မီတာ ၁,၆၀၀ ရှည် သောင်တူးလုပ်ငန်း ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအိကျခဲ့သည့်နေရာတွင် နောင်နှစ်များ၌ တာအိကျမှုနှင့် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပွားစေရန် မြစ်ကြောင်းရှင်းလင်းရေး၊ သောင်တူးခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေးချက်အရ သိရသည်။
ငဝန်တာအိကျခဲ့သည့်နေရာ၏ တစ်ဖက်ကမ်းရှိ သောင်ခုံကို ရှင်းလင်းဖယ်ရှားရန် အလျား မီတာ ၁,၆၀၀ နှင့် အကျယ် မီတာ ၇၀ ရှိသည့် သောင်တူးသဲဖို့လုပ်ငန်းကို သောင်တူးယာဉ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလျား မီတာ ၁,၀၀၀ ရှိ ဘိုးပိုင်အခြေပြု ကျောက်ပြားကပ်တမံ ကမ်းထိန်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ငဝန်တာ တာမိုင် ၂၅/၃ နေရာကို အခိုင်အမာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်း၊ တာအူကြောင်းရွေးချယ်ခြင်းနှင့် တာဖို့ရာတွင် အသုံးပြုမည့် မြေရရှိနိုင်သည့်နေရာများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများမှ ရရှိလာမည့် အချက်အလက်များအပေါ် အခြေခံ၍ တာပြန်လည်တည်ဆောက်ရေးအတွက် ဒီဇိုင်းပုံစံများ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ကြောင်းရှင်းလင်းရေး၊ သောင်တူးခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ပိတ်ထားရသော အ.ထ.က(ခါမ်းပါတ်)ပြန်လည်ဖွင့်လှစ်

နယ်မြေလုံခြုံရေးအခြေအနေကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ပိတ်ထားရသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့မှ အ.ထ.က(ခါမ်းပါတ်)အား ယနေ့ အောက်တိုဘာ ၁၃ ရက်နံနက် ၉ နာရီတွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က(ခါမ်းပတ်)ကို ဒေသလုံခြုံရေးအခြေအ နေပြန်လည်ကောင်းမွန်လာသဖြင့် ကျောင်းသား/သူများစာသင်ကြားမှုနောက်မကျစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ကျောင်းသား/သူ(၁၇၆)ဦးအား ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမ(၁၃) ဦးတို့က ပညာရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီသင်ကြားပေးလျက်ရှိပြီး အသက်အရွယ်အရ Placement Test ဖြင့် ကျောင်းတက်ရန် သတ်မှတ်လျှောက်လွှာပုံစံဖြင့်လက်ခံထားသော ကျောင်းသား/သူ(၄၃၆)ဦးအားဝင်ခွင့်ဖြေဆို၍ ကျောင်းတက်ရောက်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထပ်မံကျောင်းအပ်မည့် ကျောင်းသား/သူများကိုလည်း ကျောင်းအပ်လက်ခံခြင်းကို သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအား လုံးကျောင်းနေနိုင်ရေးတို့အတွက် ခါမ်းပါတ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနတာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ လက်ရှိတက်ရောက်နေသော ကျောင်းသား/သူ များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးပုံနှိပ် KG တန်းမှ Grade-12အထိ အတန်းတစ်တန်းလျှင် (၃၀) စုံနှုန်းဖြင့် (၃၉၀)စုံ၊ ဗလာစာအုပ်(၄၀၀)ဒါဇင်၊ ခဲတံဒါ ဇင်(၄၀၀)၊ ဘောပင်(၄၀၀)ချောင်း၊ ကျောင်းဝတ်စုံ(မူ လတန်းအဆင့်) အစုံ(၅၀၀)တို့အားထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

image

အယ်လ်နီညိုကြောင့် ရေပြတ်လပ်မှု မဖြစ်စေရေး အပူဒဏ်ခံသီးနှံများ စိုက်ပျိုးရန်နှင့် အပူရှောင်စခန်းများ ဖွင့်လှစ်ရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်းနှင့် ရေအရင်းအမြစ် လျော့နည်းလာနိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ အပူဒဏ်ခံနိုင်သည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးနှင့် အပူရှောင်စခန်းများ ကြိုတင်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ညွှန်ကြားလိုက်သည်။
ယမန်နေ့(အောက်တိုဘာလ ၁၂ ရက် )နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားမှုဖြစ်ပေါ်ခြင်း၊ ရုတ်တရက် မုန်တိုင်းတိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ခရိုင်နှင့် မြို့နယ်များအလိုက် ဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြခဲ့သည်။
"အပူချိန်မြင့်မားမှုကြောင့် မြစ်ချောင်းနဲ့ ဆည်တမံတွေထဲ ရေဝင်ရောက်မှု နည်းပါးလာပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေ အခက်အခဲတွေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် သောက်သုံးရေ ပြတ်လပ်မှုမဖြစ်အောင်၊ အပူဒဏ်ခံနိုင်တဲ့ သီးနှံတွေ ရွေးချယ်စိုက်ပျိုးဖို့နဲ့ အပူရှောင်စခန်းတွေ ဖွင့်လှစ်နိုင်ဖို့ ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြရပါမယ်" ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ပြောသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အား လျှော့နည်းမှုကို တုံ့ပြန်နိုင်ရန် ဆိုလာလျှပ်စစ်မီးများ ကြိုတင်စီမံ ဆောင်ရွက်ရန်၊ ဆေးရုံ/ဆေးခန်းများတွင် ဆေးဝါးနှင့် ဆေးဝါးသုံးပစ္စည်းများ ဖြည့်တင်းထားရန်၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ကြေညာဆိုင်းဘုတ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လည်း မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များကို ချိတ်ဆက်ပံ့ပိုးပေးသွားမည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ See

image

ရေး-ထားဝယ် ရထားလမ်းသစ်ကို နှစ်လမ်းသွား ဖောက်လုပ်ရန် ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ပြောကြား

ရေး-ထားဝယ် ရထားလမ်းသစ်ကို ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှစ်လမ်းသွားအဖြစ် ဖောက်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး လမ်းပိုင်းပြီးစီးပါက ခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်မှုနှင့်အတူ ခရီးသည်နှင့် လေကြောင်းခရီးစဉ်များ ပိုမိုများပြားလာနိုင်သဖြင့် လေဆိပ်အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအကောင်အထည်ပေါ်လာပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သဘာဝအလှအပရှိသည့် ကမ်းခြေများ၊ ကျွန်းစုများနှင့် ခရီးသွားနေရာများကို အကျိုးရှိစွာ အသုံးချနိုင်ရေးအပြင် ဒေသသန့်ရှင်းသာယာလှပရေးကိုလည်း ဒေသခံများ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်

image