မုန်တိုင်းအန္တရာယ်နှင့် ကျန်းမာရေးထိခိုက်မှုများ အရေးပေါ်တုံ့ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ EOC ဖွင့်လှစ်မည်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို အရေးပေါ်တုံ့ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၄ နာရီ အရေးပေါ်ကွပ်ကဲမှုဌာန (Emergency Operation Center-EOC) ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်များအပြင် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။

ယင်းအခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများနှင့် ကူးစက်ရောဂါများကို ထိရောက်စွာ တုံ့ပြန်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းအခြေအနေကို စောင့်ကြည့်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် EOC ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိကာ အခြေအနေအလိုက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ဦးဌေးအောင်အား မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ်ခန့်အပ်တာဝန်ပေး

ဦးဌေးအောင်အား မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၇ / ၂၀၂၆ ဖြင့် ယနေ့ စက်တင်ဘာ ၂၈ ရက်ကထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ် မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ် မခွဲ(ဃ)တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

image

MAI နှင့် KBZMS General Insurance အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် KBZMS General Insurance အပါအဝင် နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများသည် လေကြောင်းခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအသိုင်းအဝိုင်းအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို စက်တင်ဘာ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများကို MAI နှင့် KBZMS General Insurance၊ MTG International Company၊ RVi Group/Bagan Run တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု မြှင့်တင်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းအခမ်းအနားတွင် MAI ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Tanes Kumar က ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေး၊ တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော တိုးတက်မှုတို့မှတစ်ဆင့် လေကြောင်းလိုင်း၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် မိတ်ဖက်ဆက်ဆံရေး၊ အောင်မြင်မှုနှင့် မြန်မာနိုင်ငံကို ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ကိုယ်စားပြုနိုင်ရေးတို့နှင့်ပတ်သက်၍ MAI ၏ Brand Ambassador များဖြစ်သည့် အာရှနှင့် ကမ္ဘာ့ကာယဗလချန်ပီယံ ရဲထွန်းနောင်၊ မြန်မာ့လက်ရွေးစင် ကြက်တောင်ကစားသမား ဖုန်းပြည့်နိုင်နှင့် မြန်မာ့လက်ရွေးစင် ကြက်တောင်ကစားသမား သက်ထားသူဇာတို့က ၎င်းတို့၏ အတွေ့အကြုံနှင့် အမြင်များကို မျှဝေဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် MAI က လေကြောင်းလိုင်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိသည့် ခရီးသွားအေဂျင်စီမိတ်ဖက်များကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image

မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး

တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးဝါး ၄ မျိုးကို ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သော်ကြောင့်အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိနေနေခြင်းဖြစ်သည်။

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆရာကြီးဦးတင်အေး၏ ကချင်အမှတ်တံဆိပ် သွေးတိုးကျလေနင်ဆေး(ဆေးလုံး+ဆေးမှုန့်/ဆေးဘူး)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် ရရှိခဲ့ဖူးသော်လည်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားမှုမရှိခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်သက်တမ်းကုန်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုပြင် လေးပါးရာဇာ အမှတ်တံဆိပ် သွေးတိုးပျောက်ဆေးကြီး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ရရှိခဲ့သော်လည်း သက်တမ်းတိုး လျှောက်ထားမှုမရှိခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ရှင်းအမှတ်တံဆိပ် သွေးတိုးကျဆေး (ဆေးပြား/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှု မရှိခြင်းနှင့် ရွှေမင်းသားအမှတ်တံဆိပ် အားတိုးဆေး(ဆေးမှုန့်/ဆေးထုပ်)သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်မရှိခြင်း၊ အခြားဆေး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုခြင်းများကို တွေ့ရှိခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိသော တိုင်းရင်းဆေးဝါးများ ဖြစ်သဖြင့် ဆေးဝါးစီစစ်မှန်ကန်မှု အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားခြင်းလည်း ဖြစ်သည်။

image

ဆီးရီးယား အစိုးရဌာနတွေနဲ့ အဓိက အဖွဲ့အစည်း ၁၆ ခုအပေါ် ပိတ်ဆို့ထားတာတွေကို ဂျပန် ထပ်မံရုပ်သိမ်း

ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရ ပြိုလဲသွားပြီးနောက် ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး ဂျပန်အစိုးရဟာ ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ဆို့မှုတွေကို ထပ်မံ လျှော့ချပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၁၁ ခုနှစ်ကတည်းက အာဆတ်အစိုးရ လက်ထက် ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အာဆတ်အစိုးရ ပြိုလဲသွားခဲ့ပြီးတဲ့နောက် ၂၀၂၅ ခုနှစ် မေလတုန်းကလည်း ပိတ်ဆို့မှုအချို့ကို ပထမအကြိမ် စတင်ရုပ်သိမ်းပေးခဲ့ဖူးပါတယ်။

ခု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြောင်းကြားစာအရ အောက်ပါ အစိုးရဌာနနဲ့ အဖွဲ့အစည်း ၁၆ ခုကို ပိတ်ဆို့မှုစာရင်းထဲကနေ ထပ်မံ ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။

စာရင်းမှ ပယ်ဖျက်လိုက်သည့် အဖွဲ့အစည်း ၁၆ ခု -

အစိုးရနှင့် လုံခြုံရေးဌာနများ - ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံရေး လုံခြုံရေး ညွှန်ကြားမှုဦးစီးဌာန

စွမ်းအင်နှင့် ရေနံကဏ္ဍ - ဆီးရီးယား ရေနံကုမ္ပဏီ (SPC)၊ ဆီးရီးယား ရေနံကုန်သွယ်ရေး ကုမ္ပဏီ (Sytrol)၊ အထွေထွေ ရေနံကော်ပိုရေးရှင်း (GPC)၊ ဆီးရီးယား ရေနံသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (SCOT)၊ မဟာရူးကတ် ရေနံထွက်ပစ္စည်း သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီ

ဘဏ်နှင့် ဘဏ္ဍာရေးကဏ္ဍ - ဆီးရီးယား ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အိမ်ခြံမြေဘဏ်၊ ဆီးရီးယား-လေ့ဘနွန် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဆီးရီးယား အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်ဘဏ် (SII

အခြား အဖွဲ့အစည်းများ - Syriatel ဆက်သွယ်ရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အထွေထွေ အဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ အိမ်ရာဆောက်လုပ်ရေး အဖွဲ့အစည်း၊ ဝါဂွမ်း ကုန်သွယ်ရောင်းဝယ်ရေး အဖွဲ့အစည်း

ခုလို အစိတ်အပိုင်းလိုက် ထပ်မံ ရုပ်သိမ်းပေးလိုက်ပေမဲ့လည်း သမ္မတဟောင်း အယ်လ်အာဆတ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၅၉ ဦးနဲ့ အဖွဲ့အစည်း ၁၅ ခုအပေါ် ပိတ်ဆို့ထားတာတွေကိုတော့ ဂျပန်အစိုးရက ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

image

မုန်တိုင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့တွင် ပျ-က်စီးမှုများဖြစ်ပေါ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်တင်ဘာ ၂၈ ရက်မွန်းလွဲ ၂ နာရီခန့်မှစတင်ကာ မိုးရွာသွန်းပြီးမုန် တိုင်းတိုက်ခတ်မှုကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းတို-က်ခတ်မှုကြောင့် မဟာမြိုင်ပရိယတ္တိစာသင်တိုက်(မော်လမြိုင်)ရှိ စေတီတော်တစ်ဆူ၏ ထီးတော်ကျိုးကျပျ-က်စီးခဲ့ပြီး သစ်ပင်များလည်းလဲကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ငန်းတေး၊ မြေနီကုန်း၊ မဟာမြိုင်၊ သီရိမြိုင်၊ သရက်ကုန်း၊ ကြာအင်း၊ ကျွဲခြံကုန်း၊ စမ်းကြီး၊ သာယာအေးရပ်ကွက်များနှင့် ခရွမ်းရှမ်းရွာတို့တွင်လည်း သစ်ပင်ကြီးများလဲကျခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ သစ်ပင်များနေအိမ်များပေါ်ပိမိခြင်း၊ နေအိမ်ပျ-က်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်နယ်မီးသတ်ဦးစီးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အချိန်နှင့်တစ်ပြေးညီ ကူညီမှုများပြုလုပ်နိုင်ရန် မုန်တိုင်းသတိပေးချက်ထုတ်ပြန်ခဲ့သည့်အချိန်မှစတင်၍ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဒေသခံလူမှုကူညီရေးအသင်းများက အသင့်စုဖွဲ့ပြင်ဆင်ထားသဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီမှုများပြုလုပ်ပေးလျက်ရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Photo-မဟာမြိုင်ကျောင်း/ကိုဘိုဘိုဝင်း

image

အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခဆရာတော်ပျံလွန်တော်မူ

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ်၏ ပါမောက္ခဖြစ်တော်မူသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဣန္ဒကသည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက် ၇ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ဆရာတော်သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် အဘိဓမ္မာဌာန ပါမောက္ခ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် စာပေများပို့ချပေးတော်မူကာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်သုံးဝိုင်း သီတဂူပုလဲကျောင်းနှင့် ပုလဲမြို့၊ ကုန်းတလဘောင်ကျောင်းတို့ ၏ ပဓာနဆရာတော်လည်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ပျံလွန်တော်မူချိန်၌ သက်တော်(၆၂) နှစ် ဝါတော်(၄၂)ဝါရှိပြီဖြစ်ကြောင်း သိရသည်။

image

သောင်ရင်းမြစ်ရေ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေ လာမည့် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်

ကရင်ပြည်နယ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)လက်မခန့်ကျော်လွန်ရောက်ရှိနေကြောင်း မိုးဇလထံမှ သိရသည်။

အဆိုပါ သောင်ရင်းမြစ်ရေသည် လာမည့် ၂၄ နာရီအ တွင်း၌ (၁ ပေ ၆ လက်မ)ခန့် ထပ်မံမြင့်တက်လာနိုင်ပြီး မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြဝတီမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ကြရန် မိုးဇလက သတိပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ဖရီးကစ်ဂိုးအများဆုံးမှတ်တမ်းနဲ့ ပိုမိုနီးစပ်လာတဲ့ မက်ဆီ

အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်ဂိုးအများဆုံးမှတ်တမ်းကို ပိုင်ဆိုင်နိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။

မက်ဆီဟာ ကိုလံဘတ်စ်ခရူနဲ့ပွဲ ၃၃ မိနစ်မှာ အသင်းအတွက် ချေပဂိုးကို ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာပါ။

မက်ဆီဟာ ကစားသမားဘ၀ ဖရီးကစ်ဂိုး ၇၆ ဂိုး ရှိလာပြီး ဒုတိယနေရာမှာ ရပ်တည်နေသူလည်းဖြစ်တယ်။

ဘောလုံးသမိုင်းမှာ ဖရီးကစ်ဂိုးအများဆုံးအဖြစ်
ဘရာဇီးလ်ကစားသမားဟောင်း မာဆယ်လင်ညိုက ၇၈ ဂိုးနဲ့ စံချိန်တင်ထားတာပါ။

ဒါကြောင့် မက်ဆီအနေနဲ့ ဖရီးကစ်ဂိုးအများဆုံးမှတ်တမ်းကို မကြာခင်မှာ ပိုင်ဆိုင်နိုင်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတယ်။

မက်ဆီ(၃၉ နှစ်)ဟာ အင်တာမိုင်ယာမီအသင်းနဲ့ နောက်ဆုံးခုနစ်ပွဲမှာ ဖရီးကစ်ဂိုး လေးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းကတော့ ကိုလံဘတ်စ်ခရူနဲ့ပွဲမှာ နာကျင်အချိန်ပို အနိုင်ဂိုး ပေးခဲ့ရပြီး ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

image