ဘီလ်ဘာအိုနှင့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ် လွဲချော်လာဖွယ်ရှိ
======================

ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ်ဟာ နေမကောင်းဖြစ်မှုကြောင့် နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်လာမှုနှင့်အတူ ယနေ့ည ဘီလ်ဘာအိုနှင့် ရင်ဆိုင်ရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေပါတယ်။
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ ဝါရင့်ဂိုးသမားမာ့ခ်အင်ဒရေတာစတီဂန်မှာ မတော်တဆဒဏ်ရာရရှိကာ စပိန်သို့ ပြန်သွားမှုကြောင့် အခက်ကြုံနေချိန်တွင် လာမိန်းယာမဲလ် နေမကောင်းမှုနှင့် ကြုံလာရတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ အင်္ဂါနေ့တုန်းက King Abdullah Stadium တွင် ယနေ့ည ဘီလ်ဘာအိုနှင့်ပွဲမတိုင်မီ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် လာမိန်းယာမဲလ်မပါဝင်ဘဲ လေ့ကျင့်ခဲ့ရပါတယ်။
ဒါပေမယ့် စပိန်မီဒီယာများရဲ့ ဖော်ပြမှုအရ လာမိန်းယာမဲလ်မှာ ဒဏ်ရာပြဿနာ မရှိတဲ့အပြင် ကာလတို အဖျားဝေဒနာသာ ကြုံရခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ဘာစီလိုနာနည်းပြဖလစ်အနေဖြင့် ပွဲကစားခါနီးအချိန်တွင်မှ လာမိန်းယာမဲလ်ရဲ့အခြေအနေအပေါ် မူတည်ပြီး အသုံးပြု/မပြု ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။
လာမိန်းယာမဲလ်ဟာ လာလီဂါရာသီဝက် ပွဲသိမ်းပွဲဖြစ်တဲ့ အက်စ်ပန်ညိုနှင့်ပွဲမတိုင်မီတုန်းကလည်း သက်တောင့်သက်သာ မဖြစ်မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ပွဲထွက်လူစာရင်းတွင် ပါဝင်ကစားသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အသက် ၃၃ နှစ်ရှိ ဂျာမနီဂိုးသမားတာစတီဂန်မှာ အင်္ဂါနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် မတော်တဆဒဏ်ရာရရှိသွားပြီးနောက် ဆေးစစ်ဆေးမှု ခံယူရန် အသင်းမှ နုတ်ထွက်ကာ စပိန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဟန်ဆီဖလစ်ဟာ တာစတီဂန် နုတ်ထွက်သွားမှုကြောင့် အမေရိကန်ယူ-၂၀ လက်ရွေးစင်ဂိုးသမားဒီယေဂိုကိုချန်ကို ပထမအသင်းသို့ ဆင့်ခေါ်ထားရပါတယ်။ သူဟာ ဂျိုဟန်ဂါစီယာ၊ ဆက်ဇက်နီတို့နောက် တတိယဦးစားပေးဂိုးသမားအဖြစ် ကစားရပါမယ်။

image

ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားလူစာရင်းတွင် ကိုင်လီယန်ဘက်ပေး မပါဝင်
====================

ကိုင်လီယန်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားပြိုင်ပွဲ လူစာရင်းထဲတွင် ပါဝင်လာခြင်း မရှိပါဘူး။
ပြင်သစ်စူပါစတားဟာ ဒူးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဆော်ဒီတွင် ကစားရမယ့် စပိန်စူပါဖလားပြိုင်ပွဲလူစာရင်းတွင် မပါဝင်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီးအလွန်ဆိုအတွက် ကျေနပ်စရာကောင်းတာကတော့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုး ပြန်လည် ပါဝင်လာနိုင်တာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးဆုဖလားရရှိရေး ကြိုးပမ်းမှုအဖြစ် မနက်ဖြန် ကြာသပတေးနေ့တွင် အက်သလက်တီကိုနှင့် စပိန်စပါဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။
ဘက်ပေးဟာ ဒုတိယရာသီသစ်အတွက် လေ့ကျင့်ခန်းဆင်းစဉ် ဘယ်ဖက်ဒူးအဆစ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အစောပိုင်းတုန်းက စပိန်စူပါဖလားတွင် ပါဝင်ရန် မျှော်လင့်ခဲ့ပေမယ့်လည်း ဆေးအဖွဲ့က အခြေအနေ ပိုဆိုးလာနိုင်မှုကြောင့် အသုံးမပြုရန် တားဆီးခဲ့ပါတယ်။
ဆေးအဖွဲ့က ရေရှည်အကျိုးမျှော်ကိုးကာ ရာနှုန်းပြည့်ကောင်းမွန်လာချိန်တွင်မှ အသုံးပြုရန် အကြံပေးထားတာလည်း ဖြစ်ပါတယ်။
ဘက်ပေးဟာ ၂၀၂၅-၂၆ ရာသီအတွင်းတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၄ ပွဲကစားထားရာမှာ ၂၉ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

image

ယာယီနည်းပြရာထူးအတွက် ဆိုးလ်ရှားနှင့် ကာရစ်တို့အား အင်တာဗျူးလာမယ့် ယူနိုက်တက်
====================

မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့ဟာ ရာသီအကုန်အထိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ထိပ်ဆုံးမှ ရေပန်းစားလာနေပါတယ်။
ယူနိုက်တက်တွင် ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ကျင်လည်ခဲ့ကြဖူးတဲ့ ကာရစ်နှင့် ဆိုးလ်ရှားတို့ဟာ ကလပ်ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံ အင်တာဗျူးမှု ပြုလုပ်လာကြပါမယ်။
၎င်းတို့ နှစ်ဦးဟာ ယူနိုက်တက်နည်းပြအဖြစ် အတူတကွ တာဝန်ထမ်းဆောင်ဖူးကြသူများလည်း ဖြစ်ပါတယ်။ ကာရစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရချိန်တွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့ ဆိုးလ်ရှားလက်အောက် နည်းပြအဖဲ့တွင် တာဝန်ထမ်းဆောင်ဖူးပါတယ်။
လက်ရှိ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒါရင်းဖလက်ချာမှာ အစောပိုင်းတုန်းက ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ဆောင်ရွက်မယ့် စာရင်းတွင် ပါဝင်ခဲ့ပေမယ့်လည်း ယခုအခါ ယာယီနည်းပြခန့်အပ်တဲ့အချိန်အထိသာ တာဝန်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။
အလယ်တန်းကစားသမားဟောင်းဟာ ယနေ့ည ဘန်လေနှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်လာမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်နှင့် အိုလီဂန်းနားဆိုးလ်ရှားတို့အား ခန့်အပ်ရေး အင်တာဗျူးမှု အဆင်မပြေပါက ကစားသမားဟောင်းတစ်ဦးပင် ဖြစ်တဲ့ နစ္စတယ်ရွိုင်းကိုလည်း အင်တာဗျူးလာဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ပြီးနောက် နွေရာသီတွင်မှ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ဆုံးဖြတ်လာမှာလည်း ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ်တုန်းက မော်ရင်ဟို ထုတ်ပယ်ခံရစဉ်တုန်းက ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် ရောက်လာပြီးနောက် ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မိက်ကယ်ကာရစ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဆိုးလ်ရှားထုတ်ပယ်ခံလာရချိန်တွင် ယာယီနည်းပြအဖြစ် ယူနိုက်တက်အား ၃ ပွဲ ကိုင်တွယ်ဖူးပါတယ်။
သူဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ၂ နှစ်ခွဲကြာ ကိုင်တွယ်ပြီးနောက် ဇွန်လတုန်းက ထတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားမှာလည်း ဩဂုတ်လတုန်းက တူရကီထိပ်သီး ဘီဆစ်တပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာနှင့် မာဆေးနည်းပြရောဘတ်တိုဒီဇာဘီတို့အား လျာထားပါတယ်။

image

တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားပွဲတွင်လည်း ယူနိုက်တက်ကို ကိုင်တွယ်မယ်လို့ ဖလက်ချာအတည်ပြုလာ
====================

ဒါရင်းဖလက်ချာက လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရိုက်တန်အား ဧည့်ခံကစားရမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ကိုင်တွယ်ကြီးကြပ်သွားမယ်လို့ အတည်ပြုလာပါတယ်။
ဖလက်ချာဟာ ယခုအပတ်အစောပိုင်းတုန်းက ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီး ဗုဒ္ဓဟူးနေ့ညတုန်းက ဘန်လေနှင့် နှစ်ဂိုးစီသရေကျတဲ့ ပွဲစဉ်အား ကြီးကြပ်ခဲ့ပါတယ်။
ဖလက်ချာက "တနင်္ဂနွေနေ့ပွဲကိုလည်း ကြီးကြပ်စေချင်တဲ့အကြောင်း သူတို့ ကျွန်တော့်ကို သတင်းပို့ထားပါတယ်။ ဘန်လေပွဲကိုပဲ အာရုံစိုက်ထားချင်ခဲ့တာပါ။ တနင်္ဂနွေနေ့မှာ အသင်းကို ဦးဆောင်သွားပါဦးမယ်။ အခု ကျွန်တော့်အာရုံစိုက်မှုနဲ့ စွမ်းအင်တွေက ဒီပွဲအတွက် ဖြစ်နေပါတယ်။ သူတို့ဆိုတာက ယူနိုက်တက်အမှုဆောင်ချုပ်အိုမာဘာရီဒါနဲ့ ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ကို ပြောချင်တာပါ"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ နိုဝင်ဘာလအစပိုင်းမှ စတင်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ပိုင်း ၈ သင်းစာရင်းဝင် အသင်းများနှင့် ၁၀ ပွဲကစားခဲ့ရာတွင် ၂ ပွဲတည်းသာ အနိုင်ရထားပါတယ်။
၎င်းတို့ဟာ နောက်ဆုံး ၃ ပွဲတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အသင်းများဖြစ်ကြတဲ့ ဝုဗ်၊ လိဒ်၊ ဘန်လေတို့နှင့် ရင်ဆိုင်ခဲ့ရာမှာ ၃ ပွဲလုံး သရေကျထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ မနေ့ညက ပွဲတွင် ဆက်စ်ကိုရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ပြန်လည် ပေးရမှုနှင့်အတူ သရေကျလာခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်စ်ကိုဟာ နွေရာသီတွင် လိုက်ဇစ်မှ ပေါင် ၇၃.၇ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်း ၂ ဂိုးသွင်းလာနိုင်ခြင်း ဖြစ်သလို အောက်တိုဘာနှောင်းပိုင်း ပထမဆုံးဂိုးသွင်းလာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုတစ်ရာသီလုံးတွင် ၂ ပွဲတည်းသာ ဂိုးမပေးထားရတဲ့ပွဲ ပိုင်ဆိုင်ထားကာ ခံစစ်ပြဿနာကြုံနေရတုန်း ဖြစ်ပါတယ်။
ဒါကြောင့် ယာယီနည်းပြဖလက်ချာဟာ ရူဘင်အမိုရမ် ခေတ်အလွန်တွင် ၃-၄-၃ ကစားကွက်ကို ချန်ထားခဲ့ပြီး ၄-၂-၃-၁ ကစားကွက် ပြောင်းကစားခဲ့ပေမယ့် ပြဿနာများစွာ ရှိနေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘန်လေနှင့်ပွဲတွင် ဂိုးပေါက်ကန်ချက် အကြိမ် ၃၀ အထိ ရှိခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်ကန်ချက် ၁၀ကြိမ် သာ ပြုလုပ်နိုင်ခဲ့ကာ ၂ ဂိုးတည်းသာ ရခဲ့ပါတယ်။
ဆက်လက်ပြီး ဖလက်ချာက "ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ တကယ်ဆို ကျုပ်တို့ အနိုင်ရခဲ့သင့်တာ"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်အတွက် ယခုရာသီ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားပြိုင်ပွဲသာ ရှိပြီး ဘရိုက်တန်နှင့်ပွဲတွင် စတင် စမ်းသပ်မှု ခံယူရပါမယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘရိုက်တန်နှင့် ရင်ဆိုင်ပြီးပါက ခက်ခဲတဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်များအဖြစ် မန်စီးတီး၊ အာဆင်နယ်တို့အား ဆက်တိုက်ရင်ဆိုင်ရပါမယ်။

image

ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းဂိုးအများဆုံးသွင်းနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် မှတ်တိုင်သစ်စိုက်ထူလာတဲ့ အိုင်ဂေါ်တီယာဂို
===================

အိုင်ဂေါ်တီယာဂိုဟာ မနေ့ညတုန်းက ဆန်းဒါးလန်းအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဘရန့်ဖို့ဒ်အတွက် နောက်ထပ် ၂ ဂိုးထပ်မံ သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့တုန်းက အဲဗာတန်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၁၆ ဂိုးဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာတာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် သူဟာ ပွဲချိန်မိနစ် ၃၀ တွင် ဆန်းဒါးလန်းဂိုးသမားရိုဘင်ရိုးဖ်အား လိမ်ခေါက်ကျော်ဖြတ်ကာ အဖွင့်ဂိုးသွင်းပြီးနောက် ပွဲချိန် ၆၅ မိနစ်တွင် ၆ ကိုက်စည်းအတွင်းမှ ကီဗင်ရှာဒီရဲ့ ခေါင်းတိုက်ချပေးမှုကနေ ထပ်ဆင့်ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းတွင် ဘရာဇီးစတားကစားသမားများအဖြစ် ဂျူနင်ဟို၊ ရော်ဘင်ဟို၊ ဂါဘရီရယ်ဂျေဆူး၊ မာတင်နယ်လီ၊ အလက်ဇန္ဒားပါတို၊ မားသီးယပ်စ်ကန်ညာ၊ လီဗာပူးဂန္ထဝင်ရောဘတ်တိုဖာမီနိုတို့ ကစားခဲ့ကြသလို ကစားနေကြဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ အသက် ၂၄ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းယူမှုအဖြစ် ၁၆ ဂိုးဖြင့် တစ်ရာသီတည်းတွင် ပရီးမီးယားလိဂ်အများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တိုင်စိုက်ထူလာပြီ ဖြစ်ပါတယ်။
တီယာဂိုဟာ ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရပြီးနောက် ဒုတိယမြောက်ရာသီတွင် အကောင်းဆုံးပုံစံဖြင့် ကစားလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအအနိုင်ဂိုးအား သွင်းယူကာ သမိုင်းမှတ်တိုင်စိုက်ထူလာတဲ့ ဟာဗေးဘန်းစ်
=======================

ဟာဗေးဘန်းစ်ဟာ မနေ့ညတုန်းက လိဒ်အား ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် နယူးကာဆယ်အနိုင် နောက်ကျ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအနိုင်ဂိုး သွင်းယူနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
မနေ့က ပွဲတွင် နယူးကာဆယ်ဟာ အသင်းခေါင်းဆောင်ဘရူနိုဂူမာရေးစ်ရဲ့ အချိန်ပို ပင်နယ်တီဂိုးကြောင့် ၃ ဂိုးစီသရေကျကာ ရမှတ်တစ်မှတ်ဖြင့် ကျေနပ်ရမယ်လို့ ယူဆခဲ့ရတာပါ။
ဒါပေမယ့် တောင်ပံကစားသမားဟာဗေးဘန်းစ်ဟာ အချိန်ပို ၁၂ မိနစ်တွင် ပင်နယ်တီဧရိယာအတွင်း လှပတဲ့ အနိုင်ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံးအနိုင်ဂိုးသွင်းယူနိုင်တဲ့ စံချိန်အား ရေးထိုးလာပါတယ်။
လိဒ်ဟာ မနေ့ညက စိန့်ဂျိမ်းစ်ပါ့ခ်ရှုံးပွဲကြောင့် ၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း အဆုံးသတ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဧည့်သည်လိဒ်ဟာ ပွဲချိန် ၃၂ မိနစ်တွင် အေရွန်ဆင်ရဲ့ နယူးကာဆယ်ခံစစ်အမှားမှ ရရှိတဲ့ အခွင့်အရေး အသုံးချကာ ဧရိယာပြင်ပမှ သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ၄ မိနစ်အကြာမှာပင် ဟာဗေးဘန်းစ်က ချေပဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက် ပထမပိုင်းပြီးခါနီးတွင် ကယ်ဗတ်လီဝင်းက ပင်နယ်တီမှ တဆင့် လိဒ်အတွက် ဦးဆောင်ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။ ၅၄ မိနစ်တွင် ဂျိုးလင်တန်က ခေါင်းတိုက်ကာ နယူးကာဆယ်အတွက် ချေပဂိုးသွင်းခဲ့ပေမယ့် ၇၉ မိနစ်မှာ အေရွန်ဆင်ကပင် လိဒ်အတွက် ထပ်မံ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ဂူမာရေးစ်က နာကျင်အချိန်ပို ၉၁ မိနစ်တွင် ပင်နယ်တီမှ တဆင့် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ဟာဗေးက ၁၀၂ မိနစ်တွင် အနိုင်ဂိုးသွင်းကာ ပရီးမီးယားလိဂ်သမိုင်းတွင် နောက်အကျဆုံး အနိုင်ဂိုးအား သွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၄၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၉၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၅၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၉၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၅၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၈၇၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၉၅ ကျပ်
ဝယ်ဈေး - ၃၈၉၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၆၅ ကျပ်
ဝယ်ဈေး - ၄၅၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၂ ကျပ်
ဝယ်ဈေး - ၉၅၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၇ ကျပ်
ဝယ်ဈေး - ၂၄.၈၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၄၁ ကျပ်
ဝယ်ဈေး - ၄၃.၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၇၅ ကျပ်
ဝယ်ဈေး - ၅၂၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၂ ကျပ်
ဝယ်ဈေး - ၂၆၁၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၂ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၃ ကျပ်
ဝယ်ဈေး - ၅၀၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၇ ကျပ်
ဝယ်ဈေး - ၁၀၆၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
6 d - Translate

Tattoo

image

image