Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရာခပ်သိမ်းမှာ ဘယ်အရာမှမမြဲဘူး။
ပြောင်းလဲနေတာ သဘာဝတရားပဲ။
ဘယ်သူ့ကိုမှမကြည့်နဲ့ ကိုယ့်ကိုယ်ကိုကြည့် အင်မတန်ငယ်တဲ့အရွယ်ကစပြီး
ခုအိုမင်းရင့်ရော်တဲ့အထိ တဖြည်းဖြည်းပြောင်းလဲလာတာ သတိထားရမယ်။
ပြောင်းလဲတာကလည်း အကောင်းပြောင်းလာတာလား အဆိုးဘက်ကိုပြောင်းလာတာလား.?
ခန္ဓာကြီးကတော့ အသေအချာ အဆိုးဘက်ကို ပြောင်းသွားတာ။
ခန္ဓာကိုယ်ကြီး ဘယ်လောက်ပဲအဆိုးဘက်ကိုပြောင်းပြောင်း ကောင်းသထက်ကောင်းအောင် စိတ်ကလေးကိုတော့ ပို၍ပို၍ကောင်းအောင် ပြုပြင်ထားရမယ်။
ဆိုးသွား အိုသွားတဲ့ခန္ဓာကြီးကို မအိုမနာမသေအောင် ပြင်လို့မရပေမယ့် ခန္ဓာကြီးထဲက ဒီစိတ်ကိုတော့ ပြင်လို့ရတယ်လေ။
စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားလိုက်ရင် လောကကြီးမှာ လက်ရှိလည်း အေးချမ်းစွာနေရတယ် တမလွန်မှာလည်း ချမ်းသာရတယ်။
ဒါကြောင့်မို့ ခန္ဓာကြီးဘယ်လိုပဲ အဆိုးဘက်ကို ပြောင်းလဲပါစေ မိမိစိတ်ကိုတော့ ကောင်းသထက်ကောင်းအောင် ပြောင်းကြပါစို့။
ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏
မိုးတွေရွာနေတဲ့အချိန်မှာ လိပ်ပြာလေးတွေ ဝဲပျံနေတာမျိုး
မြင်ဖူးကြပါရဲ့လား ။ အတောင်ပံကို မိုးရေစိုတဲ့အခါ ပျံသန်းရခက်တာကြောင့် လိပ်ပြာလေးတွေဟာ မိုးရွာထဲမှာ ဘယ်တော့မှ မပျံသန်းကြဘူးတဲ့ ။ ဘယ်လောက်တောင် လိမ္မာပါးနပ်စွာနဲ့ ကိုယ့်အန္တရာယ်ကို ကာကွယ်တတ်လိုက်လေသလဲနော် ။
တကယ်ဆို လိပ်ပြာလေးတစ်ကောင်အဖြစ်နဲ့ လေပြည်တွေ ကြား ၊ ပန်းတွေကြား လူးလာကစားနိုင်ဖို့ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဖြစ်စဉ်ဟာလည်း လွယ်ကူခဲ့တာမှမဟုတ်တာ ။ အသွေးအရောင်မျိုးစုံနဲ့ လှပနေတဲ့ အတောင်ပံတွေကို
တဖျပ်ဖျပ်ခတ်ရင်း ဝေဟင်မှာ လွတ်လပ်စွာ ဝဲပျံနိုင်တဲ့ လိပ်ပြာလေးတစ်ကောင် ဖြစ်လာဖို့ရာ ပေါက်ဖတ်လေးဘဝမှာ ဘယ်လောက်တောင် ရုန်းကန်သည်းခံခဲ့ရရှာသလဲ ။
ဒါကြောင့် လိပ်ပြာလေးဟာ သူ့အသက် ၊ သူ့ခန္ဓာကို အသိ ဉာဏ်နဲ့ကာကွယ်ပြီး တန်ဖိုးထားတတ်တယ် ။ ကိုယ်တို့ကရော.... ရခဲလှတဲ့ လူ့ဘဝကို ရထားပါရဲ့သားနဲ့ ကိုယ့်အတောင်ပံကို လေးလံစေမယ့် မိုးစက်တွေကြားထဲ မျက်စိစုံမှိတ်ပြီး တိုးဝင်ပျံသန်းကြည့်ချင်သေးတယ် မဟုတ်လား။
လူ့ဘဝဆိုတာလည်း လွယ်လွယ်ရလာတာ မဟုတ်သလို လူ ပီသတဲ့လူတစ်ယောက် ဖြစ်လာဖို့ ၊ လောကဓံလှိုင်းတံပိုးတွေကြားမှာ ကိုယ်လိုရာ ကမ်းကပ်နိုင်ဖို့ ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသုံးဝင်တဲ့ သူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားရှင်သန်ရတာလည်း ခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါပဲ ။
ဒါကြောင့် ကိုယ့်အတောင်ပံကို လေးလံစေမယ့် မိုးစက်တွေကို ဘယ်လိုရှောင်ရှားသင့်သလဲဆိုတာ တွက်ဆတတ်ဖို့ လိုပါတယ် ။ ပျံသန်းသင့်တဲ့ အချိန်လား ၊ မိုးတိတ်ချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသင့်တဲ့ အချိန်လားဆိုတာ ပိုင်းခြားတတ်ရပါတယ် ။ လိပ်ပြာလေးတွေလို ကိုယ့်ဒုက္ခကို လိမ္မာပါးနပ်စွာနဲ့ ကိုယ့်ဘာသာ ကြည့်ရှောင်တတ် ရပါတယ် ။ ကိုယ်ရထားတဲ့ ကိုယ့်ဘဝလေးကို ၊ ကိုယ့်ဖြစ်တည်မှုလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာမှန်သမျှကိုလည်း ဉာဏ်ကလေး လွှာသုံးပြီး ကာကွယ်စောင့်ရှောက်တတ်ရပါတယ် ။
လိပ်ပြာလေးတွေတောင် သူတို့ဘဝ ၊ သူတို့အသက် ၊ သူတို့ ခန္ဓာကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်တတ်ကြသေးရင် လိပ်ပြာလေးတွေထက် ဦးနှောက်ပိုကြီးတဲ့ ကိုယ်တို့ကရော လေးလံစေမယ့် မိုးစက်တွေကြား ပျံသန်းသင့်ပါရဲ့လားဆိုတာ...။
Yoon@precious Y
မနက်နိုးလာတဲ့အခါ လက်မောင်းတွေနာတာ၊ လက်ထုံတာမျိုးတွေ ခံစားနေရပြီလား? ဒါဆိုရင်တော့ သင့်ရဲ့ "အိပ်စက်တဲ့ပုံစံ" ကို အမြန်ဆုံးပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။
ကျွန်တော်တို့ထဲက တချို့ဟာ အိပ်ပျော်နေစဉ်မှာ ကိုယ့်ကိုယ်ကိုယ်မသိဘဲ လက်ကို ခေါင်းပေါ်မြှောက်ပြီးအိပ်တာ ဒါမှမဟုတ် လက်ကို အကြာကြီး မြှောက်ထားမိတာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒီလိုပုံစံနဲ့ တစ်ညလုံး အိပ်စက်မိတဲ့အခါ-
• ပုခုံးနဲ့ ချိုင်းကြားက ကြွက်သားတွေ၊ အာရုံကြောတွေဟာ အချိန်အကြာကြီး တင်းပြီး ဆွဲဆန့်ခံထားရသလို ဖြစ်နေတတ်ပါတယ်။
• သွေးလည်ပတ်မှု မကောင်းတော့တဲ့အတွက် လက်မောင်းနာတာ၊ လက်အားနည်းတာ၊ လက်ဖျားတွေထုံတာ နဲ့ ညဘက် လက်နာလွန်းလို့ လန့်နိုးတာ မျိုးတွေ ဖြစ်လာရတာပါ။
ဒါဟာ တစ်ခါတလေကျရင် ရောဂါကြီးကြီးမားမားကြောင့်မဟုတ်ဘဲ ကျွန်တော်တို့ နေ့တိုင်းမသိစိတ်နဲ့ လုပ်နေမိတဲ့ အကျင့်သေးသေးလေးတွေကြောင့် ဖြစ်တာပါ။
ဘယ်လိုဖြေရှင်းမလဲ?
အဖြေက ရိုးရိုးလေးပါပဲ။ အိပ်တဲ့အခါ လက်ကို ဦးခေါင်းထက် အများကြီး မြှောက်မထားဘဲ သက်သောင့်သက်သာရှိမယ့် အနေအထား (ခန္ဓာကိုယ်ဘေးမှာ ချထားတာမျိုး) ကို ပြောင်းလဲပြင်ဆင်ကြည့်ပါ။ ဒီအကျင့်လေးကို ပြင်လိုက်ရုံနဲ့တင် လက်ထုံလက်နာတာတွေ သိသိသာသာ သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။
ဒီညကစပြီး အိပ်စက်တဲ့ပုံစံလေးကို သတိထားကြည့်ကြရအောင်နော်။