တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်း ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်

ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်းဟာ နယ်သာလန်ဂန္ထဝင် ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ကိုရင်သီယန်အသင်းဟာ ပွဲစဉ်(၃၀) ယှဉ်ပြိုင်ကစားအပြီးမှာ တန်းဆင်းဇုန်အထက် အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၁၇)နေရာကအသင်းနဲ့ အမှတ်တူဖြစ်နေပါတယ်။
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာက အဆင့်(၁၇)ကနေ အဆင့်(၂၀)အထိ အောက်ဆုံး(၄)သင်း တန်းဆင်းရမှာဖြစ်တာကြောင့် ကိုရင်သီယန်အသင်းအနေနဲ့ တန်းဆင်းသွားရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ဒါကြောင့် အောက်တိုဘာ(၇)ရက်မှာ ဘရာဇီးလ်နည်းပြ ဖာနန်ဒိုဒီနစ်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာ(၁၁)ရက်မှာ ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အသက်(၅၀)ရှိပြီဖြစ်တဲ့ ဆီးဒေါ့ဖ်ဟာ ၂၀၁၉ ခုနှစ်မှာ ကင်မရွန်းလက်ရွေးစင်နည်းပြရာထူူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် (၇)နှစ်ကြာပြီးမှ နည်းပြလောကကို ပြန်လည်ဝင်ရောက်ခဲ့တာပါ။
ဆီးဒေါ့ဖ်ဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမဲ့ နည်းပြဘဝမှာတော့ အောင်မြင်မှုမရရှိသေးပါဘူး။
ကိုရင်သီယန်အသင်းက ဆီးဒေါ့ဖ်ကို ၂၀၂၇ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image

ဗီလာရီးယဲလ်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ဗင်နီစီယပ်စ် El Clasico ပွဲကို လွဲချော်ဖွယ်ရှိ

ဗီလာရီးယဲလ်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ ဆံပင်ကို ဆွဲခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် El Clasicoပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ဘရာဇီးလ်ကစားသမား ဗင်နီစီယပ်စ်ဟာ ရီးယဲလ် ၁-၀ ဗီလာရီးယဲလ်ပွဲမှာ ပြိုင်ဘက်ကွင်းလယ်ကစားသမား ဆာလီဘာရဲ့ဆံပင်ကို ဆွဲခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။
ဗင်နီစီယပ်စ်က ဂိုးသွင်းဖို့ ကြိုးပမ်းရာမှာ ဆာလီဘာရဲ့ဆံပင်ကို ဆွဲခဲ့တာဖြစ်ပြီး VAR ပြန်လည်ကြည့်ရှုြ့ပီးနောက် ကွင်းလယ်ဒိုင် ဒီယက်ဇ်က အနီကတ်ပြခဲ့ခြင်းဖြစ်ပါတယ်။
ဒီလုပ်ရပ်အတွက် ဗင်နီစီယပ်စ်က တောင်းပန်စကားပြောကြားခဲ့ပေမဲ့ ဒိုင်လူကြီးရဲ့ အစီရင်ခံစာအပေါ်မူတည်ပြီး နှစ်ပွဲပယ်ကနေ သုံးပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံံရဖွယ်ရှိနေတာကြောင့် El Clasico ပွဲကို လွဲချော်ဖွယ်ရှိနေတာပါ။
ရီးယဲလ်အသင်းက လာမယ့်တစ်ပတ် လာလီဂါပွဲစဉ်မှာ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အောက်တိုဘာ(၂၅)မှာ ဘာစီလိုနာနဲ့ El Clasico ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။
ဗင်နီစီယပ်စ်ဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် နည်းပြ မော်ရင်ဟိုက ဗီလာရီးယဲလ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

image

M League-2 ပြိုင်ပွဲဝင် အသင်း (၁၀) သင်း မိတ်ဆက်ခြင်းအခမ်းအနား ယနေ့ပြုလုပ်မယ်

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မြန်မာလိဂ် (M League ) ကော်မတီဟာ ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲဝင် အသင်း (၁၀) သင်းအား မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၂) တွင် ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
M League-2 ပြိုင်ပွဲဝင် အသင်း (၁၀) သင်းအား မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၂) နေ့လယ် (၁) နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မာကျူရီဟိုတယ်မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
ယင်းအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မြန်မာလိဂ် (M League ) ကော်မတီမှ တာဝန်ရှိသူများ၊ M League-2 ပြိုင်ပွဲဝင် အသင်း (၁၀) သင်းမှ တာဝန်ရှိသူများ၊ စပွန်ဆာကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြမှာ ဖြစ်ပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို တင်ပြကြမှာဖြစ်ကြောင်း သိရပါတယ်။
ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အသင်း (၁၀) သင်းဖြင့် ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းတွင် လာမယ့်အောက်တိုဘာ ၁၅ ရက်မှစ၍ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကိုစက်တင်ဘာ (၁၉) ရက်က စတင်ကျင်းပရန် လျာထားခဲ့သော်လည်း အသင်းအရေအတွက် ပိုမိုတိုးလာရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ရပြီး MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်းတို့မှာ MNL သို့ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းနဲ့ တောင်ဒဂုံကွင်းတို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲမှ တန်းဆင်းလာတဲ့ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်း အပါအဝင် တက္ကသိုလ်အသင်း၊ မနောအသင်း၊ Royal Dagon၊ Enjoy Brother၊ VUE နေပြည်တော်၊ Elite Kings၊ Asian Lion၊ Junior Lions အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ယင်းအသင်းများထဲတွင် Enjoy Brother၊ Elite Kings၊ Asian Lion၊များမှာ ပြီးခဲ့တဲ့ ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဝင် အသင်းများဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026)
ဗိုလ်လုပွဲတွင် Enjoy Brother အသင်းက Happy Friendship အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဗိုလ်လုပွဲရောက် Enjoy Brother နဲ့ Happy Friendship အသင်း နှစ်သင်းဟာ ယခုရာသီ M League-2 ပြိုင်ပွဲကို တက်ရောက်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယခုအခါ Happy Friendship အသင်းမှာ VUE နေပြည်တော်၊ ကချင်ယူနိုက်တက်အသင်းမှာ မနော FC၊ Glory Goal အသင်းမှာ Royal Dagon အသင်းအမည်များနဲ့ ပြောင်းလဲပြီး ယခုရာသီ M League-2 ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။

image

မက်ဆီ ရွေးချယ်တဲ့ အနာဂတ်ကြယ်ပွင့်ဘောလုံးသမား (၁၀)ဦးစာရင်းမှာ အာဆင်နယ်ကစားသမား မက်စ်ဒေါမန်း ပါဝင်

အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မက်ဆီရွေးချယ်တဲ့ အနာဂတ်ကြယ်ပွင့်ဘောလုံးသမား(၁၀)ဦးစာရင်းမှာ အာဆင်နယ်ကစားသမား မက်စ်ဒေါမန်းလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီက Adidas ရဲ့ ကြော်ငြာအစီအစဉ်တစ်ခုအတွက် အခုလို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အသက်(၂၁)နှစ်အောက် ကစားသမား(၁၀)ဦး ရွေးချယ်ရာမှာ အမျိုးသား(၇)ဦးနဲ့ အမျိုးသမီး(၃)ဦး ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
မက်ဆီရွေးချယ်ခဲ့တဲ့ အမျိုးသားကစားသမား(၇)ဦးက မက်စ်ဒေါမန်း(အာဆင်နယ်၊ အင်္ဂလန်)၊ တိုမတ်စ်အာရန်ဒါ(ဘိုကာဂျူနီယာ၊ အာဂျင်တီးနား)၊ ကန်အူဇန်(ဖရန့်ဖတ်၊ တူရကီ)၊ ဂီလ်ဘာတိုမိုရာ(တီဂျူအာနာ၊ မက္ကဆီကို)၊ ဇာဗီယာဂိုဇို(ခရစ္စတယ်ပဲလေ့စ်၊ အမေရိကန်)၊ ဂျီးဆပ်စ်ရိုဒရီဂွက်ဇ်(ကိုမို၊ စပိန်)၊ ကီးစ်စမစ်(AZ အယ်လ်ခမာ၊ နယ်သာလန်)တို့ ဖြစ်ပါတယ်။
အမျိုးသမီးကစားသမား(၃)ဦးကတော့ ခလိုးဆာဝီ(ချယ်လ်ဆီး၊ အင်္ဂလန်)၊ ဂျီယိုဗန်နာဝက်စ်မန်း(လိုင်ယွန်၊ ဘရာဇီးလ်)၊ လော့တာဘရီဒါ(ဟမ်းဘတ်၊ ဂျာမနီ)တို့ ဖြစ်ပါတယ်။
မက်ဆီ ရွေးချယ်ခဲ့တဲ့ ကစားသမားတွေထဲမှာ မက်စ်ဒေါမန်းက အသက်အငယ်ဆုံးဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
လာမယ့် ဒီဇင်ဘာမှာမှ အသက်(၁၇)နှစ်ပြည့်မယ့် မက်စ်ဒေါမန်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အသက်အငယ်ဆုံးရရှိသူ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားခွင့်ရသူဆိုတဲ့ ကမ္ဘာ့စံချိန်မှတ်တမ်း(၃)ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

image

AR သုံးစေချင်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး သန်းပိုင် ဆို

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသန်းပိုင်က M League ပြိုင်ပွဲမှာ VAR အသုံးပြုစေချင်ပြီဖြစ်ကြောင်း ရန်ကုန်စီးတီးအသင်းအား ရှုံးနိမ့်အပြီးမှာ ပြောကြားခဲ့ပါတယ်။
သန်းပိုင်က "တိုက်စစ်၊ ခံစစ်သွားတဲ့နေရာမှာ ကျွန်တော်တို့အသင်းက ခံစစ်ပိုင်းမှာ အားနည်းခဲ့တယ်လို့မြင်ပါတယ်။ အပြန်အလှန်ဂိုးတွေသွင်းကြတဲ့နေရာမှာ အခွင့်အရေးကို ပိုအသုံးချနိုင်တဲ့အသင်းက အနိုင်ရသွားတာပါ။ ကျွန်တော်တို့ရတဲ့ဂိုးက ကျွန်တော့်အမြင်ပြောရရင် ဂိုးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း တခြားလိဂ်ပြိုင်ပွဲတွေလို VAR သုံးစေချင်ပါပြီ။ တိုက်စစ်၊ ခံစစ်သွားတဲ့ Transition Game မှာ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိသွားတဲ့အတွက် ဒါကိုပြင်ပြီး နောက်ပွဲတွေမှာ အသုံးချသွားရမှာပါ။ ပရိသတ်တွေကို ပထမဆုံးအနေနဲ့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ အနိုင်မကစားနိုင်ခဲ့တဲ့အတွက်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက တာဝန်ကျေပြီးသားပါ။ ကွင်းထဲလာအားပေးတဲ့ပရိသတ်တွေရော၊ တီဗီကနေ အားပေးတဲ့ ပရိသတ်တွေရော အားလုံးတာဝန်ကျေကြပါတယ်" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီရာသီ M League ပြိုင်ပွဲ ပွဲစဥ် (၃) အဖြစ် အောက်တိုဘာ (၁၁) ရက်က အိမ်ကွင်းဖြစ်တဲ့ YUSC ကွင်းမှာ တန်းတက် ရန်ကုန်စီးတီးအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်သောချေပဂိုးကို သန်းပိုင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒီပွဲအရှုံးရလဒ်ဟာ ဒီရာသီ M League ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲဖြစ်သလို အိမ်ကွင်းရှုံးပွဲ ပထမဆုံးဖြစ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဦးဆောင်ရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၀၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၅ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၁၅ ကျပ်
ဝယ်ဈေး - ၃၄၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၀၁ ကျပ်
ဝယ်ဈေး - ၁၀၇၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၇၂ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၂ ကျပ်
ဝယ်ဈေး - ၂၇.၆၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၄၄ ကျပ်
ဝယ်ဈေး - ၄၅.၂၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၁ ကျပ်
ဝယ်ဈေး - ၃.၂၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၅ ကျပ်
ဝယ်ဈေး - ၅၈၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၄ ကျပ်
ဝယ်ဈေး - ၁၁၉၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၀၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၅ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၁၅ ကျပ်
ဝယ်ဈေး - ၃၄၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၀၁ ကျပ်
ဝယ်ဈေး - ၁၀၇၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၇၂ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၂ ကျပ်
ဝယ်ဈေး - ၂၇.၆၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၄၄ ကျပ်
ဝယ်ဈေး - ၄၅.၂၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၁ ကျပ်
ဝယ်ဈေး - ၃.၂၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၅ ကျပ်
ဝယ်ဈေး - ၅၈၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၅၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၄ ကျပ်
ဝယ်ဈေး - ၁၁၉၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

နယ်စပ် ပြည်သူ့ကျန်းမာရေးနဲ့ အပူပိုင်း ကူးစက်ရောဂါ ပူးပေါင်းတိုက်ဖျက်မှု
#မြန်မာ #ပြည်ထောင်စုမြန်မာနိုင်ငံ #တရုတ်
၂၀၂၆ စက်တင်ဘာမှာ ရှန်ဟိုင်းမြို့မှာ “Lancang–Mekong Region Tropical Disease Prevention and Control” သင်တန်းကို တရုတ်ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ကျင်းပပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုက ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် ၁၄ ရက် တက်ရောက်တယ်။ ငှက်ဖျား၊ ဒင်ဂူးဖျား စောင့်ကြည့်ရေး၊ နယ်စပ်သတင်းအချက်အလက် မျှဝေမှု၊ ကူးစက်မှုကြိုတင်ကာကွယ်မှုတွေ သင်တယ်။
ယူနန်ပြည်နယ် ပရဆိုက်တို့ကလည်း ဇန်နဝါရီလကတည်းက မြန်မာကျန်းမာရေးဝန်ထမ်း ၁၂ ဦးကို ငှက်ဖျားမှန်ဘီလူးစစ်ဆေးနည်း (malaria microscopy) သင်ပေးပြီး နယ်စပ်ဒေသမှာ ငှက်ဖျားပြန့်ပွားမှု လျှော့ချဖို့ လုပ်နေတယ်။
ဇူလိုင်မှာတော့ ဝမ်တိန်မြို့က မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ကျော်ကို အစားအသောက်သန့်ရှင်းရေး၊ ကိုယ်ခံအား၊ နယ်စပ်ကူးစက်ရောဂါ ကာကွယ်နည်း သင်ပေးခဲ့တယ်။
ဒါက သတင်းထဲမှာပါတဲ့ ဆိပ်ကမ်း၊ ရထားလမ်း စီမံကိန်းကြီးတွေလို မကြီးမားပေမယ့် နေ့စဉ် ပြည်သူ့အသက်ကို ကယ်တဲ့ “သေးငယ်ပေမယ့် အရေးကြီးတဲ့” ပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်။

image