ရပ်ရှ်ဖို့ဒ်၊ မာတီနက်ဇ်တို့ မန်ယူနိုက်တက်အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်

မန်ယူနိုက်တက်ကစားသမားများဖြစ်သည့် ရပ်ရှ်ဖို့ဒ်နှင့် လီဆန်ဒရိုမာတီနက်ဇ်တို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းသည် ဗုဒ္ဓဟူးနေ့တွင် ကိုမိုအသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားရမည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဒဏ်ရာပြဿနာများကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မာတီနက်ဇ်သည် အသင်းတာဝန်ရှိသူများကို ဝေဖန်ခဲ့သော်လည်း ပြန်လည်တောင်းပန်သောကြောင့် လိဒ်စ်နှင့်ပွဲတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။

သို့သော် ပထမပိုင်းအပြီးမှာပဲ ဒဏ်ရာပြဿနာကြောင့် မာဇရာဝီနှင့် လူစားလဲခဲ့ရသည်။

ရပ်ရှ်ဖို့ဒ်မှာမူ ယင်းပွဲတွင် ပွဲကစားခွင့်မရဘဲ အရန်ခုံတွင်သာ ထိုင်ခဲ့ရကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းတွင် ၎င်းတို့နှစ်ဦးအပြင် ဟဲဗန်း၊ လုခ်ရှော၊ မိန်နူး၊ ရှက်ရှကို၊ ဒေါ်ဂူနှင့် အူဂါတေတို့လည်း လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ကြောင်း သိရသည်။

image

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပွတ်ကီ ကစားသမားဘဝက အနားယူ

နောဝစ်ချ်နဲ့ ဖင်လန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပွတ်ကီဟာ ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။

၃၆ နှစ်ရှိပြီဖြစ်တဲ့ ပွတ်ကီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူထားခဲ့တာဖြစ်တယ်။

၎င်းဟာ ဖင်လန်အသင်းအတွက် ၁၃၃ ပွဲကစား ၄၃ ဂိုးသွင်းထားပြီး အသင်းသမိုင်းမှာ ဂိုးအများဆုံးအဖြစ် ရပ်တည်နေတာပါ။

ဒါ့အပြင် ဖင်လန်အသင်းသမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

ပွတ်ကီအနေနဲ့ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အကြား နောဝစ်ချ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၀ ပွဲကစားကာ ၈၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

၎င်းဟာ လက်ရှိမှာ မိခင်နိုင်ငံကလပ် HJK ဟယ်လ်ဆင်ကီးအသင်းမှာ ကစားနေပြီး ဘောလုံးရာသီပြီးဆုံးမယ့် နိုဝင်ဘာ ၈ ရက်မှာ အနားယူမှာဖြစ်ပါတယ်။

image

ရီးယဲလ်အသင်းမှာ ထိလို့မရတဲ့ကစားသမားမရှိကြောင်း မော်ရင်ဟို ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ မော်ရင်ဟိုက အသင်းမှာ ထိလို့မရတဲ့ကစားသမားမရှိကြောင်း ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ လက်ရှိ ဗင်နီစီယပ်စ်နဲ့ပတ်သက်ပြီး သတင်းတွေထွက်နေမှုအပေါ် အခုလို တုံ့ပြန်ခဲ့တာဖြစ်တယ်။

ဗင်နီစီယပ်စ်အနေနဲ့ လက်ရှိမှာ လာလီဂါ လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး ဥရောပပြိုင်ပွဲမှာသာ ကစားခွင့်ရှိနေတာပါ။

၎င်းဟာ ရိုးမားကို ၄-၃ ဂိုးနဲ့ အနိုင်ရတဲ့ Come Back ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ၅၈ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်တယ်။

လက်ရှိရာသီမှာလည်း ဗင်နီစီယပ်စ်ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။

နည်းပြ မော်ရင်ဟိုကတော့ ဗင်နီစီယပ်စ်နဲ့ပတ်သက်ပြီး ထောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းမှာလည်း ကစားသမားသစ် ဒီယိုမန်ဒယ်နဲ့ နေရာအပြိုင်လုနေရတဲ့ အနေအထားပဲဖြစ်ပါတယ်။

image

ရှမ်းယူနိုက်တက်အသင်း AFC Challenge League ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့သည် ယနေ့ (အောက်တိုဘာ ၂၁) ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အုပ်စုအဆင့်မှ တိုက်ရိုက်ကစားခွင့်ရခဲ့ပြီး အုပ်စု (E) တွင် ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါ၊ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေ၊ ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲစဉ်များကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက် အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်က တရုတ်တိုင်ပေကလပ် နယူးတိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ယင်းပွဲတွင် နယူးတိုင်ပေအသင်းက ဦးဆောင်ဂိုးရခဲ့ပြီးမှ ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ချေပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၂၁ ရက်တွင် ဘရူနိုင်းကလပ် ကာဆူကာ၊ အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ကစားခဲ့ရပြီး ခြေစစ်ပွဲအဆင့်တွင် လာအိုကလပ် အီဇရာအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု (D) တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ကျရောက်နေလျက်ရှိသည်။

အုပ်စု (D) ပွဲစဉ်များကို အင်ဒိုနီးရှားကလပ် ဘော်နီယိုက အိမ်ရှင်အဖြစ် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်က အိမ်ရှင်အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုလက်ကျန်ပွဲအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ ချုပ် (AFC) သည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုအဆင့်ကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ဟူ၍ ဇုန်နှစ်ဇုန်ခွဲပြီး လေးသင်း ငါးအုပ်စုဖြင့် ကျင်းပပြုလုပ်နေလျက်ရှိသည်။

image

ဟက်ထရစ်သွင်းယူနိုင်ခဲ့သော်လည်း အကောင်းဆုံးပုံစံ ပြန်လည်ရရှိရန် အဝေးကြီးလိုနေသေးသည်ဟု ဖိုဒန် ပြောကြား

မန်စီးတီးအသင်း၏ တိုက်စစ်ကစားသမား ဖိုဒန်က AEK အေသင်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သော်လည်း အကောင်းဆုံးပုံစံ ပြန်လည်ရရှိရန် အဝေးကြီးလိုနေသေးသည်ဟု ပြောကြားခဲ့သည်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်(၃)တွင် မန်စီးတီးက AEK အေသင်ကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖိုဒန်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ကစားသမား ဖိုဒန်(၂၆ နှစ်)သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ(၁၀)ဂိုးသာ သွင်းယူနိုင်ပြီး ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသလို၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှလည်း ချန်လှပ်ခံခဲ့ရသည်။

ယခုရာသီတွင် ပြိုင်ပွဲစုံ(၈)ပွဲကစားရာ၌ (၄)ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သော်လည်း အကောင်းဆုံးပုံစံ ပြန်လည်ရရှိရန် လိုအပ်နေသေးကြောင်း ဖိုဒန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

'' နှေးကွေးပေမဲ့ သေချာပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံပြန်ရဖို့ အဝေးကြီးလိုနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ သွင်းဂိုးတွေကလည်း သေချာပေါက်အကူအညီဖြစ်စေပါတယ်။ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး နည်းပြနဲ့ အသင်းအတွက် ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်'' ဟု ဖိုဒန်က ပြောကြားခဲ့သည်။

မန်စီးတီးနည်းပြ မာရက်စကာကလည်း ဖိုဒန်သည် အကောင်းဆုံးအင်္ဂလန်ကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ခြေစွမ်းကို သံသယမဖြစ်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

''ပထမဆုံးနေ့ကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ သူက အကောင်းဆုံးအင်္ဂလန်ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ယူဆတယ်ဆိုတာကို။ ပြီးခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်အတွင်းမှာ သူ့ခြေစွမ်းက လုံလောက်မှုမရှိခဲ့ပေမဲ့ သူ ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် သူ့ကို ကူညီပေးနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ဒီရာသီမှာ သူက ကျွန်တော်တို့ကို အကူအညီပေးနိုင်လိမ့်မယ်ဆိုတာလည်း သေချာနေတာကြောင့်ပါ'' လို့ မာရက်စကာက ပြောကြားခဲ့သည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - အောက်တိုဘာ ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၄၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၂၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၂၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၆၃၀ ကျပ်
ဝယ်ဈေး - ၃၅၃၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၂၄၀ ကျပ်
ဝယ်ဈေး - ၅၁၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၈.၈၉ ကျပ်
ဝယ်ဈေး - ၁၃၅.၁၄ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၁၄၄ ကျပ်
ဝယ်ဈေး - ၁၁၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၉၉ ကျပ်
ဝယ်ဈေး - ၆၈၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၅၁ ကျပ်
ဝယ်ဈေး - ၂၈.၇၂ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၉.၂၆ ကျပ်
ဝယ်ဈေး - ၄၇.၉၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၄၈ ကျပ်
ဝယ်ဈေး - ၃.၃၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၆၂၀၃ ကျပ်
ဝယ်ဈေး - ၆၀၄၂ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၂၄၁ ကျပ်
ဝယ်ဈေး - ၃၁၅၇ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၃၂၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၉၄ ကျပ်
ဝယ်ဈေး - ၅၈၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၇၂ ကျပ်
ဝယ်ဈေး - ၁၂၃၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image

image