သဘာဝဘေးတုံ့ပြန်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၃,၆၂၇ ဦး ဖွဲ့စည်းလေ့ကျင့်ထား

နိုင်ငံတကာအဆင့် USAR Medium Team ဖွဲ့စည်း၍ INSARAG Classified ရရှိရေး ဆောင်ရွက်နေ
နေပြည်တော်၊ အောက်တိုဘာ ၆
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်ရန် တပ်ခွဲ ၁၇ ခွဲနှင့် တပ်စု ၃၃၃ စုတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃,၆၂၇ ဦးကို အသင့်စုဖွဲ့ လေ့ကျင့်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးကျော်ဝင်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် (ရန်ကုန်)၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးစီ ပါဝင်သည့် တပ်ခွဲ ၁၇ ခွဲ ဖွဲ့စည်းထားပြီး မြို့နယ်နှင့် မြို့တစ်ခုလျှင် တပ်ဖွဲ့ဝင် ၃၅ ဦးစီပါဝင်သည့် တပ်စု ၃၃၃ စုကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးကို ရွေးချယ်၍ ပြင်သစ်နှင့် စင်ကာပူနိုင်ငံတို့မှ မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းပြများဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်။
ထို့ပြင် ဌာနတွင်းဖွင့်လှစ်သည့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များကို စိစစ်ရွေးချယ်၍ မြို့ပြရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသတွင်းအဆင့်မှ နိုင်ငံတကာအဆင့်အထိ ပါဝင်ဆောင်ရွက်နိုင်ရန် International Search and Rescue Advisory Group (INSARAG) ၏ သတ်မှတ်ချက်များနှင့်အညီ Urban Search and Rescue (USAR) Medium Team ဖွဲ့စည်း၍ နိုင်ငံတကာအသိအမှတ်ပြုအဆင့် ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
လိုအပ်သည့် သင်တန်းများတက်ရောက်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးပါက INSARAG မှ စစ်ဆေးအကဲဖြတ်သူများကို ဖိတ်ကြား၍ ၃၆ နာရီကြာ သဏ္ဌာန်တူဖြစ်စဉ်ဖြင့် လေ့ကျင့်သရုပ်ပြကာ INSARAG Classified ရရှိရေး စစ်ဆေးခံသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းဦးက ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံတွင် အလားတူငလျင်ကြီးများ ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အဖွဲ့များဖွဲ့စည်းထားရှိမှုနှင့် နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

image

အာဆီယံ U-19 အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် မြန်မာအသင်း စခန်းဝင်လေ့ကျင့်ပြင်ဆင်

လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ U-19 အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမမြန်မာ့လက်ရွေးစင် U-19 အမျိုးသမီးဖူဆယ်အသင်းသည် အောက်တိုဘာ ၄ ရက် ညနေပိုင်းမှစတင်၍ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားအဆောင်၌ စခန်းဝင်လေ့ကျင့်မှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။
ပဏာမအသင်းကို ကစားသမား ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်အောင်က တာဝန်ယူကာ အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် ၁၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
အသင်းအနေဖြင့် တစ်ပတ်လျှင် လေ့ကျင့်ချိန် ၉ ကြိမ်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဖူဆယ်လိဂ်မှ ကစားသမားများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများကို ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
စခန်းဝင်လေ့ကျင့်မှု စတင်သည့်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ကော်မတီဝင်များက ကစားသမားများနှင့် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

image

ကြက်သွန်ဈေး တစ်ပိဿာ ကျပ် ၁၀,၀၀၀ အထိ မြင့်တက်၊ မိုးကြက်သွန်ပေါ်ချိန်တွင် ပြန်ကျနိုင်

ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ အထိ ရောက်ရှိလာသော်လည်း မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာချိန်တွင် ဈေးနှုန်းပြန်လည်ကျဆင်းနိုင်ကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
လက်ရှိ ကြက်သွန်နီဈေးနှုန်းသည် လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ဝန်းကျင်နှင့် လက်လီဈေး ကျပ် ၁၀,၀၀၀ အထိ မြင့်တက်နေပြီး ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ကြက်သွန်လက်ကျန်နည်းပါးနေသည့်အတွက် မိုးကြက်သွန်အသစ် မပေါ်မီကာလအတွင်း ဈေးပြန်ကျနိုင်ဖွယ်မရှိကြောင်း မြင်းခြံကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနှစ်ကြက်သွန်ဈေးက ပြီးခဲ့တဲ့ မေလတည်းက တရိပ်ရိပ်တက်တာပါ။ ဇူလိုင်၊ ဩဂုတ်မှာ တရုတ်ဝယ်လက်တွေက တောက်လျှောက်ဝယ်တယ်၊ ဈေးလည်းကောင်းတယ်။ အခုကတော့ စံချိန်တင်လို့ ပြောရမယ်" ဟုကြက်သွန်နီကုန်သည်တစ်ဦးကပြောသည်။
ကြက်သွန်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း တစ်ပိဿာလျှင် ကျပ် ၄,၈၀၀ ဝန်းကျင်ရှိခဲ့ရာမှ ဩဂုတ်လတွင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀၊ စက်တင်ဘာလတွင် ကျပ် ၇,၀၀၀ မှ ၈,၀၀၀ အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်းအထိ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ အထိ ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။
မိုးကြက်သွန်အသစ်များမှာ အောက်တိုဘာလကုန်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအတွင်း ဈေးကွက်အတွင်း စတင်ဝင်ရောက်လာမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ပိုမိုလှိုင်လှိုင်ထွက်ရှိလာနိုင်ကြောင်း သိရသည်။
သို့သော် ကြက်သွန်ဈေးကောင်းရရှိနေသော်လည်း စက်သုံးဆီ၊ မြေဆီ၊ ပိုးသတ်ဆေးနှင့် အခြားသွင်းအားစုဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးသူများ လျော့နည်းလာကြောင်း သိရသည်။
ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး နိုင်ငံတစ်ဝန်းတွင် ကြက်သွန်စိုက်ဧက ၁၇၀,၀၀၀ ကျော်ရှိကာ တန်ချိန်တစ်သန်းကျော် ထွက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စာရင်းများအရ သိရသည်။
လက်ရှိ ကြက်သွန်ဈေးနှုန်းမြင့်တက်မှုသည် လက်ကျန်နည်းပါးခြင်းနှင့် ဝယ်လိုအားအခြေအနေများကြောင့် ဆက်လက်မြင့်မားနေနိုင်သော်လည်း မိုးကြက်သွန်အသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာသည့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

image

မြန်မာ-မလေးရှားနိုင်ငံတော်အဆင့် ခရီး (၁၁) နှစ်အကြာတွင် ပြန်လည်စတင်

သမ္မတ ဦးမင်းအောင်လှိုင်၏နဝမအကြိမ်မြောက်ခရီးစဉ်အဖြစ် မလေးရှားနိုင်ငံသို့ သွားရောက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ယခုခရီးစဉ်သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ၁၁ နှစ်အတွင်း မြန်မာနိုင်ငံတော်သမ္မတတစ်ဦး မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်သည့် အဆင့်မြင့်တရားဝင်ခရီးစဉ် ဖြစ်လာသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင် (Dato’ Seri Anwar Bin Ibrahim) ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ယခုခရီးစဉ်သည် မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် အပြန်အလှန်ဆက်ဆံရေးနှင့် အဆင့်မြင့်ခေါင်းဆောင်များအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ပိုမိုတိုးမြှင့်မည့် ခရီးစဉ်တစ်ရပ် ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (Myanmar-Malaysia Business Dialogue) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ယခင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ခုနှစ် မတ်လတွင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) သွားရောက်ခဲ့သည်။ ယင်းနောက်ပိုင်း NLD အစိုးရလက်ထက်နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံတော်သမ္မတတစ်ဦး၏ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် မရှိခဲ့သဖြင့် ယခုခရီးစဉ်သည် ၁၁ နှစ်အကြာတွင် ပြန်လည်ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံတော်သမ္မတ၏ မလေးရှားခရီးစဉ် ဖြစ်လာသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ယခု မလေးရှားနိုင်ငံခရီးစဉ်သည် ၉ နိုင်ငံမြောက် ပြည်ပခရီးစဉ် ဖြစ်ကာ အာဆီယံဒေသတွင်းနိုင်ငံများအနက် ၅ နိုင်ငံမြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်လာသည်။

image

တနင်္သာရီတိုင်း ရေဘေးသင့်ပြည်သူများကို လိုအပ်သည့်အကူအညီများ ထောက်ပံ့နိုင်ရန် ကနဦးဆန်းစစ်လေ့လာမှု ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအတွက် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု (Rapid Need Assessment) ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသိပေးထားသည်။
အဆိုပါ ဆန်းစစ်လေ့လာမှုကို လောင်းလုံမြို့နယ်ရှိ သဗျာကျေးရွာ၊ ကညုံကျွန်းကျေးရွာ၊ ကထောင်းနီကျေးရွာ၊ ကဒက်ငယ်ဆိပ်နှင့် ဝေဒီကျေးရွာတို့တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရေဘေးသင့်ပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများ နေအိမ်များသို့ ပြန်လည်ရောက်ရှိချိန်တွင် လိုအပ်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း လိုအပ်ချက်များကို ဆန်းစစ်လျက်ရှိကြောင်း သိရသည်။
သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများတွင် ရေလုံလောက်မှုနှင့် ရေအရည်အသွေး စစ်ဆေးခြင်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကို သိရှိသတိပြု၍ ဘေးကင်းစွာနေထိုင်နိုင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ သိရသည်။

image

မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေး သက်မွေးသင်တန်း ၄၆ ကြိမ် ဖွင့်လှစ်ပေးခဲ့
သင်တန်းဆင်း လူငယ် ၄၀၀ အလုပ်အကိုင်ရရှိရေး စီစဉ်ပေးနေ

လမ်းမှားရောက်နေသည့် လေလွင့်လူငယ်များနှင့် မူးယစ်ဆေးစွဲလူငယ်များ မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်မွေးပညာသင်တန်း ၄၆ ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မူးယစ်ဆေးစွဲလူငယ်များအတွက် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ကာ ဆေးဖြတ်ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သက်မွေးပညာသင်တန်းများမှ သင်တန်းဆင်းလူငယ် ၄၀၀ အား သင့်လျော်သည့် အလုပ်အကိုင်များရရှိနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် သရက်ချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၏ လူငယ်များအကြား မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေးနှင့် Auto Repair သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လူငယ်များအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ၂၀၄ ကြိမ်၊ လူငယ်ဖိုရမ်တစ်ကြိမ် ကျင်းပခဲ့ပြီး လူငယ်စုစုပေါင်း ၄၇,၁၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လူငယ်များ အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရေးအတွက် မြန်မာနိုင်ငံလူငယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ Job Ready Skills Workshop နှင့် Career and Opportunity Fair များ ကျင်းပခြင်း၊ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် Internship အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ လူငယ်များ အသက်မွေးဝမ်းကျောင်းပညာရပ်များကို လက်လှမ်းမီသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သာတူညီမျှအခွင့်အရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ချလုံခြုံမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ပြည်သူ့ဆေးရုံများတွင် Hospital Information System ဆောင်ရွက်နေပြီ

ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Hospital Information System (HIS) ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ဆေးရုံများတွင် Hospital Information System ကို ဆောင်ရွက်နေသည့်အပြင် ဆေးရုံကြီးများတွင် Telemedicine System ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် e-Submission နှင့် Digital Payment System များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအနေဖြင့် Digital Student Information Management System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်သည့် Common Digital Platform တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ရန်နှင့် Data Security ပိုင်းကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

ဝေဖန်မှုတွေ ရှိနေပေမယ့် ပုဂံမှာ မီးပုံးပျံလွှတ်တင်မယ့် အစီအစဉ်မပျက်

လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်ကို ဝေဖန်မှုတွေကြားကနေ ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် စီမံ ဆောင်ရွက်နေတယ်လို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းရှိန်က ပြောပါတယ်။
မီးပုံးပျံတွေကို နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ လွှတ်တင်သွားမှာဖြစ်ကာ ဒီပွဲတော် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ဖို့နဲ့ ကောလာဟလတွေကြောင့် ကျဆင်းသွားတဲ့ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေသလို ပွဲတော်ရက်တွေအတွက် လုံခြုံရေး Buffer Zone သတ်မှတ်တာအပြင် သတ်မှတ် အလုံးရေအတိုင်း အန္တရာယ်ကင်းကင်း လွှတ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
“မီးပုံးပျံလွှတ်တင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းသပ်လွှတ်တင်တဲ့ ကာလတလျှောက်လုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ပျံသန်းရာ လမ်းကြောင်းနောက်ကို အနီးကပ် လိုက်ပါစောင့်ကြပ်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပွဲတော်ကာလအတွက် လွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားနဲ့ အရွယ်အစားကို သီးသန့် ရွေးချယ်ထားတာဖြစ်ကာ မီးပုံးပျံ လွှတ်တင်ဖို့ နေရာနဲ့ အရေအတွက်၊ အမျိုးအစားကို ရှေးဟောင်း ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ မီးဘေးအန္တရာယ် ကင်းဝေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ပေးပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
လာမယ့်ရက်တွေမှာလည်း လက်တွေ့ကွင်းဆင်း လေ့ကျင့်တာတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်သလို အခုလို စမ်းသပ်ကာလအပြင် ပွဲတော်ကာလမှာ မီးပုံးပျံ လွှတ်တင်ချိန်မှာလည်း မြေပြင်မှာ စောင့်ကြည့်အဖွဲ့တွေ ရှိနေမှာဖြစ်ကာ ဝေဟင်ကနေလည်း ဒရုန်းတွေ တောက်လျှောက် လိုက်ပါနေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု စမ်းသပ်လွှတ်တင်နေတဲ့ မီးပုံးပျံတွေက ကျွန်တော်တို့ တကယ်လွှတ်မယ့် မီးပုံးပျံတွေ မဟုတ်ပါဘူး။ အန္တရာယ်အကင်းဆုံး မီးပုံးပျံကို လွှတ်မှာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မီးပုံးပျံနဲ့ သတ်မှတ်ထားတဲ့ အရေအတွက်တော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ လွှတ်မယ့်အမျိုးအစားနဲ့ ပုံစံကို ပြောလိုက်တာနဲ့ တခြားလူတွေက လိုက်ဝယ်ပြီး လွှတ်ကြတော့မှာ။ အဲဒီအခါကျရင် ပွဲတော်ကနေလွှတ်တဲ့ မီးပုံးပျံတွေနဲ့ ရောပြီး ထိန်းချုပ်မှုမရှိတဲ့ တခြား မီးပုံးပျံတွေက ကျွန်တော်တို့ဆီကိုလာပြီး ဆိုးကျိုး ရှိလာနိုင်တဲ့အတွက် အမျိုးအစားနဲ့ ပုံစံကို မပြောသေးတာပါ။ ပုံစံတူတွေ လိုက်လုပ်မှာစိုးလို့ပါ” လို့ သူက ပြောပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၄၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၀၅ ကျပ်
ဝယ်ဈေး - ၃၄၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂ ကျပ်
ဝယ်ဈေး - ၁၃၀.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၇ ကျပ်
ဝယ်ဈေး - ၁၀၆၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၆၉ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၁ ကျပ်
ဝယ်ဈေး - ၂၇.၅၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၅၂ ကျပ်
ဝယ်ဈေး - ၄၅.၃၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၂၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - အောက်တိုဘာ ၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၄၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၅၀၅ ကျပ်
ဝယ်ဈေး - ၃၄၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၄၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂ ကျပ်
ဝယ်ဈေး - ၁၃၀.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၇ ကျပ်
ဝယ်ဈေး - ၁၀၆၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၆၉ ကျပ်
ဝယ်ဈေး - ၆၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၃၁ ကျပ်
ဝယ်ဈေး - ၂၇.၅၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၅၂ ကျပ်
ဝယ်ဈေး - ၄၅.၃၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၂၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image