သာသနာဝင်နဲ့ သာသနာနွယ်ဝင်တွေကို UID ထုတ်ပေးမယ်

သာသနာဝင်၊ သာသနာနွယ်ဝင်တွေကို e-ID (Electronic Identification) စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ် ထုတ်ပေးသွားမယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထားပါတယ်။

e-ID စနစ်ဟာ နိုင်ငံသားနဲ့ လူဦးရေအချက်အလက်တွေကို ဗဟိုပြုသိမ်းဆည်းတဲ့ ဒေတာဘေ့စ်စနစ်ဖြစ်ပြီး UID ကတော့ အဲဒီ စနစ်အတွင်းမှတဆင့် တဦးချင်းစီကို သီးသန့်ထုတ်ပေးတဲ့ အထောက်အထားနံပါတ်လို့ သိရပါတယ်။

လက်ရှိမှာ မန္တလေးတိုင်းက ရဟန်း၊ သာမဏေ၊ သီလရှင်တွေအတွက် ညွှန်ကြားစာသာ ထွက်ရှိထားပေမယ့် တနိုင်ငံလုံးက သာသနာဝင်၊ သာသနာနွယ်ဝင်တွေ အကုန်လုံး UID နံပါတ် ပြုလုပ်ရမယ်လို့ သိရပါတယ်။

“ဒါက ကိုယ်ရေး အချက်အလက်တွေနဲ့အတူ Biometrics (မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေနဲ့ မျက်စိသူငယ်အိမ်) အချက်အလက်တွေကို မြို့နယ်အလိုက် ကောက်ယူစိစစ်သွားမှာပါ။ သက်ဆိုင်ရာ သံဃနာယကအဖွဲ့တွေထံကို လျှောက်ထားညှိနှိုင်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

UID ရဲ့ အဓိကအချက်ကတော့ စနစ်တခုလုံးမှာ လုံးဝ ထပ်တူမရှိခြင်း (Uniqueness) ဖြစ်ပြီး အသုံးဝင်ပုံကတော့ အမည်တူ၊ လိပ်စာတူ ရှိနေပေမယ့် သီးခြား ID ပါဝင်တာကြောင့် မှားယွင်းမှု မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

စနစ်တခုအတွင်း သောင်းနဲ့ချီတဲ့ အချက်အလက်တွေထဲကနေ လိုအပ်တဲ့အရာကို ချက်ချင်း ရှာဖွေဖော်ထုတ်နိုင်ပြီး စနစ်အချင်းချင်း ချိတ်ဆက်ရာမှာ ဒေတာတွေ ရောထွေးမသွားစေဖို့ တိကျစွာ ထိန်းကျောင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

“UID ရိုက်ဖို့အတွက် e-ID စစ်ဖို့လိုပါတယ်။ e-ID မှန်မှသာ နီးစပ်ရာ လဝက မှာ ရိုက်လို့ရမယ်။ e-ID သာ မှားခဲ့ရင် မိမိတို့ရဲ့ အိမ်ထောင်စုစာရင်း ရှိတဲ့နေရာမှာသာ ပြန်လည်ပြင်ဆင်ရမှာပါ” လို့ သူက ပြောပါတယ်။

ရဟန်း၊ သာမဏေ၊ သီလရှင်တွေအနေနဲ့ UID နံပါတ် ပြုလုပ်ထားခြင်းကြောင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်တွေဆောင်ရွက်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း၊ ပြည်ပနိုင်ငံတွေ ဘုရားဖူးသွားခြင်း၊ ဆေးကုသခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်ခြင်း စတဲ့ ကိစ္စရပ်တွေကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

အခုလို ဆောင်ရွက်နိုင်ဖို့အတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

လက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန စတင် ဖွဲ့စည်းခဲ့ချိန်ကစပြီး ဝန်ကြီးဌာနမှာ ခေတ်အဆက်ဆက်မှ Paper-based စနစ်နဲ့ ဆောင်ရွက်ထားရှိတဲ့ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက် မှတ်တမ်းတွေကို ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းတဲ့ လုပ်ငန်းတွေကို စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံအတွင်း နေထိုင်သူတွေရဲ့ အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ ဘာသာ စတဲ့ အချက်အလက်တွေနဲ့ Biometrics အချက်အလက်တွေဖြစ်တဲ့ မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးနေတယ်လို့ သိရပါတယ်။

အချိန်/နေရာမရွေး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာ သက်သေခံနိုင်တဲ့ Digital Platform တခုအဖြစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

image

နေပြည်တော်မှာ NSPNC နဲ့ MNDAA တွေ့ဆုံ ဆွေးနွေး

အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ နေပြည်တော်မှာ စတင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

"အရင်ကတည်းကနေ သွားဖို့က ဆုံးဖြတ်ထားတာ။ ဟုတ်ကဲ့ MNDAA အဖွဲ့က ဒီနေ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့ သိရတယ်" လို့ ရှမ်းမြောက် ဒေသခံ လူငယ် တယောက်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ MNDAA ဘက်က အထွေထွေအတွင်းရေးမှူး ဖုန်းဝင်းနိုင် ဦးဆောင်ပြီး NSPNC ဘက်က ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တက်ရောက်တယ်လို့ သိရကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူ က ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသား တယောက်ကတော့ "‌လားရှိုးမှာတွေ့ပြီးရော နေပြည်တော်မှာရောပဲ တွေ့ဆုံကြတယ် လို့ သိရတယ်" လို့ ပြောပါတယ်။

MNDAA အနေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း နေပြည်တော်ကို ပထမဆုံးလာရောက်ပြီး NSPNC နဲ့ တိုက်ရိုက်တွေ့ဆုံတာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုဟာ FPNCC လို့ခေါ်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေကို NSPNC ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ချဉ်းကပ်နေတဲ့ လုပ်ငန်းစဉ်အတွင်းက နောက်ထပ်အရေးပါတဲ့ တွေ့ဆုံမှုတခုလည်း ဖြစ်ပါတယ်။

FPNCC မှာ အဖွဲ့ဝင် ၇ ဖွဲ့ရှိပြီး UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ KIA နဲ့ AA တို့ ပါဝင်ပါတယ်။

ဒီနှစ် ဇွန်လကစပြီး NSPNC ဟာ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP၊ NDAA၊ UWSA တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ဇူလိုင် ၁၉ ရက်မှာလည်း TNLA ကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ NSPNC ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ SSPP နဲ့ ဇွန် ၁၂ ရက်၊ NDAA နဲ့ သြဂုတ် ၁၀ ရက်၊ TNLA နဲ့ ဇူလိုင် ၁၉ ရက် တွေ့ဆုံခဲ့တာတွေကို ဖော်ပြထားပါတယ်။

NDAA နဲ့ တွေ့ဆုံမှုမှာလည်း နိုင်ငံရေးဆွေးနွေးမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရပိုင် Myanmar Digital News က ဖော်ပြထားပါတယ်။

TNLA နဲ့ ဇူလိုင်လက နေပြည်တော်မှာ တွေ့ဆုံတာကလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA နဲ့ စစ်တပ်ဘက်က ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှု ဖြစ်တာကို တွေ့ရပါတယ်။

အခု MNDAA နဲ့ တွေ့ဆုံမှုမှာတော့ နှစ်ဖက်က ဘယ်လိုနိုင်ငံရေးကိစ္စတွေကို အဓိကထား ဆွေးနွေးမလဲဆိုတာကို အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA နဲ့ AA တို့နဲ့အတူ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက တဖွဲ့ဖြစ်တာကြောင့် ဒီတကြိမ် နေပြည်တော်လာရောက်ပြီး NSPNC နဲ့ တိုက်ရိုက်တွေ့ဆုံတာဟာ အခုနှစ်အတွင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ဘက်က နိုင်ငံရေးဆွေးနွေးမှုတွေ တိုးလာနေတဲ့အခြေအနေမှာ ထူးခြားတဲ့ တွေ့ဆုံမှုတခု ဖြစ်ပါတယ်။

NSPNC ဘက်ကတော့ အခုနှစ် ဧပြီလကစပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားပြီး၊ အဲဒီနောက်ပိုင်း FPNCC အဖွဲ့ဝင်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လာတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ MNDAA နဲ့ NSPNC ဘက်က ဒီနေ့ဆွေးနွေးပွဲမှာ ဘာတွေ သဘောတူညီမှုရရှိမလဲ ဆိုတာနဲ့ ဆွေးနွေးမှု ဆက်လုပ်မလား ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - စက်တင်ဘာ ၂၄ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၈၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၃၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၁၀ ကျပ်
ဝယ်ဈေး - ၄၃၉၁ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၈၀ ကျပ်
ဝယ်ဈေး - ၃၃၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၆၅ ကျပ်
ဝယ်ဈေး - ၄၉၅၃ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၁၆ ကျပ်
ဝယ်ဈေး - ၁၃၀.၅၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၉ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၆၅ ကျပ်
ဝယ်ဈေး - ၆၄၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၂၆ ကျပ်
ဝယ်ဈေး - ၂၇.၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၅၆ ကျပ်
ဝယ်ဈေး - ၄၅.၃၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၇ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၉၅ ကျပ်
ဝယ်ဈေး - ၄၇၄၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၈၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
3 w - Translate

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲတိုးတက်လာမှုကို မြင်တွေ့ရခြင်း

ရန်ကုန်မြို့တွင် တစ်သက်တာလုံး နေထိုင်ခဲ့သူတစ်ဦးအနေဖြင့် မြို့၏ သယ်ယူပို့ဆောင်ရေးကွန်ရက် တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာပုံကို ကျွန်ုပ်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်။ ယခင်က မြို့တော်သည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ခဲ့ရဖူးပါသည် - ကျဉ်းမြောင်းပြီး ယာဉ်ကြောပိတ်ဆို့မှုများသည့် မြို့တွင်းလမ်းများ၊ မြစ်ကူးသွားလာရေး အဆင်မပြေမှုများ၊ သက်တမ်းကြာမြင့်နေပြီဖြစ်သော တစ်ပတ်ရစ်ယာဉ်များမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့ညစ်ညမ်းမှုများနှင့် ညဘက်တွင် လုံးဝမှောင်မိုက်နေတတ်သည့် ကျေးလက်လမ်းများ စသည်တို့သည် နေ့စဉ်သွားလာလှုပ်ရှားမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် မြန်မာနိုင်ငံတို့အကြားရှိ နက်ရှိုင်းသော "ပေါက်ဖော်" (ညီအစ်ကိုသဖွယ်) ချစ်ကြည်ရင်းနှီးမှုကြောင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီများသည် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကို ထူးခြားကောင်းမွန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ အထူးသဖြင့် မကြာသေးမီက ဖွင့်လှစ်ခဲ့သော ဒလတံတားအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက်မိပါသည်။ တရုတ်ကုမ္ပဏီတစ်ခုမှ တည်ဆောက်ခဲ့သော ဤတံတားသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကေဘယ်ကြိုးဆွဲတံတား (cable-stayed bridge) ဖြစ်ပြီး ရန်ကုန်မြို့လယ်နှင့် ဒလမြို့နယ်တို့အကြား သွားလာရေး အခက်အခဲဖြစ်စေသော အတားအဆီးကို ဖယ်ရှားပေးနိုင်ခဲ့ပါသည်။ ၎င်းသည် အချိန်ကုန်လူပင်ပန်းစေပြီး ယာဉ်ကြောပိတ်ဆို့မှုများသည့် လမ်းပတ်သွားလာရသော အခက်အခဲဟောင်းများကို လုံးဝဖြေရှင်းပေးနိုင်ခဲ့ကာ မြစ်နှစ်ဖက်ကမ်းရှိ ဒေသခံများ၏ သွားလာရေးနှင့် ကုန်သွယ်ရေးကို များစွာ အဆင်ပြေချောမွေ့စေခဲ့ပါသည်။
နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုများသည် အဓိကတံတားကြီးများထက် ပိုမိုကျယ်ပြန့်ပါသည်။ ယခင်က ရန်ကုန်မြို့ရှိ ဘတ်စ်ကားအများစုမှာ သက်တမ်းကြာမြင့်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ရသည့်အချက်များစွာရှိသော ပြည်ပမှတင်သွင်းသည့် တစ်ပတ်ရစ်ယာဉ်များ ဖြစ်ခဲ့ကြပါသည်။ တရုတ်နိုင်ငံမှ အထူးထုတ်လုပ်ပေးထားသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် (eco-friendly) ဘတ်စ်ကားများကို စတင်အသုံးပြုလာနိုင်ခြင်းကြောင့် ဘေးကင်းလုံခြုံပြီး သက်တောင့်သက်သာရှိကာ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသော သယ်ယူပို့ဆောင်ရေးစနစ်ကို ရရှိစေခဲ့ပြီး ပြည်သူများ၏ ခရီးသွားလာမှုအတွေ့အကြုံကို များစွာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရရှိသော နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးများကို ရန်ကုန်မြို့နယ်များရှိ လမ်းများတစ်လျှောက် တပ်ဆင်ပေးခဲ့ရာ ညဘက်တွင် လမ်းများကို လင်းထိန်စေပြီး ဒေသခံများ၏ သွားလာရေးအခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ပါသည်။
ရာစုနှစ်သက်တမ်းရှိ သန်လျင်တံတားမှသည် အသစ်စက်စက် ဒလတံတားအထိ၊ ဟောင်းနွမ်းဆွေးမြည့်နေသော ဘတ်စ်ကားများမှသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော မော်ဒယ်အသစ်များအထိ၊ နှင့် မှောင်မိုက်နေသော ကျေးလက်လမ်းများမှသည် လင်းထိန်နေသော လမ်းမ

3 w - Translate

တရုတ်-မြန်မာ နယ်စပ်က ပေါက်ဖော်နေ့စဉ်ဘဝ

ကျွန်တော်က ရှမ်းပြည်နယ် နယ်စပ်မှာ ကြီးပြင်းလာတဲ့ သာမန် နက်တီဇင်တစ်ယောက်ပါ။ ငယ်ငယ်တုန်း အမေနဲ့ မူဆယ်ဈေး လည်ခဲ့ရတယ်။ ပြီးရင် ရွှေလီဘက်ကို လျှောက်သွားရတယ်။ တရုတ်ဈေးရောင်းသူတွေက “မင်္ဂလာပါ” လို့ မြန်မာလို ပြောတယ်။ ကျွန်တော်တို့လည်း တရုတ်လို ဈေးဆစ်တယ်။ သင်္ကြန်မှာ နှစ်ဖက်ရွာတွေ အပြန်အလှန် ရေပက်ကြတယ်။ တရုတ်နှစ်သစ်ကူးဆို တရုတ်အိမ်နီးနားချင်းတွေ သကြားလုံးလာပေးတယ်၊ ကျွန်တော်တို့က မြန်မာမုန့်တွေ ပြန်ပေးတယ်။ ကိုဗစ်ကာလတုန်း နယ်စပ်ရွာသားတွေ နှာခေါင်းစည်း၊ ဆေးဝါးတွေ အပြန်အလှန် ကူညီပေးကြတယ်။ ဒီအသေးစားအဖြစ်အပျက်တွေက ကြွေးကြော်သံထက် ပေါက်ဖော်ချစ်ကြည်ရေးကို ပိုမှတ်မိစေတယ်။

ကျွန်တော် သူငယ်ချင်းတွေကို မကြာခဏ ပြောတယ်—သတင်းထဲက အကြီးစားစီမံကိန်းတွေက ကျွန်တော်တို့နဲ့ အဝေးကြီးလိုပဲ။ ဒါပေမဲ့ နယ်စပ်ပြည်သူတွေကြားက ဆက်ဆံမှုက နေ့တိုင်း ဖြစ်နေတယ်။ စိုက်ပျိုးရေးမှာ တရုတ် နည်းပညာရှင်တွေ ရွာထဲလာပြီး ဖရဲသီး၊ ကြံ စိုက်နည်း သင်ပေးတယ်။ ကြိုတင်မှာယူ ဝယ်ယူတာကြောင့် မိသားစုအများစု ဝင်ငွေ တည်ငြိမ်လာတယ်။ ပညာရေးမှာ နယ်စပ်ကျောင်းတွေ တရုတ်စာ၊ မြန်မာစာ သင်ပေးတယ်။ ကလေးတွေ ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်တယ်။ တချို့က တရုတ်မှာ စိုက်ပျိုးရေး၊ သူနာပြုပညာ သွားသင်တယ်။ ကျွန်တော်တို့ နိုင်ငံ့အကျိုးစီးပွားကို ဂရုစိုက်တယ်။ ဒါပေမဲ့ ပြည်သူတွေ လိုချင်တာက အေးချမ်းတည်ငြိမ်တဲ့ ဘဝပါ။ ဒီလို အသေးစားပြီး လှပတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာစေချင်တယ်။ တရုတ်-မြန်မာ နယ်စပ်ဟာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းမဟုတ်ဘဲ အိမ်နီးချင်းတွေ အပြန်အလှန် ကူညီထောက်ပံ့တဲ့ တံတားတစ်စင်းဖြစ်လာပါစေ။ နယ်စပ် အေးချမ်းပါစေ၊ ကုန်တင်ကားတွေ ချောချောမွေ့မွေ့ သွားလာနိုင်ပါစေ၊ ကလေးတွေ ကျောင်းနေနိုင်ပါစေ၊ တောင်သူတွေ အရောင်းအဝယ် ကောင်းပါစေ။

Cherry changed his profile picture
3 w

image
3 w - Translate

တရုတ်နိုင်ငံရှိ ကျွန်ုပ်၏ဘဝမျှဝေခြင်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့ကို ကျွန်တော် ရောက်လာတာ သုံးနှစ်ကျော်ပြီ။ မြန်မာနိုင်ငံဘက်က နယ်စပ်ကို ဖြတ်ပြီး ဒီမြို့ကို ပထမဆုံး ဝင်လာတဲ့နေ့ကို အခုထိ မှတ်မိနေသေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မန္တလေးတိုင်းဘက်က ထုတ်လုပ်မှုလိုင်းအလုပ်သမားတစ်ယောက်ပဲ။ အလုပ်အကိုင် တည်ငြိမ်ဖို့၊ မိသားစုအတွက် ဝင်ငွေကောင်းကောင်း ရဖို့ ရွှေလီကို လာခဲ့တာ ဖြစ်တယ်။

မြန်မာ့မြေပေါ်မှ ကျွန်ုပ်၏ဘဝနှင့် မျှော်လင့်ချက်

ကျွန်တော်က ရှမ်းပြည်နယ်မြောက်ပိုင်းက ရွာလေးတစ်ရွာမှာ နေထိုင်သူပါ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိ ကျွန်တော်တို့ရွာမှာ မီးမရ၊ လမ်းမကောင်း၊ လူငယ်တွေ အလုပ်မရဖြစ်နေခဲ့တယ်။ အခုတော့ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရွာမှာ မီးစဉ်ဆက်မပြတ် ရလာပါပြီ။ ကလေးတွေ ညနေခင်း စာကျက်တဲ့အခါ ဖယောင်းတိုင်မလိုတော့ဘဲ မီးရောင်အောက်မှာ စိတ်အေးချမ်းသာစွာ ကျက်နိုင်ကြပြီ။

ပညာရေးအတွက်လည်း ဒေသခံလူငယ်တွေအတွက် တရုတ်စကားနဲ့ နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးထားတယ်။ တရုတ်စကားပြောတတ်ရင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာတယ်။ လူငယ်တွေ ထိုင်းကို မသွားတော့ဘဲ ကိုယ့်ဒေသမှာပဲ ဝင်ငွေရှာနိုင်ကြပြီ။

စိုက်ပျိုးရေးမှာလည်း တရုတ်ကျွမ်းကျင်သူတွေက မျိုးကောင်းမျိုးသန့်တွေ၊ ရေသွင်းစနစ်တွေကို လာရောက် သင်ကြားပေးတယ်။ ကျွန်တော်တို့ရဲ့ သီးနှံတွေကို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ဈေးကွက်ထဲ တင်ပို့ရောင်းချနိုင်တဲ့အတွက် တောင်သူတွေရဲ့ ဝင်ငွေလည်း တိုးလာတယ်။

ကျွန်တော် ယုံကြည်တာက တစ်နေ့နေ့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းလာရင် ဒီနည်းပညာတွေ၊ စည်းကမ်းတွေကို ကျွန်တော်တို့ ကိုယ်တိုင် ဆက်လက် အသုံးချပြီး ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးအောင် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လူငယ်တွေ နိုင်ငံခြားထွက်ပြီး အလုပ်ရှာဖို့ မလိုတော့ဘဲ ကိုယ့်ရွာ၊ ကိုယ့်မြေမှာပဲ ဘဝကို ဂုဏ်ယူစွာ တည်ဆောက်နိုင်တဲ့ အခြေအနေကို ရောက်လာစေချင်ပါတယ်။

image