ထိုင်းနိုင်ငံတွင် ယာဥ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသား အာမခံကြေးဘတ်(၁)သန်းကျော်ရရှိ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ဦးကျော်သက်အောင် သည် မေ ၂၁ ရက်က ယာဥ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့ရကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထိုသို့ ‌ေ-သဆုံးခဲ့ရသဖြင့် ၎င်းအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့်အာမခံကြေးငွေရရှိရေးအတွက် အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ရာ အာမခံကြေးငွေ ဘတ်(၁ ဒသမ ၅)သန်းရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်း၏မိခင်ဖြစ်သူထံ ရရှိခဲ့သည့် အာမခံ ကြေးငွေအား ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းတွင် အလုပ်သမားသံအရာရှိရုံး၌ပေးအပ်ခဲ့ကြောင်း သိရသည်။

image

နတ်စင်တစ်ရာဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားအတွက် အလှူငွေများလှူဒါန်း

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် သန်လျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက်၏ နတ်စင်တစ်ရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်နှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ယနေ့ စက်တင်ဘာ ၁၄ ရက်ညနေ ၄ နာရီတွင် ဖူးမြှော်ခဲ့ကြသည်။
ထိုသို့ ဖူးမြှော်ပြီးနောက် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ နတ်စင်တစ်ရာဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။

image

စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နှစ် ၇၀၀ အားကစားကွင်းကို နိုင်ငံတကာအဆင့်မီ ကွင်းတစ်ကွင်းဖြစ်လာစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် အားကစားကွင်းအတွင်း ဘောလုံးကွင်းမြက်ခင်းနှင့် ရေဖျန်းစနစ် ပုံမှန်လည်ပတ်နိုင်ရေး ပြုပြင်ခြင်း၊ ဂါလန် ၃,၆၀၀ ဆံ့ ရေစင် (Over Head Tank) သစ် တည်ဆောက်ခြင်း၊ ပေ ၄၄၀ x ၃၅ ပေ အကျယ်ရှိ အမိုးမပါ ရိုးရိုးတန်း နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်ခြင်း၊ ပေ ၂,၅၄၀ x ၇ ပေ အုတ်တံတိုင်းကာရံခြင်းနှင့် ဦးစီးအရာရှိနေအိမ် တည်ဆောက်ခြင်း စသည့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းခွင်သို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ထိန်းသိမ်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စနစ်တကျ တည်ဆောက်ရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့နယ် ပိုးတန်းအားကစားကွင်းအတွင်း ခရိုင်အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

image

ရန်ကုန်မြို့တွင် မိုးသည်းထန်းစွာရွာပြီးနောက် ကမာရွတ်၊ကြည့်မြင်တိုင်နှင့် ရန်ကင်းမြို့နယ်အတွင်း သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့

ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်း၌ မိုးသည်းစွာရွာသွန်းမှုကြောင့် ကမာရွတ်၊ကြည့်မြင်တိုင်နှင့် ရန်ကင်းမြို့နယ်အတွင်းရှိ လမ်းမကြီးအချို့တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျမှုဖြစ်စဥ်များသည် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းနှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မြောက်မျဉ်းပြိုင်ကွင်းလမ်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“တက္ကသိုလ်ရိပ်သာလမ်းမှာ အပင်လဲတာ ယာဉ်တစ်စီးပေါ် ပိမိတယ်” ဟု ဖြတ်သန်းသွားလာခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ယင်းနေရာများကို ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image

သီပေါဟော်နန်းကို နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်အဆင့် ကမ္ပည်းမော်ကွန်းတင်မည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်၁၀၀နှင့်အထက်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် တရားဝင်သတ် မှတ်လိုက်ပြီး မကြာမီ နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါဟော်နန်းကို ယဥ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော် ငြာစာဖြင့် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
"သီပေါဟော်နန်းကို နိုင်ငံတော်အဆင့် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကမ္ပည်းမော် ကွန်းတင်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး ရှေ့ဆက် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမယ်"ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ပြောကြားထားသည်။
အဆိုပါဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်းဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးသည့် သမိုင်းဝင်အဆောက် အအုံတစ်ခုလည်းဖြစ်သည်။
ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် သီပေါဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ထားရှိပြီး ခရီးသွားများ လေ့လာနိုင်ရန် သတ်မှတ်ချိန်အတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ် သည်။
ထို့အပြင် သီပေါဟော်နန်း၏ မူလလက် ရာနှင့် အဆောက်အအုံကို မထိခိုက်စေရန် ဟော်နန်းဘေးပတ်လည် ပေ ၁၂၀ အတွင်း အခြားအဆောက်အအုံများ ဆောက်လုပ်မည်မဟုတ်ကြောင်း သိရသည်။

image

MSMEs လုပ်ငန်းများအတွက် နည်းပညာ ၁၀ မျိုး ဖြန့်ဝေ၊ လုပ်ငန်းရှင် ၂၅၅ ဦး တက်ရောက်

ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် MSMEs များ၏ ပြည်တွင်း၊ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးအတွက် “MSMEs များအား နည်းပညာဖြန့်ဝေခြင်းအစီအစဉ် (၂၀၂၆)” ကို စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI)၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) နှင့် မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် DRI ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး MYANWEN ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုသီရိက အမှာစကားပြောကြားခဲ့သည်။
အစီအစဉ်အတွင်း MSMEs များ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် အစားအသောက်ကြာရှည်ခံခြင်းနှင့် ကြက်သား၊ ငါးမှုန့်ပြုလုပ်ခြင်း၊ ဟင်းသီးဟင်းရွက်အခြောက်ခံခြင်း၊ ငံပြာရည်အရည်အသွေးမြှင့်တင်ခြင်း၊ ဆိုလာနည်းပညာဖြင့် အခြောက်ခံခြင်း၊ အပင်များမှ ဆေးအဆီနှင့် ရနံ့ဆီထုတ်ယူခြင်း၊ ပန်းသီးရှာလကာရည်နှင့် ဝါးရွက်မှ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်း စသည့် နည်းပညာများအပြင် Food Innovation Center ၏ ဝန်ဆောင်မှုများ၊ စံချိန်စံညွှန်းနှင့် ထုတ်ကုန်အရည်အသွေးထောက်ခံချက်ဆိုင်ရာ အချက်အလက်များ၊ ခေတ်မီထုပ်ပိုးမှုနည်းပညာများအပါအဝင် နည်းပညာ ၁၀ မျိုးကို ဖြန့်ဝေပေးခဲ့သည်။
ယင်းအစီအစဉ်သည် သုတေသနမှရရှိသည့် စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်လုပ်မှုနည်းစဉ်များကို MSMEs များထံ မျှဝေပေးရန်၊ နည်းပညာဆိုင်ရာအခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် သုတေသနကဏ္ဍတို့အကြား Industry-Research Linkage ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစီအစဉ်ပထမနေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSMEs လုပ်ငန်းရှင် ၁၆၅ ဦးနှင့် ဒုတိယနေ့တွင် ၉၀ ဦး တက်ရောက်ခဲ့ရာ စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့သည်။
DRI အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ သုတေသနရလဒ်များကို MSMEs များထံ နည်းပညာလွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်းနှင့် နည်းပညာအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ MSMEs လုပ်ငန်းရှင်နှင့် ကုမ္ပဏီ ၈၇ ခုသို့ နည်းပညာ ၁၄၂ ကြိမ် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image

ရွှေပြည်သာစက်မှုဇုန်များရှိ စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေ တိုင်းဒေသကြီးဝန်ကြီး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ရွှေပြည်သာစက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ စက်မှုဇုန် အမှတ် (၂)၊ (၃) နှင့် (၄) စီမံခန့်ခွဲရေးကော်မတီရုံး၌ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထင်ကျော်ဦးနှင့် ကော်မတီဝင်များက စက်မှုဇုန်တည်ထောင်ထားရှိမှု၊ စက်ရုံနှင့် အလုပ်ရုံများ လည်ပတ်မှု၊ ရပ်နားထားမှုအခြေအနေများနှင့် စက်မှုဇုန်အတွင်း စည်ပင်ရေရရှိရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ရွှေရည်စံပယ်အထည်ချုပ်စက်ရုံ၊ ရန်ကုန်တာယာစက်ရုံ၊ ကွန်ကရစ်ကင်းကွန်ကရစ်စက်ရုံနှင့် ရာစုသစ်စက္ကူစက်ရုံတို့သို့ သွားရောက်၍ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စက်ရုံတာဝန်ရှိသူများက လုပ်ငန်းလည်ပတ်မှု၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဝန်ထမ်း၊ လုပ်သားများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး လမ်းပိုင်းရှိ ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာအကြားသို့ရောက်ရှိစဉ် တရားမဝင် လမ်းကူးမှ ရုတ်တရတ် ဖြတ်သန်းမောင်းနှင်လာသည့် ထွန်စက်နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တို-က်မိမှုကြောင့် ထွန်စက်မောင်းနှင်လာသူ ၂ ဦးမှာ ပြင်းထန်သော ဒ-ဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။
ရထား၏ရှေ့မျက်နှာစာလည်း ပျ-က်စီးမှုများ ရှိခဲ့သည်။
အလားတူ စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီကလည်း ရန်ကုန်မှ ထွက်ခွာလာသည့် အမှတ် (၅) အဆန် DEMU အမြန်ရထားသည် ရုတ်တရတ် လမ်းကူးလာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးကို တို-က်မိခဲ့သေးသည်။
ထိုဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မှာ ကြေမွပျ-က်စီးသွားပြီး မောင်းနှင်လာသည့် သံဃာတစ်ပါးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်းနှင့် ရထားတွင်လည်း အနည်းငယ် ထိခိုက်ပျ-က်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

image

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေး

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ယမန်နေ့ က နေပြည်တော်ရှိ ရုံးအမှတ် (၁)၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့်အတူ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သုံးဦး အစားထိုးပြောင်းလဲ

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် သုံးဦးအား အစားထိုးပြောင်းလဲကြောင်း စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်လွှတ်တော်အတွက် ကြည်း ၅၁၄၃၃ ဗိုလ်ကြီး ရန်အောင်နိုင် (အစား) ကြည်း ၃၃၉၁၄ ဗိုလ်ကြီး တင်ကိုကို၊ ကယားပြည်နယ်လွှတ်တော်အတွက် ကြည်း ၂၅၇၉၀ ဗိုလ်မှူးကြီး အောင်ကျော်မြင့် (အစား) ကြည်း ၃၀၂၁၆ ဗိုလ်မှူးကြီး ဇော်မင်းထွဋ် နှင့် ချင်းပြည်နယ်လွှတ်တော် ကြည်း ၃၅၄၁၉ ဗိုလ်မှူး အာကာကျော်မိုး (အစား) ကြည်း ၄၇၅၀၈ ဗိုလ်မှူး ရန်အောင်ဖြိုးကို အမည်စာရင်းပြောင်းလဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

image