ဘရိုက်တန်နိုင်ပွဲတွင် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့မှုအတွက် ချီးကျူးခံနေရတဲ့ ဒေးဗစ်ရာယာ
======================

ပီယာ့စ်မော်ဂန်ဟာ ဘရိုက်တန်အား အနိုင်ရတဲ့ပွဲတွင် အဖိုးတန် ရမှတ် ၃ မှတ်ရရှိအောင် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာအား ချီးကျူးလာပါတယ်။

အသက် ၃၀ နှစ်ရှိ စပိန်ဂိုးသမားဟာ စနေနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် ဘရိုက်တန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကစားသွားခဲ့ပါတယ်။

သူဟာ ဒုတိယပိုင်းနှောင်းပိုင်းတွင် အရေးပါတဲ့ ကာကွယ်မှုများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၇၆ မိနစ်တွင် စပိန်ဂိုးသမားဟာ ယန်ကူဘူမန်တီရဲ့ အပြင်းကန်ချက်အား လက်ဖျားနဲ့ ထိပြီး ကာကွယ်သွားခဲ့တာပါ။

ယင်းကာကွယ်မှုကြောင့်သာ အာဆင်နယ်တို့ ၂-၁ ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်နိုင်ပွဲကြောင့် မန်စီးတီးကို ပြန်လည်ကျော်တက်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်ဖြတ်ကာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ရာယာရဲ့ စွမ်းဆောင်ရည်အပေါ် အာဆင်နယ်အမာခံပရိသတ်ပီယာ့စ်မော်ဂန်က “Sensational save by Raya… wow!” ရေးသားကာ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်သွားပါတယ်။

image

မိုးလင်းပေါက် အဖော်အချွတ်ကလပ်တွင် အပျော်ကျူးပြီးနောက် အဲဗာတန်ရဲ့ပွဲကို လွဲချော်လာတဲ့ ဂျက်ဂရဲလ်လစ်ရှ်
=====================

ဂျက်ဂရဲလ်လစ်ရှ်ဟာ ခရစ္စမတ်ပါတီပွဲတွင် အပျော်ကျူးတဲ့ သတင်းထွက်ပေါ်လာပြီးနောက် စနေနေ့ည Turf Moor ပွဲစဉ်တွင် အဲဗာတန်အသင်းလူစာရင်းမှာ ပါဝင်လာခြင်း မရှိပါဘူး။

အင်္ဂလန်စတားဟာ ခရစ္စမတ်မတိုင်မီ ခရစ္စမတ်အကြိုပါတီပွဲအဖြစ် လန်ဒန်သို့ သွားရောက်ကာ သူငယ်ချင်းများနှင့် မနက် ၄ နာရီအထိ အဖော်အချွတ်ကလပ်တွင် အပျော်ကျူးခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက လန်ဒန်တွင် ပျော်ပါးခဲ့တာပါ။

ဒါပေမယ့် သူဟာ ခရစ္စမတ်အကြိုပါတီပွဲနှောင်းပိုင်းတွင် နေထိုင်မကောင်းဖြစ်လာကာ ဘန်လေနှင့်ပွဲစဉ်ကို လွဲချော်လာပါတယ်။

အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က "သူ ဗိုင်းရပ်စ်အနည်းငယ်ထိထားတယ်။ ခရစ္စမတ်တုန်းကလည်း နေမကောင်းဘူး။ ဒီတော့ ဒီနေ့မပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာ ခရစ္စမတ်မတိုင်မီ လန်ဒန်သို့ သွားရောက်စဉ် ဘန်လေနောက်ခံလူကိုင်လီဝေါလ်ကားနှင့် စားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံစားသောက်ပြီးနောက် လမ်းခွဲကာ အဖော်အချွတ်ကလပ်သို့ သွားခဲ့တာလည်း ဖြစ်ပါတယ်။

image

လေဆိပ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထောင်ကျမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ အင်္ဂလန်တိုက်စစ်မှူးအင်ဒီကာရိုးလ်
=====================

အင်္ဂလန်နှင့် လီဗာပူးစတားဟောင်းအင်ဒီကာရိုးလ်ဟာ လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် ထောင်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ကာရိုးလ်ဟာ နွေရာသီတုန်းက ဆဌမတန်းကလပ် Dagenham & Redbridge သို့ ကစားသမားအဖြစ်လည်းကောင်း၊ ရှယ်ယာတစ်ဦးအဖြစ်လည်းကောင်း ပြောင်းခဲ့ပါတယ်။

လက်ရှိအချိန်တွင် အင်ဒီကာရိုးလ်ဟာ ဘယ်လို အကြောင်းကြောင့်ကြောင့် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒါပေမယ့် The Sun ရဲ့ဖော်ပြလာမှုအရ အင်ဒီကာရိုးလ်ဟာ ဧပြီလတုန်းက လိင်ပိုင်းဆိုင်ရာ အမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြလာပါတယ်။

အင်ဒီကာရိုးလ်ဟာ ဧပြီလ ၂၇ ရက်နေ့တုန်းက Stansted လေဆိပ်တွင် နယ်စပ်ရဲတပ်ဖွဲ့ရဲ့ တားဆီးခြင်းခံခဲ့ရပြီးနောက် ပတ်စ်ပို့ ထိန်းသိမ်းခြင်းခံခဲ့ရသလို လူအများရှေ့မှောက်မှာ လက်ထိပ်ခတ် ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

အင်ဒီကာရိုးလ်ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့ အင်္ဂါနေ့တွင် တရားရင်ဆိုင်ရပါမယ်။

အင်ဒီကာရိုးလ်ဟာ နယူးကာဆယ်၊ လီဗာပူး၊ ဝက်စ်ဟမ်းတို့တွင် ကစားခဲ့သလို ပြင်သစ်စတုတ္ထတန်းကလပ် ဘော်ဒိုးတွင် ကာလတို ကစားပြီးနောက် Dagenham & Redbridge သို့ ပြောင်းကာ အင်္ဂလန်သို့ ပြန်ရောက်လာသူ ဖြစ်ပါတယ်။

image

၁၁ ပွဲဆက် နိုင်ပွဲ ရရှိကာ နှစ်ပေါင်းတစ်ရာကျော်က စံချိန်ဟောင်းကို လိုက်မီလာခဲ့တဲ့ အက်စတွန်ဗီလာ
======================

အက်စတွန်ဗီလာဟာ မနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ချဲလ်ဆီးအား နောက်ကလိုက်ကစားကာ ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲဆက် နိုင်ပွဲ ရရှိခဲ့သလို ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ရရှိပြီး မှတ်တိုင်သစ်များ စိုက်ထူလာနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ ဂျာအိုပီဒရိုရဲ့ ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ပေမယ့်လည်း အိုလီဝတ်ကင်ရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဗီလာဟာ ၁၈၉၇ ခုနှစ် စက်တင်ဘာလမှ ၁၉၁၄ ခုနှစ် မတ်လအတွင်း ကလပ်ရဲ့ ၁၁ ပွဲဆက် နိုင်ပွဲ ရရှိမှု စံချိန်ကို လိုက်မီလာခဲ့ပါတယ်။

ဒါ့အပြင် ဗီလာဟာ ပရီးမီးယားလိဂ် ၈ ပွဲ နိုင်ပွဲဆက် ရရှိလာမှုနှင့်အတူ ၁၉၁၀ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၉ ပွဲဆက် နိုင်ပွဲ ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲ ၈ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ဗီလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အပြီးတွင် ပထမဆုံးအကြိမ်အဖြစ် ရမှတ် ၃၉ မှတ် ရရှိကာ ကလပ်သမိုင်းတွင် အမှတ်အများဆုံး ရယူထားနိုင်ပါတယ်။

ဗီလာဟာ ချဲလ်ဆီးနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမတ် ၃ မှတ်ကွာဟကာ မထင်မှတ်ဘဲ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်း ဖြစ်လာနေပါတယ်။

image

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုးနှင့်အတူ ၁၀ ပွဲဆက် စံချိန်တင် နိုင်ပွဲ ရရှိလာတဲ့ Al Nassr
========================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးနှင့်အတူ Al Nassr ဟာ စနေနေ့တုန်းက Al Akhdoud ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး ဆော်ဒီပရိုလိဂ် ၁၀ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။

Al Nassr ဟာ ၂၀၂၅-၂၆ ရာသီ ဆော်ဒီပရိုလိဂ် ၁၀ ပွဲတွင် ရမှတ် ၃၀ အထိ ရယူထားနိုင်ကာ ဒုတိယနေရာမှ Al Hilal ကို ရမှတ် ၄ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ပွဲချိန် ၃၀ မိနစ်တွင် ဂျာအိုဖီးလစ်ရဲ့ ထောင့်ကန်ဘောကနေ အန်ဂျီလိုဂိုမက်စ်ရဲ့ ခေါင်းတိုက်မှုမှ တဆင့် အနီးကပ်လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပထမပိုင်းပြီးခါနီးတွင် ဘရိုဇိုဗစ်ရဲ့ ဖန်တီးမှုကနေ နောက်ပေါက်နဲ့ လှပစွာ ပိတ်သွင်းပြီး ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

Al Nassr ရဲ့ တတိယဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၄ မိနစ်တွင် ဂျာအိုဖီးလစ်က ခြောက်ကိုက်အကွာမှ အပိုင်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲတွင် ကစားသမားဘဝ ဂိုးတစ်ထောင်ပြည့်သွင်းရန် ရည်မှန်းထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂ ဂိုးသွင်းလာနိုင်မှုနှင့်အတူ ကစားသမားဘဝ သွင်းဂိုး ၉၅၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ခြေစွမ်းကျရိပ်မပြသေးတဲ့ ရော်နယ်ဒိုဟာ ဂိုးတစ်ထောင်ပြည့်ဖို့ ၄၄ ဂိုးတည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲရဲ့ ၆၆ မိနစ်မှာ ဟက်ထရစ်ဂိုးသွင်းခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သလို့ ဟက်ထရစ်မရရှိခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုပွဲသွင်းဂိုး ၂ ဂိုးကြောင့် ၂၀၂၅ ခုနှစ်အတွင်း သွင်းဂိုး ဂိုး ၄၀ အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

image

ပရီးမီးယားလိဂ်စတားများရဲ့ မက်ဆေ့ချ်ပို့ခြင်းခံရပြီးနောက် ချဲလ်ဆီးစတားဟောင်းနှင့် ချစ်ကြိုက်နေတယ်လို့ သတင်းထွက်ပေါ်လာတဲ့ ဆစ်ဒနေဆွီနီ
===================

ခရစ္စတီယန်ပူလီဆစ်ဟာ ဟောလီးဝုဒ် A-List မင်းသမီးဆစ်ဒနေဆွီနီနှင့် ချစ်ကြိုက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

အသက် ၂၈ နှစ်ရှိ ဆွီနီဟာ ဩဂုတ်လတုန်းက ပရီးမီးယားလိဂ်စတားများရဲ့ မက်ဆေ့ချ်ပို့ခြင်းခံရကြောင်း သတင်းထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။

သူမကို ယူနိုက်တက်၊ လီဗာပူးနှင့် အာဆင်နယ်စတားတို့ အပြိုင်အဆိုင် ပိုးပန်းခဲ့ကြတာပါ။

ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ဟောလီးဝုဒ်စူပါမင်းသမီးဟာ အမေရိကန်စတားခရစ္စတီယန်ပူလီဆစ်နှင့် ချစ်ကြိုက်နေကြောင်း သိရပါတယ်။

ဆွီနီဟာ ၂၀၁၈ ခုနှစ်တုန်းက ထုတ်လုပ်သူ ဂျိုနသန်ဒါဗီနိုနှင့် စတင်ချစ်ကြိုက်ကာ လေးနှစ်အကြာတွင် စေ့စပ်ခဲ့ပေမယ့်လည်း ယခုနှစ် အစောပိုင်းတုန်းက လမ်းခွဲခဲ့ကြပါတယ်။

အေစီမီလန်စတားပူလီဆစ်မှာ ဂေါက်မယ် အလီဇာမယ်တွန်နှင့် ချစ်ကြိုက်ခဲ့ပါတယ်။

အသက် ၂၇ နှစ်ရှိ တောင်ပံကစားသမားဟာ ၂၀၂၄ ခုနှစ်နွေရာသီတွင် မယ်တွန်နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့တာပါ။

ဆွီနီဟာ တစ်ကမ္ဘာလုံးမှ သန်းကြွယ်သူဌေးများရဲ့ ပိုးပန်းမှုခံရကာ မက်ဒိုးနားနောက်ပိုင်းတွင် အမေရိကန်ရဲ့ ပိုးပန်းမှုအခံရဆုံးအမျိုးသမီးအဖြစ်ပါ တင်စားခြင်းခံရသူလည်း ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၂၈ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၃၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၉၄၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၀၅၀၀၀၀ ကျပ်
ဝယ်ဈေး ၉၀၁၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၇၅ ကျပ်
ဝယ်ဈေး - ၃၈၇၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၁၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၁ ကျပ်
ဝယ်ဈေး - ၉၅၇ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၃၉ ကျပ်
ဝယ်ဈေး - ၂၄.၇၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၂၆ ကျပ်
ဝယ်ဈေး - ၄၃.၁၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၅ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၉ ကျပ်
ဝယ်ဈေး - ၂၆၀၃ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၈ ကျပ်
ဝယ်ဈေး - ၂၈၃၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၂ ကျပ်
ဝယ်ဈေး - ၁၀၅၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
3 w - Translate

🚉

image
3 w - Translate

👌

image