အဂတိလိုက်စားမှု အလွယ်တကူ ဖေ-ာက်ဖျ-က်ကျူးလွန်မိခြင်းများကို နိုင်ငံ့ဝန်ထမ်းများ အထူးသတိပြုရှောင်ကြဉ်ရန် တိုက်တွန်း

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အလွယ်တကူ ဖေ-ာက်ဖျ-က်ကျူးလွန်မိခြင်းများ မရှိစေရေး အထူးသတိပြုရှောင်ကြဉ်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက တိုက်တွန်းပြောကြားသည်။
အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု မြင့်မားလာပါက ဆင်းရဲနွမ်းပါးမှုလည်း ပိုမိုမြင့်မားလာနိုင်သဖြင့် ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာကာ အဂတိလိုက်စားမှု ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန်အယူခံခုံအဖွဲ့၏ ဆောင်ပုဒ်မှာ “ယုံကြည်၊ မျှတ၊ မှန်ကန်အခွန်အယူခံ” ဖြစ်ကြောင်း၊ အခွန်အယူခံဝင်လိုသူများ၊ အခွန်ထမ်းများနှင့် ပြည်သူလူထုကို တို-က်ရို-က်ထိတွေ့ဝန်ဆောင်မှုပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အသေးစားအဂတိလိုက်စားမှုမှအစ ကင်းရှင်းစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသည့်နည်းလမ်းဖြင့် ခိုးယူနေခြင်းဖြစ်ပြီး ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းများအကြား အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာနှင့် ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ S

image

စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်ဟု တောင်ကိုရီးယားသမ္မတ လီ ပြော

တောင်ကိုရီးယား၏ စစ်ရေးနှင့် အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာဖြစ်ပြီး မြောက်ကိုရီးယားကို တိုက်ခိုက်ရန် သို့မဟုတ် ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းမရှိကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားအနေဖြင့် အမှီအခိုကင်းသည့် ကာကွယ်ရေးစွမ်းရည်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်သင့်ကြောင်းလည်း လီက တိုက်တွန်းခဲ့သည်။ ယင်းပြောကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိအစိုးရ၏ အစီအစဉ်နှင့်အညီ မိမိ၏ သမ္မတသက်တမ်းအတွင်း စစ်ပွဲကာလ စစ်ဆင်ရေးထိန်းချုပ်မှုကို အမေရိကန်ပြည်ထောင်စုထံမှ တောင်ကိုရီးယားဘက်သို့ လွှဲပြောင်းရယူရေးကိုလည်း အနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်သင့်ကြောင်း လီက ပြောကြားခဲ့သည်။
ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးသည် နိုင်ငံ၏ လုံခြုံရေးအခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ခြင်းသည်လည်း မဟာမိတ်တစ်နိုင်ငံအဖြစ် တန်ဖိုးနှင့် အရေးပါမှုကို မြင့်တက်စေကြောင်း လီက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေးနှင့် အမှီအခိုကင်းသော ကာကွယ်ရေးစွမ်းရည်တို့သည် အပြန်အလှန်အားဖြည့်ပေးသည့် သဘောဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့်အတူ ပြုလုပ်သည့် နှစ်စဉ်အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုများသည် ခုခံကာကွယ်ရေးသဘောသက်သက်သာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသားများ၏ နေ့စဉ်ဘဝနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လီက နိုင်ငံတော်လုံခြုံရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ လေ့ကျင့်မှုများကို မြောက်ကိုရီးယားအား တိုက်ခိုက်ရန် သို့မဟုတ် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာစေရန် အသုံးချမည့် ရည်ရွယ်ချက်မရှိကြောင်းနှင့် မည်သည့်အဖွဲ့အစည်းကိုမျှ ရန်သူအဖြစ် ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ပြည်သူများ၏ အသက်အိုးအိမ်နှင့် နေ့စဉ်ဘဝကို ကာကွယ်ရန်သာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး ခရင်မ္မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၈ ရက် မွန်းတည့်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ခရင်မ္မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရေးနှင့် မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့ခိုင်မြဲစွာ ဆက်လက်မြှင့်တင်သွားရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

image

မြန်မာ-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ၊ LNG နှင့် ထားဝယ်စီမံကိန်းတို့ ဆွေးနွေး

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် တိုးမြှင့်သွားရန်နှင့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် စွမ်းအင်စီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံဘက်မှ ဆွေးနွေးခဲ့ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအပြင် စွမ်းအင်ကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်း ကို နှစ်နိုင်ငံ၏ အဓိကစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့သည်။ ထို့ပြင် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးနှင့် ဆက်စပ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ရုရှားအရှေ့ဖျားဒေသမှ LNG တင်ပို့ပေးနိုင်ရေး နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ရုရှားကုမ္ပဏီများ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး ရုရှားဘက်ကလည်း အဆိုပါကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မဟာဗျူဟာအရ အချက်အချာကျသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း တွင် ရုရှားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာဒေသတို့ကို ချိတ်ဆက်ပေးနိုင်သည့် ပထဝီအနေအထားရှိသဖြင့် ထားဝယ်ဒေသအပါအဝင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်အခြေခံအဆောက်အအုံနှင့် ထားဝယ်ဒေသဆိုင်ရာ စီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍကို မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့်ကဏ္ဍတစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

image

ထန်းတပင် အလုပ်သမားဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်စက်များ တပ်ဆင်၍ အာမခံအလုပ်သမားများကို ဝန်ဆောင်မှုပေးမည်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ၌ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသည့် အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင် (Hemodialysis) ဝန်ဆောင်မှု ပေးနိုင်ရန် သွေးသန့်စင်ဆေးကြောစက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ထန်းတပင် အလုပ်သမားဆေးရုံသို့ သွားရောက်၍ ကျောက်ကပ်သွေးသန့်စင်ဌာန ဖွင့်လှစ်နိုင်မည့်နေရာနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားများကိုလည်း တွေ့ဆုံအားပေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၊ ကြည့်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်းတို့ရှိ အဆောက်အအုံဟောင်းများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည့် အဆောက်အအုံများနှင့် အသစ်တည်ဆောက်ရန် လိုအပ်သည့် အဆောက်အအုံများအတွက် ရေရှည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ယင်းနေ့ နံနက်ပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (OSH) ကော်မတီဝင်များ သင်တန်းဆင်းပွဲသို့ တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း OSH သင်တန်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လစဉ်ဖွင့်လှစ်ပို့ချပေးခဲ့ရာ လက်ရှိအချိန်အထိ စက်ရုံ ၁,၂၈၅ ရုံမှ သင်တန်းသား ၁,၃၇၇ ဦးကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

image

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားသို့ သွားရောက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် ငါးနှစ်အတွင်း ၎င်း၏ ပထမဆုံး တောင်ကိုရီးယားခရီးစဉ်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဩဂုတ် ၂၀ ရက်တွင် အိမ်ပြာတော်၌ ဝမ်ယိကို လက်ခံတွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ နှုတ်ခွန်းဆက်စကားပါးမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ပြောကြားသည်။
ဝမ်ယိသည် တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးအကြံပေး ဝီဆောင်လက်နှင့်လည်း တွေ့ဆုံ၍ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် အခြားဒေသတွင်း၊ နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်သွားရန် စီစဉ်ထားသည်။
ဝမ်ယိသည် ဩဂုတ် ၁၉ ရက် တောင်ကိုရီးယားသို့ ရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ညစာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်တိုးတက်လာမှုအခြေအနေကို သုံးသပ်နိုင်မည့်အပြင် နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများ ဖလှယ်မှု၏ နောက်တစ်ဆင့်အတွက် ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

image

မုတ်သုံလေအားကောင်း၍ ဩဂုတ် ၂၂ ရက်အထိ ဒေသအများအပြား မိုးကြီးနိုင်၊ မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှု သတိပြုရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းတို့ကြောင့် ဩဂုတ် ၁၈ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၄၉/၂၀၂၆) ကို ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလအတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။
ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ပြီး ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရှမ်းဒေသတို့တွင် နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း သိရသည်။
ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကုန်းမြင့်ဒေသများ၌ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ မြစ်ငယ်၊ ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက နှိုးဆော်ထားသည်။
ထို့ပြင် ကမ်းနီး၊ ကမ်းဝေးသင်္ဘောများနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များအနေဖြင့်လည်း မိုးလေဝသအခြေအနေကို အနီးကပ်စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။

image

Walk for Peace ဦးဆောင်ဆရာတော် အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းမည်

​ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ Stockholm Concert Hall တွင် World Peace Award Committee မှဦးစီး၍ World Peace Award 2026 အခမ်းအနားကို ဩဂုတ် ၂၁ ရက်မှ သြဂုတ် ၂၅ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စု၌ Walk for Peace ၂၀၂၅-၂၀၂၆ ကို အောင်မြင်စွာဦးဆောင်ကျင်းပခဲ့သည့် ဆရာတော်အရှင်ပညာကာရအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ၂၀၁၈ ခုနှစ်က စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရရှိထားတော်မူသော အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ဆရာတော်ဒေါက်တာအရှင်သောဘိတက ငြိမ်းချမ်းရေးဆုရရှိသည့် Walk for Peace ဦးဆောင်ဆရာတော်အရှင်ပညာကာရ အားဂုဏ်ပြုသည့်အနေဖြင့်ဂုဏ်ပြုစကား မိန့်ကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

image

နှစ်ပေါင်း ၁၃၈ နှစ်သက်တမ်းရှိ ဗိုလ်တထောင် လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်အောက်ရှိ နှစ်ပေါင်း (၁၃၈) နှစ် သက်တမ်းရှိ လေမှုတ်စက်ရုံ၌ ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
ယနေ့ (ဩဂုတ် ၁၈) က ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အဆိုပါစက်ရုံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်တမ်း ၁၃၈ နှစ်ရှိပြီဖြစ်သည့် လေမှုတ်စက်ရုံတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားကို စက်တင်တပ်ဆင်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကြောင်း သိရသည်။

image

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံ၌ 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်၍ ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ပြီး 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အော်ပရေတာများအနေဖြင့် 5G စမ်းသပ်မှုများ ဆောင်ရွက်ထားပြီးဖြစ်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသူများက 5G လှိုင်းနှုန်းစဉ် ချထားပေးမှု အခြေအနေ၊ စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် ဝန်ဆောင်မှု စတင်နိုင်ရေး လျာထားဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးက အော်ပရေတာများနှင့် Vendors ကုမ္ပဏီများ၏ 5G ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image