ကိုယ်တိုင်ရိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်း ကလဲ့စားချေပစ်ခတ်ခံရကာ ဘောလုံးစတားသေဆုံး
=====================

ဘောလုံးစတားတစ်ဦးဟာ ကိုယ်တိုင်ိုက်ဇာတ်ကား ပေါက်ကြားမှုအတွက် မှားယွင်းကလဲ့စားချေပစ်ခတ်ခြင်းခံရကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ အမ်ဘာတိုကာတန်ဇာရိုဟာ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းက နေပယ်တွင် တိုက်ခိုက်ခြင်းခံရပြီးနောက် နှစ်လခန့်အကြာ တနင်္လာနေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။
ဒေသတွင်း လူဆိုးဂိုဏ်းခေါင်းဆောင်က သူ့သမီးဖြစ်သူရဲ့ ကိုယ်တိုင်ရိုက် ဗီဒီယို ပေါက်ကြားစေမှုအတွက် ချစ်သူကောင်လေးကို ပစ်ခတ်ရှင်းလင်းရှာဖွေခိုင်းခဲ့ပါတယ်။။ လူငယ်ကစားသမားဟာ ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိ လူဆိုးခေါင်းဆောင်ဟာ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူနှင့်အတူ ခိုးယူထားတဲ့ စကူတာနှင့်အတူ Spanish Quarter of Naples သို့ ရောက်လာခဲ့တာပါ။ ယင်းနောက် ၎င်းတို့ဟာ သမီးဖြစ်သူရဲ့ ချစ်သူကို ရှာဖွေခဲ့ကြပါတယ်။
သမီးဖြစ်သူရဲ့ ချစ်သူကို Smart Fortwo ကားတွင် ရှာဖွေတွေ့ရှိပြီးနောက် သားဖြစ်သူက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ပစ်မှတ်ကို လွဲချော်ခဲ့ပါတယ်။
ယင်းကျည်မှာ ယင်းအချိန်တွင် ကားအတွင်းထဲတွင်ပင် ရှိနေတဲ့ ကန်တန်ဇာရိုကို ထိမှန်သွားခဲ့တာပါ။
ကန်တန်ဇာရိုဟာ ပထွေးဖြစ်သူရဲ့ နေအိမ်သို့ ထွက်ပြေးနိုင်ခဲ့ပြီး Pellegrini Hospital သို့ တက်ရောက်ခဲ့ပါတယ်။
သူဟာ ယင်းဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့ပေမယ့်လည်း တနင်္လာနေ့နံနက်ပိုင်းမှာတော့ သေဆုံးသွားခဲ့ပါတယ်။
သူဟာ အဆင့်နိမ့်လိဂ်ကလပ်များဖြစ်ကြတဲ့ Rione Terra Calcio နှင့် Monteruscello Calcio တို့မှာ ကစားခဲ့သူ ဖြစ်ပါတယ်။၏
Rione Terra မှ နည်းစနစ်ဒါရိုက်တာလူဂီတက်စတာက ကန်တန်ဇာရိုမှာ ယဉ်ကျေးသိမ်မွေ့ပြီး လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦးဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုအရ ကန်တန်ဇာရိုမှာ ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်သူ မဟုတ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ တိုက်ခိုက်မှုနှင့်ဆက်စပ်ပြီး လူ ၄ ဦးအား ဖမ်းဆီးခဲ့သလို နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပဥ္စမမြောက်လူတစ်ဦးအား ဖမ်းဆီးခဲ့ပါတယ်။
ယင်းအမှုတွင် အမျိုးသမီးငယ်တစ်ဦးနှင့် အရွယ်မရောက်သေးသူ ကလေးနှစ်ဦးလည်း ပါဝင်နေကြောင်း အီတလီသတင်းစာ Virgilio က ဖော်ပြသွားပါတယ်။
လက်ရှိအချိန်တွင် အမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားနေရာနှင့်ပတ်သက်ပြီး နေမာကို နောက်ဆုံးအကြိမ် သတိပေးလာတဲ့ အန်ဆယ်လော့တီ
======================

ကာလိုအန်ဆယ်လော့တီက နေမာအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် နေရာတစ်နေရာ ရရှိရေးအတွက် နောက်ဆုံးအကြိမ် သတိပေးမှု ပြုလုပ်လာပါတယ်။
အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာ ဘရာဇီးနည်းပြဖြစ်လာပြီးနောက် နေမာကို တစ်ကြိမ်မျှ ရွေးချယ်ခြင်း မရှိသေးပါဘး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ ပီအက်စ်ဂျီနှင့် ဘာစီလိုနာစူပါစတားအတွက် တံခါးဖွင့်ပေးထားတုန်း ဖြစ်ပါတယ်.
နေမာဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားထားရာမှာ ၇၉ ဂိုးသွင်းယူပြီး နိုင်ငံအတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ဥရုဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးအတွက် ကစားစဉ် ဒူးအရွတ်ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ရွေးချယ်ခံလာရခြင်း မရှိပါဘူး။
သူဟာ ယင်းနောက်ပိုင်းတွင် ကြံ့ခိုင်မှု ပြဿနာများနှင့် ရင်ဆိုင်လာရပြီး ဆော်ဒီကလပ် Al Hilal နှင့် စာချုပ်ဖျက်သိမ်းခဲ့ကာ ကစားသမားဘဝစတင်ရာ ဆန်းတို့စ်သို့ ပြန်ရောက်လာခဲ့ပါတယ်။
အသက် ၃၃ နှစ်ှရိ နေမာဟာ ဆန်းတို့စ်သို့ ပြန်လည် ရောက်လာချိန်တွင်လည်း ကြံ့ခိုင်မှုပိုင်းပြဿနာနှင့် ဆက်လက် ရင်ဆိုင်နေရပါတယ်။
အန်ဆယ်လော့တီက "နေမာက ဘရာဇီးမှာ ပြောစရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒါကို ကမ္ဘာ့ပြဿနာလို့ မြင်တယ်။ ကံကောင်းစွာဘဲ သူ ဒဏ်ရာကနေ ပြန်ကောင်းလာပါပြီ။ အခု သူ့မှာ ခြောက်လပဲ ကစားဖို့ ကျန်တော့တယ်။ ဘရာဇီးချန်ပီယံရှစ်က ဒီဇင်ဘာလ ၇ ရက်ဆိုပြီးပြီ။ သူ အပန်းဖြေခရီးသွားနိုင်တယ်။ ပြီးရင် ဘရာဇီးချန်ပီယံရှစ် ပြန်စလာတဲ့အခါ သူ့အရည်အသွေးကို ပြသနိုင်တယ်။ အရေးအကြီးဆုံးကတော့ ကြံ့ခိုင်မှုပိုင်းပေါ့"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ရာတွင် အမှားအယွင်းတစုံတရာ ပြုလုပ်သွားမှာ မဟုတ်ကြောင်းလည်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "နေမာက ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်တဲ့ လူစာရင်းထဲမှာ ပါဝင်ထားပြီးသားပါ။ အခု သူ့မှာ နောက်ဆုံးလူစာရင်း မထွက်ခင် ခြောက်လအချိန်ရသေးတယ်။ သူ့နဲ့ အခြားကစားသမားတွေကို စောင့်ကြည့်မယ်။ နောက်ဆုံးစာရင်းကို အမှားအယွင်းမရှိ လုပ်နိုင်ဖို့ ထုတ်နိုင်ဖို့ လိုတယ်"လို ပြောကြားသွားပါတယ်။
နေမာဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဆန်းတို့စ်အတွက် ၃ ပွဲဆက် ကစားထားနိုင်ပြီး ပါးမီးရပ်စ်ကို အနိုင်ရကာ တန်းဆင်းဇုန်မှ လွတ်မြောက်အောင် ကူညီပေးထားနိုင်ပါတယ်။
သူဟာ ယခုရာသီတွင် ပေါင်ကြွက်သားဒဏ်ရာပြဿနာကြုံနေရတာ ဖြစ်ပြီး ယခုရာသီတွင် ၂၄ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးထားပါတယ်။

image

ရခိုင်နှင့်မလေးရှားသိုပိုမည့် ကျပ် ၁၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ
--------------------------------------------------

ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကို ပိုဆောင်မဲ့ ကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်နဲ့အတူ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲဝင်တွေရဲ့ သတင်းရယူဖော်ထုတ်ချက်တွေအရ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ညပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုနယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)ရှိ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပိုဆောင်မဲ့ မူးယစ်ဆေးဝါး ကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်နဲ့အတူ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲက ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့ ပုသိမ်မြိုက မူးယစ်ဆေးဝါးတွေ ထိန်းသိမ်းပေးသူ လမင်းခန့်တို ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံ ၂ ယောက်ရဲ့ ဖော်ထုတ်ချက်အရ ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ တရားခံအမျိုးသား ၂၄ ယောက် ၊ M-4,A-1သေနတ်တစ်လက်၊ ပစ္စတို ၂ လက်နဲ့ ကုန်တင်သင်္ဘော ၂ စင်းကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ တာချီလိတ်မြိုနေ အားဝေ (ခ)ရှောက်ထန် (ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)နဲ့ ဝမ်ဟိုင်းကျေးရွာနေ တာကော(ဖမ်းဆီးရန်ကျန်)တိုက လွိင်လင်ခရိုင်၊ ကျေးသီးမြိုနယ်၊ ဝမ်ဟိုင်းဒေသမှထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို နည်းလမ်းမျိုးစုံနဲ့ ပုသိမ်မြိုကို ပိုဆောင်ပေးခဲ့ရာ ပုသိမ်မြိုရှိ မောင်ငယ် ပိုင်ဆိုင်တဲ့ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)မှာ ခေတ္တထိန်းသိမ်းသိုဝှက်ကာ မောင်ငယ်နဲ့အဖွဲက မလေးရှားနိုင်ငံ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲရဲ့ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့အဖွဲက ရခိုင် ပြည်နယ်ကို ပိုဆောင်ဖို စီစဉ်နေချိန်မှာ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးရမိတရားခံတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖိုဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးဖိုကျန်တဲ့တရားခံတွေနဲ့ဆက်စပ်တရားခံတွေကို ဖမ်းဆီး ဖော်ထုတ်နိုင်ဖို ဆက်လက်ဆောင်ရွက်နေတယ်လို သိရပါတယ်။
ဒါ့ကြောင့်မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ သတင်းတွေရရှိရင် သက်ဆိုင်ရာကို လျှိဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးသူနဲ့ ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူတွေကို ထိုက်တန်စွာ လျှိဝှက်ပြီး ဆုငွေများချီးမြှင့် ပေးမယ်လို အသိပေးထုတ်ပြန်ထားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁၉ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၇၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၀၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၅၀ ကျပ်
ဝယ်ဈေး - ၃၉၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၄ ကျပ်
ဝယ်ဈေး - ၉၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၅ ကျပ်
ဝယ်ဈေး - ၂၅.၄၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၁ ကျပ်
ဝယ်ဈေး - ၄၄.၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၁၀ ကျပ်
ဝယ်ဈေး - ၅၁၈၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၆ ကျပ်
ဝယ်ဈေး - ၂၅၆၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၉၄ ကျပ်
ဝယ်ဈေး - ၂၈၂၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၀ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၂ ကျပ်
ဝယ်ဈေး - ၁၀၇၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းကို မကန့်ကွက်ဟု ထရမ့်ပြောကြား

ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုနိုင်ခြေရှိခြင်းကို မိမိပယ်ချခြင်းမရှိ ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားသည်။
“ကျွန်တော် ဘာကိုမှ ပယ်ချတာ မဟုတ်ဘူး၊ ဗင်နီဇွဲလားကို ကျွန်တော်တို့ ဂရုစိုက်ရမယ်” ဟု ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းအပါအဝင် မည်သည့်အရာကိုမဆို ပယ်ချရန် ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက သူ၏နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်မှုမှ ပြီးခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အမေရိကန်က ဗင်နီဇွဲလားအစိုးရသည် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးတွင် လုံလောက်စွာ လုပ်ဆောင်ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ဤအကြောင်းပြချက်ဖြင့် အမေရိကန်သည် ကာရစ်ဘီယံပင်လယ်သို့ စစ်အင်အားကြီးမားစွာ ချထားခဲ့သည်။ အမေရိကန် စစ်သင်္ဘော ၈ စီး၊ ရေငုပ်သင်္ဘော ၁ စီးနှင့် စစ်သား ၁၆,၀၀၀ ကျော်ကို ကာရစ်ဘီယံပင်လယ်သို့ ချထားပြီးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလမှစ၍ အမေရိကန်သည် ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် လှေအစီး ၂၀ ကို ဖျက်ဆီးပြီး လူ ၇၆ ဦးကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၏ လေယာဉ်တင်သင်္ဘော Gerald R. Ford ဦးဆောင်သော အမေရိကန်စစ်သင်္ဘော အုပ်စုတစ်စု သည် ကာရစ်ဘီယံပင်လယ်ထဲသို့ ရောက်ရှိလာကြောင်း ကြေညာခဲ့သည်။
The New York Times သတင်းစာအဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဗင်နီဇွဲလားရှိ CIA ၏ လျှို့ဝှက်စစ်ဆင်ရေးများကို ခွင့်ပြုပေးခဲ့‌ကြောင်း သိရသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ မဝေးတော့သည့်အနာဂတ်တွင် ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါးဂိုဏ်းများကို အမေရိကန်တပ်ဖွဲ့များက စတင်တိုက်ခိုက်နိုင်ဖွယ်ရှိ‌ကြောင်း သိရသည်။
ဗင်နီဇွဲလားကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိသော စစ်ဆင်ရေးများအတွက် မွမ်းမံထားသော စီမံကိန်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထရမ့်ထံ တင်ပြခဲ့သည်။ အဆိုပါ စီမံကိန်းများကို လေ့လာပြီးနောက် ထရမ့်က ဗင်နီဇွဲလားအပေါ် မည်သို့လုပ်ဆောင်သင့်သည်ဟူသော သူ၏သဘောထားကို ယင်းစီမံကိန်းများဖြင့် ပုံဖော်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

image

မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သော ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်

မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ ထိုကဲ့သို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ ဖော်ပြထားသည်။
ရောင်းချပေးမည့် ထိုတံဆိပ်ခေါင်းတွင် ထုတ်ဝေခဲ့ပြီးသော မြန်မာ့တူရိယာများ တစ်စုတစ်စည်းတည်း ပါဝင်မည်လည်း ဖြစ်သည်။
ရောင်းချပေးမှုကို လာမည့် နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်

image

တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေကြောင်း ရန်ကုန်ဒေသခံများထံမှ သိရသည်။
“ ကျောင်းသွားတက်မယ့်သူတွေ မိမိတို့ ဒေသမှာမဟုတ်ဘဲ အဝေးကို ကျောင်းသွားတက်မယ့်သူတွေ ကြိုတင်မဲပေးနိုင်တယ်လို့ လိုက်အသိပေးအော်နေတာပါ”ဟု ဒလမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။
လာမည့်ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈)ရက်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမည့်အချိန်ဖြစ်ခြင်းကြောင့် ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
မဲပေးပိုင်ခွင့်ရှိသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ့ရုံး၌ နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ နိုင်ငံသားစိစစ်‌ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားများဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

image

ကန်ဒေါ်လာ(၅)သိန်းခန့်တန်ဖိုးရှိ မြန်မာ-အိန္ဒိယ QIP အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ(၁၀) စောင်ကိုလက်မှတ်ထိုး

မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့ကြား အမေရိကန်ဒေါ်လာ(၅)သိန်းခန့်တန်ဖိုးရှိသော “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)”အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) (၁၀)စောင်အား နိုဝင်ဘာ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မှတ်တမ်းမော်ကွန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းခြင်း မြှင့်တင်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အင်းလေးဒေသရှိ ငလျင်ဒ-ဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မန္တလေးတိုင်းရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒ-ဏ်ကြောင့်ပျ-က်စီးခဲ့သော အနုပညာလက်ရာများ အစားထိုးရေးဆွဲခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံနို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ သမဝါယမအသင်းသားတောင်သူများထံသို့ မှတ်ပုံတင်ထားပြီးအရည်အသွေးမြင့်မားသော ဝါနှင့် မတ်ပဲမျိုးစေ့များပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ် စွမ်းအားမြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူး ကော်တင်စက်(အသေး)တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျ-က်စစ်ဆေးသော စမ်းသပ်ကိရိယာများဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Offline အင်္ဂလိပ်ဘာသာစကားသင်တန်း တည်ထောင်ဖွင့်လှစ်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်း ဝါနှင့် မတ်ပဲမျိုးများရရှိရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဆိုလာစွမ်းအင်သုံးရေတင်ခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါနားလည်မှု စာချွန်လွှာများတွင် အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒု-အကြီးအကဲ Mr. Ashish Sharma နှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ မန္တလေးတိုင်းအစိုးရအဖွဲ့တို့မှတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ စီမံချက်များသည် အမေရိကန်ဒေါ်လာ (၄၈၉,၇၃၅)ရှိပြီး စီမံချက်များအကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည် ဖော်သွားမည်ဖြစ်ကာ စီမံချက်များအား တတိယနှစ် မြောက်ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ(၅၀,၀၀၀)ခွင့်ပြုပေးထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၅)ခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၁၀)ခု၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် QIP စီမံချက်(၁၀)ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာ လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံချက်များကို ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

image