ယခုနွေတွင် ရောင်းချရန် စီစဉ်ထားတဲ့ ကစားသမား ကမ္ဘာ့ဖလားတွင် ဒူးဒဏ်ရာပြင်းထန်စွာ ရရှိလာမှုနှင့်အတူ ထိုးနှက်ချက်ကြုံလာရတဲ့ ယူနိုက်တက်
=====================
ယူနိုက်တက်ဟာ မန်နူရယ်အူဂတ်တီမှာ မတော်တဆ ဒူးဒဏ်ရာပြင်းထန်စွာ ရရှိလာမှုနှင့်အတူ ယခုနွေရာသီ အပြောင်းအရွှေ့လုပ်ဆောင်မှုအပေါ် များစွာ ထိုးနှက်ချက် ကြုံလာရပါတယ်။
ယူနိုက်တက်စတားဟာ ယနေ့ အစောပိုင်းတုန်းက မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်နေတဲ့ စပိန်နှင့် အုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် ဥရုဂွေးအတွက် ပွဲထွက်ကစားခဲ့ပါတယ်။
ဒါပေမဲ့ အူဂတ်တီဟာ ပထမပိုင်းမပြီးမီ ဘောလုံးဖျက်ထုတ်မှုတစ်ခု ပြုလုပ်ရန် ကြိုးပမ်းရန် ကစားဖော်နှင့် မတော်တဆထိခိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
အူဂတ်တီ၊ ရိုဒရီဂိုဘတ်တန်ကော်နှင့် မားသီးယပ်စ်အိုလီဗီယာတို့ဟာ စပိန်စတားပီဒရီကို ဖျက်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ ပီဒရီက ကျော်ဖြတ်နိုင်ခဲ့ပြီး အူဂတ်တီမှာ အိုလီဗီယာနှင့် မတော်တဆနှင့် ထိခိုက်မိသွားခဲ့ပါတယ်။
အလယ်တန်းကစားသမားဟာ ဒူးဒဏ်ရာရရှိသွားမှုနှင့်အတူ ကွင်းအတွင်း ဆေးကုသမှု ခံယူခဲ့ရပြီး ကွင်းအတွင်းမှ လမ်းလျှောက် မထွက်ခွာနိုင်မှုနှင့်အတူ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။
အူဂတ်တီဟာ ယူနိုက်တက်တွင် နေရာရရှိရေး ရုန်းကန်နေရသူ ဖြစ်ပြီး နွေရာသီတွင် ရောင်းချရန် လျာထားခြင်းခံထားသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အူဂတ်တီမှာ ဒူးအရွတ်ဒဏ်ရာရရှိပြီး ကာလရှည်ကြာ အနားယူရမှုနှင့်အတူ နွေရာသီတွင် ကစားသမားအား ရောင်းချကာ ငွေရှာရေးအပေါ် ရပ်ဆိုင်းလာရတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ယခုနွေတွင် အန်ဒါဆင်အား ခေါ်ယူထားပြီး ဖြစ်ပေမဲ့ နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေ ထပ်မံ ခေါ်ယူလာရတော့မှာလည်း ဖြစ်ပါတယ်။