3 w - Translate

Global Fuel Storage Systems Market Set for Steady Growth Through 2035

The global Fuel Storage Systems market is experiencing significant expansion due to rising energy demand, industrialization, and the need for efficient and safe fuel storage solutions. Fuel storage systems are critical components in energy infrastructure, providing reliable storage for petroleum, natural gas, biofuels, and other liquid fuels. As energy consumption grows worldwide, the adoption of advanced fuel storage systems is expected to increase steadily, supporting both conventional and renewable energy sectors.

Read Full Research Study: https://marketintelo.com/repor....t/fuel-storage-syste

Fuel Storage Systems Market Research Report 2033
marketintelo.com

Fuel Storage Systems Market Research Report 2033

As per our latest market intelligence, the Global Fuel Storage Systems market size was valued at $8.7 billion in 2024, and is forecasted to hit $13.5 billion by 2033, growing at a CAGR of 5.1%.

ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် မွန်ပြည်နယ် မြို့နယ် (၅) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၆) သိန်းဝန်းကျင်ခန့်ရှိ

ရက်ပိုင်းသာလိုတော့သည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် မွန်ပြည်နယ် (၅) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၆) သိန်းဝန်းကျင်ခန့်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲထံက သိရသည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ ပါဝင်သည်။

အဆိုပါ (၅) မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၅၈)ခု၌ မဲရုံပေါင်း (၃၃၅) ရုံ ဆန္ဒမဲပေးနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် ဒီဇင်ဘာ (၂၅) ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ပြည်အတွင်းမှ ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲကို ရေတွက်သွားမည်ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲထံက သိရသည်။

image

ခွင့်ပြန် ပြည်ပလုပ်သားတွေ အနေနဲ့ ရန်ကုန်လေဆိပ် ရောက်ပါက သတင်းပို့ကြရန်လို

နှစ်ကုန် အားလပ်ရက်တွေမှာ မြန်မာပြည်ကို ခွင့်နဲ့ ပြန်ကြမယ့် ပြည်ပလုပ်သားတွေ အနေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိပါက သတ်မှတ်နေရာမှာ သတင်းပို့ကြဖို့ လိုအပ်တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီအတွက် ဆိုက်ရောက် (Arrival) မှာ ရွှေ့ပြောင်းလုပ်သားအဝင် သတင်းပို့ကောင်တာ (Arrival Counter) ထားရှိပေးထားပြီး မပျက်မကွက် ပြုလုပ်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အခုလို စည်းကမ်းချက် သတ်မှတ်ရခြင်းဟာ ခွင့်ပြီးဆုံးလို့ ပြန်လည် ထွက်ခွာပါက စိစစ်မှုတွေမှာ နှောင့်နှေးကြန့်ကြာခြင်း မရှိစေဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတ်မှတ်ချက်နဲ့ ပတ်သက်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ တယောက်က “ဘာတွေစစ်မှာလဲ ဆိုတော့ အဓိက က ပတ်စ်ပို့က PJ (အလုပ်နိုင်ငံကူးလက်မှတ်) ဟုတ်၊ မဟုတ်နဲ့ OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်) ရှိ၊ မရှိ စစ်မှာပါ။ PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ကိုင်ထားတဲ့သူဆိုရင်တော့ PJ ပြောင်းထားဖို့ လိုတယ်” လို့ ပြောပါတယ်။

OWIC ကတ် ပြုလုပ်ခွင့် လျှောက်ထားမှုကို အရင်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားရုံးနဲ့ မရမ်းကုန်းမြို့နယ်ရှိ ၈ မိုင် အလုပ်သမားရုံးတို့မှာ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်မှစတင်ကာ ကတ်ပြုလုပ်ခွင့်ကို နေပြည်တော် အလုပ်သမားရုံးကို စာတိုက်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးပို့ လျှောက်ထားရတာ ဖြစ်ပါတယ်။

အဲဒီလို လျှောက်ထားရာမှာ အထောက်အထား၊ အချက်အလက် မပြည့်စုံတဲ့သူတွေကို OWIC ကတ် ပြုလုပ်ဖို့ စာရင်းမသွင်းပေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပေမယ့် အချက်အလက် ပြည့်စုံမှု ရှိ၊ မရှိကို အချိန်တိုအတွင်း စစ်ဆေးပေးတာမျိုး မရှိတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ အချိန်ကြန့်ကြာမှု အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။

“ခွင့်ရတာက တလ။ OWIC ကတ် ရဖို့က နှစ်လ၊ သုံးလလောက် စောင့်ရမယ်ဆို ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ခွင့်ပြန်တာနဲ့ အလုပ်ပြုတ်ဖို့က ၉၀ ရာခိုင်နှုန်း သေချာသလောက် ဖြစ်နေပြီ။ OWIC ကတ် အမြန်ရဖို့ အာမ မခံနိုင်သေးသရွေ့ အလုပ်ပြုတ်ခံပြီး ပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဂျပန်နိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတယောက်က ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေအနေနဲ့ အခုလို ကြေညာချက်တွေ တစောင်ပြီးတစောင် ထုတ်ပြန်နေမယ့်အစား ထိရောက်တဲ့ စီမံခန့်ခွဲနိုင်မှုတွေရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“OWIC ကတ် ရဖို့အတွက် သူတို့ပြောတဲ့ အခွန်လည်း ဆောင်ထားတယ်။ ၂၅ ရာနှုန်းလည်း လွှဲထားပြီးသား။ ဒါပေမယ့် ဒီကတ်ရဖို့ကို လနဲ့ချီ စောင့်ရမယ်ဆို အဆင်မပြေဘူး။ တကယ်ဆို ခွင့်ပြန်သမားတွေအတွက် တပတ်လောက်ပဲ စောင့်ရအောင် လုပ်ပေးသင့်တာ” လို့ စင်္ကာပူနိုင်ငံရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ်။

အလုပ်သမားတွေ အနေနဲ့ ပြည်ပ ပြန်လည် ထွက်ခွာခွင့်အတွက် OWIC ကတ် ရှိနေဖို့ကသာ အဓိက အရေးပါတာဖြစ်ပြီး PV နိုင်ငံကူးလက်မှတ်ကနေ PJ ပြောင်းလဲဖို့ကတော့ တရားဝင် ခွင့်ပြုထားပြီးသား ဖြစ်တဲ့အတွက် ရုံးဝင်ပြီး ၁၄ ရက်အတွင်း စာအုပ် ရရှိနိုင်တယ်လို့ သိရပါတယ်။

“PV ကနေ PJ ပြောင်းတာကတော့ တရားဝင် ခွင့်ပြုထားပြီးသား ဖြစ်တဲ့အတွက် ဘယ်အချိန်ပြောင်းပြောင်း ပြောင်းလို့ရပါတယ်။ PJ အတွက် Labour ကတ် ရှိရမယ်၊ OWIC လိုမယ်။ ဒါပေမယ့် သူတို့ အသက် ကန့်သတ်ထားတဲ့အထဲ ပါနေရင်တော့ ထွက်လို့မရဘူး။ အဓိက ကတော့ OWIC ကတ်ပါ။ အခုအချိန်မှာ ပြည်ပထွက်ဖို့အတွက်က အသက် ကန့်သတ်ချက်တွေလည်း ရှိနေတော့၊ အရင်တုန်းကတော့ ခွင့်ပြန်တွေဆို OWIC ကတ် မလုပ်ရပေမယ့် အခု လုပ်ရတယ်။ လုပ်ရင်လည်း ပိုက်ဆံအများကြီး ကုန်သလို အခုလုပ်၊ အခုရတာလည်း မဟုတ်ဘူး” လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေအတွက် ဝန်ဆောင်မှုပေးနေသူ တယောက်က ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ သုံးလနဲ့အထက် နေထိုင်တဲ့သူတွေအနေနဲ့ PJ နဲ့ OWIC ကတ် ရှိထားရမှာဖြစ်ပြီး ပတ်စ်ပို့က PV ဖြစ်‌နေသလို OWIC ကတ်လည်း မရှိရင်တော့ ပြည်ပပြန်ထွက်ဖို့အတွက် အခက်အခဲတွေ ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

image

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု မိုင်းခတ်မြို့ကိုဗဟိုပြုလှုပ်ခတ်

မိုင်းခတ်မြို့ကို ဗဟိုပြု၍ ယနေ့ ဒီဇင်ဘာ ၂၄ ရက်မွန်းတည့်ပိုင်းက အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဒီဇင်ဘာ ၂၄ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ် ၄၅ စက္ကန့်က ကျိုင်းတုံမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ မိုင်းခတ်မြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄ ဒသမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image

လေယာဉ်ပျက်ကျမှုကြောင့် လစ်ဗျားစစ်ဦးစီးချုပ်သေဆုံး
------------------------
လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက် အလီ အာမက် အယ်လ်-ဟတ်ဒက်ဟာ ဒီဇင်ဘာ ၂၃ ရက်က တူကီယဲမြို့တော် အန်ကာရာက ထွက်ခွာပြီးနောက် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။

လေယာဉ်ပျက်ကျမှုမှာ စစ်ဦးစီးချုပ် သေဆုံးခဲ့ပြီး အခြား စစ်ဘက်အရာရှိလေးယောက်လည်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတယ်လို့ လစ်ဗျားအစိုးရက ပြောကြားခဲ့ပါတယ်။ Dassault Falcon 50 အမျိုးအစား ဂျက်လေယာဉ် ဟာ ဟေးမာနာမြို့ပေါ်မှာ အရေးပေါ် ဆင်းသက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ဘူးလို့ လစ်ဗျား ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါဟာ အန်ကာရာမြို့ကနေ တရားဝင်ခရီးစဉ်အဖြစ် ပြန်လာစဉ် ဝမ်းနည်းဖွယ် ကောင်းပြီး နာကျင်ဖွယ်ကောင်း တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကြီးမားတဲ့ ဆုံးရှုံးမှုက နိုင်ငံအတွက်၊ စစ်တပ်အဖွဲ့အစည်းအတွက် နဲ့ ပြည်သူအားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်"လို့လည်း လစ်ဗျားဝန်ကြီးချုပ်က ပြောကြားခဲ့ ပါတယ်။

image

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံသား ၃ ဦးသေဆုံး
-----------------------
ရုရှားရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ယောက် အပါအဝင် ယူကရိန်းနိုင်ငံသား အနည်းဆုံး သုံးယောက် သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်က တိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အရေးပေါ်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး အိမ်နီးချင်း ပိုလန်နိုင်ငံကလည်း လေယာဉ်တွေ အရေးပေါ်စေလွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လေးနှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ဆွေးနွေးပွဲတွေ ထပ်မံပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အနောက်ပိုင်းဒေသတွေက စွမ်းအင်စက်ရုံတွေကို အဆိုးရွားဆုံး ထိခိုက်စေခဲ့ တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။

ရုရှားတိုက်ခိုက်မှုကြောင့် အမျိုးသားဓာတ်ငွေ့ ကုမ္ပဏီ Naftogaz ရဲ့ ထုတ်ယူရေးလက်အောက်ခံကုမ္ပဏီ Ukrnafta ပိုင် ထုတ်လုပ်မှုစက်ရုံတွေ ထိမှန်ခဲ့ပြီး "ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှု" ဖြစ်ပေါ်စေခဲ့ကာ စက်ရုံအချို့ကို ပိတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ ပတ်သက်လို့ အသေးစိတ် မဖော်ပြတာ မရှိခဲ့ပေမဲ့ ဝန်ထမ်းတွေက အပျက်အစီးတွေကို ပြုပြင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။

image

ထိုင်းနိုင်ငံ၌ မသင်္ကာဖွယ်ဒရုန်း ၂၅၀၀ ကျော် ဖမ်းဆီးရမိ
-----------------------

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးမှာ ဒီဇင်ဘာ ၂၃ ရက်က မသင်္ကာဖွယ် ဒရုန်း ၂၅၀၀ ကျော်ကို ထိုင်အာဏာ ပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။ လေဆိပ်အနီး မသင်္ကာ ဖွယ် ဒရုန်းတွေ ပျံသန်းနေတာကို သတင်းရပြီးနောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးအရ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာကနေ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဒီဒရုန်းတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ အသုံးပြုနေတဲ့ "Swarm Models" အုပ်စုလိုက် တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ ဒီဒရုန်းတွေကို ကုန်းလမ်းကတစ်ဆင့် ထိုင်းနိုင်ငံထဲကို ခိုးယူ တင်သွင်း လာကာ ပြည်တွင်းမှာ ပြန်လည်တပ်ဆင် တာ ဒါမှမဟုတ် အသုံးပြုတာတွေ လုပ်နိုင်တယ်လို့ အာဏာပိုင်တွေ က ယူဆနေကြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံ အတွက် လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြပါ တယ်။ လက်ရှိမှာ တော့ သိမ်းဆည်း ရမိတဲ့ ဒရုန်းတွေကို အသေးစိတ် စစ်ဆေးနေပြီး လေဆိပ်အနီး ပျံသန်းခဲ့တဲ့ ဒရုန်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိ၊ မရှိ ဒါမှမဟုတ် ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ ဆိုတာကိုတော့ အာဏာပိုင်တွေက အတည်မပြုနိုင်သေးပါဘူး။

image

ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်း ဂျပန်အစိုးရ ခေါ်ယူဦးမယ်

ဂျပန်အစိုးရဟာ ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်းကျော်ကို ကျွမ်းကျင်လုပ်သားတွေနဲ့ သင်တန်းသားသစ် စနစ်နှစ်ခုအောက်မှာ လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၉ ခုနှစ် မတ်လကုန်အထိ သတ်မှတ်အလုပ်သားအရေအတွက်ကို လက်ခံမယ့် အစီအစဉ်ကို ကျွမ်းကျင်သူအဖွဲ့ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိစနစ်အရ သတ်မှတ်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် ကဏ္ဍ ၁၉ ခုမှာ လူ ရှစ်သိန်းကျော်ကို လက်ခံမယ်လို့ ပြောပါတယ်။

စက်မှုလုပ်ငန်းအလိုက် လူတသိန်းကိုးသောင်းကျော်ကို စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းသုံးသောင်းကျော်ကို အစားအသောက်နဲ့ အဖျော်ယမကာထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းနှစ်သောင်းကျော်ကို သူနာပြုစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ခေါ်ယူမှာလို့ အစီအစဉ်မှာ ဖော်ပြထားပါတယ်။

၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် အခြားစနစ်တခုမှာတော့ မူအရ သုံးနှစ်အတွင်း သတ်မှတ်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းအဆင့်ကို ရောက်ရှိစေဖို့ ပြည်ပလုပ်သားတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒီစနစ်အောက်မှာတော့ ကဏ္ဍ ၁၇ ခုအတွက် စုစုပေါင်း ပြည်ပလုပ်သား လေးသိန်းနှစ်သောင်းကျော်ကို လက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းအလိုက် တသိန်းနှစ်သောင်းကျော်ကို ဆောက်လုပ်ရေးလုပ်ငန်း၊ တသိန်းတသောင်းကျော်ကို စက်မှုထုတ်လုပ်ရေးလုပ်ငန်း၊ ခြောက်သောင်းကျော်ကိုတော့ အစားအသောက်နဲ့ အဖျော်ယမကာထုတ်လုပ်ရေးလုပ်ငန်းမှာ ခန့်အပ်ဖို့ရှိနေပါတယ်။

ဒါဟာ ဂျပန်မှာ မျှော်မှန်းထားတဲ့ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အတူ အလုပ်ခန့်အပ်နိုင်တဲ့ အမြင့်ဆုံး လုပ်သားအင်အားဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစီအစဉ်ကို ဇန်နဝါရီလမှာ ဆွေးနွေးပြီးနောက် အစိုးရအဖွဲ့က အတည်ပြုဖို့ စီစဉ်ထားပါတယ်။

image

ဝက်လက်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ခုနှစ်ယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ငါးပတ်ချောင်းရွာမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက လေကြောင်း တိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံး မှုရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။

သေဆုံးသူတွေက အမျိုးသမီး ငါးယောက် နဲ့ အမျိုးသား နှစ်ယောက်တို့ ဖြစ် ကြောင်း သိရှိရပြီး လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူလည်း ခြောက်ယောက်အထိ ရှိထားတယ်လို့ သိရပါတယ် ။

" ညနေ ၄ နာရီ ၂၀ လောက်မှာ ကြဲသွားတယ်။ကနဦး သိရတာ သုံးယောက် ပါ။ထပ်တိုး သေဆုံးတာ လေးယောက်ပါ ။ ထပ်တိုးသေဆုံးတဲ့အထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အထဲမှာ ယောကျ်ားလေး ငါးယောက်နဲ့ မိန်းကလေး တယောက် လို့သိရတယ်။ " လို့ စစ်ရှောင် အရေးကူညီ နေသူက ပြောပါတယ် ။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း လူသေဆုံးမှု အပြင် နေအိမ် အချို့လည်း မီးလောင် ပျက်စီးခဲ့သလို ကား သုံးစီး ထိခိုက် ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသမှု လုပ်ပေးနေကြတယ် လို့သိရပါတယ် ။

ဒီဇင်ဘာ ၁၉ ရက်နေ့ ၊ ဝက်လက်မြို့နယ် ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီးကို လေကြောင်း တိုက်ခိုက် ခံခဲ့ရပြီး သုံးယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၈ ရက်အတွင်းမှာလည်း ဝက်လက်မြို့နယ် ထဲက ဆည်တော ရွာ ၊ နတ်မှော်ဦးရွာ ၊ ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် ၊ ယင်းမာရွာ တို့မှာ လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ ထက်မနည်း ရှိ ခဲ့တယ်လို့ သိရပါတယ်။

image

အလုံမြို့နယ်၌ တတိယအကြိမ်မဲစာရင်းများကပ်ထား

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆမ္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကပ်ထားကြေညာရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများကြည့်ရှုစေရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများကြိုတင်သိရှိစေရေးတို့အတွက် တာ၀န်ရှိသူများပူးပေါင်းဆောင်ရွက်ရန်မှာကြားပြီး မဲစာရင်းလာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်များကိုနှုတ်ဆက်ခဲ့သည်။

ရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာမည်ဖြစ်သည်။

image