ဒီမိုကရက်တစ်ကွန်ဂိုနှင့်ပွဲတွင် ပွဲထွက်ကစားလာမဲ့ အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်စ်
====================

အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဒီကလန်ရိုက်စ်ဟာ လာမဲ့ ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရက်တစ်ကွန်ဂိုနှင့်ရင်ဆိုင်ကစားရမဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားလာမည်ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့တုန်းက ဂါနာနှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ခြေသလုံးဒဏ်ရာရရှိပြီးနောက် ပနားမားအား ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် အနားပေးခြင်းခံခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ဒီကလန်ရိုက်စ်ဟာ ပနားမားနှင့်ပွဲမတိုင်မီ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်း မရှိပေမဲ့လည်း နယူးဂျာစီသို့ မထွက်ခွာမီ အသင်းနှင့်အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းနိုင်ခဲ့ပါတယ်။
သောမတ်စ်တူချယ်ဟာ ဒီကလန်ရိုက်စ် ဒဏ်ရာကြောင့် နားနေစဉ် ကွင်းလယ်တွင် ဂျူ့ဘယ်လင်ဂမ်နှင့် အီးလီးယော့အင်ဒါဆင်တို့ကို အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါ တူချယ်ဟာ အတ္တလန္တာတွင် ကစားမဲ့ ကွန်ဂိုနှင့်ပွဲတွင် ဒီကလန်ရိုက်စ်အား ပွဲထွက်လူစာရင်းတွင် ပြန်လည် ထည့်သွင်းလာပါမယ်။
တဖက်တွင် တူချယ်ဟာ ညာနောက်ခံလူများဖြစ်ကြတဲ့ ရီစီဂျိမ်းစ်နှင့် ဂျာရဲလ်ကွန်ရှာတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ ညာနောက်ခံလူနေရာအတွက် ခေါင်းခဲလျက်ရှိပါတယ်။

image

မုတ်သုံလေအားကောင်းလာ၍ ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ဒေသ(၇)ခုတွင် မိုးကြီးနိုင်

မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ဒေသ(၇)ခုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယင်းဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၃၀ ရက် နံနက် ၈ နာရီတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် အကြံပြုထားသည်။
အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

image

အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု တတိယမြောက် နိုင်ငံ အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီးနှင့်အတူ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် လာအိုနိုင်ငံသမ္မတ သွန်လွန် စီဆူလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
ယခု ခရီးစဉ်သည် နိုင်ငံတော်သမ္မတ၏ မကြာသေးမီက တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အပြီး ဆက်လက်ဆောင်ရွက်သည့် ဒေသတွင်း သံတမန်ရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်ကာ အစိုးရသစ် ၏ ၂ လကျော်ကာလအတွင်း နယ်နမိတ်ချင်း ထိစပ် နေသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှု တတိယမြောက် နိုင်ငံ ဖြစ်သည်။
မြန်မာ-လာအို နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးသည် ၇၁ နှစ် ရှိလာနေပြီဖြစ်ပြီး ပိုမိုခိုင်မာစေမည့် ခရီးစဉ်တစ်ရပ်အဖြစ် မျှော်လင့်ထားကြောင်း သိရသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၃၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၉၆၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၀၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၅ ကျပ်
ဝယ်ဈေး - ၄၉၂၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၁ ကျပ်
ဝယ်ဈေး - ၁၀၆၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၃၃ ကျပ်
ဝယ်ဈေး - ၂၆.၆၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၈၈ ကျပ်
ဝယ်ဈေး - ၄၅.၆၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၆၅ ကျပ်
ဝယ်ဈေး - ၅၇၁၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၈ ကျပ်
ဝယ်ဈေး - ၂၉၆၉ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၁၄ ကျပ်
ဝယ်ဈေး - ၃၀၃၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၅ ကျပ်
ဝယ်ဈေး - ၅၅၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၇ ကျပ်
ဝယ်ဈေး - ၁၁၇၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
3 w - Translate

မြန်မာနိုင်ငံကို ဘယ်သူက ကူညီပေးနေလဲ။ တရုတ်နိုင်ငံက အဓိကအင်အားစုပါ။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းက “တရုတ်နိုင်ငံသည် လျှပ်စစ်ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ ၇၀% ခန့်သည် တရုတ်နိုင်ငံမှ လာခြင်းဖြစ်သည်” ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါသည်။ အကောင်အထည်ဖော်ပြီးသော အဓိကစီမံကိန်းများတွင် အောက်ပါတို့ ပါဝင်သည်-
၁။ သာကေတဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ- ပထမအဆင့် လည်ပတ်မှု၊ ၁၀၆ မဂ္ဂါဝပ်။
၂။ ကျောက်ဆည်ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ- ၁၄၅ မဂ္ဂါဝပ် လည်ပတ်မှု၊
၃။ တိုင်ပင်ကျန်း ပထမအဆင့် ရေအားလျှပ်စစ်စက်ရုံ- China Power Construction Corporation မှ တည်ဆောက်လည်ပတ်မှု၊
Mekhtar La 1 GW ဓာတ်အားပေးစက်ရုံ- ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး GW အဆင့် ဓာတ်အားပေးစက်ရုံ၊
Xiaoqipei ရေအားလျှပ်စစ်စက်ရုံ (မြစ်ကြီးနား)- ၉၉ မဂ္ဂါဝပ် လည်ပတ်နေပြီး မြစ်ကြီးနားသို့ ၂၄ နာရီ ဓာတ်အား ထောက်ပံ့ပေးနေသည်။ 500 kV ဓာတ်အားလိုင်း (မြောက်မှတောင်သို့ ဓာတ်အားပို့လွှတ်ခြင်း): မြောက်ပိုင်းတွင် ဓာတ်အားပြတ်တောက်မှုပြဿနာကို ဖြေရှင်းရန် တည်ဆောက်ဆဲ ဓာတ်အားခွဲရုံကို ပံ့ပိုးပေးသည်။ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားချိတ်ဆက်မှု: နယ်စပ်ဖြတ်ကျော် ဓာတ်အားပို့လွှတ်မှု 1,400 MW ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေသည်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၂၉ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၆၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၃၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၆၂ ကျပ်
ဝယ်ဈေး - ၄၉၃၂ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၄ ကျပ်
ဝယ်ဈေး - ၆၃၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၅၁ ကျပ်
ဝယ်ဈေး - ၂၆.၇၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၀၄ ကျပ်
ဝယ်ဈေး - ၄၄.၈၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၈ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၇၁ ကျပ်
ဝယ်ဈေး - ၅၇၁၉ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၆ ကျပ်
ဝယ်ဈေး - ၂၉၈၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၄ ကျပ်
ဝယ်ဈေး - ၃၀၅၂ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၇ ကျပ်
ဝယ်ဈေး - ၅၅၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၁ ကျပ်
ဝယ်ဈေး - ၁၁၈၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ စာမေးပွဲအောင်မြင်သူ(၆၈၄)ဦးရှိ

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများအရ မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူသည် "ပညာအလင်းရောင်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား/သူ(၁,၁၉၅)ဦးရှိပြီး အောင်မြင်သူ(၆၈၄)ဦးရှိခဲ့ကာ ယင်း အနက် (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၃၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၈၆)ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။

image

နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပူတာအိုသို့ ထပ်မံရောက်ရှိ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီးသည် ယမန်နေ့ ညနေပိုင်းတွင် ပူတာအိုမြို့သို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသုံးပစ္စည်းများကို မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း သယ်ဆောင်ပို့ဆောင်လာခြင်းဖြစ်ပြီး၊ ရောက်ရှိလာသည့် ပစ္စည်းများအား သိုလှောင်ရုံတွင် စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သိုလှောင်ရုံသို့ ရွှေ့ပြောင်းသယ်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ပစ္စည်းများ သိုလှောင်ရုံသို့ စနစ်တကျ ရောက်ရှိရေးနှင့် ထိန်းသိမ်းထားရှိရေး လုပ်ငန်းစဉ်များကို ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image