မစ်ဒယ်ဘရော့လေ့ကျင့်ခန်းအစီအစဉ်အား ဗီဒီယိုခိုးရိုက်နေတဲ့ ဆောက်သမ်တန်စပိုင် ဓာတ်ပုံ ထွက်ပေါ်လာ
====================

မစ်ဒယ်ဘရော့လေ့ကျင့်ရေးကွင်းအပြင်ဘက်ကနေ လေ့ကျင့်ခန်းအစီအစဉ်အား ဗီဒီယိုခိုးရိုက်ကူးနေတဲ့ ဆောက်သမ်တန်စပိုင်ရဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဆောက်သမ်တန်တွင် တာဝန်ထမ်းဆောင်နေတဲ့ ဝီလီယမ်ဆဲလ်အမည်ရှိ လူတစ်ဦးက ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြိုင်ဘက် မစ်ဒယ်ဘရော့အသင်းရဲ့ လေ့ကျင့်ခန်းဆင်းမှုများကို ခိုးယူရိုက်ကူးခဲ့ပါတယ်။
ယင်းလူဟာ စနေနေ့တုန်းက ဂိုးမရှိသရေကျတဲ့ ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ ၇၂ နာရီအတွင်းတွင် မစ်ဒယ်ဘရော့အသင်းရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာလေ့ကျင့်ခန်းအစီအစဉ်အား သစ်ပင်များ နောက်ကွယ်မှ ခိုးယူရိုက်ကူးခဲ့တာပါ။
ဝီလီယမ်ဆဲလ်ဟာ ဆောက်သမ်တန်နည်းပြတွန်ဒါအက်ကတ်ရဲ့ ပထမအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးလို့ ယူဆရပါတယ်။
အထက်ပါ စပိုင်လုပ်မှုကြောင့် မစ်ဒယ်ဘရော့အား အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်ထံ တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်ကလည်း ဆောက်သမ်တန်အား စွဲချက်တင်ထားပါတယ်။
ဆောက်သမ်တန်ဟာ ပထမအကျော့တွင် ဂိုးမရှိသရေကျခဲ့ပေမဲ့ ဒုတိယအကျော့တွင် ၂-၁ ဖြင့် အနိုင်ရရှိကာ ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်ရောက်ထားပါတယ်။
ယခုအခါ မစ်ဒယ်ဘရော့ရဲ့ ရှေ့နေအဖွဲ့ဟာ ယခု စပိုင်မှုနှင့်ပတ်သက်တဲ့ အချက်အလက်များ၊ ဗီဒီယိုမှတ်တမ်းများအား လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တင်ပြလာပါမယ်။
ယခုအဖြစ်အပျက်ကြောင့် ဆောက်သမ်တန်ဟာ ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်ရောက်ထားပေမဲ့လည်း ဖယ်ရှားခံလာရဖို့ ရှိနေပါတယ်။
ဒါကြောင့်လည်း ဆောက်သမ်တန်အသင်းဟာ ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့ပေမဲ့လည်း ယနေ့ ကြာသပတေးနေ့တွင် ကစားသမားများအား လေ့ကျင့်ရေးကွင်းသို့ လာရောက်စေကာ လေ့ကျင့်ခန်း ပြုလုပ်နေပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ပရိသတ်များကို ကမ္ဘာ့ဖလားအထိမ်းအမှတ်ကွန်ဒုံးများ အခမဲ့ဝေမျှလာမဲ့ တိုရွန်တိုကျန်းမာရေးဌာန
====================

တိုရွန်တိုအာဏာပိုင်များဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကနေဒါသို့ လာရောက်မဲ့ ကမ္ဘာ့တလွှားမှ ဘောလုံးပရိသတ်များအား ကမ္ဘာ့ဖလားအထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ ကွန်ဒုံးများအား အခမဲ့ဝေမျှလာပါမယ်။
တိုရွန်တိုဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့မှ ကမ္ဘာ့ဖလားပွဲများကို လက်ခံကျင်းပမဲ့ မြို့ ၁၆ မြို့ထဲမှ တစ်မြို့ ဖြစ်ပါတယ်။ တိုရွန်တိုရှိ BMO Field ကွင်းက ကနေဒါ၊ ဂျာမနီ၊ ခရိုအေးရှား၊ အီရတ်ပွဲစဉ်များအပါအဝင် ပွဲ ၆ ပွဲ လက်ခံကျင်းပလာပါမယ်။
တိုရွန်တိုမြို့ ပြည်သူ့ကျန်းမာရေးဌာနဟာ ကမ္ဘာတလွှားမှ ရောက်လာတဲ့ ထောင်ပေါင်းများစွာ ဘောလုံးပရိသတ်များကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားတဲ့ ကွန်ဒုံးများအပါအဝင် ကွန်ဒုံးများ အခမဲ့ဝေမျှလာပါမယ်။
တိုရွန်တို ပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ဝေမျှလာမဲ့ ကမ္ဘာ့ဖလားအထိမ်းအမှတ် ကွန်ဒုံးကို ဗားရှင်း ၆ မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။ ယင်းဗားရှင်းများကို 'What a finish!' ၊ 'Block those shots! ၊ 'Ohhh, Canada' စသဖြင့် အမည်ပေးထားပါတယ်။
တိုရွန်တိုပြည်သူ့ကျန်းမာရေးဌာနဟာ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံရေး၊ လူများအကြား လိင်ပိုင်းဆိုင်ရာကျန်းမာရေးချိတ်ဆက်မှုပေးရေး အစီအစဉ် တစ်ပိုင်းတစ်ပိုင်းအနေဖြင့် ကွန်ဒုံးများ အခမဲ့ဝေမျှလာတာလည်း ဖြစ်ပါတယ်။
ယင်းကွန်ဒုံးများကို တိုရွန်တိုမြို့တော်တလွှား ဆေးဆိုင်များ၊ သတ်မှတ်နေရာများတွင် အခမဲ့ဝေမျှလာပါမယ်။
ကနေဒါဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ဘော့စနီးယားနှင့် ကစားရမှာ ဖြစ်ပါတယ်။
BMO Field ကွင်းတွင် ဂါနာနှင့် ပနားမား၊ ဂျာမနီနှင့်အိုင်ဗရီကို့စ်၊ ခရိုအေးရှားနှင့် ပနားမား၊ ဆီနီဂေါနှင့် အီရန်တို့ရဲ့ အုပ်စုပွဲစဉ်များအပြင် ဇူလိုင်လ ၂ ရက်နေ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်း လက်ခံကစားလာပါမယ်။

image

ရမှတ်လျှော့ချမှုအား ဝက်စ်ဘရွန်း အယူခံဝင်လာတော့မည်မဟုတ်
===================

ဝက်စ်ဘရွန်းက ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် အယူခံဝင်လာတော့မှာ မဟုတ်ကြောင်း ကြေညာလာပါတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းက အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ အရေးယူမှုအပေါ် လက်ခံနိုင်စရာမရှိကြောင်း ဆိုသွားပါတယ်။
ဝက်စ်ဘရွန်းဟာ ပြီးခဲ့တဲ့လတုန်းက လွတ်လပ်တဲ့ခုံအဖွဲ့ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းအား ချိုးဖောက်မှုအတွက် ၂ ရက်ကြာ ကြားနာစစ်ဆေးပြီးနောက် ရမှတ် ၂ မှတ်လျှော့ချခြင်းခံခဲ့ရပါတယ်။
ဝက်စ်ဘရွန်းဟာ ရာသီသိမ်းရန် ၂ ပွဲအလိုတွင် ရမှတ် ၂ မှတ်လျှော့ချခြင်းခံရမှုကြောင့် အဆင့် ၂၀ နေရာတွင် ရပ်တည်လာကာ တန်းဆင်းဇုန်နှင့် ၆ မှတ်အကွာသို့ ရောက်သွားခဲ့ပြီး လိဂ် ၁ သို့ တန်းဆင်းရနိုင်တဲ့ အခြေအနေနှင့် ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဝက်စ်ဘရွန်းဟာ ရာသီသိမ်းချိန်မှာတော့ တန်းဆင်းဇုန်နှင့် ၄ မှတ်အကွာတွင် ရပ်တည်ကာ ချန်ပီယံရှစ်တွင် ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ အင်္ဂလိပ်ဘောလုံးလိဂ်ကလပ်က ဝက်စ်ဘရွန်းမှာ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းကို ကျော်လွန်ကာ ပေါင် ၁.၉၇ သန်း ပိုရှုံးခဲ့ကြောင်း ကြေညာသွားပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းအရ ကလပ်များဟာ သုံးနှစ်အတွင်း ပေါင် ၃၉ သန်းအထိ အရှုံးပေါ်ခွင့်ရှိပါတယ်။
တကယ်လို့များ ကလပ်များအနေဖြင့် ပေါင် ၂ သန်းပိုရှုံးလာပါက ရမှတ် ၄ မှတ်အထိ လျှော့ချခံရပါမယ်။
ဝက်စ်ဘရွန်းဟာ ပေါင် ၂.၁ သန်း ငွေပေးချေမှုအား နောက်ဆုံး အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း တွက်ချက်မှုတွင် ထည့်သွင်းခဲ့ခြင်း မရှိပေမဲ့လည်း အင်္ဂလိပ်ဘောလုံးလိဂ်က ယင်းကို လက်မခံမှုနှင့်အတူ ယခုကဲ့သို့ ၂ မှတ်လျှော့ချခံလာရတာပါ။
ယခုအခါမှာတော့ ဝက်စ်ဘရွန်းဟာ ချန်ပီယံရှစ်တွင် ဆက်လက် ရပ်တည်လာမှုနှင့်အတူ ယင်းအဖြစ်အပျက်အား ပြည်ဖုံးကားချကာ အယူမခံဝင်တော့ဘဲ အနာဂတ်အတွက်သာ အာရုံစိုက် လုပ်ဆောင်တော့ရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။

image

ပရိသတ်များရဲ့ ဝေဖန်မှုများ ကြုံရပြီးနောက် ကမ္ဘာ့ဖလားသယ်ယူပို့ဆောင်ရေးအခကြေးငွေအား လျှော့ချလာ
=====================

ပရိသတ်များရဲ့ ဝေဖန်မှုများနှင့် ကြုံရပြီးနောက် နယူးဂျာစီရှိ MetLife Stadium သို့ ကမ္ဘာ့ဖလားပွဲကြည့်ရန်သွားမဲ့ မီးရထားနှင့် ဘတ်စ်ကားခဈေးနှုန်းအား လျှော့ချသတ်မှတ်လာပါတယ်။
ယခင်တုန်းက MetLife Stadium သို့ သွားမဲ့ မီးရထားလက်မှတ်ခကို ဒေါ်လာ ၁၅၀ (ပေါင် ၁၁၀)အထိ သတ်မှတ်ထားတာ ဖြစ်ပြီး ယခုအခါ ၉၈ ဒေါ်လာ (၇၃ ပေါင်)သို့ လျှော့ချသတ်မှတ်လာပါတယ်။
ဒါ့အပြင် ဘတ်စ်ကားခကိုလည်း ယခင်တုန်းက ဒေါ်လာ ၈၀ (၇၃ ပေါင်) သတ်မှတ်ထားရာမှ ယခုအခါ ဒေါ်လာ ၂၀ (၁၅ ပေါင်)သို့ လျှော့ချသတ်မှတ်လာပါတယ်။
MetLife Stadium ကွင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဖီဖာရဲ့ပေါ်လစီအရ New York/New Jersey Stadium အမည်ဖြင့် အသုံးပြုလာမှာ ဖြစ်ပြီး ဗိုလ်လုပွဲအပါအဝင် ကမ္ဘာ့ဖလားပွဲ ၈ ပွဲ လက်ခံကစားလာပါမယ်။
မန်ဟတ်တန်ရှိ ပန်းဘူတာမှ ကွင်းသို့ မီးရထားခအား ယခုကဲ့သို့ သတ်မှတ်လာတာပါ။ တဖက်တွင် အပြန်မီးရထားခမှာ ပုံမှန်အတိုင်း ဒေါ်လာ ၁၂.၉၀ အတိုင်းပင် သတ်မှတ်ထားပါတယ်။
ယခင် ရုရှားနှင့် ကာတာတို့က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပစဉ်တုန်းက ခရီးသွားလာမှုအား အခမဲ့ စီစဉ်ပေးခဲ့ပါတယ်။ အမေရိကန်ဟာလည်း ၂၀၁၈ ခုနှစ်တုန်းက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိတုန်းက ခရီးသွားလာရေးအား အခမဲစီစဉ်ပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်တွင် အပြောင်းအလဲ ဖြစ်ကာ ပရိသတ်များအနေဖြင့် ခရီးစရိတ်ကျခံရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်.
ယခုအခါ နယူးဂျာစီမြို့တော်ဝန် မိုက်ရှာရဲလ်က ကော်မာရှယ်စပွန်ဆာကြောင့် မိနစ် ၃၀ ကြာ မီးရထားခရီးစရိတ်အား လျှော့ချလာနိုင်ပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
နယူးဂျာစီဟာ ပြည်သူ့ဘဏ္ဍာငွေ အသုံးမပြုဘဲ ခရီးစရိတ်လျှော့ချလာနိုင်တာလည်း ဖြစ်ပါတယ်။
တဖက်တွင် နယူးယောက်မြို့တော်ဝန်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသွားအပြန်ဘတ်စ်ကားခကို ၇၅ ရာခိုင်နှုန်းအထိ‌ လျှော့ချထားကြောင်း ကြေညာထားပါတယ်။
ဒါပေမဲ့ ဘော်စတွန်၊ ဖောက်စ်ဘရော့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားကြည့်မဲ့ ပရိသတ်များက ခရီးစရိတ်လက်မှတ်ဈေးနှုန်း ၃၀၀ ရာခိုင်နှုန်းကျော်အထိ အသုံးပြုရပါမယ်။
ဘော်စတွန်မြို့လည်(တောင်ပိုင်းဘူတာ)မှ ဖောက်စ်ဘရော့ရှိ ဘော်စတွန်ကွင်းသို့ ယခင် အသွားအပြန်မီးရထားခမှာ ဒေါ်လာ ၂၀ သာ ရှိပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဒေါ်လာ ၈၀ အထိ ကျခံရပါမယ်။
နယူးဂျာစီ၊ ဖောက်စ်ဘရော့မှ ခရီးစရိတ်မြင့်မားမှုဒဏ်ကို အင်္ဂလန်နှင့် စကော့တလန်ပရိသတ်များ ခံရပါမယ်။
အင်္ဂလန်ဟာ ဇွန်လ ၂၃ ရက်နေ့တွင် ဖောက်စ်ဘရော့တွင် ဂါနာနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် MetLife Stadium တွင် ပနားမားနှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။
စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်မှာလည်း ဇွန်လ ၃ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့တို့တွင် ဖောက်စ်ဘရော့တွင် ဟေတီ၊ မော်ရိုကိုတို့နှင့် ကစားရပါမယ်။
ကန်ဆက်စ်စီးတီးမှာ အပြန်ဘတ်စ်ကားခကို ၁၅ ဒေါ်လာ၊ ဖယ်လာဒယ်ဖီယာမှာ ပုံမှန်အတိုင်း ဒေါ်လာ ၂.၉၀ သာ ဆက်လက် သတ်မှတ်ထားပါတယ်။

image

ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းကို ရာဖေးလ်နာဒယ်တုံ့ပြန်လာ
======================

တင်းနစ်ဂန္ထဝင်ရာဖေးလ်နာဒယ်ဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်ကာ ဖလော်ရင်တီနိုပီရက်ဇ်ရဲ့ နေရာကို ဆက်ခံမယ်လို့ သတင်းထွက်ပေါ်နေမှုအား အလျှင်အမြန် ရှင်းလင်းလာပါတယ်။
ဂရင်းစလင်း ၂၂ ကြိမ် ချန်ပီယံဟာ ရီးရဲလ်မက်ဒရစ်အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ဖလော်ရင်တီနိုပီရက်ဇ်က ရီးရဲလ်မက်ဒရစ်ဥက္ကဌရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာလာပြီးနောက် ဥက္ကဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဂုဏ်ထူးဆောင်ကလပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရာဖေးလ်နာဒယ်က "ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မယ်ဆိုတဲ့သတင်းတွေ ဖတ်ရပါတယ်။ ဒီသတင်းတွေက မဟုတ်မှန်ဘူးဆိုတာ ရှင်းလင်းလိုပါတယ်"လို့ ရှင်းလင်းလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ၂ ရာသီဆက် အဓိကဆုဖလားလက်မဲ့ ရာသီများ ကြုံရပြီးနောက် အသင်းရဲ့ လက်ရှိ အခြေအနေအပေါ် မကျေနပ်တဲ့ ကလပ်အဖွဲ့ဝင်များအနေဖြင့် ရှေ့ထွက်ကာ ဥက္ကဌရွေးကောက်ပွဲ ယှဉ်ပြိုင်ကြရန် ပြောဆိုထားပါတယ်။
ရာဖေးလ်နာဒယ်ဟာ ကမ္ဘာသိအားကစားသမားတစ်ဦးဖြစ်တဲ့အပြင် ကလပ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်သလို ကလပ်ပွဲများအား VIP Box တွင် အစဉ်လာကြည့်လေ့ရှိသူ ဖြစ်ပါတယ်။
သူဟာ ဥက္ကဌရွေးကောက်ပွဲယှဉ်ပြိုင်ရန် အဓိကလိုအပ်ချက်ဖြစ်တဲ့ ကလပ်အဖွဲ့ဝင် နှစ် ၂၀ ရှိရမယ်၊ လုံလောက်တဲ့ ဘဏ္ဍာရေးအာမခံချက် ရှိရမယ်ဆိုတဲ့အချက်နှင့် ကိုက်ညီနေရာ ပီရက်ဇ်နေရာအတွက် ယှဉ်ပြိုင်မယ်လို့ ယူဆခြင်းခံခဲ့ရတာပါ။
စပိန်တွင် ထွက်ပေါ်နေတဲ့သတင်းများအရ အန်းနရစ်ရီကွဲလ်မီးကလည်း ရီးရဲလ်မက်ဒရစ်ဥက္ကဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ကလပ်ကို ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးလာတဲ့အပြင် ငွေကြေးနှင့် အာဏာဩဇာပြည့်ဝသူ ဖြစ်ရာ သူ့ကို ယှဉ်ပြိုင်လာမဲ့သူမှာလည်း နောက်ခံတောင့်တင်းတဲ့သူ ဖြစ်ဖို့ လိုအပ်နေပါတယ်

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၁၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၄၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၆၀ ကျပ်
ဝယ်ဈေး - ၄၁၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၉၅ ကျပ်
ဝယ်ဈေး - ၄၈၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၄၂ ကျပ်
ဝယ်ဈေး - ၁၂၈.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၉ ကျပ်
ဝယ်ဈေး - ၆၁၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇ ကျပ်
ဝယ်ဈေး - ၂၆.၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၈ ကျပ်
ဝယ်ဈေး - ၄၃.၆၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၂ ကျပ်
ဝယ်ဈေး - ၅၅၇၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၇၁ ကျပ်
ဝယ်ဈေး - ၂၉၉၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၄၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၇ ကျပ်
ဝယ်ဈေး - ၅၃၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၀ ကျပ်
ဝယ်ဈေး - ၁၁၄၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

မေဂျာလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားအဖြစ် ပေါင် ၁၈.၅ သန်းဖြင့် လီယွန်နယ်မက်ဆီ ရပ်တည်နေ
====================

လီယွန်နယ်မက်ဆီဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၂၅ သန်း(ပေါင် ၁၈.၅ သန်း)ဖြင့် မေဂျာလိဂ်ရဲ့ လုပ်ခအများဆုံးရကစားသမားအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ မက်ဆီဟာ ဒုတိယလုပ်ခအများဆုံးရကစားသမားထက် လုပ်ခနှစ်ဆကျော် ပိုမို ရရှိကာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
မေဂျာလိဂ်ကစားသမားများသမဂ္ဂက မေဂျာလိဂ်ကစားသမားများရဲ့ လုပ်ခကို ထုတ်ပြန်ကြေညာလာရာမှာ မက်ဆီက လုပ်ခအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရှိလာရတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားစူပါစတားဟာ အပိုဆုကြေးနှင့် အခြားအရာများအပါအဝင် စုစုပေါင်း လုပ်ခမှာ ဒေါ်လာ ၂၈.၃ သန်း(ပေါင် ၂၀.၉သန်း) ရရှိနေတာပါ။
မက်ဆီရဲ့နောက်တွင် ဒုတိယလုပ်ခအများဆုံးရ ကစားသမားအဖြစ် စပါးစ်အသင်းခေါင်းဆောင်ဟောင်းဆန်ဟောင်မင်းက အယ်လ်အေအက်ဖ်စီတွင် တစ်နှစ်လုပ်ခ ဒေါ်လာ ၁၀.၄ သန်း(ပေါင် ၇.၇ သန်း)ရရှိကာ ရပ်တည်နေပါတယ်။ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၁.၂ သန်း ရရှိရေး အာမခံချက် ရရှိထားပါတယ်။
စပါးစ်စတားဟောင်းဟာ အင်တာမိုင်ယာမီရဲ့ ရိုဒရီဂိုဒီပေါလ်နှင့် ဆန်ဒီယေဂိုအက်ဖ်စီတို့မှ ဟာဗေးရင်းလိုဇာနိုထက် အနည်းငယ်ပိုရရှိနေပါတယ်။
ယခုကြေညာလာတဲ့ လုပ်ခအတွင်းထဲမှာ စပွန်ဆာဝင်ငွေမပါဝင်ပါဘူး။
မက်ဆီဟာ ၂၀၂၃ ခုနှစ်တွင် ဖလိုရီဒါအခြေစိုက်ကလပ်သို့ ပြောင်းလာပြီးနောက် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဖလား ဆွတ်ခူးနိုင်အောင် အဓိကနေရာမှ ကူညီပေးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းယူနိုင်ခဲ့ကာ မေဂျာလိဂ်တန်ဖိုးအရှိဆုံးကစားသမားဆုအား ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံပါတီကို တားဆီးလာတဲ့ ခရစ္စတယ်ပဲလေ့စ်
======================

ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် အာဆင်နယ်ပရိသတ်များ အိမ်ရှင်ပွဲကြည့်စင်တွင် လာရောက်ကြည့်ရှုမှုအား တားဆီးရေး စည်းမျဉ်းစည်းကမ်းပိုင်း လုံခြုံရေးပိုင်း တိုးမြှင့်လုပ်ဆောင်လာပါတယ်။
အာဆင်နယ်ဟာ ရာသီသိမ်းပွဲအဖြစ် Selhurst Park သို့ သွားရောက် ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် ၂၂ နှစ်တိုင် စောင့်ဆိုင်းလာခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးလာနိုင်ဖို့ ရှိနေပါတယ်။
ပဲလေ့စ်ဟာ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးလာနိုင်တဲ့ အာဆင်နယ်ပရိသတ်တို့ ယင်းပွဲကို ကြည့်ရှုရေး ကြိုးပမ်းရာတွင် ပဲလေ့စ်အသင်းပရိသတ်များရဲ့လက်မှတ်ကို ဝယ်ယူကြည့်ရှုလာနိုင်မှုအား တားဆီးလာပါတယ်။
ယခုအခါ ခရစ္စတယ်ပဲလေ့စ်ဟာ ယခုပွဲစဉ်တွင် အိမ်ရှင်ပရိသတ်ပွဲကြည့်စင်တွင် အဝေးကွင်းပရိသတ်များ လာရောက်ကြည့်ရှုမှုအား တားဆီးရန်အတွက် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် အိမ်ကွင်းလက်မှတ်စည်းမျဉ်းစည်းကမ်းကို လိုက်နာရန် ကြေညာလာပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ အာဆင်နယ်နှင့် ရာသီသိမ်းပွဲစဉ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ အကောင့်မှတ်ပုံတင်ထားသူများကိုသာ ဝယ်ယူခွင့်ပေးလာပါမယ်။
တဖက်တွင် ပဲလေ့စ်ဟာ ရာသီသိမ်းပွဲတွင် မသန်စွမ်းလက်မှတ်များအား အာဆင်နယ်ပရိသတ်များ ဝယ်ယူနိုင်မှုအား တားဆီးထားပါတဘ်။
ဒါ့အပြင် ပဲလေ့စ်ဟာ ပရိသတ်တစ်ဦးဦးက လက်မှတ်အား အာဆင်နယ်ပရိသတ်အား မျှဝေမှုပြုလုပ်ကြောင်း တွေ့ရှိလာပါက လာမယ့်ရာသီ ကလပ်အဖွဲ့ဝင်အဖြစ်မှ လည်းကောင်း၊ တစ်ရာသီလက်မှတ်ဝယ်ယူခွင့်မှလည်းကောင်း ပိတ်ပင်လာပါမယ်။
တနင်္ဂနွေနေ့တုန်းက London Stadium တွင် ကစားတဲ့ ပွဲစဉ်တွင် အာဆင်နယ်ပရိသတ်တစ်ဦးဟာ ဝက်စ်ဟမ်းရဲ့ အိမ်ရှင်ပွဲကြည့်စင်သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ပွဲကြည့်စင်အပေါ်ဆုံးလှေကားမှ အောက်သို့ တန်းချခံခဲ့ရကြောင်း တွေ့ရပါတယ်။

image

မစ်ဒယ်ဘရော့အား စပိုင်လုပ်ကြောင်း တွေ့ရှိပါက ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲ နေရာမှ ဖယ်ရှားခံလာရဖို့ ရှိနေတဲ့ ဆောက်သမ်တန်
=====================

ဆောက်သမ်တန်ဟာ ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပြိုင်ဘက် မစ်ဒယ်ဘရော့အား စပိုင်လုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှ ဖယ်ရှားခြင်းခံရဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်ဟာ အင်္ဂါနေ့တုန်းက ပလေးအော့ဖ်ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် မစ်ဒယ်ဘရော့အား ၂-၁ ဖြင့် အနိုင်ရရှိကာ ဝင်ဘာလေကွင်းတွင် ကစားမဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ မစ်ဒယ်ဘရော့အား စပိုင်လုပ်မှုကြောင့် ပရီးမီးယားလိဂ်သို့ တန်းပြန်တက်ရေး အိပ်မက် ပျက်ပြယ်လာဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်ပထမအသင်းမှ လေ့လာသုံးသပ်သူလို့ ယူဆရတဲ့ လူတစ်ဦးဟာ ကြာသပတေးနေ့တုန်းက မစ်ဒယ်ဘရော့အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်အား ခြုံပုတ်မှ ခိုးကြည့်ကာ ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ယင်းအမျိုးသားဟာ မည်သူ ဖြစ်ကြောင်း ပြောကြားရန် ငြင်းဆိုခဲ့ပြီး ဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်များကို ဖျက်ခဲ့ရပါတယ်။
သူဟာ မစ်ဒယ်ဘရော့လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားပြီးနောက် အနီးရှိ မစ်ဒယ်ဘရော့ဥက္ကဌစတိဗ်ဂစ်ဘ်ဆင် ပိုင်ဆိုင်တဲ့ ဟိုတယ်ရဲ့ အိမ်သာခန်းသို့ ဝင်ရောက်သွားကာ အဝတ်အစားလဲပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်ဟာ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး တိုင်ကြားမှု ရရှိလာပြီးနောက် ဆောက်သမ်တန်အား စည်းမျဉ်းချိုးဖောက်မှုအတွက် စွဲချက်တင်လာပါတယ်။
ဆောက်သမ်တန်ဟာ ကလပ်များအကြား အပြန်အလှန်ယုံကြည်မှုကို ချိုးဖောက်ခြင်း၊ ပွဲမတိုင်မီ ၇၂ နာရီအတွင်း ပြိုင်ဘက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်အား စုံစမ်းထောက်လှမ်းမှု ပြုလုပ်မှုတို့အတွက် စွဲချက် ၂ ခု တင်ခြင်းခံထားရပါတယ်။
လက်ရှိအချိန်တွင် အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်ဟာ ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
တဖက်တွင် ဆောက်သမ်တန်ဟာ အပြစ်ရှိကြောင်း တွေ့ရှိလာပါက ပလေးအော့ဖ်မှ ထုတ်ပယ်ခြင်းခံလာရဖို့ ရှိပါတယ်။
The Times ရဲ့ ဖော်ပြမှုအရ ဆောက်သမ်တန်ဟာ အပြစ်ရှိကြောင်း တွေ့ရှိလာပါက ဒဏ်ရိုက်ခံလာရမှာ မဟုတ်ဘဲ အားကစားဆိုင်ရာအပြစ်ပေးခြင်းခံလာရဖို့ ရှိနေကြောင်း သိရပါတယ်။
အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်ဟာ မေလ ၂၃ ရက်နေ့ ပလေးအော့ဖ်ဗိုလ်လုပွဲမတိုင်မီ ယင်းအဖြစ်အပျက်အား ကြားနာဆုံးဖြတ်လာဖို့ ရှိပါတယ်။
ဒါကြောင့်လည်း ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ခဲ့တဲ့ မစ်ဒယ်ဘရော့အနေဖြင့် ဝင်ဘာလေပလေးအော့ဖ်ဗိုလ်လုပွဲတွင် ပါဝင်လာနိုင်ပါသေးတယ်။
ဒါကြောင့်လည်း မစ်ဒယ်ဘရော့အနေဖြင့် ပလေးအော့ဖ်ဆီမီးဖိုင်နယ်အရှုံးကြောင့် ရာသီသိမ်းသားပြီဖြစ်ပေမဲ့လည်း ကစားသမားများအား အားလပ်ရက် မစေလွတ်ဘဲ လေ့ကျင့်ခန်းဆက်လက် ပြုလုပ်လာစေရဖို့လည်း ရှိနေပါတယ်။

image