မန္တလေးလေဆိပ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပုံမှန်အတိုင်း ပြန်လည်စတင်

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို မနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကနေစပြီး ပုံမှန်အတိုင်း လုပ်ငန်းပြန်လည် လည်ပတ်နေပြီလို့ သိရပါတယ်။
ဒါအပြင် Air Thanlwin လေကြောင်းလိုင်းကလည်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) ကို အစားထိုး ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်တွေကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာသာ မူလ သတ်မှတ်ထားတဲ့ ပုံမှန်အချိန်၊ ပုံမှန်ခရီးစဉ်တွေအတိုင်း ပြန်လည် ဝန်ဆောင်မှုပေးမယ်လို့ အသိပေးထားပါတယ်။
“ခရီးစဉ်တွေကို ဒီနေ့ကစပြီး ပုံမှန်အတိုင်း ပြန်ပြေးဆွဲသွားမှာပါ။ ခရီးစဉ်အချိန် အပြောင်းအလဲတွေ ရှိနိုင်တဲ့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ လက်မှတ်အရောင်း Agent တွေနဲ့ ပြန်လည်စစ်ဆေးပေးကြဖို့ လိုပါတယ်” လို့ လေဆိပ်နဲ့ နီးစပ်သူက ပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကလည်း ဒီကနေ့ကစပြီး မန္တလေးနဲ့ ဆက်စပ်ပျံသန်းလျက်ရှိတဲ့ ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး မိမိတို့ထုတ်ထားပြီး လက်မှတ်တွေကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပြီးဖြစ်လို့ ခရီးသည်တွေအနေနဲ့ ၀င်ရောက် ကြည့်ရှုနိုင်ပြီလို့ ကြေညာထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “အခုလို ပြန်ဖွင့်လိုက်တာ တကယ်ဝမ်းသာတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးကို အဆင့်ဆင့်သွားရတာ မသက်သာဘူး။ လိုင်းကားလည်း မရှိတော့ ကားကို စင်းလုံးငှားရတာ” လို့ ပြောပါတယ်။
မန္တလေးလေဆိပ် (တံတားဦး) အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၂ ဝန်းကျင်က အသေခံဒရုန်းတွေ ကျရောက်ခဲ့တာကြောင့် လေဆိပ်ရဲ့ ခရီးသည်တင် လေကြောင်းတချို့ ယာယီရပ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်း တိုက်ခိုက်ခံရပြီးနောက် မန္တလေးလေဆိပ်ကို ဆင်းသက်မယ့် တာချီလိတ်၊ မြစ်ကြီးနား၊ ဟုမ္မလင်း စတဲ့ ပြည်တွင်းလေယာဉ်တွေဟာ ခရီးစဉ်တွေကို နောက်ကြောင်း ပြန်ခေါက်ကာ မူလပျံတက်လာရာ လေဆိပ်တွေမှာ ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရက သတင်း ထုတ်ပြန်ထားတာမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FPV Suicide Drone ခြောက်စင်းနဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဒရုန်းယာဉ်တွေမှာပါရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စနစ်တကျ သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတချို့ ယာယီ ရပ်ဆိုင်းခဲ့ရပေမယ့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရ

တရုတ်နယ်စပ် ဘက်မှာ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရွှေ အပါအဝင် ပစ္စည်းတွေကို ဒဏ်ကြေး အနေနဲ့ သိမ်းဆည်းခံရကြောင်း ဖမ်းဆီးခံရပြီး မြန်မာဘက် ပြန်လည် ပို့ဆောင်ခံရသူတွေဆီက သိရပါတယ်။
"အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေက မတူဘူး။ မြန်မာနိုင်ငံသားတွေက ပိုက်ဆံ မပေးနိုင်လို့ ရွှေ၊ ငွေ၊ ဖုန်း တွေသိမ်းတာ။ မှတ်ပုံတင်တွေပါ ပြန်မရဘူး" လို့ မိန်းကလေး တယောက်က ပြောပါတယ်။
ခိုးပေါက်ကနေ ဝင်သူတွေ၊ အထောက် အထားမဲ့ နေထိုင်သူတွေ၊ ပြစ်မှု ကျူးလွန်သူတွေ စသဖြင့် အမှုပေါ် မူတည်ပြီး ဒဏ်ကြေးငွေ မတူဘူးလို့ ဆိုပါတယ်။
"တရုတ် အစိုးရ ဝန်ထမ်းတွေ ဆိုရင်တော့ တရုတ်ငွေ သိန်းရာချီ ဒဏ်ရိုက်တယ်။ မြန်မာနိုင်ငံသား အများစုက ပိုက်ဆံတွေ မပါကြဘူးလေ။ မိသားစုလည်းမရှိကြတော့ ရှိတဲ့ဟာသိမ်းပစ်တာ" လို့ နောက်ထပ် အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
အများစုက မှတ်ပုံတင်လို အရေးကြီးတဲ့အထောက်အထားတွေကို လူပွဲစားတွေက သိမ်းယူလိုက်ပြီး ပြန်မပေးတာလို့ သူက ပြောပါတယ်။
ခိုးပေါက်ကနေ ပွဲစားနဲ့ ညဝင်ရောက်သူတွေနဲ့ တရုတ်မယား အဖြစ် ရောင်းစားဖို့ လိမ်လည် ဖျားယောင်းခံရသူတွေက လက်ရှိ မူဆယ် နယ်စပ်အထိ ပြည်တော်ပြန် အဖြစ်ပြန်လည် ပို့ဆောင်ခံရပေမယ့် မှတ်ပုံတင် မရှိတော့တာကြောင့် နေရပ် ပြန်လို့မရပဲ အခက်ကြုံကာ မူဆယ်မှာ သောင်တင် ဒုက္ခ ရောက်နေကြရတယ်လို့ ဆိုပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - စက်တင်ဘာ ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၄၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၈၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၈၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၆၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၇၅ ကျပ်
ဝယ်ဈေး - ၄၂၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၅ ကျပ်
ဝယ်ဈေး - ၃၃၅၂ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၅ ကျပ်
ဝယ်ဈေး - ၄၉၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၅ ကျပ်
ဝယ်ဈေး - ၁၂၈.၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၄၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၉၄ ကျပ်
ဝယ်ဈေး - ၂၇.၂၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၁ ကျပ်
ဝယ်ဈေး - ၄၄.၆၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၁ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၄ ကျပ်
ဝယ်ဈေး - ၅၇၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၃၀ ကျပ်
ဝယ်ဈေး - ၃၀၅၁ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၈ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၂ ကျပ်
ဝယ်ဈေး - ၁၁၆၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
RafaeL64 changed his profile picture
4 w

image
Deven Williams changed his profile picture
4 w

image
Joe Hague changed his profile cover
4 w

image
Joe Hague changed his profile cover
4 w

image
Joe Hague changed his profile picture
4 w

image

တရုတ်ပြည်၏ဖွံ့ဖြိုးမှုဖြင့် မြန်မာပြည်အနာဂတ်ကို မျှော်လင့်ခြင်း
တရုတ်နိုင်ငံ ရွှေလီမြို့မှာ နေထိုင်အလုပ်လုပ်ရင်း ကျွန်တော်နေ့တိုင်း မြန်မာပြည်ရဲ့ နေ့စဉ်လူနေမှုဘဝကို ပြန်တွေးမိတတ်တယ်။ ဒီမြို့မှာ လျှပ်စစ်မီးအဆက်မပြတ်ရရှိပြီး ညဥ့်နက်တဲ့အထိ မြို့တွေတောက်ပနေပေမယ့် မြန်မာပြည်ကတော့ ဒေသအများစုမှာ မီးပြတ်တောက်မှုမကြာခဏဖြစ်တတ်ပါတယ်။ ကျေးလက်ဒေသတွေဆိုရင် တစ်ရက်ကို နာရီအနည်းငယ်သာ မီးရရှိပြီး အိမ်အလုပ်၊ စာကျက်ခြင်း၊ စီးပွားရေးလုပ်ငန်းတွေအားလုံး အခက်အခဲဖြစ်နေကြရတယ်။
ပညာရေးကဏ္ဍမှာလည်း မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေဆဲပါ။ ကျေးလက်ကျောင်းတွေမှာ ဆရာဆရာမလုံလောက်မှုမရှိသလို ခေတ်မီပညာသင်ကြားရေးပစ္စည်း၊ နည်းပညာသင်ကြားမှုစနစ်တွေလည်း နောက်ကျကျန်နေပါတယ်။ ကလေးတွေဟာ အခြေခံပညာသာရပ်သာသင်ကြားရပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ ခေတ်မီအသက်မွေးဝမ်းကျောင်းပညာတွေကို လေ့လာခွင့်နည်းပါးကြတယ်။ ဒါပေမဲ့ တရုတ်ပြည်ရဲ့ပညာရေးစနစ်ကို မြင်တွေ့ရတဲ့အခါ အလွန်အံ့သြမိပါတယ်။ တရုတ်ကျောင်းတွေမှာ ကွန်ပျူတာသင်ခန်းစာ၊ အွန်လိုင်းပညာသင်ကြားမှုစနစ်၊ လက်တွေ့လုပ်ငန်းစဉ်သင်ကြားမှုတွေပါဝင်ပြီး လူငယ်တွေက အသိပညာနဲ့ကျွမ်းကျင်မှုအပြည့်အဝရရှိကြပါတယ်။
စိုက်ပျိုးရေးဆိုရင်လည်း မြန်မာပြည်ရဲ့အဓိကစီးပွားရေးဖြစ်ပေမယ့် ရိုးရာစိုက်ပျိုးနည်းသာအသုံးပြုနေကြတုန်းပါ။ လယ်ယာမြေစီမံခန့်ခွဲမှုအားနည်းပြီး ရေလောင်းစနစ်အကန့်အသတ်ရှိသလို သီးနှံအထွက်နှုန်းလည်း မမြင့်မားပါဘူး။ သို့သော် တရုတ်နိုင်ငံရဲ့ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေက အလွန်တိုးတက်ပါတယ်။ အလိုအလျောက်ရေလောင်းစက်၊ မိုးလေဝသခန့်မှန်းနည်းပညာ၊ အထွက်နှုန်းမြင့်မျိုးစေ့နည်းပညာတွေအသုံးပြုပြီး လယ်ယာထွက်ကုန်အရည်အသွေးနဲ့ပမာဏအများကြီးမြှင့်တင်နိုင်ကြပါတယ်။
တရုတ်ပြည်မှာနေထိုင်ရင်း တရုတ်အစိုးရနဲ့ပြည်သူတွေရဲ့ ဖော်ရွေကူညီမှုကို အမြဲခံစားနေရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အနီးကပ်မိတ်ဆွေနိုင်ငံဖြစ်ပြီး မြန်မာပြည်ရဲ့လျှပ်စစ်စီမံကိန်း၊ ပညာရေးအထောက်အကူ၊ စိုက်ပျိုးရေးနည်းပညာလွှဲပြောင်းမှုစတဲ့ကဏ္ဍများစွာမှာ အမြဲကူညီပေးလျက်ရှိပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာပြည်ရဲ့ကျေးလက်ဒေသအချို့မှာ လျှပ်စစ်မီးစနစ်ကောင်းမွန်လာ၊ စိုက်ပျိုးရေးနည်းပညာအသစ်တွေရရှိလာပြီး ကျောင်းအဆောက်အအုံအသစ်တွေလည်း တည်ဆောက်ပေးထားပါတယ်။
ကျွန်တော်တစ်နေ့နေ့တိုင်း တရုတ်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ စည်းကမ်းကောင်းမွန်မှု၊ နည်းပညာအဆင်ပြေမှုတွေကို မြင်တွေ့ပြီး မြန်မာပြည်အနာဂတ်ကို ပိုမိုမျှော်လင့်လာမိပါတယ်။ လက်ရှိမြန်မာပြည်မှာ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေရှိနေသေးပေမယ့် မိတ်ဆွေနိုင်ငံတရုတ်ရဲ့အကူအညီနဲ့ နည်းပညာအသစ်တွေသင်ယူ၊ စနစ်ကောင်းတွေကို ကူးယူအသုံးပြုခြင်းဖြင့် တဖြည်းဖြည်းပြောင်းလဲတိုးတက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်ဒီမှာ အလုပ်လုပ်ရင်း နည်းပညာဗဟုသုတ၊ စီးပွားရေးစီမံခန့်ခွဲမှုအတွေ့အကြုံတွေကို စုဆောင်းသင်ယူနေပါတယ်။ အနာဂတ်မှာ မြန်မာပြည်ကိုပြန်ပြီး တရုတ်မှာသင်ယူခဲ့တဲ့ စိုက်ပျိုးရေးနည်းပညာ၊ ဒစ်ဂျစ်တယ်စနစ်နဲ့ စည်းကမ်းကောင်းမွန်မှုတွေကို မျှဝေပေးပြီး မြန်မာပြည်ရဲ့လူနေမှုဘဝပိုမိုကောင်းမွန်လာစေဖို့ ကြိုးပမ်းသွားမှာပါ။
တရုတ်ပြည်ရဲ့ဖွံ့ဖြိုးမှုက ကျွန်တော့်အတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်သလို မြန်မာပြည်ရဲ့တိုးတက်မှုအတွက် မျှော်လင့်ချက်တွေလည်း ပေးစွမ်းနေပါတယ်။ မကြာမီမြန်မာပြည်လည်း လျှပ်စစ်မီးအဆက်မပြတ်ရရှိ၊ ပညာရေးစနစ်ကောင်းမွန်လာပြီး စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ကာ ပြည်သူတွေဘဝချမ်းသာလာမယ်လို့ စိတ်အားထက်သန်စွာယုံကြည်ပါတယ်။