နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။
ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက် မြင့်မားစွာ ရောင်းချနေကြောင်း၊ အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အတွက် စားဝတ်နေရေး၊ ကုန်ဈေးနှုန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဒေတာအချက်အလက်များကို စုစည်း၍ စာဖြင့်အသေးစိတ် ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် စက်သုံးဆီ ပို့ဆောင်နိုင်ခြင်းမရှိသေးကြောင်း၊ သို့သော် အခြေအနေပေးသည်နှင့် ချက်ချင်းပို့ဆောင်နိုင်ရန် အဆင့်သင့်ပြင်ဆင်ထားကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်လည်း အဆက်မပြတ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။
ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ယခင်က စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၂၅၃ ဆိုင် ဖွင့်လှစ်ရောင်းချခွင့်ပြုထားခဲ့ပြီး နယ်မြေအခြေအနေ တည်ငြိမ်စဉ်က တစ်ရက်လျှင် 92 RON ဓာတ်ဆီ လီတာခြောက်သိန်းခန့်၊ 95 RON ဓာတ်ဆီ လီတာငါးသောင်းငါးထောင်ခန့်၊ ဒီဇယ် လီတာသုံးသိန်းခန့်နှင့် ပရီမီယမ်ဒီဇယ် လီတာငါးသိန်းခန့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် နယ်မြေအခြေအနေ တည်ငြိမ်လာပြီး စက်သုံးဆီသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့လာသည်နှင့် လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင် (၈၆) ဆိုင်သို့ အစိုးရစက်သုံးဆီခွဲတမ်းများ ပြန်လည်ခွင့်ပြုပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

image

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။
ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့် ပြဿနာများကို ဖြေရှင်းသင့်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
လူကာရှန်ကိုက ဒေသတွင်းတင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ခြေကို သတိပေးခဲ့ပြီး ဘီလာရုစ်အနေဖြင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားသော်လည်း လိုအပ်လာပါက နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

image

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံ့ဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။
" (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ယနေ့ ငြိမ်း ချမ်းရေးလိုချင်လျင် ယနေ့ ရောက်လာမည်ဖြစ်ကာ ငြိမ်းချမ်းရေးမလိုချင်ရင်ပါက အကြောင်းပြ၍အချိန် ဆွဲနေမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအ တွက်ဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးရမည်ဆိုပါက မည်မျှကုန်ကုန်လုပ်မည်ဟု ပြောသည်။
" တိုင်းပြည်ကိုကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်။ အတားအဆီးတွေရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ ။ နိုင်ငံရေး ပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။ ဒါကိုပြတ်အောင် ရှင်းအောင်လုပ်ဖို့လိုတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO) များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ပါကလာရောက်၍ မည်သည့် ကြိုတင်သတ်မှတ်ချက်မှမရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက် (၉) ရပ်ကို ချမှတ်ခဲ့သည်။
မူဝါဒများအရ နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုရရှိရေး၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်၍ အထွက်နှုန်းကောင်းသော စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် ဂျုံ၊ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မွေးမြူရေးကဏ္ဍ အားကောင်းလာစေရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် ကျွမ်းကျင်လုပ်သားများမှ ပညာရှင်များအထိ လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထူးသဖြင့် "မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ရမည်"ဟူသည့် ရည်မှန်းချက်ကို မူဝါဒ၏ အဓိကပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။
-နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးအပြည့်အဝ ရရှိစေရေး။
-ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှုတိုးချဲ့ရေး။
-အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းသည့် စိုက်ပျိုးထုတ်လုပ်မှု ရည်မှန်းချက်များ ပြည့်မီရေး။
-ဂျုံကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်၍ ဂျုံစားသုံးမှု မြှင့်တင်ရေး။
-နို့စားနွားနှင့် အသားစားနွားအပါအဝင်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး။
-ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်အကောင်အထည်ဖော်ရေး။
-သုတေသနနှင့် ဆန်းသစ်တီထွင်မှုအားကောင်းစေရေး။
-လူ့စွမ်းအားအရင်းအမြစ် (HR)ဖွံ့ဖြိုးရေးနှင့် Skill Labor မှ ပညာရှင်များအထိ စနစ်တကျ မွေးထုတ်ရေး။
-မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်ရေး ကို ရေရှည်မဟာဗျူဟာ ရည်မှန်းချက်အဖြစ် သတ်မှတ်ထားခြင်း။
ယင်းမူဝါဒလမ်းညွှန်ချက်များသည်စားနပ်ရိက္ခာလုံခြုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပသွင်းကုန်လျှော့ချရေးနှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ဖြည့်ဆည်းနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မြှင့်တင်တည်ဆောက်ရေးကို ဦးတည်ထားသည့် မူဝါဒလမ်းညွှန်ချက်များဖြစ်ကြောင်း တွေ့ရသည်။

image

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ဇွန် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသများအားလုံးတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ သွားရောက်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားပြီး ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားစီစဉ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့်ဖိတ်ကြားထားသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိသော စီးပွားရေးတည်ဆောက်ရေးနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

image

မုံရွာမြို့၌ MSME ထုတ်ကုန်များစျေးရောင်းပွဲတော်စတင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ ဥယျာဥ်၌ World MSME Day အထိမ်းအမှတ်အဖြစ် အ သေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ စျေးရောင်းပွဲတော်ကို ဇွန် ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ ဖွင့်လှစ်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ စျေးရောင်းပွဲတော်အား စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့၏ညွှန်ကြားမှုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဦးစီးကျင်းပခြင်းဖြစ်ကာ စားသောက် ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စျေးရောင်းပွဲတော်အတွင်း၌ စားသောက်ဆိုင်များ၊ မုန့်အရောင်းဆိုင်များ၊ ပျော့အိအိကစားနည်းများ၊ ချားရဟတ်များ၊ ပျော်ရွှင်ဖွယ်ကစားနည်းမျိုးစုံကိုလည်းထည့်သွင်းထားကြောင်း သိရသည်။

image

ကမ္ဘာ့ဖလားသမိုင်းတွင် အဆိုးရွားပွဲလို့ တင်စားခံလာရတဲ့ ဩစတြေးလျနှင့် ပါရာဂွေး ပွဲစဉ်
=====================

အကြီးအကျယ်ဒေါသထွက်နေကြတဲ့ ဘောလုံးပရိသတ်များက ဩစတြေးလျနှင့် ပါရာဂွေးတို့ရဲ့ သရေကျရေး ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ကို ကမ္ဘာ့ဖလားသမိုင်းတွင် အဆိုးရွားဆုံးပွဲအဖြစ် သမုတ်လျက်ရှိကြပါတယ်။
ဩစတြေးလျနှင့် ပါရာဂွေးတို့ဟာ ယင်းပွဲတွင် သရေကျပါက အုပ်စု(ဃ) အုပ်စုဗိုလ် အမေရိကန်အောက်တွင် ရမှတ် ၄ မှတ်ဖြင့် အဆုံးသတ်ကာ နှစ်သင်းလုံး ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်နိုင်ပါမယ်။
အားလုံး ယူဆထားတဲ့အတိုင်းပဲ ဆန်ဖရန်ဆစ္စကိုပွဲစဉ်တွင် နှစ်သင်းလုံးဟာ ဂိုးမရှိသရေကစားသွားခဲ့ပါတယ်။
ဂိုးမရှိသရေကျမှုနှင့်အတူ ဩစတြေးလျက ဂိုးကွာခြားချက် ဇီးရိုးဖြင့် အုပ်စုဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ပါရာဂွေးက ဂိုးကွာခြားချက် -၂ ဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ ပါရာဂွေးဟာ အကောင်းဆုံးတတိယအသင်းအဖြစ် ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ယင်းသို့ နှစ်သင်းလုံးဟာ သရေကျအောင် တမင် ကစားသွားမှုနှင့်အတူ ပရိသတ်များ အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
ပရိသတ်တစ်ဦးက "ပါရာဂွေးနဲ့ ဥရုဂွေးပွဲက ကမ္ဘာ့ဖလားသမိုင်းမှာ အဆိုးရွားဆုံးပွဲပဲ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "ပါရာဂွေးနဲ့ ဩစတြေးလျတို့က ထင်ထားတဲ့အတိုင်း ဂိုးမရှိသရေကျခဲ့တယ်။ နှစ်သင်းလုံး ရှုံးထွက်အဆင့်သို့ တက်မယ်။ လူတိုင်းပျော်ကြတယ်"လို့ ဆိုသွားပါတယ်။
နောက်တစ်ဦးကလည်း "ဩစတြေးလျနဲ့ ပါရာဂွေးတို့ သရေကကစားသွားတယ်။ ဒီပွဲကို စုံစမ်းစစ်ဆေးသင့်တယ်။ ကမ္ဘာ့ဖလားကို လှောင်ပြောင်လိုက်တဲ့ပွဲပဲ"လို့ ဆိုသွားပါတယ်။
ဩစတြေးလျက ၃၂ သင်း ရှုံးထွက်အဆင့်တွင်ပွဲစဉ်အဖြစ် ဇူလိုင်လ ၃ ရက်နေ့တွင် အုပ်စု(G) တွင် ဒုတိယရပ်တည်တဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။ တဖက်တွင် ပါရာဂွေးမှာမူ ၃၂ သင်း ရှုံးထွက်အဆင့်တွင် ဂျာမနီနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

image

ဂျာမနီစတားအန်မီချာကို ခေါ်ယူရေး ယူနိုက်တက် ဆွေးနွေးမှုများ ပြုလုပ်နေ
==================

မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်အလယ်တန်းကစားသမားဖီးလစ်အန်မီချာကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာ လီဗာပူး၊ မန်စီးတီးတို့ထက် လက်ဦးမှု ရယူကာ အသက် ၂၅ နှစ်ရှိ အန်မီချာကို ခေါ်ယူရေး ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ အန်မီချာဟာ အလယ်တန်းတွင် စွယ်စုံကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစမ်းပြကစားနိုင်ပြီးနောက် ပရီးမီးယားလိဂ်ထိပ်သီးများရဲ့ စိတ်ဝင်စားခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ကင်းထောက်ချုပ် ဂျာမန်လူမျိုးခရစ္စတိုဖာဗီဗီးလ်မှာ အသက် ၂၅ နှစ်ရှိ ကစားသမားရဲ့ အေးဂျင့်များနှင့် အနီးကပ် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Sky Sports ရဲ့ဖော်ပြမှုအရ သိရပါတယ်။
တဖက်တွင် လီဗာပူးနှင့် မန်စီးတီးတို့ကလည်း အန်မီချာကို ခေါ်ယူရေး စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ်နည်းပြဂျိုဆေးမော်ရင်ဟိုကလည်း ကစားသမားရဲ့ အခြေအနေအား စောင့်ကြည့်နေပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်အနေဖြင့် အန်မီချာကို ခေါ်ယူရေး အပြင်းအထန် ကြိုးပမ်းလာရမှာ ဖြစ်ပေမဲ့ ဦးဦးဖျားဖျား ဆွေးနွေးမှု ပြုလုပ်နိုင်မှုနှင့်အတူ အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။
တဖက်တွင် ဒေါ့မွန်ဟာ အန်မီချာကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားမှုနှင့်အတူ ကစားသမားအား အသင်းတွင် ထိန်းထားရေး အကောင်းဆုံးလုပ်ပိုင်ခွင့် ရှိနေပါတယ်။ ဒေါ့မွန်ဟာ အန်မီချာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အထိ တောင်းဆိုလာဖို့ ရှိနေကြောင်း သတင်းထွက်ထားပါတယ်။
တကယ်လို့ ယင်းပမာဏအထိသာ တောင်းဆိုလာမည်ဆိုပါက ယူနိုက်တက်တို့ လက်ရှောင်လာဖို့ ရှိနေပါတယ်။
အန်မီချာဟာ ဂျာမနီရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲတွင် ၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ သူဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို ဖန်တီးမှုအားကောင်းခြင်း၊ နည်းစနစ်ပိုင်း ပိုင်နိုင်သလို ခန္ဓာကိုယ်အားပြုကစားနိုင်ခြင်းတို့ကြောင့် မော်ဒန်အလယ်တန်းကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

image

ဝေးလ်နည်းပြအဖြစ် ခရစ်ဘယ်လာမီ ဆက်ရှိနေမည်
=====================

ဝေးလ်နည်းပြခရစ်ဘယ်လာမီရဲ့ ချန်ပီယံရှစ်ကလပ် ဘန်လေအား ကိုင်တွယ်ရေး ဆွေးနွေးမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
ဘန်လေဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတွင် စကော့ပါကားနှင့် လမ်းခွဲလိုက်ပြီးနောက် ခရစ်ဘယ်လာမီအား ခန့်အပ်ရေး ဝေးလ်ဘောလုံးအဖွဲ့ချုပ်ကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိ ဘယ်လာမီကိုယ်တိုင်ကလည်း ဘန်လေနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး ယခုအခါ ဆွေးနွေးမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
ယခုကဲ့သို့ ဆွေးနွေးမှု အဆုံးသတ်သွားမှုမှာ ဝေးလ်ဘောလုံးအဖွဲ့ချုပ်တောင်းဆိုတဲ့ နစ်နာကြေးကြောင့် မဟုတ်ဘဲ ဘယ်လာမီရဲ့ နည်းပြအဖွဲ့ဝင်များအား ဘန်လေတွင် တာဝန်ထမ်းဆောင်ရေး ဆွေးနွေးချိန်တွင် အဆင်မပြေမှုကြောင့် ပျက်ပြယ်လာခဲ့တာပါ။
ဘယ်လာမီဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဘန်လေအသင်းတွင် ဗင်းဆင့်ကွန်ပနီလက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
မန်စီးတီး၊ လီဗာပူးနှင့် ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဘယ်လာမီဟာ ၂၀၂၄ ခုနှစ်တွင် ဝေးလ်နည်းပြဖြစ်လာပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
ဘယ်လာမီရဲ့ ဝေးလ်နှင့် စာချုပ်က အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နှင့် အိုင်ယာလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမဲ့ ယူရို ၂၀၂၈ ပြိုင်ပွဲအပြီးအထိ ဖြစ်ပါတယ်။

image

အာဆင်နယ်သို့ ပေါင် ၃၄.၅ သန်းဖြင့် ဟင်ကာပီ အပြီးသတ်ပြောင်းရွှေ့လာ
=====================

နောက်ခံလူပီရိုဟင်ကာပီဟာ လေဗာကူဆင်မှ အာဆင်နယ်သို့ ပေါင် ၃၄.၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အီကွေဒေါနောက်ခံလူကို အပြီးသတ်ခေါ်ယူမဲ့အချက်ဖြင့် အငှားဖြင့် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၉ ပွဲကစားပေးခဲ့ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့သလို ပရီးမီးယားလိဂ်ဖလားရရှိအောင်လည်း ကူညီခဲ့ပါတယ်။
သူဟာ အာဆင်နယ်သို့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ဖြင့် ပြောင်းလာတာလည်း ဖြစ်ပါယ်။
ဟင်ကာပီဟာ အီကွေဒေါနှင့်အတူ ကမ္ဘာ့ဖလားယှဉ်ပြိင်နေပြီး ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားနိုင်ပါတယ်။

image