ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်ရေးအစီအမံများကို ပိုမိုတင်းကျပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်းကို အလေးပေးပြောကြားသော်လည်း ခရီးသွားများကို စေ့စေ့စပ်စပ် စစ်ဆေးရန်နှင့် ဆိုက်ရောက်လာသော ယာဉ်များနှင့် သင်္ဘောများကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စစ်ဆေးရေးဂိတ်အရာရှိများကို ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားထားကြောင်း ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က စနေနေ့တွင် ပြောကြားခဲ့သည်။
‌ေ-သဆုံးခဲ့သူ သုံးဦးအပါအဝင် သောကြာနေ့အထိ အပျော်စီးသင်္ဘောနှင့် ဆက်စပ်သော ဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်ဦးရှိပြီဖြစ်ကြောင်း ဒဗ္ဗလျူအိတ်ခ်ျအို က အစီရင်ခံသည်။ ခြောက်ဦးကို ဟန်တာဗိုင်းရပ်စ်ကူးစက်မှုအဖြစ် ဓာတ်ခွဲခန်းအတည်ပြုချက်ရထားပြီး ၎င်းတို့အားလုံးသည် တောင်အမေရိကတွင် တွေ့ရှိခဲ့ပြီး အဓိကအားဖြင့် ပိုးကူးစက်ထားသော ကြွက်များနှင့် ထိတွေ့ခြင်းမှတဆင့် လူသားများထံ ကူးစက်သော အန်ဒီးစ်ဗိုင်းရပ်စ်(ANDV) ကူးစက်ခံရမှုအဖြစ် သတ်မှတ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအန္တရာယ်ရှိနိုင်ခြေ အနိမ့်ဆုံးအဆင့်အဖြစ် ဒဗ္ဗလျူအိတ်ခ်ျအို က အကဲဖြတ်ထားပြီး ကူးစက်ရောဂါဗေဒဆိုင်ရာ အခြေအနေကို ဆက်လက်စောင့်ကြည့်၍ အန္တရာယ်အကဲဖြတ်ချက်ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

image

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျော င်းကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မပြုပြင်နိုင်သေးသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။
ယင်းကျောင်းခွဲရှိရာကို စစ်ကိုင်းမြို့ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသက်ပုံက သွားရောက်ခဲ့ပြီး ကျောင်းဖွင့်ရာသီအမှီ ပြုပြင်ဆောင်ရွက်နိုင်ရေး လု ပ်ငန်းများလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။
ဝါးချက်ကျေးရွာသည် စစ်ကိုင်း- မင်းကွန်းသွားရာ လမ်းမကြီးပေါ်၌ တည်ရှိသော ကျေးရွာတရွာလည်း ဖြစ်သည်။ See less

image

ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ အစားထိုးလဲလှယ်နိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ သိရသည်။
ဘေးတွဲဆိုင်ကယ်အားတိမ်းရှောင်သည့် KIA BONGO III PICKUP ကားက ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်မင်း သားကြီးလမ်းရှိ 33kV ကနောင်-ဇုန်(၇)နှင့် 33kV ကနောင်-FMI Double Circuit Line ၏ 12M (H) Pole လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၂)တိုင်အားဝင်တိုက်မိသဖြင့် ယင်း လျှပ်စစ်ဓာတ်တိုင်(၂)တိုင်လုံးကျိုးကာ လျှပ် စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပြတ်တောက်မှုဧရိယာလျော့နည်းစေရန် လိုင်း section ဖြတ်၍ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)ဘက်သို့ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားကာပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင် (၂)တိုင်အားအစားထိုးလဲလှယ်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။
လက်ရှိအချိန်၌ ယာဉ်တိုက်မှု့ကြောင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိသည်ဟု YESC ကအသိပေးထားကြောင်း သိရသည်

image

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်းမည်

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)တွင်လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။
" ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအတွက် ကျောပိုးအိတ်ဝယ်ရင်ကုန်ကျမယ့်ငွေကြေးတွေကို တစ်ခြားလိုအပ်တဲ့နေရာတွေမှာအသုံးပြုလို့ရအောင် အခုလို ကျောင်းသားတွေအတွက် ကျောပိုးအိတ်အလုံး (၅၀၀)လှူဒါန်းပေးဖို့စီစဥ်တာပါ။ နှစ်တိုင်းကျောင်းဖွင့်ချိန်ရောက်ခါနီးရင်အခုလိုလှူဖြစ်တာက အာဟာရဒါနစကျွေးတဲ့အချိန်ထဲကပါဘဲ (၅)ကြိမ်ရှိပါပြီ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြော သည်။
ကျောပိုးအိတ်အလှူခံမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မေ ၂၃ ရက်မှ မေ ၂၇ ရက်အထိ နံနက် စာအာဟာရဒါနအလှူအပြီး နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းနှင့် ညနေစာအာဟာရဒါနမလှူခင် နေ့လည် ၃ နာရီခွဲမှ ညနေ ၅ နာရီအတွင်း ကျောပိုးအိတ်အလှူခံရန် အမည်စာရင်းပေးပြီး တုံကင်ယူရမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကျောပိုးအိတ်များကို မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေ ၄ နာရီမှ ညနေ ၅ နာရီအတွင်း ညနေစာအာဟာရဒါနအလှူမစတင်မီအချိန်တွင်လှူဒါန်းပေးသွားမည်ဖြစ်ရာ အလှူခံမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝတ်စုံဖြင့်အလှူခံရယူရမည်ဖြစ် ကြောင်း သိရသည်။

image

လပွတ္တာမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် " ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံတားဖွင့်လှစ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် "ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံ တားကို လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၌ ယနေ့ မေ ၉ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ တံတားအား လပွတ္တာမြို့နယ်ရှိ စားသုံးဆီလုပ်ငန်းရှင်(၂၄)ဦးကမတည်၍ ဈေးသူဈေးသားများ၊ အလှူရှင်များမှစုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကာ အလျား(၉၅) ပေ၊ အနံ(၃၅)ပေရှိပြီး မြို့၏အချက်အချာကျသောနေရာတွင်တည်ရှိသည်။
ထို့ကြောင့် လပွတ္တာမြို့နယ်ရှိ ကျေးရွာများမှ လိုင်းသင်္ဘောများဆိုက်ကပ်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန် ဆန်ခြင်း၊ ဒေသခံများအတွက်သွား‌လာရေးအဆင်ပြေစေခြင်းအကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

image

ဥသျှစ်ပင်မြို့တွင် စလက်အမိုးဝရံတာပြိုကျ၍ အမျိုး သမီး(၁)ဦးပိမိသေဆုံး

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့တွင် ယနေ့ မေ ၉ ရက်နံနက် ၁၁ နာရီခန့်က နှစ်ထပ်နေအိမ်တစ်လုံး၏ စလက်အမိုးဝရံတာပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာရှိ အုပ်ညှပ်(၂)ထပ်နေအိမ်တစ်လုံး၏ စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီး(၁)ဦးစလက်ပြားပိမိနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသော်လည်း အမျိုးသမီးမှာသေဆုံးသွားသဖြင့် အေးသုခပရဟိတအသင်းမှ ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

မြန်မာအစိုးရသစ်၏ ဆက်လက်ဆောင်ရွက်သွားမည့် မူဝါဒနှင့် လူပ်ငန်းစဉ်များကိုကြိုဆိုဟု ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး ချုပ်ပြော

မြန်မာအစိုးရသစ်၏ ဆက်လက်ဆောင်ရွက်သွားမည့် မူဝါဒနှင့် လူပ်ငန်းစဉ်များကိုကြိုဆိုဟု ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူး ချုပ် Mr. Wei Ran က နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းနှင့် မေ ၈ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့သည်။
ထို့ပြင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေ ဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ မြန်မာကောင်စစ်ဝန်ချုပ်ကလည်း နိုင်ငံတော်အစိုးရ၏ အဓိကရည်မှန်းချက်နှင့် အခြေခံမူဝါဒ၊ မြန် မာနိုင်ငံတွင်အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးနောက် ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် ကွမ်ရှီးဒေသနှင့် မြန်မာ နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲ ကျင်းပနိုင်ရေး၊ ပညာသင်ဆုများတိုးမြှင့်ပေးအပ်နိုင်ရေး၊ ညီအမမြို့တော်ထူထောင်ရေး၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတို့ကို ဆွေးနွေးခဲ့ကြသည်။

image

ဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာကို အခွန်ကင်းလွတ်ခွင့် ပြုထားပေမယ့် အဆင်မပြေမှုတွေရှိနေဆဲ

ဒီဇယ်ဆီ HSD (500 ppm) နဲ့ ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနက တလထပ်မံ တိုးမြှင့်ထားပေမယ့် ဈေးကွက်အတွင်း ဈေးကြီးပေးပြီး ဝယ်ယူရမှုတွေ ရှိနေဆဲဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေက ပြောပါတယ်။
ဓာတ်မြေဩဇာတွေ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဘဏ္ဍာ/အခွန် ဝန်ကြီးဌာနက ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့် ပြုခဲ့ပြီးဖြစ်သလို လက်ရှိမှာလည်း မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံ ရက်တိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။
အဲဒီ အခွန်ကင်းလွတ်ခွင့်ဟာ အကောက်ခွန်ဦးစီးဌာနမှာ မေ ၃၁ ရက်အထိ Import Declaration (ID) ဖွင့်လှစ်ပြီး တင်သွင်းတဲ့ ဓာတ်မြေဩဇာတွေအတွက်သာ အကျုံးဝင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကိုလည်း မေ ၁ ရက်ကနေ ၃၁ ရက်အထိ ရက်တိုးမြှင့် ပေးထားကာ အကောက်ခွန်ဌာနမှာ မေ ၃၁ ရက်အထိ ID ဖွင့်လှစ်ပြီး တင်သွင်းတဲ့ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အကျုံးဝင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ တောင်သူတယောက်က “အခွန်တွေသာ လျှော့ထားပေမယ့် ဓာတ်မြေဩဇာက ပုလဲ တအိတ် ကျပ် တသိန်းရှစ်သောင်း ဈေးပေါက်နေတယ်။ အစိုးရဆီနဲ့ စက်မောင်းရင် တသိန်းနှစ်သောင်း၊ အပြင်က ဆီဝယ်ရင် တသိန်းခြောက်သောင်း ကုန်ကျစရိတ် ရှိနေတယ်။ စပါးစိုက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတယ်။ ဈေးထပ်တက်ဦးမယ်လို့တောင် ဆိုင်တွေက ပြောလိုက်သေးတာ။ အခုဆို တောင်သူတွေက လယ်ကို စိုက်ရမှာလား၊ မစိုက်ရဘူးလား ဖြစ်နေကြတယ်” လို့ ပြောပါတယ်။
ဒါအပြင် စီးပွားရေးလုပ်ငန်းရှင် တယောက်ကလည်း ဝန်ကြီးဌာနအနေနဲ့ အခွန်ကင်းလွတ်ခွင့်တွေ ရက်ထပ်မံ တိုးမြှင့်ပေးထားပေမယ့် အကောက်ခွန် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အခွန်ကင်းလွတ်ခွင့် ကာလက တလချင်းစီ၊ ကာလတိုဖြစ်နေတဲ့အတွက် ရေရှည်မှာ စိတ်မချရဘူး။ ဓာတ်မြေဩဇာပဲဖြစ်ဖြစ်၊ စက်သုံးဆီပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ တင်သွင်းသူတွေအတွက်က ကြိုတင်စီမံနိုင်ဖို့ ခက်ခဲနေတဲ့အပိုင်းတွေ ရှိတယ်။ ဈေးနှုန်းတွက်ချက်ရတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတယ်။ ID ဖွင့်တာ၊ အခွန်ကင်းလွတ်ခွင့် အတည်ပြုချက် ရယူရတဲ့ လုပ်ငန်းစဉ်တွေမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်” လို့ ပြောပါတယ်။
ဒါအပြင် အခွန်ကင်းလွတ်ခွင့် ရရှိဖို့ကလည်း အကောက်ခွန်မှာ ID ဖွင့်တဲ့ တင်သွင်းမှုတွေ အတွက်သာ အကျုံးဝင်တာကြောင့် အချိန်နဲ့ တပြေးညီ ကုန်စည် စီးဆင်းနိုင်ဖို့အတွက်က ကြန့်ကြာမှုတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
အစိုးရသတ်မှတ်ထားတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးက လက်ရှိမှာ တလီတာ ၆၀၇၀ ကျပ်ဖြစ်ပြီး စက်သုံးဆီ အမျိုးအစားတွေထဲမှာ ဈေးအမြင့်ဆုံးဖြစ်ကာ မှောင်ခိုဈေးကွက်မှာတော့ တလီတာကို ကျပ် ၇၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

image

ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးပြီး EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒ ရေးဆွဲနေ

ယာဉ်အို၊ ယာဉ်ဟောင်းတွေကို လမ်းပေါ်မောင်းရန် သင့်၊ မသင့် စိစစ်ကာ မောင်းရန်မသင့်ပါက ဖျက်သိမ်းစလစ် ထုတ်ပေးသွားဖို့ သက်ဆိုင်ရာဌာနက မော်တော်ယာဉ် ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒတွေ ရေးဆွဲနေတယ်လို့ ပြည်တွင်း ကားလုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့နဲ့ လျှပ်စစ်ကား (EV) များပြားလာစေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်တမ်း ၂၀ နှစ်ကျော် (ဒါမှမဟုတ်) လမ်းပေါ်မောင်းရန် မသင့်လျော်တဲ့ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးကာ EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်ပကနေ EV အစီးလိုက်တင်သွင်းတဲ့ CBU (Completely Built-Up) ကုမ္ပဏီတွေကို ပါမစ် ထပ်ချမပေးတော့တာလည်း စလစ်သမားတွေအတွက် ချန်ထားတာလို့ ထင်ပါတယ်” လို့ ပြည်တွင်း ကားလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ယာဉ်အို/ဟောင်းတွေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ စစ်ဆေးပြီး လမ်းပေါ်မှာ မောင်းနှင်ဖို့အတွက် စိတ်ချရမှု ရှိ/မရှိ၊ ယာဉ်အခြေအနေပေါ် မူတည်ကာ အပ်နှံရန် သင့်/မသင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒါနဲ့ပတ်သက်လို့ အစိုးရကို ပြောရမှာက ယာဉ်အသစ်တွေကို ထုတ်လုပ်နိုင်ငံဈေးနဲ့ အခွန် ၅၀ ရာခိုင်နှုန်းလောက် ဆောင်ခိုင်းပြီး တင်သွင်းခွင့်ပေးဖို့ပဲ။ ဒါဆို အင်ဂျင်ပါဝါ ၂.၀ အောက်နဲ့ EV အားလုံး သိန်း ၁၀၀၀ မကျော်ဘူး။ ပါမစ်လုပ်စားခွင့် ပေးနေရင်တော့ ပြည်သူ ဒုက္ခရောက်နေမှာပဲ။ ဘယ်သူမှ ကားအဟောင်း သိန်း ၁၀၀၀ ကျော် မစီးချင်ကြဘူး။ အသစ်ရရင် အဟောင်း အလိုလို ပစ်လိမ့်မယ်။ အသစ်၊ အဟောင်း လဲရအောင်လည်း စင်္ကာပူလို မြေမရှိတဲ့ နိုင်ငံမဟုတ်ဘူး” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နောက်ထပ် ကားလုပ်ငန်းရှင် တယောက်ကတော့ အရည်ကြို မဖျက်ဘဲ ရှေးဟောင်း၊ ကားဟောင်းတွေ လိုင်စင်ဝင်နိုင်ပါက ဆက်လက် စီးနိုင်မှာဖြစ်ပြီး ၂၀၀၀ model အောက်ကားတွေကို အပ်လိုက အပ်နိုင်ကာ EV ကို Bus,Taxi,EV (203 စသဖြင့် အစားထိုးသွင်းခွင့် ရနိုင်ခြေများတယ်လို့ ပြောပါတယ်။
လုပ်ငန်းရှင် တယောက်ကလည်း “အထင်နဲ့ပြောရရင် အရင်လို ပြန်လုပ်မယ်လို့ထင်တယ်။ အရည်ကြို အပ်ကားတွေ စ လက်ခံတယ်။ ပြီးတော့ အပ်ကား နည်းနည်း လာတော့ Free Permit ဆိုပြီး ထုတ်ရောင်းတယ်။ အရည်ကြို မလိုတော့ဘူး။ အခုလည်း ၂၀၀၀ မော်ဒယ်လ်ကားတွေ အပ်ချင်ရင် အပ်၊ မအပ်ချင်ရင် Free Permit နဲ့ သွင်းဆိုတဲ့ ပုံစံမျိုး လုပ်လိုက်ရင်တော့ ဝယ်/ရောင်း အကုန် ပက်လက်လန်ပြီပဲ။ ဘာပဲဖြစ်ဖြစ် ဈေးကွက်တခု ထိန်းပြီးသားဖြစ်သွားမယ်။ ဂျပန် ကား မော်ဒယ်လ်အမြင့်တွေ သွင်းခွင့်ပေးရင် ပိုပျော်တာပေါ့” လို့ ပြောပါတယ်။
ဆီသုံးစွဲမှု လျှော့ချနိုင်ဖို့ စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းတွေ အပ်နှံပြီး EV ကားတွေ ပြန်လည်တင်သွင်းတဲ့ စနစ်ကို ဆောင်ရွက်သွားဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “စက်သုံးဆီ‌များ ဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး” အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း ကားလုပ်ငန်းရှင်တွေကတော့ မော်တော်ယာဉ် ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန်လာတဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်း အချက်အလက်တွေကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

image

ရန်ကုန်မှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေ ၊ လေးယောက်ဒဏ်ရာရ
မေ ၉ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ်(၇)လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖြစ်စဥ်က မေ ၈ ရက်နေ့ ၊ည ၁၀ နာရီ ခွဲလောက်မှာ အိမ်စီးကားတစီးက အရှိန်များပြီး မီးရထားသံလမ်းကူး သံတံခါးကို ဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲက အမျိုးသားနှစ်ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
" ဒဏ်ရာရသူတွေက ခေါင်းပေါက်တာရှိတယ်။နောက်စေ့ပေါက်တာရှိတယ်။ လက်ကျိုးတာရှိတယ်။ ဒဏ်ရာရတာ အမျိုးသား လေးယောက်ပါ ။ သေဆုံးနှစ်ယောက်ပါ ။ကားကာ သူ့တစီးတည်း အရှိန်များပြီးဝင်တိုက်တာ။ " လို့ မြို့နယ်မီးသတ် ဦးစီးအရာရှိကပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေထဲမှာ နှစ်ယောက်က မစိုးရိမ်ရပေမယ့် ကျန်နှစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပြီး အားလုံးကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မေ ၃ ရက်နေ့ကလည်း.မြောက်ဥက္ကလာပမြို့နယ် ၊ကျော်သူတံတားအဆင်းမှာ ကားတစီးက စက်ဘီးကို ဝင်တိုက်မိပြီး မိခင်ဖြစ်သူ အမျိုးသမီးသေဆုံးကာ အမျိုးသားလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

image