တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင်
ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်ကြေညာလိုက်ကြောင်း ကို စက်တင်ဘာ ၇ ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်လိုက်သည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၁-က နှင့်အညီ မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး ရရှိသည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်၍ ကျန်ရှိသောခိုင်လုံမဲများကို သတ်မှတ်ထားသည့်အတိုင်း ပြန်လည်တွက်ချက်ရာတွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဖြစ်သူ ပြည်သူ့ပါတီမှ ဦးတင်စိုး [၆/ဘပန(နိုင်) ၀၁၃၁၀၄ ] သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၈ (ဃ) အရ နိုင်ငံရေးပါတီများက ဦးစားပေးအစီအစဉ်အတိုင်း တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်မြမြစိမ်း [ ၆/ထဝန(နိုင်)၀၇၀၉၁၀ ] ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။

image

ငဝန်တာနိမ့်ကျမှုမှ ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှု ၏ တာတမံအရေးပေါ်ကာကွယ်ခြင်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ခြင်းတို့အား ဩဂုတ် ၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၈ ရက်တွင် ရေဝင်လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ Steel Sheet Pile များပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှထောက်ကန်ပေးနိုင်ရေးအတွက် သဲအိတ်များချခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေစင်ကြယ်နှင့် "ရွှေနန်းတော်"ဆောက်လုပ်ရေးရေယာဉ်များက Steel Sheet Pile များကို ကရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များအသုံးပြုရိုက်သွင်းခြင်းတို့ကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကာရံပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်း/အပြင်ရေမျက်နှာပြင် ကွာခြားလာမှုကြောင့် ပြင်ပရေတွန်းအားဖြစ်ပေါ်လာမှုအား ခံနိုင် ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် "ဧရာမောင်"သောင်တူးစက် ကြီးရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ Sheet Pile များအား ခိုင်မာမှုရှိစေရန် သံမဏိဒေါက်တိုင်များထပ်မံကျားကန်ထောက်ပေးခြင်းတို့ကိုလည်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်လမ်းကြောင်းထိန်းချုပ်နိုင်ခဲ့မှုနှင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဝန် ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပမည်

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်၏ ယနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

image

ပျဥ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျ-က်စီး

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့သွယ်တန်းထားသော 11kv ဓာတ် အားလိုင်းတိုင်များလဲကျပျ-က်စီးခဲ့သဖြင့် ဖလောင်းကျေးရွာတွင်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လဲကျပျ-က်စီးမှုအား ပျဉ်မနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှဓာတ်အားလိုင်းတိုင်များကိုပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပမည်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ကျင်းပသွားမည်ဖြစ်သည်။

image

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အီသီယိုးပီးယားနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃) ဦး၊ ယူဂန်ဒါနိုင်ငံသား(၃)ဦးနှင့် ရဝမ်ဒါနိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

image

သင်္ဃန်းဝတ်အ​ယောင်​ဆောင် အလှူခံတဲ့အမျိုးသားကို ဖမ်းပြီးတပတ်အကြာမှာ ထောင် ၂ နှစ်ချမှတ်

ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်မှာ သင်္ဃန်းဝတ်ပြီး ဘုန်းကြီးအယောင်ဆောင်ကာ အလှူခံခဲ့တဲ့ အမျိုးသားကို အုတ်တွင်းမြို့နယ်တရားရုံးက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ဘုန်းကြီးအယောင်ဆောင်ကာ အလှူခံစားတဲ့အသက် ၄၈ နှစ်အရွယ် ဦးသောင်းရွှေကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ - က နဲ့ ထောင်ဒဏ်ချလိုက်တာဖြစ်ပြီး ဖမ်းဆီးပြီး တပတ်အကြာမှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
" ဒီနေ့ ရုံးချိန်းမှာ သက်သေတွေနဲ့ တရားခံကို စစ်ဆေးပြီး မြို့နယ် တရားသူကြီးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။ နောက်ပိုင်း အလှူခံလိမ်တွေ ၊ သင်္ကန်းဝတ်နဲ့ မူးရူးနေတာတွေ ၊ အများပြည်သူအမြင်မတင့်အောင် နေအိမ်တွေမှာ သင်္ကန်းဝတ်တွေနဲ့ ရက်ရှည်နေထိုင်နေသူတွေ ၊ မာတုဂါမနဲ့ မသင့်သော နေထိုင်နည်းတွေ အကုန်စိစစ် အရေးယူတော့မှာ ဖြစ်ပါတယ်။ " လို့ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက ပြောပါတယ်။
အဆိုပါ ဘုန်းကြီးအယောင်ဆောင် သင်္ဃန်းဝတ်ပြီး အလှူခံနေသူကို စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြို့စျေးအတွင်း အလှူခံနေတာကြောင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ရာ ဒိုက်ဦးမြို့နယ် ၊ ကတုတ်ဘုရားကြီးရွာဇာတိဖြစ်ပြီး စစ်တွေမြို့ ခမရ မှစစ်ပြေးမှုနဲ့ ထောင်တနှစ်ကျခံပြီးသူဖြစ်ကြောင်း သိရသလို သာသနာမှတ်ပုံတင်မရှိတဲ့ ရဟန်းတုအယောင်ဆောင် အလှူခံနေသူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီနေ့မှာပဲ လူဝတ်လဲပြီး အုတ်တွင်းမြို့မ ရဲစခန်းကိုအပ်ကာ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ - က အရအမှုဖွင့်ခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အလားတူ အုတ်တွင်းမြို့နယ်မှာ ရွာစဥ်လှည့်ပြီး အလှူခံစားသောက်တဲ့ လူရှစ်ယောက်အပါ လူလိမ်အဖွဲ့ကို ထောင်ဒဏ်သုံးလ နဲ့ ဒဏ်ငွေ ငါးသောင်းစီ ကျခံဖို့ အုတ်တွင်းမြို့နယ်တရားရုံးက စက်တင်ဘာ ၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
သာသနာကို ခုတုံးလုပ်ပြီး အများပြည်သူကို လိမ်ညာ အလှူခံ စားသောက်နေသူတွေအပေါ် အခုလို တရားဥဒေနဲ့အညီ အရေးယူမှု ပြုလုပ်မှုကို ထောက်ခံကြောင်း ပြည်သူတွေက ဆိုပါတယ်။
ခုနောက်ပိုင်းမှာ သာသနာနဲ့ ကိုက်ညီမှုမရှိတဲ့ သင်္ကန်းဝတ်ပြီး မူးရူးသောက်စားကာ လိုက်လံအလှူခံသူတွေ ၊ ဘယ်ကမှန်းမသိတဲ့ အလှူခံအဖွဲ့တွေ အများအပြား ရှိလာတာကြောင့် သက်ဆိုင်ရာမြို့နယ်အလိုက် ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

image

ဗီလာအတွက် ပထမဆုံးပွဲကစားရေး စောင့်ဆိုင်းရဦးမယ့် ဂိုရက်ဇ်ကာ
==================

လီယွန်ဂိုရက်ဇ်ကာဟာ ဒူးဒဏ်ရာတစ်ခုကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရဦးမှာ ဖြစ်လို့ အက်စတွန်ဗီလာအတွက် ပထမဆုံးပွဲကစားရေး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားဟောင်းဟာ နွေရာသီတုန်းက ဗီလာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ဂျာဂင်ကလော့ပ်ရဲ့ ပထမဆုံး ဂျာမနီလက်ရွေးစင်အသင်းပွဲစဉ်များကိုလည်း လွဲချော်လာဦးမှာ ဖြစ်ပါတယ်။
ဂျာမနီအတွက် ၇၃ ပွဲကစားထားတဲ့ အသက် ၃၁ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီရဲ့ ၄ ပွဲတွင် ၃ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ကလော့ပ်ရဲ့ ဂျာမနီအသင်းတွင်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားလာမယ်လို့ ယုံကြည်ရပါတယ်။
ကလော့ပ်ဟာ ပထမဆုံးဂျာမနီအသင်းပွဲစဉ်များအဖြစ် နယ်သာလန်၊ ဂရိ၊ ဆားဘီးယားတို့နှင့် နေးရှင်းလိဂ်ပွဲစဉ်များအတွက် ပြင်ဆင်နေပါတယ်။
ဒါပေမယ့် ဂိုရက်ဇ်ကာမှာ လာမယ့် နိုင်ငံတကာပွဲစဉ်များတွင် ပါဝင်လာနိုင်တော့မှာ မဟုတ်တာကြောင့် ကလော့ပ်အနေဖြင့် အသင်းရဲ့အစီအစဉ်ကို ဟန်ချက်ညီအောင် ပြောင်းလဲလာရတော့မှာလည်း ဖြစ်ပါတယ်။
ဂိုရက်ဇ်ကာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူလာရမှုက ပရီးမီးယားလိဂ်ရာသီအစတွင် ရုန်းကန်နေရတဲ့ ဗီလာအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။
ဗီလာဟာ ပရီးမီးယားလိဂ်ရာသီအစ ၃ ပွဲတွင် ၂ ပွဲရှုံးနိမ့်ပြီး နိုင်ပွဲပျောက်ဆုံးကာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။
အူနိုင်းအမ်မရီရဲ့ဗီလာဟာ ယနေ့ညတွင် ကလပ်ဘရုဂျက်နှင့် ချန်ပီယံလိဂ်လိဂ်အဖွင့်ပွဲ ကစားရပါမယ်။

image

ရာသီကုန်အပန်းဖြေခရီးစဉ်တွင် ကစားဖော်အား အဆိပ်ခတ်လုပ်ကြံမှုဖြင့် ဘောလုံးသမားတစ်ဦး ဖမ်းဆီးခံရ
===================

အသက် ၃၅ နှစ်အရွယ်ရှိ ဘောလုံးသမားတစ်ဦးဟာ ရာသီကုန် အပန်းဖြေခရီးစဉ်တွင် ကစားဖော်တစ်ဦးကို အဆိပ်ခတ်လုပ်ကြံတယ်လို့ သံသယဝင်ခြင်းခံရကာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့တုန်းက မာရီယပ်စ်လို့ အမည်ရတဲ့ ဘောလုံးသမားတစ်ဦးဟာ အသင်းရဲ့ အပန်းဖြေခရီးစဉ်တစ်ခုတွင် ကစားဖော်အား အစာအဆိပ်သင့်အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
ဂျာမန်ကလပ် TuS Rockenberg အသင်းရဲ့ ရာသီအကုန် အပန်းဖြေခရီးအဖြစ် ဂျာမနီနိုင်ငံ၊ ဒရက်စ်ဒန်သို့ အပန်းဖြေခရီးစဉ်အတွင်း အထက်ပါ မတော်တဆမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းခရီးစဉ်အတွင်းတွင် ဖီးလစ်အမည်ရှိ ကစားသမားတစ်ဦးဟာ ချက်ချင်းဆိုသလို နေထိုင်မကောင်းဖြစ်လာခဲကာ နေအိမ်ပြန်ခဲ့ရပါတယ်။ အိမ်သို့ ရောက်ချိန်တွင် အခြေအနေ ပိုမိုဆိုးရွားလာပြီး အရေးပေါ်ကားခေါ်ကာ ဆေးရုံတက်ခဲ့ရပါတယ်။
သူဟာ ဆေးရုံတက်ခဲ့ရပြီး ရက်အနည်းငယ်အကြာ ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ အသက် ၃၀ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး သူ့သေဆုံးမှုအား ဆေးဘက်ဆိုင်ရာပရော်ဖက်ရှင်နယ်များက စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
သေဆုံးသူရဲ့မိသားစုဝင်များက ခရီးစဉ်အတွင်း အသင်းက ကျွေးတဲ့ ငါးကို စားရာမှာ အစာအဆိပ်သင့်တာလို့ ယုံကြည်နေကြပါတယ်။
ဒါပေမယ့် နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ ဖီးလစ်မှာ အဆိပ်သင့်မှု ဖြစ်ပြီးနောက် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
စုံစမ်းစစ်ဆေးမှုများအရ အဆိပ်သင့်အောင် မာရီယပ်စ်က ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်များက သံသယဝင်နေကြပါတယ်။
မာရီယပ်စ်ဟာ အမှုအား စုံစမ်းစစ်ဆေးမှု ဆက်လက် ပြုလုပ်နေစဉ်အတွင်း အကျဉ်းကျခံနေရပါတယ်။
လက်ရှိအချိန်တွင် မာရီယပ်စ်ကို သံသယဝင်ခံရသူအဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပြီး တရားခံအဖြစ် သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူး။

image

ချန်ပီယံလိဂ်ပွဲစဉ်များမတိုင်မီ နီပေါရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့သူများအတွက် တစ်မိနစ် ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်မည်
===================

ယူအီးအက်ဖ်အေက ယခုအပတ် ချန်ပီယံလိဂ်ပွဲစဉ်များတွင် နီပေါရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပွဲမတိုင်မီ တစ်မိနစ်ကြာ ငြိမ်သက်ကာ နီပေါနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ပြသသွားမယ်လို့ ကြေညာလာပါတယ်။
ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ကစားတဲ့ ကွင်းတိုင်းတွင် နီပေါရေဘေးဒုက္ခသည်များကို အားပေးတဲ့ နဖူးစည်းအား ပြသသွားပါဦးမယ်။
ယနေ့ညမှာ စတင်ကစားလာမယ့် ချန်ပီယံလိဂ်လိဂ်အဖွင့်ပွဲစဉ်မတိုင်မီ ကစားသမားများ၊ အသင်းတာဝန်ရှိသူများ၊ ပရိသတ်များဟာ တစ်မိနစ်ကြာ ငြိမ်သက်သွားမယ့်အပြင် ကွင်းအတွင်းတွင်လည်း "You are not alone Nepal" စာသားပါ နဖူးစည်းကိုလည်း ကွင်းအတွင်း ယူဆောင် ပြသလာပါဦးမယ်။
ဩဂုတ်လအတွင်းက နီပေါနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသများအပြင် ထရီရှူလီချိုင့်ဝှမ်းဒေသအတွင်းတွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ခဲ့ကာ လူပေါင်း ၁၃၅၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀၀၀ နီးပါးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ နီပေါနိုင်ငံတွင် ဖြစ်ပျက်နေမှုအား နိုင်ငံတကာမှ အလျှင်အမြန် အကူအညီပေးစေရေးအတွက် အထောက်အပံ့တစ်ရပ်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

image