ဆယ်ကျော်သက်တစ်ဦး ဒဏ်ရာရရှိသွားစေခဲ့တဲ့ ခွေးကိုက်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံလာရဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်စတား
======================

ရီးရဲလ်မက်ဒရစ်စတားဖာလန်းမန်ဒီဟာ သူ့ခွေးများက ဆယ်ကျော်သက်တစ်ဦး ဒဏ်ရာရရှိသွားစေတဲ့ ကိုက်ခဲ့မှုအတွက် ထောင်ဒဏ်ချမှတ်ခြင်းခံရမဲ့အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ပြင်သစ်လက်ရွေးစင် မွေးထားတဲ့ ခွေးများက အခြားလူရဲ့ ခွေး ၂ ကောင်နှင့်ကိုက်ခဲ့ရာတွင် လူတစ်ဦးပါ ဒဏ်ရာရရှိလာတာလည်း ဖြစ်ပါတယ်။ သူဟာ ယင်းအဖြစ်အပျက်အတွက် ပြင်းထန်တဲ့ ဒဏ်ရိုက်ခြင်းလည်း ခံလာရနိုင်ပါတယ်။
ဘယ်နောက်ခံလူမန်ဒီဟာ ၂၀၁၉ ခုနှစ်တွင် လိုင်ယွန်မှ ပြောင်းလာပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ မန်ဒီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက အထက်ပါ အမှုနှင့် ရင်ဆိုင်လာရတာပါ။
ထိုစဉ်တုန်းက အသက် ၁၇ နှစ်အရွယ်ရှိ လူတစ်ဦးက မန်ဒီရဲ့ခွေးများထဲမှ တစ်ကောင်က သူ့ဘယ်ခြေထောက်ကို ကိုက်ခဲ့ကြောင်း စွပ်စွဲထားကာ သူ့ရဲ့ရှေ့နေများက ခွေးပိုင်ရှင်မန်ဒီကို ထောင်ဒဏ် ၆ လချမှတ်ရန် တောင်းဆိုထားပါတယ်။
ဒါ့အပြင် အစိုးရရှေ့နေများကလည်း ပဲရစ်ဖွားကစားသမားကို စုစုပေါင်း ယူရို ၂၅၀၀၀ ဒဏ်ရိုက်ရန်လည်း တောင်းဆိုထားပါသေးတယ်။
မန်ဒီရဲ့အမှု ကြားနာမှုကို မက်ဒရစ်ရှိ တရားရုံးနံပါတ် ၂၆ တွင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘယ်တော့ ဆုံးဖြတ်ချက်ချလာမလဲ မသိရသေးပါဘူး။
မန်ဒီရဲ့ခွေး ၄ ကောင်တို့ဟာ နေအိမ်ဂိတ်တံခါးပွင့်နေချိန်တွင် အိမ်အပြင်သို့ ထွက်ပြေးခဲ့ကြပြီး တစ်ကောင်က အမျိုးသမီးတစ်ဦးရဲ့ ခွေးပုလေးအား ကိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ယင်းနောက် ခွေးဖြင့် လမ်းလျှောက်ထွက်လာတဲ့ အသက် ၁၇ နှစ်ရှိ လူငယ်လေးမှာလည်း အမျိုးသမီးအား အကူအညီပေးရန် ကြိုးပမ်းစဉ် ခွေးကိုက်ဒဏ်ရာများ ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးချုပ်ကို ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော် စီးနင်းရှာဖွေ
===================

ဂျာမန်ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော်တို့ဟာ ကမ္ဘာ့ဖလားမှ အံ့ဩသင့်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာတွင် ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရုံးချုပ်အား စီးနင်းရှာဖွေမှု ပြုလုပ်ခဲ့ပါတယ်။
ဂျာမနီဟာ တနင်္လာနေ့တုန်းက ကမ္ဘာ့ဖလားတွင် ပထမဆုံးအကြိမ် ပင်နယ်တီတွင် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။
ယခုအပတ်မှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်အကြီးအကဲများအတွက် ဆိုးရွားမှုတွေ ပိုပြီး‌တော့ ဖြစ်နေပါတယ်။
ဂျာမနီအာဏာပိုင်တို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအိမ်ရှင်အဖြစ် ကျင်းပစဉ် ကာလဝန်းကျင်တုန်းက "ဦးစားပေးဆက်ဆံမှု'များအတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
ဂျာမနီမီဒီယာများရဲ့ဖော်ပြမှုအရ ယူရို ၂၀၂၄ ပွဲလက်မှတ်များ၊ ဟိုတယ်ဘုတ်ကင်များအား ဦးစားပေးဧည့်သည်များအား ပေးခဲ့မှုအတွက် စစ်ဆေးခြင်းခံခဲ့ရကြောင်း သိရပါတယ်။
ဒါ့အပြင် အာဏာပိုင်တို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲများ လက်ခံကျင်းပရာ နေရာများမှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မြောက်ပိုင်းရိုင်း-ဝက်စ်ဖာလီယာပြည်နယ် ပြည်ထဲရေးဝန်ကြီး ဟာဘတ်ရူးလ်က "ဘောလုံးပွဲလက်မှတ်က လစာရဲ့အစိတ်အပိုင်း မဟုတ်ပါဘူး။ လာဘ်ငွေရဖို့ မျှော်လင့်ထားတဲ့ အစိုးရဝန်ထမ်းတိုင်း ကျွန်တော့်ဆီလာရောက်လည်ပတ်ကြလိမ့်မယ်။ ယူရိုချန်ပီယံရှစ်လို ပြိုင်ပွဲကြီးတွေမှာ လူထုရဲ့ ယုံကြည်မှုက အရမ်းအရေးကြီးတယ်။ အာဏာပိုင်တွေအနေနဲ့ မျှတမှုဖြစ်အောင် အကောင်းဆုံးလုပ်ရမယ်။ ဖိတ်စာအနည်းငယ်၊ လက်မှတ်အနည်းငယ်ကြောင့် လူထုယုံကြည်မှု ပျောက်ဆုံးသွားစေလို့ မရပါဘူး"လို့ ပြောကြားသွားပါတယ်။
ဂျာမနီအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ပြီးနောက် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနှင့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားတို့တွင် အုပ်စုအဆင့်အား မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အီကွေဒေါနည်းပြရာထူးမှ ဘက်ကာစီစီ နုတ်ထွက်
=======================

အီကွေဒေါနည်းပြဆီဘာစတီယန်ဘက်ကာစီစီဟာ မက္ကဆီကိုအား ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်လာပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အုပ်စုနောက်ဆုံးပွဲတွင် ဂျာမနီအား ၂-၁ ဖြင့် သမိုင်းဝင်နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ကာ ၃၂ သင်းရှုံးထွက်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အီကွေဒေါဟာ ပူးတွဲအိမ်ရှင်မက္ကဆီကိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာလာရပြီ ဖြစ်ပါတယ်။
ဘက်ကာစီစီက "ကျွန်တော်တို့ရဲ့စာချုပ်က ကမ္ဘာ့ဖလားအပြီးမှာ ကုန်ပါမယ်။ ဒီအကောင်းဆုံးကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့တယ်လို့ မထင်ပါဘူး။ နှုတ်ဆက်ရမဲ့အချိန် ရောက်လာပါပြီ။ ဒါကြောင့်လည်း ထွက်ခွာလာတာမှာပါ။ ကစားသမားတွေနဲ့ စီမံခန့်ခွဲရေး ပိုင်းတွေဆီက ရရှိမှုကြောင့် ဆက်ပြီးတော့ အလုပ်လုပ်သွားချင်တယ်။ ဒါပေမဲ့ ဒါက ဘယ်လို အလုပ်လုပ်သလဲသိပါတယ်။နာကျင်ရတယ်။ ဆုံးဖြတ်ချက်လည်း ရှင်းရှင်းလင်းလင်းဖြစ်နေတယ်လို့ ထင်တယ်"လို့ ပြောကြားသွားပါတယ်။
ဘက်ကာစီစီမှာ ကမ္ဘာ့ဖလားမှ ထွက်ခွာလာရပြီးနောက် နုတ်ထွက်လာတဲ့ ၇ ဦးမြောက် နည်းပြလည်း ဖြစ်ပါတယ်။
သူ့မတိုင်မီ မာဆယ်လိုဘီရယ်ဆာ(ဥရုဂွေး)၊ စတိဗ်ကလပ်ခ်(စကော့တလန်)၊ ရော်နယ်ကိုးမန်း(နယ်သာလန်)၊ မီရိုဆလပ်ဗ်ကူဘစ်ခ်(ချက်)၊ ဆာဘရီလာမူချီ(တူနီးရှား)၊ ဟောင်မြန်ဘို(တောင်ကိုရီးယား)တို့ နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။

image

ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ် ၄ ခုအား ယူအီးအက်ဖ်အေ ဒဏ်ရိုက်လာ
=====================

ယူအီးအက်ဖ်အေဟာ ၂၀၂၅ ခုနှစ်အတွက် အသင်းအသုံးစရိတ်စည်းမျဉ်းကို ချိုးဖောက်မှုအတွက် ဗီလာအား ယူရို ၂၂.၅ သန်း(ပေါင် ၁၉.၄ သန်း)ဒဏ်ရိုက်လာပါတယ်။
ဒါ့အပြင် ဗီလာဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်တွင် ကစားသမားသစ် ထည့်သွင်းခွင့်လည်း ကန့်သတ်ခြင်းခံလာရဦးမှာ ဖြစ်ပါတယ်။
ဗီလာဟာ ဒဏ်ငွေများမှ ယူရို ၁၅ သန်းကို ဆိုင်းငံ့ချမှတ်ခံရတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အသင်းအသုံးစရိတ်အချိုးကို လျှော့ချမှု ဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး ကျခံရပါမယ်။
ဗီလာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ယူရို ၁၁ သန်း ဒဏ်ရိုက်ခံခဲ့ရတဲ့အပြင် နောက်သုံးနှစ်အပေါ် မူတည်ပြီး ယူရို ၁၅ သန်း ဒဏ်ရိုက်ခံရပါသေးတယ်။
ဒါ့အပြင် ချဲလ်ဆီးမှာ ယူရို ၃ သန်း(ယူရို ၂ သန်း ဆိုင်းငံ့)၊ နော်တင်ဟမ်ဖောရက်စ်မှာ ယူရို ၂.၅ သန်းနှင့် နယူးကာဆယ်မှာ ယူရို ၃ သန်း အသီးသီး ဒဏ်ရိုက်ခံခဲ့ရပါတယ်။

image

လိဒ်နောက်ခံလူစထရူ့ခ်ကို ပေါင်သန်း ၂၀ ဖြင့် ဘရိုက်တန်ခေါ်ယူ
====================

ဘရိုက်တန်ဟာ လိဒ်နောက်ခံလူပါစကယ်စထရူ့ခ်ကို ပေါင်သန်း ၂၀ ဝန်းကျင်ဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၆ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ၂၀၂၆-၂၇ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမဲ့သူဖြစ်ပြီး ဘရိုက်တန်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့ပါတယ်။
စထရူ့ခ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အေဂျက်စ်မှ လိဒ်-ယူ-၂၃ သို့ ရောက်လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲ အပါအဝင် ၁၉၆ ပွဲကစားခဲ့ပါတယ်။
ဘရိုက်တန်ဟာ ယခုနွေရာသီအစောပိုင်းတုန်းက နယ်သာလန်ဗဟိုနောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီကို ပေါင် ၅၂ သန်းဖြင့် ရောင်းချခဲ့ပါတယ်။

image

ပုခုံးဒဏ်ရာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲများကို စပိန်စတား လွဲချော်လာ
=====================

စပိန်အလယ်တန်းကစားသမားယီရီမီပီနိုဟာ ပုခုံးဒဏ်ရာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲများကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ဖန်တီးရှင်ဟာ ဥရုဂွေးနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ညှပ်ရိုးအက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ စပိန်ရဲ့ လက်ကျန်ကမ္ဘာ့ဖလားပွဲစဉ်များအပြင် ခရစ္စတယ်ပဲလေ့စ်ရဲ့ ရာသီအစပွဲစဉ်အချို့ကိုလည်း လွဲချော်နိုင်တဲ့အခြေအနေမှာ ရှိနေခဲ့တာပါ။
ဒါပေမဲ့ နောက်ထပ် ဆေးစစ်ဆေးမှုများအရ ဒဏ်ရာမှာ ကြွက်သားဒဏ်ရာမျှသာ ဖြစ်နေမှုနှင့်အတူ အနည်းဆုံး ၃ ပတ်မှ ၁၂ ပတ်အတွင်း လေ့ကျင့်ခန်းဆင်းကာ ပြန်ကစားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။
ပီနိုဟာ ယင်းပွဲစဉ်တွင် လူစားဝင်ရောက်ကစားပြီးနောက် ပုခုံးဒဏ်ရာရှရိခဲ့ပေမဲ့လည်း လူစားလဲလှယ်မှု ၅ ဦး ပြုလုပ်ထားပြီးဖြစ်လို့ ပွဲကို ဒဏ်ရာဖြင့် ပြီးဆုံးအောင် ကစားခဲ့ရပါတယ်။
ပဲလေ့စ်ဟာ နွေရာသီတုန်းက အီးဇီးကို အာဆင်နယ်သို့ ရောင်းချပြီးနောက် ပီနိုကို အစားထိုးခေါ်ယူခဲ့တာပါ။
သူဟာ ပထမဆုံးပရီးမီးယားလိဂ်ရာသီတွင် ၃၄ ပွဲကစားခွင့်ရခဲ့ပြီး ကွန်ဖရင့်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စပိန်ဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် သောကြာနေ့တွင် ဩစတြီးယားနှင့် ကစားရပါမယ်။

image

သက်ငယ်ပြည့်တန်ဆာမှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ အင်တာမီလန်ရဲ့ အလက်ဇန္ဒရိုဘာစတိုနီ
====================

အင်တာမီလန်စတားအလက်ဇန္ဒရိုဘာစတိုနီဟာ သက်ငယ်ပြည့်တန်ဆာမှုဖြင့် အီတလီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
သူဟာ အသက် ၁၇ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးနှင့် ဆက်ဆံရေး ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Gazzetta ရဲ့ ဖော်ပြမှုအရ အီတလီလက်ရွေးစင်ကစားသမားဟာ လာမဲ့ရက်များအတွင်းတွင် စစ်ဆေးမေးမြန်းခြင်းခံလာရမှာ ဖြစ်ကြောင်း သိရပါတယ်။
မီလန်မှ အစိုးရရှေ့နေရုံးဟာ မီလန်ရှိ ပြည့်တန်ဆာအေဂျင်စီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
ယင်းကုမ္ပဏီဟာ ဘောလုံးသမားများ၊ VIP များအတွက် အားလုံး ရရှိနိုင်မဲ့ ပါတီပွဲများ၊ ပွဲများ ပြုလုပ်ပေးတဲ့ ကုမ္ပဏီပါ။
ဘာစတိုနီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထားခြင်းခံနေရကြောင်း သတင်းထွက်ပေါ်လာတဲ့ နေ့မှာပင် သက်ငယ်ပြည့်တန်ဆာမှုဖြင့် စစ်ဆေးခြင်းခံနေရကြောင်း သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။
ဘာစတိုနီဟာ Ma.De အေဂျင်စီရဲ့ စီစဉ်ပေးမှုအရ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်နှင့် လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ဟာ အေဂျင်စီရဲ့ စီစဉ်ပေးမှုဖြင့် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အမျိုးသမီးငယ်ဘက်က ၎င်းတို့အကြား လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဘာစတိုနီဟာ ယင်းအေဂျင်စီရဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စစ်ဆေးခြင်းခံလာရမဲ့ ပထမဆုံးဘောလုံးသမားလည်း ဖြစ်ပါတယ်။
ဧပြီလတုန်းက ဘဏ္ဍာရေးဆိုင်ရာရဲတပ်ဖွဲ့များဟာ ခီနီဆယ်လိုဘယ်ဆာမိုရှိ Ma.Da အား စီးနင်းမှု ပြုလုပ်ခဲ့ရာ ၎င်းတို့နှင့် ဆက်စပ် နေတဲ့ အေစီမီလန်၊ အင်တာမီလန်၊ စီးရီးအေနှင့် အခြားအားကစားလောကမှ လူပေါင်း ၇၀ ကျော်တို့နှင့် ချိတ်ဆက်ကာ ပါတီပွဲများ ပြုလုပ်ပေးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ဘာစတိုနီဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာမီလန်တွင် ကစားလာသူ ဖြစ်ပြီး အီတလီအတွက် ၂၀၂၀ ခုနှစ်ကတည်းက ကစားခွင့်ရရှိခဲ့ကာ ၄၃ ပွဲကစားထားပါတယ်။

image

မက္ကဆီကိုရှုံးပွဲတွင် စည်းမျဉ်းသစ်အား ချိုးဖောက်မှုကြောင့် အနီကတ်ပြအထုတ်ခံလာရတဲ့ အီကွေဒေါစတားဟင်ကာပီ
==================

အာဆင်နယ်နောက်ခံလူပီရိုဟင်ကာပီဟာ အီကွေဒေါတို့ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာလိုက်ရတဲ့ပွဲစဉ်တွင် စည်းမျဉ်းသစ်အား ချိုးဖောက်မှုကြောင့် အနီကတ်ပြထုတ်ပယ်ခြင်းခံလာရပါတယ်။
တောင်အမေရိကအသင်းဟာ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်တွင် ပူးတွဲအိမ်ရှင် မက္ကဆီကိုအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
ယင်းပွဲစဉ်တွင် အသက် ၂၄ နှစ်ရှိ ဟင်ကာပီဟာ အချိန်ပိုတွင် ဖီဖာအသုံးပြုနေတဲ့ စည်းမျဉ်းသစ်အား ချိုးဖောက်မှုအတွက် အနီကတ်ပြသခံခဲ့ရပါတယ်။
သူဟာ ဆန်တီယာဂိုဂျီမီနက်ဇ်နှင့် အချင်းများစဉ် ပါးစပ်ကာ ကာကာ စကားပြောခဲ့တာလည်း ဖြစ်ပါတယ်။ မက္ကဆီကိုတိုက်စစ်မှူးဟာ ချက်ချင်းပင် ယင်းကို ဒိုင်လူကြီးဆလာဗစ်ဗင်ခီထံ အသိပေးခဲ့ပါတယ်။
VAR က စစ်ဆေးမှု ပြုလုပ်ပြီးချိန်မှာတော့ ဟင်ကာပီဟာ အနီကတ်ပြသခြင်းခံခဲ့ရပါတော့တယ်။ သူဟာ ပြိုင်ဘက်အသင်းနှင့် စကားပြောစဉ် ပါးစပ်ကာပြီး စကားပြောမှုအတွက် အနီကတ်ပြသခြင်းခံရတဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာပါတယ်။
ပါရာဂွေးကစားသမားအယ်မီရွန်မှာလည်း တူရကီအား အနိုင်ရတဲ့ပွဲစဉ်တွင် ပါးစပ်အား ကာကာ စကားပြောမှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
မက္ကဆီကိုဟာ ယနေ့ပွဲစဉ်တွင် ဂျူလီယန်ကွီနိုနက်စ်၊ ရာအူးလ်ဂျေမီနက်ဇ်တို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ ၂-၀ ဖြင့် အနိုင်ရရှိကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်လာခဲ့ပါတယ်။
ဟင်ကာပီဟာ ပြီးခဲ့တဲ့ရာသီတုန်းက လေဗာကူဆင်မှ အာဆင်နယ်သို့ အငှားဖြင့် လာရောက်ကစားစဉ် ၃၉ ပွဲကစားကာ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ မကြာသေးမီတုန်းက အာဆင်နယ်သို့ ပေါင် ၃၄.၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၈၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၉၀ ကျပ်
ဝယ်ဈေး - ၄၂၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၀ ကျပ်
ဝယ်ဈေး - ၄၉၂၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၇ ကျပ်
ဝယ်ဈေး - ၁၀၅၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၄၃ ကျပ်
ဝယ်ဈေး - ၂၆.၇၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၃၅ ကျပ်
ဝယ်ဈေး - ၄၅.၁၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၀ ကျပ်
ဝယ်ဈေး - ၅၇၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၅ ကျပ်
ဝယ်ဈေး - ၂၉၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၄ ကျပ်
ဝယ်ဈေး - ၅၄၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၄ ကျပ်
ဝယ်ဈေး - ၁၁၇၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image