သမ္ဗုဒ္ဓေဂါထာဖြင့် အပွင့်ဓါတ်ဖွင့်ခြင်းနည်းစနစ်
၁။ ယနေ့ခေတ်ကာလကြီးဟာ အနေအထားအမျိုးမျိုး အခြေအနေအမျိုးမျိုးကြောင့် လူတိုင်းနီးပါးဟာ အနည်းနဲ့အများ အတော်ဒုက္ခရောက်ကြပါတယ်။ အနေခက်၊ အသေကြပ်ပြီး ရှင်သန်ရပ်တည်ရတာ အတော်ခက်ခဲကြသည့် အချိန်ဖြစ်တာမို့ အနည်းနှင့် အများ အခက်အခဲတွေပြေပျောက်လွယ်ကူစေရန်အလို့ငှာ လူတိုင်းဆောင် ရွက်နိုင်လောက်သည့် နည်းစနစ်တစ်ခုကို မျှဝေကုသိုလ်ပြုပေးချင်တာပါ။
၂။ ဒီနည်းစနစ်ကို ညွှန်ပြခဲ့သည့် အရှင်မြတ်ဟာ ပြည်ဝေပုလ္လဆရာတော်အရှင်မြတ်ကြီးဖြစ်ပါတယ်။ ဆရာတော်ကြီး၏ တပည့်ရင်းလည်းဖြစ်ပြီး၊ သက်တော် ၃၀ မှာ ရဟန္တာဖြစ်တော်မူသည်ဟု ကျော်ကြားသည့် ဆားတောင်ဆရာတော်ဘုရားကြီး၏ တပည့်သာဝကတစ်ဦးလည်းဖြစ်ခဲ့သည့် ဓမ္မမိတ်ဆွေလည်းဖြစ်၊ အစ်ကိုကြီးတစ်ဦးလို လေးစားအတုယူရသည့် အစ်ကိုကြီးတစ်ဦးရဲ့အဆိုရ ဆရာတော်ကြီးဟာ အင်းဖြင့် ပေါက်မြောက်တော်မူသည့် အင်းဝိဇ္ဇာတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မဟာမြိုင်တောထဲမှာ ဆိုင်ရာကျင့်စဉ်စခန်းပြီးမြောက်ခဲ့တာမို့ ဆရာတော်ကြီးကို "မဟိဒ္ဓိမဟာဓမ္မအင်းဝိဇ္ဇာ၊ လောကနာနာနယ ပါရဂူ၊ လောကဝိဇ္ဇာဓရ နာနာနယပါရဂူ " ဆိုတဲ့ဘွဲ့ တွေကိုလည်း ပုဂ္ဂိုလ်တွေကိုယ်တိုင်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
၃။ ဆရာတော်ထွက်တော်မမူခင်မှာ ဆုတောင်းပြည့်ဆားတောင်ဆရာတော်ကြီးကို သူ့ဆရာအကြောင်းလိုအပ်တာရှိက စောင့်ရှောက်ပေးဖို့ အနီးကပ်လျောက်ထားခဲ့စဉ်ကလည်း ကိစ္စပြီးစီးအောင်မြင် စောင့်ရှောက်ခဲ့ကြောင်းနှင့် အောင်မြင်ပေါက်ရောက်ခဲ့ကြောင်းပြန်လည်မိန့်ကြားခဲ့တာ နာကြားခဲ့ရသည်ဟုဆိုပါတယ်။ အဲလိုမိန့်ပြီး ၆နှစ်ခန့် ၂၅-၇-၂၀၁၂ခုနှစ်မှာ ပြည်ဆရာတော်ကြီးဟာ ထွက်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး သနားချီးမြှင့်ခဲ့သည့် ကျင့်စဉ်နည်းစနစ်ကတော့ဒီလိုပါ
၄။ ၂၈ ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ရည်စူးလျက် သပြေပန်း(၁၅)ခက်တိတိတွင် တစ်ခက်စီ၌ ရွှေပန်း(သို့)ငွေပန်း(သို့)ကံ့ကော်ပန်း(သို့) အင်ကြင်း ပန်း(သို့) ဂန္ဓမာအဖြူဖြစ်စေ၊ ရရာတစ်မျိုးမျိုးကို သားရေကွင်းနှင့် ကပ်စည်းပါ။
၅။ ဖယောင်းတိုင်မီး(၁၅)တိုင်ထွန်းပါ။ မိမိအိမ် ဘုရားကျောင်းဆောင် (အဓိက)ဘုရားရှေ့တော်မှောက်မှာ ပြင်ဆင်ကပ်လှူပါ။
၆။ ဤနည်းစနစ်အတိုင်း သောမဂြိုဟ်များဖြစ်သည့်တနင်္လာနေ့ နံနက် ၉နာရီ ၁ကြိမ်၊ ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီ ၁ ကြိမ်၊ ကြာသပတေးနေ့ နံနက် ၉နာရီ ၁ကြိမ်၊ သောကြာနေ့ နံနက် ၉နာရီ ၁ကြိမ် ကပ်လှူပူဇော် ကန်တော့ပါ။
(မနက်ပိုင်း ပြုလုပ်စေခြင်းဟာ လောကီမှာ မနက်ပိုင်းဟာ အဖြစ်၊ ညနေပိုင်းဟာ အပျက်လို့ယူဆကြပါတယ်။ ဆရာတော်ကြီး ညွှန်းတဲ့အချိန်လုပ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ)
၇။ ထိုသို့ တစ်ပတ် လေးကြိမ် ပူဇော်ကန်တော့သော လေးနေ့ စလုံးတွင် သမ္ဗုဒ္ဓေဂါထာတော်ကြီးအား (၇၂)ခေါက် တိတိ တစ်ထိုင်တည်းနှင့် အသံ မတိုးလွန်း မကျယ်လွန်း အနေတော် အသံမှန်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ပေးပါ။
၈။ ကောင်းမှုကုသိုလ်များကိုလည်း သာသနာတော်စောင့်နတ်များ၊ သမ္မာဒေဝနတ်များ၊ သတ္တဝါများအား အမျှ ပေးဝေပါ။ မိမိအလိုချင်ဆုံး၊ အရချင်ဆုံး။ အဖြစ်ချင်ဆုံး လာဘ်လာဘကိစ္စကို ငါးခါဆို၍ ဆုတောင်းပါ။ ဆုတောင်းနည်းကတော့ ဒီလိုပါ
“အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ တို့မှ ရစရာရှိသော ရွှေငွေရတနာဥစ္စာများ၊ ဝင်စရာရှိသော ရွှေငွေ ဥစ္စာရတနာများ၊ တိုးတက်စရာရှိသော ရွှေငွေဥစ္စာရတနာများ မြန်မြန် ထက်ထက် လျင်မြန်စွာ ဝင်လာမစဲ တသဲသဲလာရောက်ကြပါစေ။ ဝင်ရောက်ကြပါစေ”ဟု ငါးခါဆို၍ ဆုတောင်းမှုပြုပါ။
၉။ တစ်ပတ် လေးကြိမ်နှုန်း တစ်လ ပြုလုပ်ပါက အမှန်တကယ် လာဘ်ငွေများ ဝင်လာကြောင်းနှင့် ဤနည်းစနစ် ၏ အကျိုးပြမှာ မိမိကံရှိသည့်အတိုင်း ထီပေါက်ခြင်း၊ ဝင်ငွေအားကောင်းခြင်၊ အကြွေးငွေများရလွယ်ခြင်း၊ ဆုံးရှုံးနစ်နာမှုများ စီးပွားရေး အရောင်းအဝယ်များ၊ အလုပ်အကိုင်များ အထူးအဆင်ပြေ အောင်မြင်ပြီးစီးမည်ဟု ညွှန်းဆိုပါသည်။အခက်အခဲများမှလွတ်မြောက်ချမ်းသာ၍ စိတ်ရှိတိုင်း ပေးလှူနိုင်စွမ်းရှိကြပါစေကြောင်း မျှဝေဆန္ဒပြုပါသည်။

image

ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၃၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၈၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၄၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၁၀ ကျပ်
ဝယ်ဈေး - ၄၁၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၂၀ ကျပ်
ဝယ်ဈေး - ၃၁၁၈ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၀၀ ကျပ်
ဝယ်ဈေး - ၄၈၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၄၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၁ ကျပ်
ဝယ်ဈေး - ၁၀၀၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၁၈ ကျပ်
ဝယ်ဈေး - ၂၅.၄၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၆ ကျပ်
ဝယ်ဈေး - ၄၃.၁၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၈၀ ကျပ်
ဝယ်ဈေး - ၅၆၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၄ ကျပ်
ဝယ်ဈေး - ၂၉၆၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၇၇ ကျပ်
ဝယ်ဈေး - ၂၉၉၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၀ ကျပ်
ဝယ်ဈေး - ၅၃၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၈၆ ကျပ်
ဝယ်ဈေး - ၁၁၅၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

ကျေးရွာစိုက်ပျိုးသမားရဲ့ နေ့စဉ်ဘဝနဲ့ မျှော်လင့်မျက်လုံး
ကျွန်တော် ကျေးလက်ကျေးရွာမှာ နေ့တိုင်း လယ်ယာအလုပ် လုပ်ကိုင်နေတယ်။ အရင်နှစ်တွေက မြန်မာ့ကျေးရွာမှာ လူတိုင်း ကြုံရတဲ့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ လျှပ်စစ်မီး မတည်ငြိမ်၊ လယ်ယာ ရေသွင်းရေထုတ် စက်ပစ္စည်း မရှိ၊ ကျောင်းက ပစ္စည်းအများအပြား လိုအပ်ပြီး လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းလည်း မလုံခြုံခဲ့ဘူး။
မနက် လေးနာရီခွဲမှာ အရုဏ်မတက်ခင် လယ်ကွင်းကို ထွက်ရတယ်။ အရင်က ရေကို လူတိုင်း လက်နဲ့ တင်ပို့ရတဲ့အတွက် လယ်ကွက်ကြီးတွေမှာ ဆန်စပါးအထွက် အများကြီး မရခဲ့ဘူး။ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တွေ ကျေးရွာကို လာရောက်ပြီး ရေသွင်းပိုက်လိုင်း၊ လယ်ယာစက်ယန္တရားတွေ တပ်ဆင်ပေးကြတယ်။ နည်းပညာသင်တန်းတွေကိုလည်း အခမဲ့ ဖွင့်လှစ်ပေးပြီး မြေမြှုပ်နည်း၊ မျိုးကောင်းမျိုးသန့် အသုံးပြုနည်း၊ ရာသီဒဏ်ခံ သီးနှံစိုက်နည်းတွေ လက်တွေ့ သင်ပြပေးကြတယ်။
အခုဆို လယ်ကွင်းရေ လုံလောက်စွာ ရရှိပြီ၊ စက်ယန္တရားက လယ်ထွန်း၊ ရိတ်သိမ်း အလုပ်တွေကို မိနစ်အနည်းငယ်နဲ့ ပြီးမြောက်အောင် လုပ်ပေးနိုင်တယ်။ မနက်ခင်း လယ်မှာ အလုပ်လုပ်ရင်း တရုတ်ကျွမ်းကျင်သူတွေနဲ့ အတူနေ၊ အတူစားကြတယ်။ သူတို့က မြေသြဇာ၊ မျိုးစပါးတွေ အခမဲ့ ဝေငှပေးပြီး ကျွန်တော်တို့ရဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ဖြေကြားပေးကြတယ်။ တစ်နှစ်အတွင်း ကျွန်တော့်ရဲ့ ဆန်အထွက် သုံးဆလောက် တိုးလာပြီး လယ်ရောင်းရတဲ့ ဝင်ငွေလည်း တိုးမြင့်လာတယ်။ အရင်က တစ်နှစ် လယ်လုပ်ပြီး မိသားစု ကျွေးမွေးရုံသာ လောက်ပေမယ့် အခု ကလေးတွေရဲ့ ကျောင်းစရိတ်၊ ဆေးကုစရိတ် အားလုံး ကာမိသွားပြီ။
လျှပ်စစ်မီးကိစ္စလည်း လုံးဝ အပြောင်းအလဲကောင်း ရောက်လာတယ်။ အရင်က ညနေ သုံးနာရီကစလို့ မီးပြတ်တောက်တာ ပုံမှန်ဖြစ်ပြီး ညဘက် လယ်သမားတွေ လယ်ကိရိယာ ပြုပြင်လို့မရ၊ ကျောင်းကလေးတွေလည်း ဓာတ်မီးမှီပြီး စာဖတ်ရတဲ့ အဖြစ် ဖြစ်ခဲ့တယ်။ တရုတ်ဘက်ရဲ့ လျှပ်စစ်ဖြန့်ကျက် စီမံကိန်းကြောင့် ကျေးရွာတစ်ခုလုံး လမ်းမီး၊ အိမ်တွင်းမီး တည်ငြိမ်စွာ ရရှိနေပြီ။ အိမ်မှာ ရေခဲသေတ္တာ၊ လျှပ်စစ်ဖျက်စက် ထားနိုင်လာပြီး လယ်ထွက်ကုန်တွေကို ကြာရှည် သိမ်းဆည်းလို့ရတဲ့အတွက် ဈေးရောင်းချိန် ကိုယ်တိုင် ရွေးချယ်နိုင်လာတယ်။ ညဘက် ကလေးတွေက မီးရောင်အောက်မှာ စာအုပ်ဖတ်၊ ကွန်ပျူတာဖြင့် ဗဟုသုတ ရှာဖွေနိုင်ကြပြီ။
ပညာရေး ပြုပြင်ပြောင်းလဲရေးကိုလည်း မျက်လုံးထင်ထင် မြင်တွေ့နေရတယ်။ ကျေးရွာကျောင်းမှာ အရင်က စာအုပ်အနည်းငယ်သာ ရှိပြီး သင်ကြားကိရိယာ လုံးဝ မရှိခဲ့ဘူး။ တရုတ်အဖွဲ့တွေက စာအုပ်အစုံ၊ ကွန်ပျူတာ၊ သင်ကြားရေးပြသကိရိယာတွေ လှူဒါန်းပေးပြီး ဆရာမတွေအတွက် သင်ကြားနည်းသင်တန်းလည်း ဖွင့်ပေးကြတယ်။ အခု ကျောင်းက ကလေးတွေ သာမန် မြန်မာစာ၊ သင်္ချာသာမက ခေတ်မီ စိုက်ပျိုးနည်း၊ ဒစ်ဂျစ်တယ် ဗဟုသုတတွေပါ သင်ယူနိုင်ကြတယ်။ ကျောင်းဆရာမက “ကလေးတွေ အနာဂတ်မှာ ဒီနည်းပညာတွေနဲ့ ကျေးရွာကို ဖွံ့ဖြိုးအောင် လုပ်ကိုင်ကြလိမ့်မယ်” လို့ အမြဲပြောလေ့ရှိတယ်။
နေ့လယ်စာချိန်ဆို ကျေးရွာအလယ်က ဈေးကွက်လေးမှာ လယ်သမားတွေ အစားအစာ ဝယ်ယူကြတယ်။ ယခုအခါ ဈေးရောင်းသူတွေမှာ WeChat Pay နဲ့ QR စကင် ငွေလက်ခံနည်းကိုလည်း သင်ကြားပေးထားတဲ့အတွက် ငွေကြေးအိတ် သယ်ဖို့ မလိုတော့ဘူး။ အဝေးက မြို့ကြီးက လယ်ထွက်ကုန် ဝယ်သူတွေ ဖုန်းအက်ပ်ဖြင့် ကားငှားပြီး ကျေးရွာအထိ လာရောက် ဝယ်ယူကြတဲ့အတွက် လယ်သမားတွေ အဝေးမြို့အထိ သယ်သွားရတဲ့ အခက်အခဲလည်း လျော့နည်းသွားတယ်။
ညနေ အလုပ်ပြီးအိမ်ပြန်ရောက်ရင် ကလေးတွေရဲ့ စာဖတ်သံ၊ အိမ်ပတ်ဝန်းကျင်ရဲ့ လမ်းမီးရောင်ကို မြင်ရပြီး စိတ်ထဲ နွေးထွေးလာမိတယ်။ တစ်ခါတလေ တရုတ် ကျွမ်းကျင်သူတွေက “မြန်မာ့ကျေးရွာရဲ့ အနာဂတ် ဘယ်လို မျှော်လင့်ထားလဲ” လို့ မေးကြတယ်။ ကျွန်တော်က လယ်ထွက်တွေရဲ့ ဓာတ်ပုံ၊ ကျောင်းကလေးတွေရဲ့ ဓာတ်ပုံတွေ ပြပြီး “နောင်ဆို ကျွန်တော်တို့ရဲ့ ကျေးရွာအားလုံး စိုက်ပျိုးရေး ခေတ်မီ၊ ပညာရေး ပြည့်စုံ၊ လျှပ်စစ်မီး အပြည့်ရှိပြီး လူတိုင်း ဝင်ငွေ လုံခြုံမယ်” လို့ ပြောပြတယ်။ သူတို့က အပြုံးကြီးနဲ့ လက်ခုပ်တီးပြီး အတူတူ ကြိုးပမ်းကြမယ်လို့ ကတိပေးကြတယ်။
ကျွန်တော် နေ့တိုင်း လယ်ယာအလုပ် လုပ်ရင်း အတွေ့အကြုံကောင်းတွေကို သိမ်းဆည်းထားတယ်။ တရုတ်ဘက်ကနေ ရရှိတဲ့ စိုက်ပျိုးနည်းပညာ၊ လျှပ်စစ် စီမံခန့်ခွဲနည်း၊ ပညာရေး စနစ်ကောင်းတွေကို နောင်ဆို အနီးနားရွာတွေကို ဖြန့်ဝေပေးချင်တယ်။
အရင်က လျှပ်စစ်မီးမရှိ၊ လယ်ယာအထွက်နည်း၊ ပညာရေး အရင်းအမြစ် လျော့နည်းတဲ့ ကျေးရွာဘဝကို မမေ့ပေမယ့် ယခုရဲ့ အပြောင်းအလဲကောင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်စရာ အများကြီး ရှိနေပြီ။ တရုတ်လူမျိုးတွေရဲ့ ရိုးသားဖော်ရွေမှု၊ အမှန်တကယ် ကူညီပေးတဲ့ စိတ်ထားကို တစ်သက်လုံး တန်ဖိုးထားသွားမှာ ဖြစ်တယ်။
ကျွန်တော့်ရဲ့ ကျေးရွာ နေ့စဉ်ဘဝဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးမျှော်လင့်ချက် တစ်ခု ဖြစ်နေပြီ။ တစ်ရက်ကျရင် တစ်နိုင်ငံလုံး ဒီလို ကောင်းမွန်တဲ့ နေ့ရက်တွေ ရောက်လာမယ်လို့ ကျွန်တော် အမြဲ ယုံကြည်နေတယ်။

အမေရိကန် B-52 ဗုံးကြဲလေယာဉ် ပျ-က်ကျ၊ လေယာဉ်အမှုထမ်း ၈ ဦး ‌ေ-သဆုံး

အမေရိကန်လေတပ်၏ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စင်းသည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှိ အက်ဒ်ဝပ်စ်လေတပ်အခြေစိုက်စခန်းမှ ပျံတက်ပြီး မကြာမီ ပျ-က်ကျခဲ့ရာ လေယာဉ်ပေါ်ပါ အမှုထမ်း ၈ ဦးလုံး သေဆုံးခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်သည်။
အဆိုပါဖြစ်ရပ်သည် ၁၉၈၂ ခုနှစ်တွင် ဆေခရာမန်တိုမြို့အနီးရှိ မာသာလေတပ်အခြေစိုက်စခန်း၌ B-52 ဗုံးကြဲလေယာဉ် ပျ-က်ကျပြီး လေတပ်ဖွဲ့ဝင် ၉ ဦး ‌ေ-သဆုံးခဲ့သည့် မတော်တဆမှုနောက်ပိုင်း အ‌ေ-သအပျေ-ာက်အများဆုံး B-52 လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။
လေတပ်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပျ-က်ကျခဲ့သည့် B-52 Stratofortress လေယာဉ်မှာ ပုံမှန်စမ်းသပ်ပျံသန်းမှု မစ်ရှင်တစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အခြေစိုက်စခန်းမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဖြစ်ရပ်ဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး အသက်ရှင်လွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး” ဟု ဗိုလ်မှူးကြီး ဂျိမ်းစ် ဟေးစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်ပျ-က်ကျပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ချက်ချင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ မီးခိုးလုံးများ ထူထပ်စွာ ထွက်ပေါ်နေခဲ့ကြောင်း သိရသည်။
‌ေ-သဆုံးသူများ၏ မိသားစုဝင်များထံ အကြောင်းကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အုပ်ခွဲတပ်ကြပ်ကြီး ဂျိုရှုအာ တီစကာလိုကန်က ပြောကြားသည်။ ‌ေ-သဆုံးသူများတွင် စစ်ဘက်အရာရှိများ၊ အရပ်ဘက်အစိုးရဝန်ထမ်းများနှင့် အစိုးရကန်ထရို-က်တာများ ပါဝင်ကြောင်းလည်း ၎င်းက ဆိုသည်။

image

ကမ္ဘောဒီးယားတွင် လေပြင်းမုန်တိုင်းတို-က်ခတ်၍ နေအိမ် ၃၅၀ ကျော် ပျ-က်စီး

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုံစပူးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းမုန်တိုင်း တို-က်ခတ်ခဲ့မှုကြောင့် ကျေးရွာခြောက်ရွာရှိ နေအိမ် ၃၅၀ ကျော် ပျ-က်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ကမ်ပုံစပူးခရိုင် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုဆိုးရွားမှုကြောင့် ချမ်ဘော့ခ်၊ ထရာပိန်ပေါ၊ စတိတ်ဖမ်း၊ ပုံတိခ်နှင့် တဘေဆာဒေသများအပါအဝင် ကျေးရွာအများအပြား ထိခိုက်ပျ-က်စီးခဲ့ကြောင်း သိရသည်။
လေပြင်းမုန်တိုင်းကြောင့် လူထိခိုက်ဒ-ဏ်ရာရရှိမှု မရှိကြောင်း သိရသော်လည်း ဒေသအာဏာပိုင်များက ပြင်းထန်သော ရာသီဥတုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများအား သတိထားနေထိုင်ကြရန် သတိပေးထားသည်။
ပျ-က်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ပြတ်လပ်မှုနှင့်ပတ်သက်၍ ထိုင်းလွှတ်တော်အမတ် သတိပေး၊ စုံစမ်းစစ်ဆေးမှု စတင်

ထိုင်းနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပြတ်လပ်နေမှုနှင့် ပတ်သက်၍ အထက်လွှတ်တော်အမတ် ဒေါက်တာ ပရမ်ဆပ် ပီယာယူရာက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဘတ် ၁.၄ ဘီလီယံတန်ဖိုးရှိ စာအုပ်ရိုက်နှိပ်ရေးစီမံကိန်းတွင် မသမာမှုများ ရှိနိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် အထက်လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ ပရမ်ဆပ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ အချိန်မီမရရှိသည့် ပြဿနာနှင့်ပတ်သက်၍ ပညာရေးဝန်ကြီး ပရာဆတ် ဂျန်တာရာရွန်တွန်အား မေးမြန်းခဲ့သည်။
၎င်း၏ ပြောကြားချက်အရ မေလ ၁၅ ရက်တွင် ကျောင်းများ ဖွင့်လှစ်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းပေါင်း ၂,၀၀၀ ကျော်မှာ ယနေ့အချိန်အထိ ကျောင်းသုံးစာအုပ်များ အပြည့်အဝ မရရှိသေးကြောင်း သိရသည်။
“ကျောင်းသုံးစာအုပ်တွေကို ဇွန်လ ၃ ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပေမဲ့ ကျောင်းသားအများအပြား စာအုပ်မရသေးသလို ဆရာ၊ ဆရာမတွေမှာလည်း သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေ မလုံလောက်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် စာအုပ်ဝယ်ယူရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် တင်ဒါခေါ်ယူမှုလုပ်ငန်းစဉ်၌ မသမာမှုများ ရှိခဲ့သည်ဟု ယူဆရသည့် အထောက်အထားများ တွေ့ရှိထားကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။
တစ်ဖက်တွင် ပညာရေးဝန်ကြီး ပရာဆတ်က အဆိုပါစီမံကိန်းကို မတ်လ ၂၇ ရက်တွင် ဘတ် ၁.၄ ဘီလီယံ အသုံးစရိတ်ဖြင့် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသုံးစာအုပ်များကို အဓိကဖြန့်ချိသူ ၁၁ ဦးထံ ပေးပို့ထားပြီးဖြစ်သော်လည်း စာသင်ကျောင်းများထံ ဆက်လက်ဖြန့်ဝေရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ဝန်ခံခဲ့သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် စာအုပ်ပေးပို့မှု ကြန့်ကြာရသည့် အကြောင်းရင်းများနှင့် ဝယ်ယူရေးလုပ်ငန်းစဉ်ဆိုင်ရာ စွပ်စွဲချက်များကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် မည်သူမျှ ဥပဒေအထက်တွင် မရှိစေရဟု အလေးအနက် ပြောကြားခဲ့သည်။

image

ထိုင်းနိုင်ငံ၏ စက်သုံးဆီစျေးနှုန်းများ ယခုနှစ် စတုတ္ထသုံးလပတ်အထိ မြင့်မားနေဦးမည်ဟု ခန့်မှန်း

ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ ကျဆင်းလာပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ လျော့ပါးလာသည့် အခြေအနေများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ယခုနှစ် စတုတ္ထသုံးလပတ်အထိ မြင့်မားသည့်အဆင့်တွင် ဆက်လက်တည်ရှိနေမည်ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Capital.com ၏ အချက်အလက်များအရ Brent ရေနံစိမ်းစျေးနှုန်းသည် ဇွန်လ ၁၂ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ သို့ ကျဆင်းလာခဲ့သော်လည်း ထိုင်းနိုင်ငံ၏ လက်လီစက်သုံးဆီစျေးနှုန်းများမှာ သိသာစွာ ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။
ဇွန်လ ၁၅ ရက် စျေးနှုန်းများအရ ဒီဇယ်ဆီတစ်လီတာလျှင် ၃၉.၈၀ ဘတ်နှင့် ဂက်ဆိုဟော ၉၅ တစ်လီတာလျှင် ၄၂.၃၀ ဘတ်ဖြင့် ရောင်းချလျက်ရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ထိုင်းနိုင်ငံသည် ရေနံစိမ်းအများစုကို ပြည်ပမှ တင်သွင်းနေရသဖြင့် ငွေလဲနှုန်းအပြောင်းအလဲများ၏ သက်ရောက်မှုကို ခံနေရကြောင်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ရေနံချက်စက်ရုံများနှင့် LNG စက်ရုံများ ထိခိုက်ပျ-က်စီးခဲ့ခြင်းက သန့်စင်ပြီး ရေနံထုတ်ကုန်များ၏ စျေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း သိရသည်။
ကြိုတင်ရောင်းဝယ်မှု စာချုပ်များအရ အောက်တိုဘာလအတွက် ဒီဇယ်ဆီကြိုတင်စျေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့် ရှိနေဆဲဖြစ်သဖြင့် လာမည့်လများအတွင်း စျေးနှုန်းဖိအားများ ဆက်လက်ရှိနေဦးမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် စက်သုံးဆီရန်ပုံငွေအဖွဲ့၏ လိုငွေပြမှု၊ ယစ်မျိုးခွန်၊ စည်ပင်သာယာခွန်နှင့် တန်ဖိုးမြှင့်အခွန် (VAT) များကလည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း မြင့်မားနေမှု၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
စက်သုံးဆီရန်ပုံငွေအဖွဲ့၏ လိုငွေမှာ ဇွန်လ ၁၅ ရက်အထိ ဘတ် ၅၈.၄ ဘီလီယံ ရှိနေဆဲဖြစ်ရာ ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းလာသည့်တိုင် ပြည်တွင်းလက်လီစျေးနှုန်းများကို ချက်ချင်းလျှော့ချနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

image

AI ဉာဏ်ရည်တုဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် ခေတ်အခြေအနေနှင့်အညီ ယင်းနည်းပညာများကို ကြီးကြပ်ကွပ်ကဲနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ဦးခင်ရီက ယနေ့ခေတ် ဒီဂျစ်တယ်စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် နည်းပညာဆိုင်ရာ ဥပဒေများ၊ AI ဉာဏ်ရည်တု ကြီးကြပ်ကွပ်ကဲရေးဥပဒေများ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Data Privacy Law) များနှင့် သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအနက် လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပြန်လည်သုံးသပ်ကာ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြမ်းကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ အစီရင်ခံစာတင်သွင်းနိုင်ရေး၊ ကျောင်းအခြေပြုအားကစားဆိုင်ရာဥပဒေနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများတွင် ပြစ်မှုနှင့် ပြစ်ဒ-ဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ခေတ်အခြေအနေနှင့်အညီ ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ဦးခင်ရီက ပြည်သူများ ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ (FDI Law) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ဥပဒေ (FDA Law) များကိုလည်း လိုအပ်ပါက ပိုမိုပြည့်စုံစေရေး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

image