လေးမျက်နှာရေဘေးကူညီကယ်ဆယ်ရေးလာရောက်သူများကို စက်သုံးဆီများအခမဲ့ပေးဝေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအတွက် ကူညီကယ်ဆယ်ခြင်းများလုပ် ဆောင်ပေးလျက်ရှိသည့် ကယ်ဆယ်ရေးလာရောက်သူ များကို စက်သုံးဆီများအခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
လူမူကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အ တွက် စက်သုံးဆီများကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အနီးကပ်ကွပ်ကဲ၍ စက်သုံးဆီများအား အခမဲ့လှူဒါန်းလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ သြဂုတ် ၂ ရက်တွင် ဓာတ်ဆီ (၁၅၈)ဂါလံ၊ ဒီဇယ်(၅၃)ဂါလံကို အခမဲ့ပေးဝေခဲ့ကာဆက်လက်ပေးဝေလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

image

လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးဆောင်ရွက်

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းမန်နေဂျာရုံးက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှပေးပို့သော B2B satellite terminal (၂)စုံအား လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင်(၁) စုံ၊ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာတွင်(၁)စုံ၊ Cell on wheel COW ရွေ့ လျားမိုဘိုင်းကားတပ်ဆင်နိုင်ရေးတို့အတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော လေးမျက်နှာမြို့နယ်ရှိ မိုဘိုင်းစခန်းများကိုလည်း ရေပြန်လည်ကျဆင်းသွားပါက ဆက်သွယ်မှုပြန်လည်ရရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။
ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။
ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

image

ငြိမ်းချမ်းရေးဆွေးနွေးဖို့ “ဝ” တပ်ဖွဲ့ နေပြည်တော်ရောက်

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ၊ “ဝ” တပ်မတော် (UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်နေပြီလို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
အစိုးရဘက်က “ဝ” တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့လကတည်း က ဖိတ်ကြားထားတာဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ “ဝ” တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
“‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် ရောက်နေပါပြီ။ အသေး စိတ်တော့ ပြောလို့မရသေးပါဘူး” လို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက် က ပြောပါတယ်။
ဘယ်လိုအကြောင်းအရာတွေကို အဓိကထားဆွေးနွေးမယ်ဆိုတာကိုလည်း ပြောလို့မရသေးဘူးလို့ သူကဆိုပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ NCA အပစ် ရပ်လက်မှတ် မထိုးရသေးတဲ့ TNLA တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့၊ ရှမ်းနီအမျိုး သားများညီညွတ်ရေးအဖွဲ့ (SNA) တွေအပြင် NCA မှာ လက်မှတ် ရေးထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ထားပါတယ်။
ဒီလိုတွေ့ဆုံရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြည်နယ်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရေး စတဲ့အချက်တွေကို အဓိကထား ဆွေးနွေးထားတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ “ဝ” တပ်ဖွဲ့တို့ ဆွေးနွေးရာမှာ လည်း “ဝ” တပ်ဖွဲ့ဘက်က သူတို့လိုလားနေတဲ့ ပြည်နယ်ရရှိရေးကို ဦးစား ပေးတောင်းဆိုနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက် ပြုပါတယ်။
“TNLA တောင်းသွားတဲ့ဟာကို ကြည့်လေ။ သူလည်း ပြည်ထောင်စုက ခွဲမ ထွက်ဘူး။ ပြည်နယ်သတ်မှတ်ပေးပါလို့ တောင်းခဲ့တာ။ ‘ဝ’ တပ်ဖွဲ့က လည်း အရင်ကတည်းက ဒီကိစ္စတောင်းနေတာ ကြာပြီ။ ဆိုတော့ ဒီကိစ္စတွေပဲ အဓိက ဆွေးနွေးတာမျိုး ဖြစ်နိုင်မယ်လို့” ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် တယောက်က မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက် ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေဟာ ပြီးခဲ့ တဲ့ ဇွန်လ ၁၈ ရက်နေ့က “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ ပန်ဆန်းနဲ့ အထူး ဒေသ (၄) မိုင်းလားမြို့တွေကို သွားရောက်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှမ်းပြည်နယ်အတွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအနေနဲ့ သတ်မှတ်ထားပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ အစိုးရထိန်းချုပ်တဲ့ ဟိုပန်နဲ့ ပန်လုံ နှစ်မြို့ကို MNDAA က သိမ်းပိုက်ပြီး “ဝ” တပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ “ဝ” တပ်ဖွဲ့က အဲဒီမြို့တွေကို နမ့်တစ်မြို့နဲ့ပေါင်းပြီး ဟိုပန်ခရိုင်အနေနဲ့ သတ်မှတ်အုပ် ချုပ်နေတာ ဖြစ်ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ လက်ထပ်ရက် ၁၀၀ စီမံကိန်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေး နွေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ပုံစာ - . ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေနဲ့ "ဝ "တပ်ဖွဲ့ခေါင်း‌ေဆောင်တွေကို ဇွန်လ ၁၈ ရက်နေ့က ပန်ဆန်းမြို့မှာတွေ့ရစဉ်။

image

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာလာရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့တွေ့ဆုံခဲ့ကြောင်းကို ဓာတ်​ပုံတွေနဲ့တကွ ​ အစိုးရက ဒီနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့တာကိုတော့ အစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို ICRC ဘက်ကလည်း ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး ။
ဓာတ်ပုံမှတ်တမ်းတွေအရ ပြီးခဲတဲ့ ဇွန် ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ကိတ်ခွဲစေတဲ့ ပုံလည်း ပါဝင်တာ တွေ့ရပါတယ်။
ဧပြီ ၃၀ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်နေအိမ်ကို ပြောင်းရွှေ့ထားကြောင်း အစိုးရဘက်ကကြေငြာပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတဲ့ဓာတ်ပုံကို ထုတ်ပြန်အသိပေးမှုရှိခဲ့ပါတယ်။

image

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တကောင်နဲ့ တိုက်ခိုက်မှု ( bird strike )ဖြစ်ပွားခဲ့ပြီး မတော်တဆမှုဖြစ်

image

ရေတိုက်စားမှုကြောင့် ငါးသိုင်းချောင်း - အိုင်သပြုလမ်းမကြီးပေါ်က တံတားတစင်းပျက်စီး

ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ငါးသိုင်းချောင်း - အိုင်သပြုလမ်းမကြီးပေါ်ရှိ တံတားတစင်း ဒီကနေ့ ဩဂုတ် ၃ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ကျိုးကျ ပျက်စီးသွားတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အိုင်သပြုနဲ့ ငါးသိုင်းချောင်းလမ်းမကြီးက အိုင်သပြုအထွက်ပေါ့။ အဲဒီက တံတားကျိုးတာပါ။ တံတားက ခုံးကျော်တံတားပုံစံမျိုး ဆောက်ထားတာ။ အဲဒါက ရေဝိတ်များပြီး ပွင့်ထွက်သွားတာ။ ဒီလမ်းက အဓိက လမ်းမကြီးလည်းဖြစ်တော့ သွားရေးလာရေးအတွက် ဒုက္ခရောက်ကုန်ကြတယ်။ အိုင်သပြုမြို့ထဲ ဆက်ဝင်လို့ မရတော့ဘူး။ အခုလောလောဆယ်တော့ အဲဒီမှာပဲ ကယ်ဆယ်ရေးစခန်းချပြီးတော့ အဲဒီကနေပဲ လှေတွေနဲ့ ပတ်သွားနေကြတယ်” လို့ ‌ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
အဲဒီကားလမ်းတလျှောက်အပြင် မယင်းချောင်း ချောင်းဖျားဘက်တွေမှာလည်း ရေစီးသန်မှုကြောင့် တံတားတွေနဲ့ ချဉ်းကပ်လမ်းတွေ ရေတိုက်စားခံရခြင်း၊ ရေကျော်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ တာကျိုးပြီးနောက် ရေကြီးရေလျှံမှု ပိုမို ဆိုးရွားလာနေတယ်လို့ သိရပြီး နောက်ဆက်တွဲအဖြစ် ဟင်္သာတ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်မြို့တွေဘက်ကို ရေအနည်းငယ် စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။
“ရေက မနေ့ (ဩဂုတ် ၂ ရက်) ညကတည်းက အဆမတန်တိုးလာတာ။ ရေတိုးမြန်နေတုန်းပဲ။ လမ်းပေါ်မှာ ရပ်လို့မရအောင် ရေကအရမ်းကို အရှိန်များတယ်။ အခု ရေစဝင်နေတဲ့ မြို့နယ်တွေက လေးမျက်နှာမြို့လို အရမ်းကြီး ရေဝင်နေတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အဲဒီမှာရှိတဲ့ ဒေသခံတွေကတော့ ပစ္စည်းတွေ သိမ်းဆည်းပြီး အသင့်အနေအထားနဲ့ နေနေရပြီ” လို့ နောက်ထပ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လေးမျက်နှာမြို့ပြီးပါက ငါးသိုင်းချောင်းမြို့ဟာ အန္တရာယ်အရှိဆုံးနဲ့ ပထမဆုံး ရေရောက်နိုင်တဲ့ နယ်မြေဖြစ်ပြီး အကြောင်းရင်းကတော့ လေးမျက်နှာနဲ့ ကုန်းကြောင်း၊ ရေကြောင်း တိုက်ရိုက် ထိစပ်နေပြီး ငဝန်မြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့်လို့ သိရပါတယ်။
လေးမျက်နှာဘက်ကနေ လျှံကျလာတဲ့ ရေစီးကြောင်းနဲ့ မြစ်ရေ မြင့်တက်မှုတို့ကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တွေ၊ ကမ်းဘေးကျေးရွာတွေနဲ့ စိုက်ပျိုးမြေတွေဆီကို ရေစတင် ဝင်ရောက်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရေကြည်မြို့နယ်ဟာလည်း ရေဝင်ရောက်နိုင်ခြေ မြင့်မားတဲ့မြို့ဖြစ်ကာ အကြောင်းရင်းကတော့ ငါးသိုင်းချောင်းနဲ့ ကပ်လျက်ရှိတည်ရှိပြီး ငဝန်မြစ်ရေ သပွတ်နယ်မြေ ဖြစ်ကာ တာကျိုးရေ စိမ့်ဝင်လာမှုအပြင် မိုးဆက်တိုက် ရွာသွန်းပါက မြို့ပေါ် မြေနိမ့်ပိုင်းတွေနဲ့ ကျေးရွာတွေဆီ သဘာဝ ရေဆင်းလမ်းကြောင်းအတိုင်း ရေဝင်ရောက်လာနိုင်တယ်လို့ သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၆၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၁၀ ကျပ်
ဝယ်ဈေး - ၄၃၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၈၅ ကျပ်
ဝယ်ဈေး - ၄၉၅၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၈ ကျပ်
ဝယ်ဈေး - ၁၀၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၃ ကျပ်
ဝယ်ဈေး - ၆၃၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၉၂ ကျပ်
ဝယ်ဈေး - ၂၆.၂၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၁ ကျပ်
ဝယ်ဈေး - ၄၄.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၉ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၃ ကျပ်
ဝယ်ဈေး - ၅၄၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၁ ကျပ်
ဝယ်ဈေး - ၁၁၇၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image